“တခါတုန်းကဂီတဆည်းဆာ”
“တခါတုန်းကဂီတဆည်းဆာ”
ဟိုတုန်းကတော့ မန်းတက္ကသိုလ်ရဲ့ဂီတဆည်းဆာကို သီတင်းကျွတ်ဝန်းကျင်မှာလုပ်လေ့ရှိတယ်။ ကိုယ်တွေခေတ်ကပွဲသိမ်းမင်းသားက စိုင်းထီးဆိုင်ပေါ့။ ပုံမှန်အားဖြင့် မထုတ်ရသေးတဲ့သီချင်းတွေဆိုတာများပါတယ်။ ကိုယ်ကြုံခဲ့သလောက် မှတ်မိသလောက်ကတော့ ဘီးကလေးကိုစီး / ပျံသာပြန်ပါရွှေဟင်္သာ / နွေနံနက်ခင်း နဲ့ နောက်တပုဒ်တော့မမှတ်မိတော့ဘူးဗျ။
ပွဲမစခင်တလလောက်ကတည်းက မေဂျာအလိုက် ရန်ပုံငွေရှာ ဈေးရောင်းပွဲတွေလုပ်ကြတော့တာဘဲ။ အဆောင်အလိုက်ကော နေ့တက်တဲ့ကျောင်းသားတွေပါ တပျော်တပါးဝိုင်းကူကြတာပါဘဲ။ တကယ်တိုးမပေါက်အောင်ရောင်းရတာတော့ ပွဲကျင်းပတဲ့နောက်ဆုံးရက်ပေါ့။ လူတွေလဲတအားပင်ပန်းပြီး ပွဲကိုလဲကောင်းကောင်းမကြည့်ရယုံမက ပွဲပီးတော့ပစ္စည်းတွေသိမ်းရတာနဲ့လင်းမှဘဲအိပ်ရတယ်။
ပွဲပြီးလို့ပြန်တဲ့ပရိတ်သတ်ကလဲတလမ်းလုံးဘိုထီးဆိုတဲ့သီချင်းလေးညီးပြီးပြန်ကြတာပါဘဲ။ များသောအားဖြင့်သီချင်းသာမထွက်သေးတာ ကျောင်းကလူတွေကရနေကြတာပါဘဲ။ အဲဒီဂီတဆည်းဆာမှာမပါမဖြစ်ပါပြီး ဆိုဘို့လုရတဲ့သီချင်းကတော့ သီချင်းနာမည်လဲသေချာမသိ ရေးတဲ့လူလဲသေချာမသိတဲ့ မန်းတက္ကသိုလ်သီချင်းပါဘဲ။ ကိုယ်မသိတာလဲဖြစ်နိုင်ပါတယ် သိတဲ့လူများ ဝင်ပြောခဲ့ကြပါ။ သီချင်းစာသားမှတ်မိသလောက်ရေးပြလိုက်ပါတယ်။
ကျောင်းပြီးတော့မယ် ခွဲရတော့မယ် ခွဲချင်ပါဘူး မခွဲ နိုင်ပါဘူး ချစ်ရတဲ့အမိမန်းတက္ကသိုလ်ရယ်
ရေနီမြောင်းလေးရယ် နုတ်ဆက်ခဲ့တယ် တမာတောနဲ့ဝေးရာ သွားရတော့မယ် မခွဲချင်ပါဘူး မခွဲနိုင်ပါဘူး ချစ်ရတဲ့ အမိမန်းတက္ကသိုလ်ရယ်
ထိုင်ခုံဝိုင်းလေးရယ် နုတ်ဆက်ခဲ့ တယ် တမာတော့နဲ့ဝေးရာ သွားရတော့မယ် မခွဲချင်ပါဘူး မခွဲနိုင်ပါဘူး ချစ်ရတဲ့အမိမန်းတက္ကသိုလ်ရယ်
သစ္စာသူရယ် မြတမာသူရယ် မတတ်သာလို့ခွဲရအုံးမယ်ကွယ်။
အနှစ်၃ဝ ကျော်ဆိုတော့လဲ စာသားတွေခပ်မေ့မေ့ပါဗျာ။
9 comments
ဦးကျောက်ခဲ
June 19, 2017 at 10:10 am
