Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တရုတ် – ဗမာ စစ်ပွဲ (၁၇၆၅ – ၆၉) အပြီး နောက်ပိုင်းကာလ

၁၇၆၅ – ၁၇၆၉ ခုနှစ် ကာလအတွင်း လေးကြိမ် ဖြစ်ပွားသော တရုတ် မြန်မာ စစ်ပွဲ အကြောင်း မနေ့က တင်ခဲ့ ပြီးပါပြီ။ ယခု ဘာသာပြန်မှာ နောက်ဆုံး စစ်ပွဲပြီနောက် အကြောင်းအရာများ ဖြစ်သည်။ မူရင်းပို့စ်တွင် အသေးစိတ် ရေးသော စစ်ပွဲလေးကြိမ်ကိုမူ အရင်ပို့စ်တွင် အခြားတနေရာမှ ဘာသာပြန်တင်ပြီး ဖြစ်ရွေ့ ချန်လှပ်ထားပါသည်။ ။။။။။။ *>:) devil
လူ နှစ်သောင်း နှင့် လက်နက်၊ ခဲယမ်းမီးကျောက် အမြောက်အများ ဆုံးရှုံးသော တရုတ်စစ်ဦးစီးများ စစ်ရပ်ဆဲရေး စာချျုပ် အချက်အလက်များ သတ်မှတ်သည်။ တရုတ်တပ်ကို ခြံထဲကနွားလို ဝိုင်းထားလို့ ရက်ပိုင်းအတွင်း အစာရေစာ ပြတ်ပြီး တယောက်ပဲ ကျန်တဲ့အထိ ချေမှုန်းပစ်နိုင်မှာ သိတဲ့ မြန်မာ စစ်ဗိုလ်များ စာချုပ်ပါ အချက်များကို ဆန့်ကျင်ကြသည်။ သို့သော် နောက်တကြိမ် ချေမှုန်းလိုက်ခြင်းက တရုတ်တို့ကို ပိုဒေါသထွက် ထပ်ခါထပ်ခါ ရန်ပြုစေတာပဲ အဖတ်တင်ကြောင်း ၁၉၆၈ တရုတ် – မြန်မာ တတိယစစ် မေမြို့တိုက်ပွဲတွင် တရုတ်စစ်တပ်၏ အဖျက်စွမ်းပကား ခြုံငုံမြင်သော ဗမာစစ်သူကြီး မဟာသီဟသူရ နားလည်သဘောပေါက်သည်။ စစ်သူကြီး မဟာသီဟသူရ က …. …..
 “ငြိမ်းချမ်းရေး မလုပ်နိုင်လျင် နောက်တခါ လာတိုက်ဦးမှာပဲ၊ ငါတို့နိုင်လဲ နောက်တခါ လာလိမ့်ဦးမယ်။ ငါတို့မှာ အခြား လုပ်စရာတွေ ရှိသေးတယ်၊ တရုတ်တွေရဲ့ တခါပြီး တခါ လာတိုက်တိုင်း ပြန်ချနေရတာ ငါတို့နိုင်ငံအတွက် မကောင်းလို့ သတ်ဖြတ်မှုတွေ ရပ်ကြမယ်၊ သူတို့လူတွေနဲ့ ငါ့တို့လူတွေ ငြိမ်းငြိမ်းချမ်းချမ်း အတူတကွ နေထိုင်ကြပါစို့။”
သူ့စစ်ဦးစီး ဗိုလ်ချုပ်များကို တရုတ်နဲ့စစ်ဖြစ်တာ ကင်ဆာရောဂါလို (အဲတုံးကတော့ မြစ်ပွားနာ ပြောမယ်ထင်တယ်) ပျံ့ပွားမြန်လို့ အဆုံးမှာ တတိုင်းပြည်လုံး ပျက်ဆီးနိုင်ကြောင်း ထောက်ပြသည်။ မြန်မာဖက် ဆုံးရှုံးမှု နဲပေမဲ့ အင်အား အချိုးချလျင် ကြီးမားနေတယ်။ စစ်ဦးစီး ဗိုလ်ချုပ်များကို စည်းရုံး မရပေမဲ့ မဟာသီဟသူရ သူ့သဘောနဲ့သူ တာဝန်ယူပြီး ဘုရင်ကို သတင်းမပို့ဘဲ တရုတ်ဖက်ကို အောက်ပါအတိုင်း အကြောင်းပြန် တောင်းဆိုသည်မှာ …. ..
၁ ။။ တရုတ်နယ်ထဲ ခိုလှုံနေသော ဗမာဖက်မှ အလိုရှိသည့် ပုန်ကန်သူ စော်ဘွား နှင့် အခြား သူပုန်၊ တရားခံပြေးများ တရုတ်မှ ပြန်အပ်ရန် …. …..
၂ ။။ သမိုင်းကြောင်းအရ မြန်မာပြည် အစိတ်အပိုင်းဖြစ်သော ရှမ်းနယ်များတွင် မြန်မာ အချုပ်အခြာ အာဏာပိုင်စိုးမှု လေးစားရေး တရုတ် လိုက်နာရန် ….
၃ ။။ စစ်သုံ့ပန်းအားလုံး ပြန်လွတ်ရန် ….. …..

