ခေးတို့ဖတ်ဖို့ စုန်းမစာ

ဇီဇီJune 19, 20171min129644

အရီး ရဲ့ စုန်းမ စာ ဆိုတာလေး ယူသုံးပါရစေခညာ။

~~~~~~~~~~~~~~~~~~~

ပြန်တွေးကြည့်တော့လည်း လူကြီးတွေက (၁၀) တန်း သည်သာ အရေးကြီးဆုံးလို့ ပြောလို့သာ အင်း အင်း ဟုတ်ကဲ့ လိုက် ခဲ့တာ။

ကွကိုယ် ဘာဖြစ်ချင်လဲ ရေရေရာရာမသိဘူးး!!

အဲ ဘာလုပ်ချင်လဲ မေးလည်း အဲဒီ အချိန်ပိုင်းလေး အသက်ပိုင်းလေးမှာ စိတ်ရူးပေါက်ပြီး လုပ်ချင်တာလောက် ပြောမိတာရယ်။

.

.

အခုလည်း သေချာသိလား ဆိုတော့ ဝေတေတေ ပါ။

လာမေးရင်လည်း ဘစိုင်း ယူရကောင်းနိုးး

ရဲတိုက် ကို စောင့်ရကောင်းနိုးး

ထမင်းလေးနပ် ဆက်စားရကောင်းနိုးး

တနိုးနိုး ဖစ်နာ။

(နောက်ထာ နောက်ထာ အဟုတ်မမှတ်ကြနဲ့။ ဒီလက်က အတည်ရေးလို့ကိုမရလို့)

:mrgreenn:

~~~~~~~~~~~~~~~~~~~~~~~~~

ခုမှသာ သေချာပြန်တွေးမိတာကို ရေးရတာ။

အဲဒီတုန်းကတော့…..

(၁) ဝါသနာရယ်

(၂) အသက်မွေးဝမ်းကြောင်း အတတ်ပညာရယ်

(၃) ငါ ဘာကြီးဖြစ်ချင်တာရယ် ဆိုတဲ့ ၃ ခု ကို သိပ်သဲကွဲတာမဟုတ်ဘူးရယ်။

 

.

.

ဝါသနာဆိုတာ ဝါသနာပါတာ လုပ်တယ် ဆိုတိုင်းလည်း ပိုက်ဆံရတာမဟုတ်ဘူးး

Money is Second GOD ဆိုတဲ့ ခေတ်ကြီးမှာ နိုင်ငံအခြေအနေက မကောင်း ပိုဆိုးသေးး။ ဝါသနာပါတာလုပ်ရုံနဲ့ ဗိုက်ဝတာမဟုတ်တော့ အဲတာကို အခြေခံပြီး ကိုယ့် လမ်းကြောင်းကို ရွေးလို့က မရ။

.

.

အသက်မွေးဝမ်းကြောင်းဆိုတာမှာကျ အမျိုးမျိုးး။ ဘဝအာမခံချက် (ရှိတယ်လို့ ပြောကြတာပဲ) နဲ့ ပိုက်ဆံရှာဖို့ စဉ်းစားရတော့မယ်လေ။

ပညာ ဒီဂရီ ဘွဲ့ရတဲ့ဘာသာရပ်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်မလားး

လက်မှုပညာ အတတ်ပညာလေး သင်ပြီး ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းမလားး အဲဒါရွေးရမှာ။

ကိုယ်တွေနိုင်ငံမတော့ ဘွဲ့လေးရမှ၊ ဒီဂရီလေးရှိမှ ဆိုတဲ့ အသိနဲ့ ခေါင်းထဲထည့်ခံထားရတော့၊ ကိုယ်တိုင် မာစတာပြီးပြီး စလုံး ၁ဝ နှစ်လောက်မှာ ၁ထပ်တိုက်ကို ဖြစ်ဖြစ်မည်ကာမတ ဆောက်နေရတုန်းး လမ်းထိပ်က ဝက်သားဒုတ်ထိုးသည်က ၂ နှစ် အတွင်း ၃ ထပ်တိုက် ဆောက်နိုင်တယ် ဆိုတော့ ကိုယ် ရွေးခဲ့တဲ့ အသက်မွေးဝမ်းကြောင်းနဲ့ လုပ်ငန်းကို ကွကိုယ် အကြည်ညိုတောင် ပျက်မိတယ်။ ဘွဘွ။

“နင် လက်ကောက်တွေ တံတောင်ဆစ်လောက် ဝတ်ပြီး ဒုတ်ထိုးရောင်းမလား” မေးကြည့်။

အရင်ကတော့ “ဟင့်အင်း” ပဲ။

ခုတော့ မန်းလေးပြန် ကြာဇံကြော်  နဲ့ ဒုတ်ထိုး ရောင်းဖို့ မှီသေးလား စဉ်းစားနေရပြီ။

🙄

အဲလေ… ပြောရင်း ကလေးတွေ နဝေတိမ်တောင်ဖြစ်နေဂျအူးမယ်။

မမဂျီး ပြောချင်တာက ကိုယ့်ဘဝ ရှေ့ဆောင်က ပိုက်ဆံလား၊ လိပ်ပြာသန့်သန့်ကိုယ်နေနိုင်မဲ့ နေရာတစ်နေရာလား အရင် တွေးလို့ ပြောချင်တာ။

တရားနည်းလမ်းနဲ့ လုပ်သမျှ အလုပ်နဲ့..

ရှာသမျှ ပိုက်ဆံနဲ့ ခေါင်းချ အိပ်ပျော်နိုင်ရင်ကို အဲဒါ နေပျော်တဲ့ ဘဝလို့ အခု အသက်ပိုင်းမှာ တွေးမိတယ်ရယ်။

.

.

အဲဒီအခါကျမှ “ငါဘာဖြစ်ချင်လဲ” စဉ်းစားဖို့ လို့ပြီ။

တသက်လုံး ဘယ်လို ဘဝမျိုးနဲ့ နေချင်သလဲ စဉ်းစားဖို့လိုပြီ။

ကိုယ့် ဘဝမှာ ဘာက အလိုအပ်ဆုံးလည်း တွေးဖို့ လိုပြီ။

ဘာပဲ ရွေးရွေး အကောင်း နဲ့ အဆိုးကတော့ ဒွန်တွဲလာမှာပဲ။

ကိုယ်ရွေးတဲ့ လမ်းရဲ့ အားနည်းချက်ကို ကိုယ် ဘယ်လောက်ထိ လက်ခံနိုင်မလဲ ပဲ တွေးရမှာ။

.

.