“ဘီးကလေးကိုစီး…” က “ဘီးနံပါတ် OK၀၁၂၂L” ထင်ရဲ့ …
ဆြာဂျီးတွေ အနက်ဖွင့်ပြတာတော့ “Look 2 12” ပင်လုံစာချုပ်ကို ညွှန်းပါသတဲ့…
နားထောင်ကြည့်တော့လည်း စာသားတွေက ဟုတ်သလိုလို … :k:
မန်းတက္ကသိုလ်အကြောင်းတော့ ဦးလေးမန်းတို့ရေးမှပဲ သိရမှာပါ…
ဦး လေး မန်း
June 19, 2017 at 12:41 pm
ဘီးကလေးကိုစီးက မောတော့မောတာပေါ့ ဒါပေမဲ့မမောဘူးကို ပြောတာပါ။ ဘီးနံပါတ် OK ကတော့ အဲလိုကြားဘူးတာပါဘဲ။
သင့်အေးရိပ်
June 19, 2017 at 11:15 am
ဦးထီးရဲ့. . .နွေနံနက်ခင်းကို နားထောင်ပြီး စာသားတွေနဲ့ အသံကို ဖျားဖူးတယ်။
😆
အရင်ကကျော်စွာဦးကြီးမိုက်
June 21, 2017 at 1:18 pm
ကျနော်လည်းမန္တလေးကနေဆယ်တန်းအောင်တာပဲ…သီတင်းကျွတ်တန်ဆောင်တိုင်ဆို
မြို့ထဲစက်ဘီးနဲ့ပါတ်ပြီးတစ်ညလုံးအငြိမ့်တွေလှည့်ကြည့်ခဲ့ရတာလွမ်းမိပါတယ်…ဘိုထီးသီချင်းတွေလည်း
အသဲစွဲပါပဲလေ…
ဦး လေး မန်း
June 21, 2017 at 4:58 pm
ကိုမိုက်ရေ ည ည ဘယ်နားအငြိမ့်ရှိမလဲလို့ စက်ဘီးတစင်းနဲ့ အရှာထွက်ရတာဗျ။ ခုခေတ်လိုဖုန်းမရှိ သတင်းရစရာ ဖွဘုတ်လဲမရှိနဲ့ လေသင့်ရာ အသံကြားတဲ့နေရာ လိုက်ရှာရတာဗျ။ လေတိုက်တော့ အေးကလဲအေးသနဲ့။ လွမ်းသေးသဗျာ။
surmi
June 24, 2017 at 10:49 am
ဒီပို့စ်ကနေ ဦးလေမန်း (အဘမန်း) ရဲ့အသက်ကိုခန့်မှန်းကြည့်လိုက်တော့ . .
အားပါးပါး ၆ဝ တောင်မှ ၅ နှစ်ထဲရောက်နေပါပေါ့လား
လွန်တာရှိရင် ဝန္ဒါမိပါခင်ဗျ
ဦး လေး မန်း
June 24, 2017 at 10:15 pm
ကဆာမိရေ နဲနဲလေးတော့လွဲနေတယ်။ ၆ဝ ကတော့ကျော်ပေါ့ ၅နှစ်တော့မရောက်သေးပါဘူး။ အလုပ်လုပ်နေတန်းပါဘဲဗျ။
လုံမလေးမွန်မွန်
June 30, 2017 at 12:51 pm
ဟိုးတုန်းက တက္ကသိုလ်ဆိုတာ အတော်ပျော်ဖို့ကောင်းခဲ့မှာနော်..
မန်းတက္ကသိုလ်တော့ တစ်ခါမှ မရောက်ဖူးဘူး..
အခွင့်ရရင် တစ်ခါလောက် သွားလည်ချင်တယ်..
ဇီဇီ
June 30, 2017 at 1:51 pm
ပျော်စရာဂျီးနေမှာ။
မိန်းထဲကို ဖြတ်သွားဖြတ်လာပဲ ရောက်ဖူးတာ။
သိပ်အေးချမ်းတာပဲ။
:chit: