လွယ်စီတုံတောင်ကသာယာသည်
![](https://myanmargazette.net/wp-content/uploads/2017/12/20171214_173231-600x338.jpg)
![](https://myanmargazette.net/wp-content/uploads/2017/12/20171214_162303-600x338.jpg)
![](https://myanmargazette.net/wp-content/uploads/2017/12/20171214_173322-600x338.jpg)
![](https://myanmargazette.net/wp-content/uploads/2017/12/20171214_161939-2-600x338.jpg)
![](https://myanmargazette.net/wp-content/uploads/2017/12/20171214_173142-600x338.jpg)
![](https://myanmargazette.net/wp-content/uploads/2017/12/20171214_163621-600x338.jpg)
မနေ ့က
ဓမ္မမိတ်ဆွေကျောင်းအစ်မ၏အိမ်သို ့
အလယ်ရောက်ဖြစ်သည်။
ဘာသာရေးမှာစိတ်တူကိုယ်တူမို ့ပေါင်းဖြစ်ကြသည်။
ကျောင်းဆောက်လုပ်ရန်အတွက်၊ကျောင်းအစ်မပိုင်ဆိုင်သော
မြေနေရာကြည့်ရန်သွားရင်း၊သာယာသည့်လွယ်စီတုံတောင်ကို
တွေ ့မြင်လိုက်ရသည့်အတွက်၊အမှတ်တရဓတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။
လွယ်စီတုံတောင်ပေါ်သို ့ခဏခဏရောက်ဖူး၊နေဖူးခဲ့သည့်၊
မိတ်ဆွေတစ်ယောက်လည်းပါလာသဖြင့်၊
လွယ်စီတုံတောင်၌ သဘာဝအလျောက် ဖြစ်ပေါ်နေသည့်
ရှုခင်းအနေအထားများနှင့်ထူးခြားဆန်းပြားသည့် အကြောင်းအရာများကို
ပြောပြသဖြင့် လွမ်းမောဘွယ်ရာကောင်းလှတာကိုခံစားရပါတယ်။
လွယ်စီတုံတောင်ကို ရောက်ဖူးချင်ပါသော်လည်း၊
လက်ရှိတွင် ကျွန်မ၏ ကျန်းမာရေးအခြေအနေအရ၊
လွယ်စီတုံတောင်ပေါ်သို ့တက်ရောက်ရန် မဖြစ်နိုင်ပါလေ။
ကျွန်မ၏မိတ်ဆွေ ကျောင်းအစ်မ အလယ်ခေါ်သွားသည့်
လွယ်စီတုံရွာမှာဆောက်လုပ်လှူဒါန်းထားသည့်
ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းခွဲလေးကိုရောက်ဖြစ်ခဲ့ပါတယ်။
နောက်ထပ်ဆောက်လုပ်ရန်မြေနေရာကြည့်ရင်းနဲ ့ပါ။
လွမ်းမောဘွယ်ရာ သာယာလှပနေသော
လွယ်စီတုံတောင်ကိုဖြင့် အဝေးကနေ
![](https://myanmargazette.net/wp-content/uploads/2017/12/20171214_153901-600x338.jpg)
![](https://myanmargazette.net/wp-content/uploads/2017/12/20171214_164558-600x338.jpg)
အမှတ်တရရိုက်ဖြစ်ခဲ့ပါတယ်။
လွယ်စီတုံတောင်၌ ထူးခြားဆန်းပြားလှသည့် အကြောင်း