….

တရုတ် စစ်ဗိုလ်ချုပ်များ တောင်းဆိုချက်ကို သဘောတူကြောင်း ဆုံးဖြတ်သည်။ ၁၇၆၉ ဒီဇင်ဘာ ၁၃ (သို့မဟုတ် ၁၇၆၉ ဒီဇင်ဘာ ၂၂) ကောင်းတုံမြို့ ဘုံခုနှစ်ဆင့် ပြသာဒ်ဆောင်တွင် မြန်မာ အရာရှိ ၁၄ ယောက်၊ တရုတ် အရာရှိ ၁၃ ယောက်တို့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးသည်။ သူတို့လှေ၊ အမြောက်များကို တရုတ်တို့ ကိုယ်တိုင် ပြန်လည် မီးရှို့ ဖျက်ဆီးခဲ့သည်။ နှစ်ရက်အကြာတွင် အစာရေစာ ပြတ်လပ်နေသော တရုတ်စစ်သားများ လက်နက်ကိုင်လျက် မျက်မှောင်ကြုပ် ရပ်ကြည့်နေသော မြန်မာစစ်သားများ ရှေ့မှောက် တိုင်ပင်းတောင်ကြား Taiping valley သို့ မချိပြုံး (ငါးရံ့ပြုံး ငါးတန်ပြုံး ငါးခူပြုံး) ပြန်လည် ဆုတ်ခွာခဲ့ရာ လမ်းတွင် ထောင်ပေါင်းများစွာ ငတ်မွတ်ခေါင်းပါးဒဏ်ခံ သေဆုံးကုန်သည်။ ။။။။။။
မျက်နှာမရ ခြေထောက်ရ  *=(( broken heart
ပေကျင်းရောက်တော့ ကွင်လောင် Qianlong ဧကရာဇ် စာချုပ်ကို မနှစ်မြို့ဘူး။ တရုတ်ဗိုလ်ချုပ်များ ရှင်းပြတဲ့ နံပါတ် ၄ အချက် – လက်ဆောင်ပဏ်ာများနှင့် သံရုံးများ ဖလှယ်ရေးမှာ မြန်မာတို့၏ အောက်ကြို့ ဦးညွှတ်မှု အဓိပါယ်ရကြောင်းကို လက်သင့်မခံခဲ့ပေ။ စော်ဘွားများ နှင့် အခြားတရားခံများ လွှဲပြောင်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး ပြန်စရေး တို့အား ခွင့်မပြုခဲ့။ ။။။။။
အင်းဝတွင်လည်း သူ့ အသိမပေးဘဲ သူ့စစ်ဗိုလ်များ လုပ်ဆောင်ခဲ့မှုအား ဆင်ဖြူရှင် စိတ်ဆိုးဒေါသထွက်လို့ သူ့ဆီပို့တဲ့ စာချုပ် မိတ်တူကို ဆွဲဖြဲပစ်သည်။ ဘုရင့် ဒေါသကို သိရွေ့ မြန်မာစစ်တပ် အိမ်မပြန်ရဲခဲ့ပေ။  ၁၇၇ဝ ဇွန်တွင် တရုတ် မြန်မာ ပြသနာတက်သည်ကို အခွင့်ယူကာ ပုန်ကန်ထကြွစပြုနေသော မဏိပူရကို ချီတက်သည်။ လန်သာဘယ် အနီး (Langthabal) သုံးရက်စစ်ပွဲတွင် သူပုန် Meiteis များချေမှုန်း ခံရကာ သူတို့ ရာဂျာစော်ဘွား အာသံကို ထွက်ပြေးသည်။ သူတို့လိုလားသူကို မြန်မာတို့ နန်းတင်ပေးပြီး အိမ်ပြန်သည်။ အောင်ပွဲအလီလီနဲ့ သူ့အာဏာစက် တည်တံ့အောင် စောင့်ရှောက်ခဲ့လို့ ဘုရင့်ဒေါသ ပြေလေ ျာ့လေပြီ။ သမီးကို အိမ်ရှေ့စံ ဖြစ်မည့် ဆင်ဖြူရှင်ဘုရင့်သားတော်နှင့် လက်ဆက်ထားသည့် အောင်ပွဲရ စစ်သူကြီး မဟာသီဟသူရကို ဆင်ဖြူရှင်က ဝတ်ဖို့ အမျိုးသမီးဝတ်စုံပို့၊ ပြည်နှင်ဒဏ် ပေးကာ အခြား စစ်ဗိုလ်ချုပ်များအားလဲ ဝေးလံခေါင်ဖျား ရှမ်းပြည်သို့ ပို့သည်။ သူတို့အခြင်းခြင်းလဲ တွေ့ဆုံခွင့် မပြုခဲ့ချေ။ မင်းပြစ်မင်းဒဏ်ခံရသူများအတွက် အသနားခံ ပေးဝံ့သူ အမတ်များကိုလဲ ပြည်နှင်ဒဏ် ပေးသည်။ ။။။။။
ရန်လိုမှုများ ပြီးဆုံးသွားပေမဲ့ ကရော်ကမည် အပစ်အခတ် ရပ်စဲရေးစာချုပ် ဖြစ်နေသည်။ စာချုပ်ပါ ဘယ်အချက်ကိုမှ နှစ်ဖက်စလုံး အသိအမှတ် မပြုချေ။ စော်ဘွားတွေကို တရုတ် ပြန်မပို့လို့ မြန်မာကလဲ တရုတ် စစ်သုံ့ပန်း ၂၅၀ဝ ပြန်မလွှတ်ဘဲ နိုင်ငံတွင်း အခြေကျ နေစေသည်။ ယန်ယင်ဂျူ၊ မင်းရီ၊ အလီဂန် နဲ့ ဖူဟန် (၁၇၇ဝတွင် ငှက်ဖျားနဲ့သေ) အပါအဝင် သူ့ခေတ်မှာ အရေးအအပါဆုံး ရှေ့တန်းစစ်မြေပြင် ကျွမ်းကျင်သူများ ကွင်ဘုရင် ဆုံးရှုံးရသည်။ ကွင်ဘုရင် ဘဏ္ဍာ ငွေပြား ၉.၈သန်း စစ်ပွဲတွင် ကုန်သည်။ မည်သို့ဆိုစေကာမူ နှစ် ၂ဝ ကျော်တိုင် နယ်စပ် အပြန်အလှန် ကုန်သွယ်ရေး ပိတ်ဆို့ထားပြီး နောက်တကြိမ် စစ်ပွဲ ပြင်ဆင်ရန် ဆယ်နှစ်နီးပါး ကြာအောင် ယူနန် နယ်စပ် တဝိုက်တွင် စစ်အင်အား အလုံးအရင်း ကွင်ဘုရင် ချထားခဲ့လေသည်။ ။။။။။
မြန်မာတို့မှာ နှစ်ပေါင်းများစွာတိုင် နောက်ထပ် ကျူးကျော်လာမည့် တရုတ်တို့နှင့် ချုပ်နှောင်မိနေပြီး နယ်စပ်လျောက် ကင်းစခန်းများစွာ ချထားခဲ့ရသည်။ လူဦးရေနှင့် နှိုင်းစာလျင် မသေးလှသည့် ထိခိုက်သေကြေမှုများနှင့် မြောက်ပိုင်းနယ်စပ်ကို ကင်းချ စောင့်ရှောက်နေရမှုများက ဆီယမ် ယိုးဒယားတွင် စစ်ပွဲအသစ် ဆင်နိုင်မည့် စွမ်းရည်ကို အကြီးအကျယ် ယုတ်လျော့စေသည်။ နောင်ငါးနှစ်ကြာမှ ဆီယမ်ယိုးဒယားသို့ နောက်တကြိမ် ကျူးကျော်ရန် တပ်များစေလွှတ်နိုင်သည်။ ။။။။
နောင် အနှစ် ၂ဝအကြာ ၁၇၉ဝ တွင် မြန်မာ တရုတ် သံတမန် ပြန်ဆက်သွယ်သည်။ ကုန်သွယ်ရေး ပြန်စရန် တိုင်ရှမ်း မူးမတ်များနှင့် ယူနန် အရာရှိများ ကြားဝင်စေ့စပ်ရွေ့ ရွှေလမ်းငွေလမ်း ပြန်ပေါက်သည်။ ဘိုးတော်ဘုရားလက်ထက် မြန်မာတို့က ပြန်လည်ဆက်သွယ်မှုမှာ တန်းတူညီမ ျှခြင်း အခြေခံပြီး လက်ဆောင်ပစ်စည်း လဲလှယ်မှုအား