သိပ်လှတယ်လို့ဆိုပြီး ငယ်ငယ်ကပန်းချီဆွဲခဲ့တဲ့..တစ်ခုတည်းသောနေရာလေး
??? ???
အိမ်မှာသိပ်ကပ်လေ့မရှိတဲ့မွန်လေးကို သင်္ကြန်ကြီးပြီးသွားတော့ ညီမလေးကတစ်နေရာရာကို ခရီးထွက်ကြရအောင် လို့လာဆွယ်တော့ ခရီးဆိုသိပ်ထွက်ချင်နေတဲ့ကိုယ်ကလည်း အေးကောင်းတယ်သွားမယ်.နေရာရွေးကြမယ်ဆိုပြီးရွေးကြတာ နောက်ဆုံးနေ့ချင်းပြန်သွားလို့တဲ့ တခါမှလည်းမရောက်ဖူးသေးတဲ့ #ဝင်္ဂဘော်ဆင်စခန်း ၊ #မိုးယွန်းကြီးအင်းနဲ့ #ပဲခူး ဘက်ကို နေ့ချင်းပြန်ထွက်ခဲ့ကြပါတယ်။?
ရန်ကုန်နဲ့နီးတဲ့ ဆင်စခန်း ၂ခုရှိပါတယ်။ မှော်ယောကြီးရယ်၊ ဝင်္ဂဘော်ရယ်ဆိုပြီးပေါ့။ မှော်ယောကြီးက ၁၀၅မိုင်ခွဲမှာရှိပြီး ဝင်္ဂဘော်ကတော့ ၃၉မိုင်မှာရှိပါတယ်။ ရန်ကုန်နဲ့ပိုနီးပြီး မိုးယွန်းကြီးအင်းနဲ့ တစ်လမ်းထဲ သွားနိုင်တဲ့ ဝင်္ဂဘော်ကို ရွေးချယ်ခဲ့ကြပါတယ်။ ရန်ကုန်ကနေဆို ၁နာရီကျော်ကျော်ပဲ မောင်းရပါတယ်။
#ဘယ်လိုသွားခဲ့ကြလဲ ??
ကိုယ်ပိုင်ကားလေးရှိတော့ ကိုယ့်ကားနဲ့ကိုယ်ပဲသွားခဲ့ကြပါတယ်။ ရန်ကုန်ကနေ ရ နာရီခွဲကျော်မှ စထွက်လာခဲ့တာ ဝင်္ဂဘော် ဆင်စခန်းရောက်တော့ ၉ နာရီထိုးပါတော့မယ်။ ရန်ကုန် မန္တလေး အမြန်လမ်းအတိုင်း သွားပြီး ၃၉မိုင်အရောက်မှာ ဘုရားကြီးလမ်းခွဲကိုချိုး ၅မိနစ်လောက်သွားအပြီး ဘယ်ဘက်မှာ “ဝင်္ဂဘော်ဆင်စခန်း”ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့ပါလိမ့်မယ်။
#ဝင်္ဂဘော်ဆင်စခန်း ??
အရင်က သစ်ထုတ်လုပ်ရေး စခန်းဟောင်းတစ်ခုဖြစ်ပြီး ဒီအစိုးရလက်ထက်မှာ သစ်ထုတ်လုပ်မှုငါးနှစ် ရပ်ဆိုင်းထားလို့ အပန်းဖြေစခန်းအနေနဲ့ ပြောင်းလဲဖွင့်လှစ်ထားတာပါတဲ့။ ဝင်္ဂဘောဆင်စခန်းကို ၂၀၁၆ နိုဝင်ဘာလမှာမှ စဖွင့်ခဲ့တာဆိုတော့ လူတွေ သိပ်ပြီး မသိကြသေးပါဘူး။ ဆင်လေးတွေစုစုပေါင်း ၁၄ ကောင်ရှိတယ်လို့သိရပါတယ်။ မွန်လေးတို့ ရောက်သွားတော့ ဆင်လေးတွေ အနားယူတဲ့ အချိန်ရောက်နေပါပြီ။ ဆင်လေးတွေကပြ ဖျော်ဖြေတဲ့အချိန်က ၈ခွဲကနေ ၉ခွဲဆိုတော့ လွတ်သွားတယ်လို့ဆိုရမှာပါ။ မနက်စောစော ရခွဲမှာရောက်မယ်ဆိုရင် ချောင်းထဲ ဆင်ရေချိုးတာတွေကို ကြည့်နိုင်ပြီး ဆင်ရေချိုးချိန်က မနက်တစ်ကြိမ် ညနေတစ်ကြိမ် ပါတဲ့။ ညနေက ၄နာရီကနေ ၅နာရီအထိပါ။ ဆင်ဝန်းထဲကိုဝင်ဝင်ချင်းဘယ်ဘက်မှာ ဆင်မလေး ၃ ကောင်ကိုတွေ့ရပါတယ်။ နာမည်တွေကယုယုထွေး၊ မေရီနဲ့ ဧရာမေပါတဲ့။ သူတို့ခမျာမိဘတွေမရှိရှာကြ