ဒီ အသက်အရွယ်မှာ အဲလောက် ထိ တွေးပြီး ရွေးချယ်ဖို့ ငယ်ကောင်း ငယ်ရွယ်နေပါဦးမယ်။

လူကြီးတွေကတော့ လမ်းပြ ပေး အကြံညာဏ်ပေးရမှာပေါ့။

“ကလေးတွေကို ပျော်ခွင့်ပေးလိုက်တဲ့ ကိုငြိမ်းမောင်” လုပ်မရသလို

ကိုယ့်တုန်းက မဖြစ်ခဲ့ မလုပ်နိုင်ခဲ့တာတွေ ကိုယ့်ကလေးကျမှ အထုတ်ကြီး ရွက်ခိုင်းတာလည်း မဟုတ်သေးဘူးး။

ဒီနေရာမှာတော့ မိဘတွေ ရဲ့ ပညာအရည်အချင်းနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာပေါ်မူတည်သွားလို့ အများကြီးမပြောလိုတော့ဘူးး!!

.

.

ကလေးတွေကို အစထဲက ကိုယ့်အားကိုယ်ကိုးတတ်အောင် ဘယ်လိုဆုံးဖြတ်တတ်အောင် လေ့ကျင့်မထားပဲနဲ့တော့ ခုချိန်မှာ လွှတ်ပေးလို့ ဆုံးဖြတ်ခိုင်းလို့မရတဲ့ ကလေးတွေလည်း အများကြီးရယ်။

ဘဝမယ် လောကဓံ ၈ ပါး သာမက မိဘကျေးဇူး ဆိုတာလေးပါ ခေါင်းပေါ်ရွက်ထားရတဲ့ ကလေးတွေပါလေ။

သူတို့မယ် ကြွေးဟောင်းဆပ် ဆိုတာတွေ ကြွေးသစ်ပေး ဆိုတာကလည်း ငယ်တုန်းကတည်းက ရိုက်သွင်းခံထားရတာ။

ဘဝမယ် လူဖြစ်ဖို့ မကြံသေးဘူး လူကြီးတွေ အတွက် တွေးရ ကိုယ့် မမွေးသေးတဲ့ ကလေးတွေ အတွက် တွေးရဆိုတာလည်း အလုပ်တော့မဟုတ်သေးဘူးး

တစ်ကိုယ်စာ ကိုယ်တသက်စာ အတွက် ကိုယ် မားမားမတ်မတ်ဖြစ်အောင်လုပ်ထားခဲ့ရင် ကိုယ့် ကလေးတွေ ကိုယ့် မျိုးဆက်တွေကို ပရက်ရှာပေးစရာမလိုဘူး ဆိုတာ ကို ရှင်းမပြရဲပါဘူးး!!

အဟေးဟေးး

:mrgreen:

ခင်ဇော် ထော်လော်ကန့်လန့်ပြောပြန်ပဟ ဆို ဆဲခံရတာပဲ အဖတ်တင်မယ်လေ။

အဲဒီတော့ အဲဒါတွေ မတွေးပဲ ကိုယ့် တစ်ကိုယ်စာ အတွေးအခေါ်နဲ့ ဆုံးဖြတ်ပါလို့ ဘယ်သူ့မှကို အကြံမပေးရဲတော့ပါဘူးး

.

.

အနိစ္စ ဒုက္ခ အနတ္တ!!!

ရေးရင်းနဲ့ ကြားဖြတ် အဲဒီ ဂွစာအတွေးတွေ ဝင်လာတာ ဘာဆက်ပြောရမယ် မသိဖြစ်သွားလို့ မန့်မှာသာ ထင်ရာ မြင်ရာ ဝင် ပွါးပေးဂျဒေါ့လို့ ပြောချင်ဘာဒေ ခညာ။

ဘာရေးရေး ကောင်းကောင်းကို အဆုံးသတ်မရ ဖောက်ဖောက်လာတာဖဲ ဂယ်ဖဲ ဂယ်ဖဲ!!

:mrgreenn:

.

.

ဒါပေမဲ့ (၁) နဲ့ (၂) အချက်အရ ပြောရမယ်ဆိုရင် ဝါသနာကို အခြေခံတဲ့ (ထမင်းစားလက်မှတ် ခေါ်မလား) အသက်မွေးဝမ်းကြောင်းပညာရပ် တစ်ခုခုကတော့ တတ်ကို တတ်ထားသင့်ပါတယ်။

ဘွဲ့လက်မှတ်တွေ ဆုတ်ဖြဲခံရရင် ဘာအလုပ်မှ လုပ်စားမရတော့မဲ့ ခင်ဇော် ကိုယ်တွေ့နဲ့ အခြေခံပြီး ပြောတာပါ။

 

 

 

 

44 comments

  • ဦးကျောက်ခဲ

    June 19, 2017 at 10:26 am

    တို့တုန်းက မဆလ ခေတ်လွန် နဝတ စစ်အုပ်ချုပ်ရေးခေတ် …
    ပညာရေးနဲ့ပါတ်သက်ရင် ဆေးနဲ့ အင်/ယာပဲ လူတွေကသိတဲ့ခေတ် …
    ကံကောင်းထောက်မစွာ စီနီယာအကိုတစ်ဦးကရှင်းပြလို့ ဒီဘဝရောက်လာတာ…
    တို့ထက် ၂-နှစ်ငယ်တဲ့ ခေးမတစ်ယောက်ကတော့ မျက်စေ့ကြီး နားကြီးမို့…
    ၁၀-တန်း ၅-ဘာသာ ဂုဏ်ထူးထွက်တာ မြန်မာနိုင်ငံမှာ ဆက်မတက်ပဲ …
    ဘယ်လ်ဂျီယံမှာ B.B.A သွားတက်တယ်ဗျား … အခု ဆြာမကြီးဖြစ်နေပြီ …
    စလုံး မြို့လယ် ဘဏ်တွေနားက ပရောဂျက်မှာလုပ်တုန်းက …
    စတိုင်အပြည့် ကြော့ကြော့လေးနဲ့ စတော့ ငနဲတွေကို အားဂျီး မနာလို … :k:

    • ဇီဇီ

      June 19, 2017 at 1:11 pm

      ကျော်တို့မယ် ဒီဂရီစာရွက်ကြီးကိုင်ထားပြီး ဆေ့ဖတီးဘု ရွှံ့လူးနဲ့ မြို့လည်ကောင်မယ် နေပူကျဲတယ် ချွေးတရွှဲရွှဲပါလေ။
      ဒါပေမဲ့ ဒီ ဘဝကိုပဲ ပျော်တယ်။
      အာ့လို အပေါ်ယံ ကြော့ရှင်းတွေ မလုပ်ချင်ဘူးး
      ဟီးဟီး

      :k:

  • နွေဦး

    June 19, 2017 at 10:39 am

    စုန်းမကြီးရေးတဲ့ စုန်းမစာကို
    ဇော်ဂနီ ဇော်ဂနက် ဇော် ကန့်လန့် ကဖတ်သွားပါပြီ
    စုန်းမစာအရ ” တရားနည်းလမ်းနဲ့ လုပ်သမျှ အလုပ်နဲ့..
    ရှာသမျှ ပိုက်ဆံနဲ့ ခေါင်းချ အိပ်ပျော်နိုင်ရင်ကို အဲဒါ နေပျော်တဲ့ ဘဝလို့ အခု အသက်ပိုင်းမှာ တွေးမိတယ်ရယ်။”
    ခုခေတ်မှာ ရှားပါးပစ္စည်းပါဘဲကွယ်.. ။