ပဏ်ဏာ ဆက်သခြင်း မဟုတ်၊ သံခင်းတမန်ခင်း မိတ်ဆွေဖြစ်ပေးခြင်း သတ်မှတ်သည်။ တရုတ်တို့ကတော့ သံတမန် စေလွှတ်မှု အားလုံးကို ဩဇာခံ ဆက်သခြင်း သတ်မှတ်သည်။ တရုတ် ဘုရင်က ဆက်ဆံရေး ပြန်လည်စတင်ခြင်းကို မြန်မာတို့၏ အညံ့ခံမှု ဟုမြင်ပြီး သူ၏ မဟာအောင်မြင်မှု ဆယ်ခု မှတ်တမ်းထဲ မြန်မာကို ထည့်ကာ အောင်ပွဲ တဖက်သတ် ကြေငြာခဲ့သည်။ (ကြေးမုံဂျီးဘဲလို့ အနော့်ကိုယ် အနော် ပြောသလို ဖြစ်မှာပေါ့ညှော်… နိ တရုတ် ကွင်ဘုရင်ကိုသာ အပြစ်တင် ခြစ်ကြေးမုံဂျီးရေ *:(( crying ။။။။။ ။။။။။။
နယ်မြေအပိုင်းအခြား ပြောင်းလဲမှု
မြန်မာတို့ အောင်မြင်စွာ ခုခံကာကွယ်နိုင်မှုမှ ယနေ့ခေတ် နှစ်နိုင်ငံကြား နယ်နမိတ် အခြေခံအုတ်မြစ် ချလိုက်သည်။ နယ်စပ်ပိုင်းခြားမျဉ်း ဆွဲမထားသေးလို့ နယ်စပ်နယ်မြေ သတ်မှတ်ချက်မှာ သူပိုင်ငါပိုင် တဖက်နှင့်တဖက် ထပ်ခါနေသည်။ စစ်ပွဲအပြီး ဗန်းမော်အထက်ပိုင်း ကိုးရှမ်းပြည်မှာ မြန်မာလက်ထဲ ဆက်ရှိသည်။ ပထမ အင်္ဂလိပ် – မြန်မာ စစ်ပွဲ ၁၈၂၄ မဖြစ်ခင် ယူနန်တောင်ဖက် နယ်စပ်မြေ ကန်ဟောင် (Kenghung ယနေ့အခေါ် Jinghong) အထိ မြန်မာ ဩဇာသက်ရောက်သည်။ အလားတူစွာ တရုတ်မှလဲ ယနေ့ခေတ် ကချင် အရှေ့မြောက်ပိုင်း နယ်စပ်မြေများအား ထိန်းချုပ်ခဲ့သည်။ ခြုံငုံလိုက်လျင် ကွင်နိုင်ငံ တည်ထောင်သည့် ၁၇၃ဝ ခုနှစ်များ မတိုင်ခင် တည်ရှိသော အုပ်ချုပ်ရေး နယ်နမိတ်စည်းသို့ မြန်မာတို့ ပြန်တွန်းပို့နိုင်ခဲ့သည်။ ။။။။
သို့သော်ငြား စစ်ပွဲက မြန်မာတို့အား ဆီယမ် (ယိုးဒယား) မှ မဖြစ်မနေ ဆုတ်ခွာစေခဲ့သည်။ ကွင်နိုင်ငံအပေါ် အောင်ပွဲအား စိတ်ပိုင်းဆိုင်ရာ အောင်ပွဲဟု သတ်မှတ်ကြသည်။ သမိုင်းပညာရှင် ဂျီအီး ဟာဗေးမှ “သူတို့ နိုင်ခဲ့ဖူးတာ သူတို့နဲ့ အဆင့်တူ ဆီယမ်လို နိုင်ငံမျိုးတွေ၊ ခုတကြိမ် နိုင်တာက အင်ပါယာ တခုကို…။ အလောင်းဘုရားရဲ့ မွန်တွေအပေါ် အောင်နိုင်မှုမှာ သစ်စာမဲ့မှု အပြစ်စွန်းတယ်၊ အယုဓယကို ဝိုင်းပတ်ပိတ်စို့ သိမ်းပိုက်ခဲ့မှုက  ဩချလောက်တဲ့ အုပ်စုဖွဲ့ လုယက်မှု။” လို့ ရေးခဲ့ပေမဲ့ တရုတ် – မြန်မာ စစ်ပွဲကိုတော့ ကျူးကျော်နယ်ချဲ့သူများအား ခုခံကွာကွယ်သည့် တရားသောစစ် ဟုဖေါ်ပြခဲ့သည်။

တရုတ် မြန်မာ အဟုတ်နွှာ – တရုတ်ကွင်လောင်ဘုရင့် အလံပြာကိုင်စစ်သားများ


 
ပထဝီဝင် နိုင်ငံရေး
စစ်ပွဲအတွင်း တကယ် အမြတ်ထွက်သူမှာ မြန်မာတပ် ဆုတ်ခွာသွားလို့ ဆုံးရှုံးထားတဲ့ သူတို့ နယ်မြေများ ပြန်ရကာ လွတ်လပ်သွားသော ဆီယမ် ယိုးဒယား ဖြစ်သည်။ ၁၇၇ဝ အရောက်တွင် ၁၇၆၅ မတိုင်မှီက နယ်မြေ အများစုအား ပြန်လည် တိုက်ခိုုက် သိမ်းယူပြီး ဖြစ်သည်။ တနင်္သာရီ တခုသာ မြန်မာလက်ထဲ ကျန်ရစ်သည်။ တရုတ် အန်ဒရာယ် ခြိမ်းခြောက်နေမှု နှင့် စစ်ပွဲတွင် ဆုံးရှုံးခဲ့သော လူအင်အား ပြန်လည်စုဆောင်းရသဖြင့် ဆင်ဖြူရှင် ဆီယမ်တို့ အခိုင်အမာ ပြုနေမှန်းသိလ ျက် လွှတ်ထားရသည်။ ( မနှစ်က လန်နတွင် ဆီယမ်တို့ သွေးထိုးပေးသော သူပုန်ထမှုအား နှိမ်နင်းရန် မြန်မာတပ်အား မဖြစ်မနေ စေလွှတ်ခဲ့ရသည်။) နောက်ပိုင်း ဆယ်စုနှစ်များတွင် ဆီယမ်တို့ ကိုယ့်ကြမာ ကိုယ်ဖန်တီးနိုင်စွမ်း ရှိလာပြီး လန်န နှင့် လော်တီယံနယ်များ နှင့် ကမ်ဘောဒီးယား နယ်မြေအချို့ကို ဝါးမျိုပစ်လိုက်သည်။ ။။။။
ပိုမိုကျယ်ပြန်သော ပထဝီဝင် နိုင်ငံရေး ရှုထောင့်မှဆိုလျင် အယင်က တခါမှ ရှုံးနိမ့် မကြုံဖူးခဲ့သော ကွင်နိုင်ငံ နှင့် ကွင်ဧကရာဇ် ကွင်အာဏာစက်ဝန်း အကန့်အသတ် ရှိကြောင်းကို မချိတင်ကဲ အံကြိတ် လက်ခံခဲ့ရသည်။ တရုတ်စစ်တပ်သမိုင်း ပညာရှင်  မာဗွင် ဝှိုက်တင်း က မြန်မာတို့ အောင်မြင်မှုက အရှေ့တောင် အာရှ အခြားနိုင်ငံများ အချုပ်အခြာအာဏာ ပိုင်စိုးမှုကို (တရုတ်ရန်မှ) ကာကွယ်ပေးခဲ့ဖွယ်ရှိကြောင်း ရေးသားခဲ့သည်။
 