တော့လို့ ဆင်စခန်းစောင့်လူတွေနဲ့ လာရောက်ကြည့်ရှုသူတွေကပဲ နို့တိုက်ပေးနေရပါတယ်တဲ့။ ဒါနဲ့မွန်လေးတို့လည်း နို့တိုက် အစာကျွေးခဲ့ကြပါတယ်။ အဲ့ထဲမှာ ထူးထူးဆန်းဆန်းဖြစ်တဲ့ဆင်လေးက လူလက်ကိုစုပ်ချင်လို့ဆိုပြီးအော်ဟစ်တောင်းဆိုနေတဲ့မေရီပေါ့..ဆင်စခန်းစောင့်ဦးလေးကြီးကလည်းသိရှာပါတယ်..အနာခံပြီးသူ့လက်ကိုစုပ်ခွင့်ပေးတယ်လေ။ သူတို့နို ့ဘူးအတွက် ဆင်စခန်းစောင့်လူတွေမတောင်းပေမယ့် အလှူခံဗုံးတွေ့တော့ မွန်လေးတို့လည်း အလှူငွေထည့်ခဲ့ကြပါတယ်။ အဲ့ဆင်လေးတွေဘေးမှာလည်း သူတို့ကိုရေချိုးပေးတဲ့ ရေကန်လည်းရှိပါတယ်။
အဲ့ဆင်လေး ၃ ကောင်ရဲ့ရှေ ့မှာ ဆင်ကြီး ၂ ကောင်ရယ်၊ ဆင်မိသားစု ၃ ကောင်ရယ်၊ ဆင်မိသားစုကိုတော့ မိသားစုဖြစ်လို့ထင်ပါတယ်။ ဝင်းခတ်ထားပါတယ်။ အဲ့ဆင်တွေကိုလည်း အစာကျွေးခဲ့ပါသေးတယ်။ ဘယ်လောက်တောင်ဆာနေလဲ
မသိ..အစာကိုလှမ်းတောင်းကြတာများ..တဝူးဝူးနဲ့ နှာမောင်းကြီးတွေကလည်း အပြင်ကိုရောက်ရောက်လာတယ်။ သူတို့ လေးတွေကိုကျွေးဖို့ ငှက်ပျောသီးတို့၊ ကြံတို့၊ ဖရဲသီးတို့ရှိပါတယ်။
? ဆင်စီးလို့လည်းရ
မွန်လေးတို့သွားတုန်းကတော့ ဆင်စီးတာကိုခဏပိတ်ထားတယ်ပြောပါတယ်။ အရင်ကတော့စီးခွင့်ရှိပါတယ်တဲ့။တစ်ကောင် ကို ၅၀၀ဝ ပါတဲ့။
ဆင်စခန်းထဲကဆိုင်မှာ သူများတွေ ထမင်းဟင်းတွေ စားနေတာတွေ့တော့ ကြိုမှာထားရင် ချက်ပေးပါတယ်လို့ပြောတယ်။
မွန်လေးတို့လည်း လက်ဖက်သုပ်နဲ့ရေနွေးကြမ်းလေးသောက်ရင်း ခဏအနားယူခဲ့ကြပါတယ်။
#မိုးယွန်းကြီးအင်း ??
ဆင်စခန်းကနေ လမ်းမကြီးမှာ ဘယ်ဘက်ချိုးပြီး မိုးယွန်းကြီးအင်းကိုဆက်သွားခဲ့ကြတယ်။ မွန်လေးခပ်ငယ်ငယ်တုန်းက Weekly Eleven မှာ ဆောင်းခိုငှက်လေးတွေနဲ့သိပ်လှတယ်ဆိုပြီး ပန်းချီဆွဲခဲ့တဲ့နေရာလေးပေါ့။ ခုချိန်ကနွေရာသီဆိုတော့
ဆောင်းခိုငှက်လေးတွေတော့မတွေ့ခဲ့ပါဘူး။ ့ကျွဲတွေရေထဲဆင်းနေကြတာပဲတွေ့ခဲ့ပါတယ်။ အင်းထဲဝင်တဲ့လမ်းတလျှောက် သစ်ပင်တွေနဲ့ သာသာယာယာရှိတယ်။ သစ်ပင်တွေဆိုတာ အုံ့အုံ့ဆိုင်းဆိုင်းနဲ့၊ လေဆိုတာတဖြူးဖြူးနဲ့ မပူတဲ့အပြင် ကြာလာတော့ အေးပါအေးလာတာ။ လမ်းတစ်လျှောက် ခဏနားနေဖို့ အမိုးနဲ့ တဲလေးတွေကလည်းစီရရီ။ မိုးယွင်းကြီးအင်းက wetland Wildlife Sanctuary ရေတိမ်ဂေဟစနစ်ထိန်းသိမ်းရေးနယ်မြေဖြစ်ပြီး မြန်မာ့ပထမဆုံး ရမ်ဆာကွန်ဗင်းရှင်း ရေတိမ်ဒေသထိန်းသိမ်းရေးနယ်မြေလည်း ဖြစ်ပါတယ်။ အနောက်နိုင်ငံက ဆောင်းခိုငှက်တွေ စံပျော်ရာဒေသဖြစ်လို့ ငှက်ကြည့်သူတွေကြား နာမည်ကြီးနေရာပါ။ နိုင်ငံတကာက ငှက်ကြည့်သမားတွေတောင် မိုးယွင်းကြီးအင်းဆီ တကူးတကလာကြည့်ရပါတယ်။ ဒါကြောင့်လည်း လျှောက်လမ်း တစ်ဖက်တစ်ချက်မှာ အင်းထဲတွေ့နိုင်တဲ့ ရှားပါးငှက်တွေအကြောင်း တစ်ကောင်ချင်းဆီ အင်္ဂလိပ်လိုရော မြန်မာလိုပါဓာတ်ပုံနဲ့တကွ ရှင်းပြပေးထားတာတွေ့ခဲ့ရပါတယ်။
သစ်ပင်တန်းနဲ့ တံတားနောက်တစ်ခုဖြတ်ပြီးရောက်တဲ့ စားသောက်ဆိုင်တန်းမှာဆို ပျော်ပွဲစားထွက်ဖို့တဲလေးတွေ အစီအရီနဲ့ ပျော်စရာကြီးပါ။ တချို့က ကိုယ့်ဘာသာကိုယ်အိမ်ကနေချိုင့်ဆွဲပြီး ပျော်ပွဲစားထွက်ကြပြီး အဲ့မှာလည်း မှာစားလို့ရပါတယ်။ အဲ့ကနေဆက်သွားရင် အင်းဘက်ကိုမျက်နှာမူထားတဲ့ ကော်ဖီဆိုင်လေးတွေ့ရပြီး ဆက်သွားရင် အဆုံးမှာ စားသောက်ဆိုင်အကြီးကြီးတစ်ခုရှိပါတယ်။ မွန်လေးတို့သွားတုန်းကတော့ သင်္ကြန်အတွက်ပိတ်ထားတာနဲ့ကြုံသွားလို့ ဆိုင်တွေအကုန်နီးပါး ပိတ်ထားပါတယ်။ အဲ့မှာ ညအိပ်ချင်ရင် ညအိပ်လို့ရတဲ့ ဘန်ဂလိုလေးတွေလည်းရှိတယ်။ သင်္ဘောလေးတွေ စီထားသလိုပဲ ဘန်ဂလိုလေးတွေက အစိမ်းနုရောင်သင်္ဘောပုံစံလေးတွေ၊ ချစ်စရာလေး။ အခန်းထဲ အဲကွန်းလည်းရှိတော့ အင်းထဲ ပျော်ပွဲစားထွက်သူတွေ နေ့လည်နေ့ခင်းအနားယူနိုင်အောင် နေ့ဘက်လည်း ဌားပေးပါတယ်။ ဘန်ဂလိုခက နေ့ဘက်ကို ၁၀၀၀ဝ နဲ့ ညကို ၄၀၀၀ဝ ပါတဲ့။ ဆောင်းတွင်းငှက်ကြည့်ချိန်ဆိုရင်တော့ နေ့ ၁၅၀၀ဝ နဲ့ ည ၅၀၀၀ဝ ပါတဲ့။ အင်းထဲ လှေစီးလို့ရတဲ့ လှေဂိတ်လည်းရှိတယ်။
အပြန်ကြတော့ နေ့လည်စာစားဖို့ လမ်းမှာ ချစ်တီးထမင်းဆိုင် ဝင်စားခဲ့ကြတယ်။ ပဲဟင်းနဲ့ မာဆလာနံ့သင်းတဲ့ဆိတ်သားဟင်းနဲ့ ပုံစံခွက်ထဲ ထည့်စားခဲ့တာ အရသာရှိမှရှိ။ နွားနို့ကိုမလိုင်နဲ့ သေချာကျိုပြီး ဖျော်ပေးတာ။ ဘယ်လိုကောင်းမှန်းမသိ။
ဝင်္ဂဘော်ဆင်စခန်းက ကလေးရော လူကြီးပါမကျန်အရမ်းပျေ်ာဖို့ကောင်းပြီး မိုးယွန်းကြီးကလည်း အေးဆေးငြိမ်သက်လို့
နေ့ချင်းပြန်ခရီးလေးရွေးချယ်မယ်ဆိုရင် ဒီခရီးစဉ်လေးကိုလည်းရွေးချယ်ဖို့မမေ့ပါနဲ့နော်။
တစ်ခုပဲမှာချင်တာကတော့ ဘယ်နေရာရောက်ရောက်.ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အနေနဲ့ အမှိုက်လေးတွေမချပစ်ခဲ့ဖို့ပဲ မှာချင်ပါတယ်။
နောက်ခရီးစဉ်လေးတွေလည်းဆက်ရေးပေးပါဦးမယ်..အားပေးဖတ်ရှုပေးကြပါဦးနော်…
One comment
ဂျစ်စူ
May 1, 2017 at 11:24 pm
ကျွဲတစ်အုပ် လမ်းသလားနေတဲ့ ဗျူးလေး ကြိုက်တယ်ဦးလေး