    • ဇီဇီ

      June 19, 2017 at 1:12 pm

      အရင်ကတော့ ပိုက်ဆံအများဂျီးရရင် နေပျော်မှာလို့ တကယ်ထင်ခဲ့ဖူးတယ်။
      ခုတော့ ခေါင်းမခြောက် ခေါင်းမနောက်ရပဲ စားဝင်အိပ်ပျော် တစ်နေရာလေးမှာပဲ နေပျော်တော့တယ်။

      :chit:

      • sorrow

        June 19, 2017 at 1:16 pm

        အမှန်ဗျာ…အရင်ကပိုက်ဆံမရှိတုန်းက .. ငါသိပ်ဆင်းရဲတာပဲလို့တွေးမိတယ်…မမရေ

        အခုများကတော့ ..ငါဒီအလုပ်ကို ရူးလို့လုပ်မိတာပဲ လို့တွေးလာမိတယ်…
        ဆိုတော့ကာ ခေးလေးတွေအနေနဲ့လဲ ငြိမ်းချမ်းရာရှာတွေ့နိုင်ပါစေကြောင်း…..

        • ဇီဇီ

          June 19, 2017 at 1:24 pm

          မမဂျီးက စိတ်ပင်ပန်းမခံနိုင်ဘူးး
          စိတ်ဆင်းရဲ စိတ်ညစ်ဒဏ် မခံနိုင်ဘူးး
          တော်ရောပေါ့။
          ထမင်းလေး ၄ နပ်မှန်ရင် ဘာမှ မလိုပါဖု။

          :k:

  • weiwei

    June 19, 2017 at 10:46 am

    အရှည်ကြီးဆွေးနွေးချင်သား .. ဒါပေမယ့် ပျင်းလို့ ခပ်တိုတိုပဲ ရေးမယ် ..
    ခေတ်ကိုက ဘယ်အရာမှ ပုံသေတွက်လို့မရတဲ့ခေတ်ကြီး ..
    ဆရာဝန်ဘွဲ့ အင်ဂျင်နီယာဘွဲ့တွေယူပြီးမှ အလှပြင်ဆိုင်တို့ အကျီချုပ်ဆိုင်တို့ လိုင်းပြောင်းသွားတဲ့လူငယ်တွေ အများကြီး မျက်စိရှေ့မှာ မြင်ရတယ် ..
    ကိုယ်တွေရောဆိုတော့ .. သိပ်မထူး .. တစ်ခုခုကို ပြောင်းပစ်ချင်လောက်အောင်စိတ်ဓါတ်ကျမိတာ အကြိမ်ကြိမ် .. အဲဒီအချိန်မှာ ပိုက်ဆံရှာဖို့တခြားအတတ်ပညာတစ်ခုခုကတော့ မဖြစ်မနေလိုအပ်နေတော့တာ .. ဥပမာ အကျီချုပ်တတ်ရင်ကို ထမင်းမငတ်နိုင်တဲ့အနေအထား .. ကိုယ်တွေ ဓါတ်ပုံရိုက်နေတာ ဝါသနာ .. ဓါတ်ပုံရိုက်ဖို့ဆို တောင်အမြင့်ကြီးလဲတက်တယ် .. မနက်အစောကြီးလဲထတယ် .. ပိုက်ဆံတော့ တပြားမှမရဘူးပေါ့ .. ဒါပေမယ့် အချိန်တစ်ခုကြာတဲ့အခါမှာ အဲဒါနဲ့လုပ်စားမယ်ဆို လုပ်စားလို့ရလောက်တဲ့အတတ်ပညာတစ်ခုလိုမျိုး စုဆောင်းမိမယ်ဆိုတာကလဲ အမြတ်တစ်ခု ..
    ပြောချင်တာကတော့ အသက်မွေးဝမ်းကြောင်းမှာ အတန်းပညာသာမက တခြားပညာတွေလဲ တတ်ထားဖို့လိုတယ်ဆိုတာလေး .. ဝါသနာပါရင် ဘာသာစကားတစ်ခုခုပဲဖြစ်ဖြစ် တစ်ချိန်ချိန်မှာ ထမင်းစားလက်မှတ်လေး ဖြစ်လာနိုင်တယ် .. ဘာရယ်မှမဟုတ် ဘာဝါသနာပါတယ်ဆိုတာလေးကို သေချာသိပြီး လေ့ကျင့်ပျိုးထောင်နေသင့်တယ်လို့ ဝင်ပွားကြည့်တာ ..

    • ဇီဇီ

      June 19, 2017 at 1:19 pm

      အာ့ပြောတာ။
      ကျော်ပြောတဲ့ ထမင်းစားလက်မှတ်ဆိုတာ။
      ဆံပင်ညပ်တတ်
      အင်္ကျီချုပ်တတ်
      တွင်ခုံ
      ကားပြင်
      အိမ်တွင်းမှု ပညာရပ် တစ်ခုခု စတာတွေကတော့ တတ်ထားသင့်တယ်ရယ်။
      ကိုယ့် နိုင်ငံအခြေအနေအရရော။

      :k:

  • ဝင့်ပြုံးမြင့်

    June 19, 2017 at 11:15 am

    တကယ်ပြောရင် ခေးတွေက ကိုယ့်ထက် လိမ္မာပြီးသားပါလေ။ ကိုယ်က ဘဝတစ်လျှောက်လုံး ကပေါက်တိကပေါက်ချာ ချည်းပဲ။

    • •*¨နန်းတော်ရာသူ •*¨

      June 19, 2017 at 11:49 am

      အထောက်ခံဆုံးမန့်ဖြစ်ပါကြောင်း :harr: :hee:

      • ဇီဇီ

        June 19, 2017 at 1:20 pm

        လိမ္မာလို့ စုန်းမစာရေးရဒါပေါ့။
        အဟွတ်။
        အပိုဒေမြန်းဖစ်နေဖီလား မသိ။

        :k:

  • Mr. MarGa

    June 19, 2017 at 11:57 am

    အဟမ်း…
    ညီမလေးတွေအတွက် ဆိုတော့လည်း သိထားတာလေးတွေ မျှပေးရမှာပေါ့…
    ကိုယ်တွေတုန်းက ရွေးစရာ တက္ကသိုလ်တွေက ခုခေတ်လောက် မများခဲ့ဘူး။ အရင်ထက်တော့ များပေမယ့် တကယ်ကြည့်ရင် သွားစရာသိပ်မရှိဘူးရယ်။
    ဝိဇ္ဇာ၊သိပ္ပံ တက္ကသိုလ်တွေ အများစုက ကျောင်းပြီးရင် ဘာလုပ်စားရမယ်မှန်း မရေရာတော့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေပဲ အဓိက ဦးတည်ခဲ့ရတာ
    အမှတ်များရင် ဆေးကျောင်းရွေး၊ အဲ့ထက်နည်းရင် နည်းပညာတက္ကသိုလ်တွေသွား၊ ဟိုမရောက် ဒီမရောက် ကန့်လန့်ခံနေတာကတော့ ကိုယ်တွေရဲ့ ကွန်ပျူတာပေါ့လေ 😛
    ဒီခေတ်မှာတော့ ပွင့်လင်းလာလို့လားရယ်မသိ စီးပွားရေးဘက်ကိုလည်း စိတ်ကူးလာကြသလို နိုင်ငံခြားကျောင်းတွေကိုလည်း ပေါင်းကူးအနေနဲ့ သွားဖို့ ဖန်လာကြတာ ပိုများလာတယ်
    လောလောဆယ် နောက်ပိုင်း အတွေ့များလာတာ National Management College လိုမျိုး၊ ပြီးတော့ အသက်မွေးဝမ်းကျောင်း ဆိုရင်လည်း Center Of Excellence ဆိုပြီး အဆင့်မြင့်တက္ကသိုလ်တွေ ထပ်ထွက်လာတယ်၊
    ဒီက ဘွဲ့မဟုတ်ဘဲ UK, Europe က ဘွဲ့တွေကို ပေါင်းကူး ယူမယ်ဆိုလည်း လမ်းတွေက ပွင့်နေပြီ…

    ဆိုတော့ကာ…
    ပြင်ပနယ်ပယ်မှာ ပိုက်ဆံ သည် အဓိက ဆိုပေမယ့် ခုနောက်ပိုင်းမှာ ပညာ ကိုလည်း အရေးတယူ ကြည့်လာကြပါတယ်။
    ကိုယ့် ဝါသနာနဲ့ ကိုက်ညီမယ့် အသက်မွေးဝမ်းကျောင်း တစ်ခုခုကို ရွေးထားတာ မမှားဘူး လို့ပဲ ဆိုပါရစေတော့

    ကိုယ်တိုင်လည်း ကျင့်သုံး သူများကိုလည်း ဆရာလုပ်ပြီး ပြောခဲ့ဖူးတဲ့ စကားတစ်ခုရှိတယ်
    ဖြစ်ချင်တာ ရယ် ဖြစ်နိုင်တာ ရယ် ဖြစ်သင့်တာ ရယ်ကို ချင့်ချိန်ပြီးမှ လုပ်ပါ လို့

    ကိုယ်တွေက အခြေအနေအရ သုံးခုလုံးကို မျှခြေ ချပြီး ရွေးချယ်ခဲ့ရတဲ့ ဘဝတွေလေ.
    ခုနောက်ပိုင်း ကလေးတွေကိုတော့ အဲ့လိုစကားတွေ မပြောချင်တော့ဘူး…….

    • ဇီဇီ

      June 19, 2017 at 1:21 pm

      ဖြစ်ချင်တာ ရယ်
      ဖြစ်နိုင်တာ ရယ်
      ဖြစ်သင့်တာ ရယ်ကို ချင့်ချိန်ပြီးမှ လုပ်ပါ

      အာ့လေးကြောင့် စိမ်းလိုက်တယ်။

      :k:

      • Mr. MarGa

        June 22, 2017 at 1:27 am

        မောင်မာဃ ရဲ့ ကိုယ်ပိုင်စကားလုံး :kwi:

  • ကျော်လွင်ဖြိုး

    June 19, 2017 at 12:40 pm

    ပြောရရင် အမေ့ကို ကျေးဇူးတင်တယ်။
    သူ့ သား ငပျင်း ဖို့ ရှစ်တန်း ကိုးတန်း လောက်ကထဲက
    ဘာလုပ်ရင် ဘာဖြစ်နိုင်တယ် ဆိုတာမျိုး စဉ်းစားထားပေး လမ်းကြောင်း ရှာထားပေးလို့။
    ဆရာဝန်က ၆ နှစ် တက်ရမယ် ပြီးရင် ရိုးရိုး အမ်ဘီဘီအက်စ်ပဲ ရမယ် အဲ့ဒါကိုမှ တခြား ဟိုဘွဲ့ ဒီဘွဲ့ တွေ ထပ်တက်မှ ဆြာကြီး ဖြစ်မယ်ပေါ့။ အဲ့ဒီ အချိန်ကျရင် ကိုယ်လဲ အဖိုးကြီး မဖြစ်တောင် ဦးလေးကြီး အရွယ်လောက် ရောက်နေပြီ။
    (ကိုယ် စာကျက်ရ ပျင်းတာ၊ လူ့အသက် နဲ့ ရင်းပြီး မဆော့ရဲတာ တွေက တိုးတိုးနေ)
    သင်္ဘောလိုက်ဖို့ကျတော့ မျက်မှန်သမား က အင်ဂျင်နီယာ ပဲ ဖြစ်မယ်၊ မဟားဒရား ပင်ပန်းမယ်၊ အသက်ကြီးလာတဲ့ အထိ သင်္ဘောလိုက်စားနေလို့ မဖြစ်ဘူး။
    ရိုးရိုး အင်ဂျင်နီယာ ကျတော့လဲ သူတို့ ကျောင်းတွေကို မှော်ဘီ ဘက် ရွှေ့ထားတာနဲ့ ကိုယ် စိတ်နုပုံနဲ့က
    ဆေးရုံနဲ့ အရက်ဆိုင် လူးလာခေါက်တုန့် ဖြစ်နေဖို့ချည်းပဲ။ (အင်ဂျင်နီယာ တွေကို စောင်းမပြောပါဘူး။ ကိုယ့်စိတ် နဲ့ ကိုယ် ယိုင်တတ်လွန်းလို့ဘာ) း)
    စီးပွားရေး တို့ ဥပဒေ တို့ ဆိုတာ ဝေလာဝေးပဲ။
    နောက်ဆုံး လူတွေနဲ့လဲ သိပ် အဖက် လုပ်စရာမလို (မလိုဘူးလို့ ထင်ခဲ့မိတာ၊ ခွေးထက် မိုက်ခဲ့တာပေါ့)
    အေးအေးဆေးဆေး စားပွဲမှာ ထိုင်ပြီး အလုပ်လုပ်လို့ရ (ခေါင်းပူ ထိပ်ပြောင်ကုန်မှာ ကို မသိခဲ့ဘူး)
    တခြားမှာလဲ ကျောင်းတက်လို့ လွယ် (အဲ့ဒါတော့ ဟုတ်တယ်၊ ဒီမှာက ကွန်ပြူတာ တက္ကသိုလ် ကို အသိအမှတ်ပြုတယ် ဘယ်လိုကြောင့်ရယ် မသိ)
    အဲလိုတွေ တွက်ပြီး ကွန်ပြူတာ တက်မဟဲ့ ဆိုပြီးတော့
    ဆယ်တန်းအောင်ပြီးတော့ လျှောက်လိုက်တာပဲ။
    ဒါတောင် ရွပြီး ရေကြောင်း တက္ကသိုလ် သွား လျှောက်လွှာတင်သေးတာ။ ပါလာတော့ သွားမတက်ဘူးရယ် ဟီးဟီး။

    ပြောချင်တာကတော့ (ခုမှ ပြောချင်တာ ရောက်တာ း) )
    ဒီ ၁၄ ၁၅ နှစ် အရွယ် မှာ ကိုယ် ဘာဖြစ်ချင်သလဲ ကိုယ့် အနာဂတ် အတွက် ဘာ အကောင်းဆုံးလဲ ဆိုတာကို ကိုယ်တိုင် ဆုံးဖြတ် ဖို့ စောနေသေးသလိုပဲ၊ မိဘ တွေက ဒါလုပ် ဒါလုပ် ဆိုပြီး ခေါင်းပေါ် ပုံချတာလဲ မကောင်း။

    ၂ဦး၂ဖက် တိုင်ပင် ပြီး မှ ဆုံးဖြတ်ချက် ချတာ ကောင်းမယ်လို့ ထင်ပါကြောင်း။ း)

    • ဇီဇီ

      June 19, 2017 at 1:22 pm

      ကိုယ့် သားသမီးရဲ့ အားနည်းချက် အားသာချက် အရည်အသွေးတွေကို သိထား တဲ့ လူကြီးသူမှ တွေ ဖြစ်ဖို့ လိုပါကြောင်းး

      :k:

      • ကျော်လွင်ဖြိုး

        June 19, 2017 at 1:46 pm

        အဟိ။
        တကယ်ကတော့ အမေ တော်တာပါ။
        ကိုယ်ကတော့ နောင်လာ နောက်သား တွေ အတွက် bad influence ပဲ။… း)

    • Foreign Resident

      June 21, 2017 at 4:06 pm

      ( မလိုဘူးလို့ ထင်ခဲ့မိတာ၊ ခွေးထက် မိုက်ခဲ့တာပေါ့ )
      Ha Ha

  • သင့်အေးရိပ်

    June 19, 2017 at 1:58 pm

    ဝါသနာနဲ့အလုပ် ထပ်တူကျပြီး အသက်မွေး ဝမ်းကျောင်းနိုင်ဖို့ မလွယ်တာတော့ ဒီနိုင်ငံမှာ အခြေအနေ တော်တော်ဆိုးတယ်နော်။

    ဥမပါ စာရေးဆရာ လုပ်ဖို့ ဝါသနာပါတဲ့သူတွေ။
    ဝါသနာပါရာ စာရေးတဲ့အလုပ်တစ်ခုပဲ လုပ်ပြီး အသက်မွေးဖို့ဆိုတာ. . . မလွယ်ရေးချ မလွယ်ဘူးနော်။
    ကိုယ်တိုင် ထုတ်ဝေ ဖြန့်ချီနိုင်တဲ့ ငွေအရင်းအနှီး ရှိတာတောင် မလွယ်တဲ့အခြေအနေကြီး။

    အဲ့တော့ ဆရာဝန်စာရေးဆရာတွေ. . .
    Driver စာရေးသူတွေ ရှိလာရော. . .
    :k:

    အခုအချိန်မှာတော့ ပညာနဲ့ အသက်မွေးတဲ့သူတွေကို အားကျစိတ် အတော် ဖြစ်မိနေတယ်။

    ကိုယ်က ဝါသနာနဲ့ရော ပညာနဲ့ပါ အသက်မွေးဝမ်းကျောင်းနေရတာမဟုတ်ပဲ အတတ်ပညာတစ်ခုတည်းနဲ့ ရုန်းနေရလေတော့. . .
    😆

    • ဇီဇီ

      June 19, 2017 at 3:43 pm

      ဟုတ်တယ်။
      မပြောရက်လို့သာ။
      အနုပညာအလုပ်ဆိုရင် မင်းသားလုပ်ရမား မင်းသမီးပဲ လုပ်ရမားဆိုတဲ့ နိုင်ငံမှာ တခြား အနုပညာ ဘာသာရပ်ဟာ အသက်မွေးဝမ်းကြောင်း အတွက် မလုံလောက်သလိုပဲ။

      :hint:

  • အောင် မိုးသူ

    June 19, 2017 at 2:34 pm

    ဒီအမေကို ကျေးဇူးတင်တာ အဲ့တစ်ခု သူက ဘာမှလမ်းမကြောင်းပေးဘူး ကိုယ့်ကြိုက်တာ ကိုယ်လုပ်ပဲ တစ်ခု လည်းမကောင်းပြန်ဘူး ဘာမှလည်း စပို့တင်း မပေးဘူး။ ကွကိုယ်ကြိုးစားပဲ။

    • ဇီဇီ

      June 19, 2017 at 3:42 pm

      မြန်မြန်လူဖြစ် တာပေါ့ကွယ်

      🙂

  • kai

    June 19, 2017 at 4:13 pm

    စုန်းမစာဆိုတော့.. စုန်းထီးဝင်မရေးဘူး.. ဆုံးဖြတ်ထားပေမယ့်… အဆုံးသတ်ကောက်ချက်တခုဆွဲရအောင်.. စုန်းပူးလိုက်မယ်..။
    … အမောင်ကျောင်သူားတို့ရေ…။

    ရှေးသိပ်မဝေးတဲ့ကာလကဆို.. မြန်မာပြည်ရဲ့ရွာမှာ.. မြို့မှာ.. စုန်းပြူး..တွေက.. ဆိုးသမို့ဆို.. တပ်ထဲသွင်း.. တပ်ထဲဝင်..ခဲ့ကြသတဲ့..။
    အဲ.. တပ်ထဲရောက်.. ပိန်လိန်လိမ်ပိန်နဲ့.. မသေလို့များကျန်ရစ်တယ်ဆို.. (ပြတ်တောက်ကျိုးကန်းလည်း ရတယ်).. မြန်မာ့နိုင်ငံရေးရဲ့ ခေါင်းဆောင်ကြီးတွေ အလိုလိုဖြစ်သပေါ့..။
    အပိုဆုအဖြစ်.. မိုးကျရွှေကိုယ်ဆိုတဲ့ရာထူးတွေနဲ့.. ဘာဘာဘာမှတတ်ဖို့မလို.. အစိုးရဝန်ထမ်းကြီးတွေကို.. “ဘုန်း..ဖုန်း”ဆိုပြီး.. ဖြတ်ဝင်.. သူ့အဖေအသက်ထက်ကြီးတဲ့.. ဝန်ထမ်းသက်ရှိသူတွေဆယ်ရာထောင်ချီကို.. အုပ်ချုပ်မင်းလုပ်တာလည်းရှိတယ်ပေါ့..၊

    ဟောဟို.. မဆလ၊နဝတ၊နအဖခေတ်တွေကနေ အခုခေတ်အထိ…ပြည်သူပိုင်တာတွေရောင်းစားပြီး.. အမောင်စစ်သားတွေ.. ကောင်းစားနေကြသတဲ့ကွယ်..။ သိပ်မဝေးသေး….။
    ဆိုတော့.. မြန်မာပြည်လို.. ခေတ်.. အခြေအနေ.. ဘာသာရေးနဲ့.. ဓလေ့ရှိတဲ့နိုင်ငံမှာ..
    ဘာဘာ.. ဘာကိုမှ.. ကြိုမှန်းပြော၍မရ..
    လုပ်ချင်တာကိုလုပ်.. ဖြစ်ချင်တာဖြစ်….။ နောင်တရမယ့်.. ရတဲ့အလုပ်တော့ မလုပ်မိအောင်.. သတိထား..။ :k:

    အဲ.. အဲ..
    စုန်းမထားတဲ့.. “တရားနည်းလမ်းနဲ့ လုပ်သမျှ အလုပ်နဲ့..” ဆိုတာကိုလည်း.. သတိထား..
    တရားနည်းလမ်းဆိုတာ.. ဘာလဲ…အထပ်ထပ်တွေး..။
    အဆင်ပြေမယ်ထင်ရင်.. အဲဒါလည်းလုပ်.. ဟိုဟာလည်းလုပ်..။

    • ဇီဇီ

      June 21, 2017 at 10:22 am

      တရားနည်းလမ်းဆွာလေ
      တသက်လုံး လေ ဘာသာရေးနဲ့ ပတ်သက် ကပ်ဖဲ့ဒေပြောပြီး
      တရားစခန်း ရောက်တုန်း တစ်ခေါက်မှ “လက်ဖျစ် တစ်တွက်” ဆိုလား “တစ်စက္ကန့်” ဆိုလား တင်တာမျိုးတွေ မဟုဖူးးး
      သိရဲ့လားးး
      ခိခု။

      :k:

  • အောင် မိုးသူ

    June 19, 2017 at 4:53 pm

    ပြောမယ့်သာ ပြောသာပါ မကြီးရယ်။ အခုခေတ်မိဘတွေက သူတို့သားသမီးကိုဖြစ်စေချင်တဲ့ တောထဲက မထွက်နိုင်သေးဘူး။ ဘာလုပ် ဘာလုပ်ဆိုတာ အခုထက်ထိပြောနေကြတုန်းပဲ။

    • ဇီဇီ

      June 21, 2017 at 10:23 am

      ဒါပေါ့လေ။
      မိဘ က ဖြစ်စေချင်တာကလည်း အပြစ်မဆိုသာပေမဲ့
      စံနစ် ရယ် လူတွေရယ် အကျင့်တွေရယ်က သံသရာလည်းပြီး ကြက်ဥကြက်မ အစရှာမရတော့ဘူးး

      :a:

  • surmi

    June 19, 2017 at 4:54 pm

    အများကြီးပြောချင်လို့ပြန်လာပါမယ် ။
    လောလောဆယ် အတွေးအမြင်အတွေ့အကြုံလေးတွေ ပြောပေးထားကြတာကျေးဇူးပါ ။
    ပို့စ်တင်ဆွေးနွေးပေးတဲ့ ဘလော့ဂါဇီဇီခင်ဇော်ကိုလည်း ကျေးဇူးအထူးပါ :mrgreen:

    • ဇီဇီ

      June 21, 2017 at 10:23 am

      ပြန်လာပါ။ ပြန်လာပါ။

      :mrgreen:

  • padonmar

    June 19, 2017 at 9:42 pm

    အမှတ်ကောင်းရင် ဆေးကျောင်းရောက်တဲ့ ခေတ်ဆိုတော့ မိဘစိတ်ချမ်းသာအောင် ဆရာဝန်လုပ်ခဲ့တဲ့ထဲ ကိုယ်လည်းပါတာပေါ့။
    ဘာဖြစ်ဖြစ် လုပ်မိရင် ပေါ့ပေါ့ဆဆ မလုပ်တတ်တော့ ဆေးပညာလည်း ကောင်းကောင်းသင်ပြီး ဆေးကုပေးခဲ့ပါတယ်။
    ဆေးကုရာက လမ်းကြောင်းပြောင်းပြီး (ကြောင်ကြီးပြောတဲ့) ခိုနီဒုံ ဖြစ်ရတော့လည်း အလိုက်သင့်ပါပဲ။
    ဘာဝါသနာပါလဲ သေချာဆန်းစစ်ရင် စာပဲဖတ်နေချင်တာ၊(စာရေးချင်တာ မဟုတ်)။
    တခါတခါ စဉ်းစားမိတယ်။ကိုယ်ဆယ်တန်းအောင်ချိန် ရွေးချယ်ခွင့်များ ရှိခဲ့ပြီး အဲဒီ သင်တန်းလည်း ရှိမယ်ဆိုရင် စာကြည့်တိုက်ပညာများ သင်ဖြစ်မလားလို့။
    အခု လောလောဆယ်တော့ တရားစာဖတ်ရတာ အပျော်ဆုံးနဲ့သင်ယူရဖို့၊ ပြန်သင်ပေးရဖို့ိကို စိတ်အဝင်စားဆုံးပါပဲ။
    အသက်မွေးပိုက်ဆံရှာလို့တော့ မရဘူး။
    ချုပ်ရရင် ပိုက်ပိုက်ရမယ့် အလုပ်ကို ဝါသနာ မပါဘူး။ပိုက်ပိုက် မရမယ့် အလုပ်တွေပဲ လုပ်ချင်မိတာ၊အဲတော့ Hobby ဆိုတဲ့ ဝါသနာကိုလည်း မပစ်နဲ့ ၊အသက်မွေးလို့ရမယ့် ထမင်းစားလက်မှတ်ရနိုင်တဲ့ ပညာရပ်ကိုလည်း တက်ဖို့ ရွေးပါ၊ရွေးပြီးရင်လည်း စိတ်ပါလက်ပါ လေ့လာပါ။ ထမင်းစားစရာရှိရင် ဝါသနာကို အချိန်ပိုင်းလုပ်လို့ ရပါတယ်လို့ အဖွားဂျီးအတွေးနဲ့ စုန်းမပါတယ်။

    • Mr. MarGa

      June 20, 2017 at 10:16 am

      ဘာမှမလုပ်ဘဲ စာပဲထိုင်ဖတ်နေလို့ရရင်လည်း အကောင်းသားရယ် :hee:

    • ဇီဇီ

      June 21, 2017 at 10:25 am

      Hobby ဆိုတဲ့ ဝါသနာကိုလည်း မပစ်နဲ့ ၊
      အသက်မွေးလို့ရမယ့် ထမင်းစားလက်မှတ်ရနိုင်တဲ့ ပညာရပ်ကိုလည်း တက်ဖို့ ရွေးပါ
      ၊ရွေးပြီးရင်လည်း စိတ်ပါလက်ပါ လေ့လာပါ။
      ထမင်းစားစရာရှိရင် ဝါသနာကို အချိန်ပိုင်းလုပ်လို့ ရပါတယ်လို့ အဖွားဂျီးအတွေးနဲ့ စုန်းမပါတယ်။

      ~~~~~~~~~~~~~~~~~

      ထပ် ဟိုင်းလိုက် လုပ်ပါတယ် အာတီဒုံ။
      ကျေးကျေးပါ။
      :chit:

  • Credit to ကဖိုးစီ facebook

    အမေစုက သူလျောက်ခဲ့တဲ့လမ်းကို အနစ်နာခံတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ဘယ်သူမှ အတင်းအကျပ်မခိုင်းဘဲ သူမကိုယ်တိုင် ရွေးချယ်ခဲ့တဲ့အတွက်ကြောင့်လို့ပြောတယ်။

    ဒါကြောင့် ဆယ်တန်း / တက္ကသိုလ်ဝင်တန်း အောင်ပြီးတဲ့ ကလေးတွေကို ပြောချင်တာကတော့

    ၁ ) ရွေးချယ်လိုက်ပြီးမှ နိုင်ငံတော်ကို အသက်စွန့်ပြီး ကာကွယ်ပေးနေရပါတယ်လို့ မပြောပါနဲ့ ။ ဒါဟာ မင့်ရွေးချယ်မှုပါ – because it is your choice

    ၂ ) ရွေးချယ်လိုက်ပြီးမှ ပြင်ပက ကုမ္ပဏီတွေထက်လစာနည်းတယ်လို့ မပြောပါနဲ့ ။ ဒါဟာ မင့်ရွေးချယ်မှုပါ – because it is your choice

    ၃ ) ရွေးချယ်လိုက်ပြီးမှ တာဝန်ကျတာ က နယ်ဝေးသွားရတယ်လို့ မပြောပါနဲ့။ ဒါဟာ မင့်ရွေးချယ်မှုပါ – because it is your choice

    မိဘနဲ့ နိုင်ငံတော် အနေနဲ့ လည်း ကိုယ့်သားသမီးတွေကို ဖိအားမပေးမိပါစေနဲ့။

    မဟုတ်လို့ရှိရင် လုပ်ငန်း နဲ့ ပညာ နဲ့ ဝါသနာ နဲ့ အစပ်အဟပ်မတည့် – skill mismatch တွေဖြစ်ပြီး အလုပ်သမားထု ကမပျော်တော့တဲ့အတွက် အရည်အသွေးပိုင်း ရော ကုန်ထုတ်စွမ်းရည် ပါကျလာတတ်တဲ့ အတွက် နိုင်ငံအတွက်လည်း အကျိုးမရှိပါဘူး။

    # Ye Naing Soe ဆီက ကူးလာတယ် ။ ကျုပ်ဆရာက ပတ်ဘလစ်မပေးတော့ ကိုယ့်ဟာကိုယ် edit ပေးတယ် ။

    • ဇီဇီ

      June 21, 2017 at 10:27 am

      နိုင်ငံ က ထွက် အရည်အသွေးတွေကျတာလည်း မပြောနဲ့လေ။
      နောက်ပတနာ တစ်ခုက
      လူပျင်းတွေ များလာပြီ။
      ကိုယ်တွေ ဂျန်နလေးရှင်းက စပြီးး ပြောတာပါ။

      ဟီးဟီးဟီး

      :k:

  • တစ်ကိုယ်စာ ကိုယ်တသက်စာ အတွက် ကိုယ် မားမားမတ်မတ်ဖြစ်အောင်လုပ်ထားခဲ့ရင် ကိုယ့် ကလေးတွေ ကိုယ့် မျိုးဆက်တွေကို ပရက်ရှာပေးစရာမလိုဘူး ဆိုတာ ကို ရှင်းမပြရဲပါဘူးး!!

    အပေါ်ကဟာလေး ဟိုက်လိုက်လုပ်ချင်တာ.. ဒါမယ့်လည်း အမေ့ကို ပြေးမြင်လိုက်ရင် စိတ်မကောင်းလို့ ထုတ်မပြောရဲပါဘူး. ကိုယ့်အလှည့်ကျရင်တော့ (အကယ်၍ ယောက်ျားယူဖြစ်ခဲ့ပြီး ကလေးမွေးဖြစ်ခဲ့မယ်ဆိုရင်ပေါ့လေ :mrgreen: ) သူတို့လမ်းကို သူတို့ နောက်ဆံမတင်းဘဲ ရွေးချယ်တတ်အောင် ပျိုးထောင်ပေးမယ်… အဲဒီလိုအချိန်ကျရင် ဝါသနာနဲ့ အသက်မွေးနိုင်တဲ့ စနစ်တစ်ခုပေါ် အခြေကျနေလောက်ပြီလို့ မျှော်လင့်မိတာပဲ

    • ဇီဇီ

      June 21, 2017 at 10:31 am

      ဘယ် အခြေအနေဖြစ်ဖြစ် သူများကို အားမကိုးမိအောင် အရင် စဉ်းစားတယ်။

      သားသမီးကို အကုန်မျှော်ကိုးပြီး ကိုယ့်ဆီမှာ ခါလာဖြစ်တဲ့ထိ အနစ်နာခံတယ် လို့ လုပ်မထားရင် စိတ်ပူစရာမရှိပါဘူးး
      ဟီးဟီးးး
      ရုပ်ရှင်တွေထဲကလောက် မိဘမေတ္တာတွေ ဘလိုင်းကြီး မဖော်ကျူးကြနဲ့ပေါ့။
      ဒွမ်မာကြိုက်တဲ့ အကျင့်တွေလည်း ပြင်ရမှာ။

      ပညာ/ပိုက်ဆံ/ကုသိုလ် တစ်ခုခုရတာလုပ်
      ရတဲ့နေရာနေလို့ ကြားဖူးတာပဲ။
      မျှတ စဉ်းစားရင် ကောင်းသပေါ့။
      ဟိ။

      :k:

      (နာ ဘာဒေပြောနာလား)
      🙄

      • kai

        June 21, 2017 at 10:48 am

        ပြောလိုသာပြောတာ.. မြန်မာပြည်က မိဘမေတ္တာဆိုတာက.. ရေစုန်တွေ..ရေဆန်တွေနဲ့.. အနန္တောအနန္တလည်းဆွဲစေ့ထားသေး…။ စာရင်းချုပ်လိုက်ရင်..တခြားနိုင်ငံတွေထက်.. အများကြီးသာတယ်..။
        သားသမီးဆီက ပြန်မျှော်(ရ)တာပြောတာ..။

        တကယ်က..
        သားသမီးလည်း ကိုယ်မွေးထားကျွေးထားနိုင်တဲ့ အရွယ်.. လူလားမြောက်ချိန်..ဥပမာ။ အသက် ၂ဝ ရောက်ရင်.. အသင်သွားလိုရာသွားနိုင်ပြီလုပ်ရမှာ..။
        မသွားပဲ မိဘအိမ်မှာ ကပ်နေချင်.. အိမ်လခပေးပဲ..။
        ကိုယ်လည်း.. ကိုယ့်ရှေ့ရေးအတွက်.. အစိုးရဆီမှာစု..။ ကိုယ့်ပင်စင်စာ ကိုယ်စု..။ သားသမီးတင်ကျွေးထားသလိုလိုနဲ့.. သူလစာတွေအပြုတ်ယူ.. ကိုယ်သုံးဖို့လည်း မလုပ်သင့်..
        သူ့မှာက.. ကိုယ့်ထက်..ရှေ့ရေးရှိသေး..။
        အဲလိုက.. လက်တွေ့ကျကျ.. အကောင်းဆုံး..။