စစ်ရေးစစ်ရာ
ကွင်နိုင်ငံအတွက် စစ်ပွဲက သူ့စစ်အင်အား လိုအပ်ချက်ကို မီးမောင်းထိုးပြခဲ့သည်။ ပထမ နှစ်ချီ ကျူးကျော်မှု ရှုံးနိမ့်ခဲ့ခြင်းအာား သူ့ ကျောက်စိမ်းစစ်တပ် တိုက်ရည်စွမ်းရည် ညံ့ဖျင်းမှုအပေါ် ကွင်ဘုရင် အပြစ်ပုံချသည်။ နောက်ပိုင်းတွင် သူ့ မန်ချူး အလံကိုင်တပ်မှာလဲ ဇင်က ျန်းနယ်မှာလောက် မြန်မာတို့နဲ့ တိုက်ရတာ အဆင်မပြေကြောင်း ဝန်ခံခဲ့ရသည်။ နောက်ဆုံး နှစ်ကြိမ် ကျူးကျော်မှုတွင် တပ်အင်အား ငါးသောင်း နှင့် ခြောက်သောင်း စေလွှတ်ခဲ့သော်လဲ ထိုးဖေါက်ရာ လမ်းကြောင်း အချိန်မှီ သတင်းများ ကွင်စစ်ဦးစီးအဖွဲ့တွင် ကင်းမဲ့ပြီး တိုက်ပွဲ ပြင်ဆင်ရန် နှစ်ပေါင်း ရာချီ အိုဟောင်းနေသော မြေပုံများ အားပြုခဲ့ရသည်။ ထို အကျွမ်းတဝင် မရှိမှုက သူတို့ ထောက်ပို့ နဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ ထပ်ခါတလဲလဲ တိုက်ခိုက်ရန် မြန်မာတို့အား ဟပေးမိပြီး နောက်ဆုံး သုံးကြိမ် ကျူးကျော်မှုတွင် ပင်မတပ်များ အဝိုင်းခံရရန် လုပ်ပေးမိနေသည်။ မြန်မာ၏ မြေလှန်စစ်ဗျူဟာကြောင့် တရုတ်မှာ ထောက်ပို့လမ်းကြောင်း ပြတ်တောက်မှုဒဏ် အလူးအလဲ ခံရသည်။ ကွင်စစ်သားများမှာ မြန်မာပြည် အပူပိုင်းစွတ်စို ရာသီဥတုတွင် တိုက်ခိုက်ရန် မသင့်တော်ခြင်းက အရေးအကြီး အချက်ဖြစ်နိုင်သည်။ နောက်ဆုံး သုံးကြိမ်တွင် တရုတ်တပ်သား ထောင်ပေါင်းများစွာ ငှက်ဖျားနှင့် အခြား အပူပိုင်းစွတ်စို ကူးစက်ရောဂါပိုး ဒဏ်ခံ ဖျားနာကုန်ပြီး အများအပြား သေဆုံးပျက်ဆီးသည်။ ၎င်းကပဲ တရုတ်တပ် အင်အားသာလွန်မှု အားသာချက်ကို ပြောင်းပြန်လှန်ပစ်လိုက်ပြီး တိုက်ပွဲရောက်တဲ့အခါ တရုတ်တပ်နဲ့ မြန်မာတို့ မျက်နှာခြင်းဆိုင် တယောက်ခြင်း ရင်ဆိုင် တိုက်စေနိုင်ခဲ့သည်။ ။။။။။
စစ်ပွဲမှာ ကုန်းဘောင်ခေတ်၏ ဘုန်းမီးနေလ အတောက်ပဆုံး စစ်အင်အား အမြင့်မားဆုံးအချိန် မှတ်ယူနိုင်သည်။ သမိုင်းပညာရှင် ဗွစ်တာ လီဘာမင်န် က “ဆီယမ် ၁၇၆ရ နှင့် တရုတ် ၁၇၆၅-၆၉ အား ပြိုင်တူနိးပါး အနိုင်ရမှုမှာ ဘုရင့်နောင် နောက်ပိုင်း တကယ့်ကို အံ့အားသင့် ဂုဏ်ယူစရာ ပြိုင်ဖက်ကင်းသည့် စွမ်းရည် ဖြစ်သည်။ နယ်မြေတောတောင် နှင့် ရာသီဥတု အကျွမ်းတဝင် ရှိမှုကို သူတို့ရဲ့ အကောင်းဆုံး အားသာချက်အဖြစ် အသုံးပြုရွေ့ များစွာသာလွန် အင်အားကြီးသော ရန်သူကို တိုက်ခိုက်နိုင်စွမ်း နှင့် တိုက်ခိုက်ရန် ဝန်မလေးကြောင်း မြန်မာစစ်တပ် ပြသခဲ့သည်။ (မေမြို့တိုက်ပွဲကို ယခုအခါ အင်အားကြီးမားသော စစ်တပ်ကို တိုက်ခိုက်သော ခြေလျင်တိုက်ပွဲ စာတွေ့ လေ့ကျင့်ခန်း စစ်သင်ခန်းစာ သင်ကြသည်)။ ။။။။။

