လူထဲကလူ

zaw linNovember 4, 20171min1273

လူထဲကလူ

သူကတမူထူး

အာဏာရူး

ဥစ္စာရူး

တဏှာရူး

သူတထူးကိုဒုက္ခပေး

ဘေးဖြစ်စေတဲ့သူ။

 

လူထဲကလူ

သူကတမူထူး

မူးမူးရူးရူး

သေသောက်ကြူးလို့

မူးယစ်ဆေးဝါး

အသုံးများလို့

မြေပေါ်မှာလူး

စူးနစ်နေတဲ့သူ။

 

လူထဲကလူ

အများအတွက်ကူလို့

သူ့ဘဝကိုပေး

စတေးခဲ့လေသူ

သင်ဘယ်လိုလူမျိုး

ဖြစ်စေချင်ခဲ့သူ။

 

ဒီပါကို

 

3 comments

  • Shar Thet Man

    November 6, 2017 at 5:01 pm

    မိုက်တယ်

  • Thint Aye Yeik

    November 6, 2017 at 6:39 pm

    သင်သေသွားသော် ကဗျာကို ဖတ်စဉ်က အတွေးမျိုး…
    ဒီကဗျာကို ဖတ်မိချိန်မှာ တွေးဖြစ်တယ်။
    ကျနော်တော့ ကိုယ် သေခါနီးအချိန်မှာ ကိုယ့်ဘဝတလျှောက်လုံး လုပ်ခဲ့သမျှ
    ပြန်တွေးချိန်မှာ နောင်တ ရစရာတွေ မရှိအောင် နေသွားနိုင်ရင် တော်ပါပြီလေ… ။

Leave a Reply