  • ဝါသနာရယ် အသက်မွေးဝမ်းကြောင်း အတတ်ပညာရယ် တစ်ထပ်တည်းကျရင်တော့အကောင်းဆုံးပေါ့..
    ဒီနှစ်၁ဝတန်းအောင်တဲ့သားတော်မောင်မပြောနဲ့ ကိုယ်တိုင်တောင်တတိယအရွယ်ရောက်လာပြီ..ဘာကိုဝါသနာပါမှန်း
    မရေရာဘူးဖြစ်နေတုန်း..ယောင်ဝါးဝါးပဲ..တကယ်ပြောနေတာနော…
    ဒါဘာကြောင့်လည်းအဖြေရှာတော့ ကျုပ်တို့ခေတ်တုန်းက ဝါသနာထက် ဝမ်းရေးကိုအဓိကထားရွေးချယ်..ထူးချွန်အောင်ကြိုးစား
    နေလာခဲ့ရတော့ဝါသနာဆိုတာပျောက်သွားတာဖြစ်မယ်….ဆရာလုပ်ရတာဝါသနာပါတယ်လို့တော့ထင်တာပဲ..ဟဲဟဲ
    (စာသင်တဲ့ဆရာအလုပ်ကိုပြောတာပါ… :k: )

  • Foreign Resident

    June 21, 2017 at 3:49 pm

    ကျနော် သင်္ဘောလိုက်တာကို ဘယ်တုန်းကမှ ဝါသနာ မပါခဲ့ပါ ။
    ပိုက်ပိုက် ရဖို့အတွက် ခေတ်အခြေအနေ နှင့် အသင့်တော်ဆုံးကို ရွေးခဲ့တယ် ။
    ရွေးပြီးတဲ့ ဘဝမှာ ထိပ်ဆုံးရောက်အောင် အစွမ်းကုန် ကြိုးစားတယ် ။
    အခု ဘဝမှာ အောင်မြင်တယ်လို့ ယူဆနိုင်တဲ့ အခြေအနေ ရောက်နေပြီ ။

    ဝါသနာ မပါတဲ့ အလုပ်ကြီးကို ရွေးချယ်မိပြီး လုပ်နေရတဲ့အတွက် ဆိုပြီး ၊
    ဘယ်တုန်းကမှ ဝမ်းမနည်း ၊ နောင်တ မရခဲ့ဖူးဘူး ။ စိတ်က မာသလား မမေးနှင့် ။
    တစ်ခုခု လိုချင်ရင် တစ်ခုခု ပြန်ပေးရမယ့် လောက သဘာဝကို သိပြီးသား ။

  • Foreign Resident

    June 21, 2017 at 3:57 pm

    PS : ဟီ ဟိ တားတား ဝါသနာ ပါတာကို
    ဘဝ အတွက် ရွေးချယ်လို့ကလည်း မဖြစ်နိုင်ဘူးလေ ။ ဘာလို့လဲဆို ၊
    ဟီ ဟိ တားတား ဝါသနာ ပါတာက သာမီးငယ်ချောလေးတွေလေ ။
    အဲ့ဒီ Profession ကလည်း ရှိမှ မရှိသေးတာကိုး ။ အန္တရာယ်လဲ များမှာ ။

    • ဦးကျောက်ခဲ

      June 21, 2017 at 4:40 pm

      “အဲ့ဒီ Profession ကလည်း ရှိမှ မရှိသေးတာကိုး ။”
      ရှိပါတယ် အဘဖောရယ်…
      အလားအလာရှိတဲ့ ခေးမတွေကို စင်တင်ပေးမယ်ဆိုပြီး
      သမီးတစ်အုပ်နဲ့ ပါပါကြီးလုပ်ပေါ့ … ခွိ :k:

  • surmi

    June 23, 2017 at 11:01 am

    အားလုံးအကြံပေးဆွေးနွေးပေးထားတာတွေဖတ်ရလို့ ဝမ်းလည်းသာတယ် ကျေးဇူးလည်းတင်တယ်ဗျို့ ။
    ဝါသနာနဲ့အသက်မွေးဝမ်းကျောင်းကတစ်ထပ်ထဲကျဖို့ခက်တဲ့အခြေအနေမှာ ဒီလိုတော့စဉ်းစားမိတယ် ။
    1 . ဝါသနာမပါဆုံး အကြောက်ဆုံးငြီးငွေ့စိတ်အပျက်ဆုံး အလုပ်ကိုပယ် . . . ။

    2 . သိပ်ပြီးခါးခါးသီးသီးမဖြစ်တဲ့ လမ်းကြောင်းတစ်ခုကိုရွေး ၊ ပြီးတော့ ဝါသနာပါတယ်လို့ထင်တာ မျိုးကို ဒုတိယတွဲဖက်အဖြစ်နဲ့လုပ် . .

    အားလုံးဝိုင်းဝန်းဆွေးနွေးကြတဲ့အထဲက ရောသမမွှေပြီးအဖြေထုတ်ကြည်တာ အဲ့လိုလေးရနေတယ်ဗျို့ . .
    ဆက်လက်ပြီး အတွေးအမြင်လေးများ သိချင်ပါသေးတယ်ခင်ဗျ :mrgreen:

    • kai

      June 23, 2017 at 1:23 pm

      သမီးတော်အတွက်ဆိုရင်တော့.. သိပ်ရှည်ဝေးစဉ်းစားမနေပါနဲ့..
      မိန်းကလေးလည်းဖြစ်တယ်..။ ဘိုင်အိုလည်းတော်တယ်..။ စာကျက်အားလည်းကောင်းတယ်..။ ပုံဆွဲလည်းဝါသနာပါတယ်ဆို… ဆရာဝန်ဖြစ်ကျောင်းသာပို့ပါလေ..။ သူ့ထက်ကောင်းတာတောင်.. သူ့လောက်မကောင်း..။
      တကမ္ဘာလုံးက နိုင်ငံတိုင်းမှာ ထိပ်တန်းမဟုတ်တောင်.. အပေါ်တန်းရှိတာကတော့ သေချာ..။ :k:

  • တောတွင်းပျော်

    June 24, 2017 at 11:55 pm

    ဘာမှတော ့ ဝင်မဆွေးနွေးနိုင်ဘူးဗျာ။
    ငယ်ငယ်ကတည်း လုပ်ချင်ရာအလုပ် လုပ်ပြီး
    ဒီအချိန်ထိတော ့ဖြစ်နေတဲ ့ ဘဝကို စိတ်မပျက်ဘူး။

    သားသားမီးမီး အလှည် ့လား
    အဟီး …
    အဲဒါ နောက်မှ ဆွေးနွေးမယ်နော်
    လစ်ပြီ :k:

Leave a Reply