Battle of Maymyo

In March 1768, Ming Rui began his retreat, pursued by a Burmese army of 10,000 men and 2000 cavalry. The Burmese then tried to encircle the Chinese by splitting the army into two. Maha Thiha Thura had now assumed the overall command, replacing Maha Sithu. The smaller army, led by Maha Sithu, continued to pursue Ming Rui while the larger army led by Maha Thiha Thura advanced through the mountainous route to emerge directly behind the Chinese. Through careful maneuvering, the Burmese managed to achieve complete encirclement of the Chinese at modern-day Pyinoolwin (Maymyo), about 50 miles northeast of Ava. Over the course of three days of bloody fighting, the Bannerman army was completely annihilated. The slaughter was such that the Burmese could hardly grip their swords as the hilts were slippery with enemy blood.[35] Of the original 30,000 men of the main army, only 2500 remained alive and were captured. The rest had been killed either on the battlefield, through disease or through execution after their surrender.[5] Ming Rui himself was severely wounded in battle. Only a small group managed to break through and escaped the carnage. Ming Rui himself could have escaped with that group. Instead, he cut off his queue and sent it to the emperor as a token of his loyalty by those who were escaping. He then hanged himself on a tree.[32] In the end, only a few dozen of the main army returned.[27]
မြန်မာစစ်အင်အားမှာလဲ အကန့်အသတ်ရှိကြောင်း ယင်းစစ်ပွဲက သက်သေပြသည်။ အကယ်ရွေ့ ရန်သူနှစ်ဦးအနက် တဦးမှာ ကဗာ့ စစ်အင်အား အကြီးဆုံး ဖြစ်လျင် စစ်ပွဲနှစ်ခု တပြိုင်နက် မတိုက်နိုင်ကြောင်း မြန်မာတို့ နားလည်ခဲ့ကြသည်။ စစ်မျက်နှာ နှစ်ခု တိုက်ရန် ဆင်ဖြူရှင်၏ မထီမဲ့မြင် ဆုံးဖျက်ချက်က လွတ်လပ်သောနိုင်ငံ ဘဝ ဆုံးရှုံးလုနီးနီး ပေးဆပ်စေခဲ့သည်။ ထို့ပြင် ကွင်တရုတ်တို့ထက် ဆုံးရှုံးမှု သေးငယ်ပေမဲ့ နိုင်ငံငယ်လေး၏ လူဦးရေ နှင့် အချိုးချလျင် ဆုံးရှုံးမှု ကြီးမားလှခြင်းက အခြားနောက် တနေရာရှိ စစ်ရေးစွမ်းအားကို ထိခိုက်လျော့ပါးစေသည်။ နောက်ပိုင်းတွင်တော့ကုန်းဘောင်ခေတ် နိုင်ငံတော် စစ်အင်အား ရပ်တန့်နေကာ ဆီယမ်တို့နှင့် တိုက်ခိုက်ရာတွင် တိုးတက်အောင်မြင်မှု မရှိခဲ့ပေ။ နောက်ပိုင်းတွင် အနောက်ဖက်ရှိ ရခိုင်၊ မဏိပူရ နှင့် အာသံ တို့လို နိုင်ငံငယ်လေးများကိုသာ နယ်ချဲ့သိမ်းပိုက်နိုင်ပါတော့သည်။ ။။။။။
ကွင်ဧကရာဇ်ဗျင်မ ကြေးမုံဂျီး၏ ကြင်လ ျှာတော် ကုန်းဘောင်ကြောင်မင်း *>:P phbbbbt

2 comments

  • Thint Aye Yeik

    October 20, 2017 at 12:48 pm

    ဒီဆောင်းပါးမှာကျတော့ ကြောင်ဘာသာတွေ ထည့်ရေးတာ အတော်များသကိုး
    :k:

  • ဇီဇီ

    October 25, 2017 at 1:57 pm

    ဂလို ရေးတော့လည်းဖတ်ရတာ လွယ်သားး

    🙂

Leave a Reply