အရာများကို၊ ကြုံတွေ ့ခံစားရသည့် မိတ်ဆွေကိုယ်တိုင်က
အဖြစ်သနစ်များကို ပြောပြသဖြင့် နားထောင်မိပါသော်
လည်း၊ ပြန်ပြောပြပါကယုံကြည်လက်ခံနိုင်ရန် ခဲယဉ်းလှ
သည့်ကိစ္စများ ဖြစ်နေ၍၊ မပြောပြလိုပါ။
![](https://myanmargazette.net/wp-content/uploads/2017/12/20171214_153309-600x338.jpg)
ကိုယ်တိုင်သာ ရောက်ဖူးချင်မိပါသည်။
11 comments
Thint Aye Yeik
December 15, 2017 at 2:31 pm
မပြောချင်ဘူးဆိုတာကိုမှ ပို သိချင်လာတယ်…
ပြောပါဗျာ။ ယုံကြည်ရ ခက်ခဲမယ်ဆိုရင်တောင် သိချင်မိသေးတယ်
aye.kk
December 15, 2017 at 3:09 pm
သိချင်ရင်
ပြောပြပါမယ်။
မယုံရင်တော့ ပုံပြင်လို ့သဘောထားလိုက်ပါ။
လွယ်စီတုံတောင်မှာ
နတ်တွေကျွေးတဲ့အသီး(၁၀)မျိုးကို
ကံထူးသူတိုင်းစားခဲ့ကြရတယ်လို ့ပြောပြပါတယ်။
စလင်းကျောက်လိုကြည်လင်လှပနေတဲ့ကျောက်သားတောင်တွေဟာ
လူတွေပန်းပုထုထားတယ်လို ့ထင်မှတ်ရလောက်အောင် ဘုရားဆင်းတုပုံသဏ္ဍန်တွေ
မြင်တွေ ့ရမယ့်အပြင်၊ လူထိုင်ခုံပုံသဏ္ဍန်တွေ ကျောက်သားထုတွေ ရှိနေပါတယ်တဲ့။
လပြည့်လကွယ်ညတိုင်း ယခုအချိန်ထိ ရှမ်းအိုးစည်ဗုံသံတွေကြားရလေ့ရှိနေပါတယ်တဲ့။
လွယ်စတုံတောင်မှာ လျှိုတွေ အမြားအပြားရှိနေပီး ရေစီးသံတွေဟာ တူရိယာသံလို
ထင်မှတ်မှားရပေမယ့်လို ့ ၊ လပြည့်လကွယ်ညတွေမှာတော့ ထူးခြားစွာ ကြားရတဲ့အပြင်
သစ်ပင်လုံးပတ် အရွယ်အစားရှိတဲ့ မြွေစိမ်းတွေဟာ လူတွေကို အနန္တရာယ်မပြုဘူးလို ့
သိရပါတယ်၊တူမောင်ရေ..။
Shar Thet Man
December 15, 2017 at 5:27 pm
လွယ်စီတောင်ကဘယ်မှာရှိတာလဲ
aye.kk
December 15, 2017 at 7:01 pm
ရှားသက်မန်
တာချီလိတ်မှာပါ။
ကထူးဆန်း
December 17, 2017 at 11:14 pm
သွားလို့ ရ လား ဟင် ..သွားကြည့် ချင် တယ်
အန်တီရေ ဆရာမကြိး ဒေါ်ခင်လေးနွယ် ဆေးတွေ စားပါလား .. D3 သောက်ပါလား ။
aye.kk
December 18, 2017 at 1:39 pm
ကထူးဆန်း
ကျေးဇူးပါ။
လွယ်စီတုံတောင်ကို သွားလို ့ရပါတယ်။
တူမောင်ပြောတဲ့ဆေး သောက်ကြည့်ပါ့မယ်။
aye.kk
December 18, 2017 at 1:41 pm
ကထူးဆန်း
တောင်ဆိတ်တွေလည်း
အလွန်ပေါတာ မြင်တွေ ့ရမှာပါ တူမောင်ရေ။
Ma Ei
December 19, 2017 at 3:17 pm
ရောက်ဖူးချင်လိုက်တာ အစ်မအေးရယ်
aye.kk
December 19, 2017 at 5:27 pm
လာခဲ့ပါ မအိရေ။
kai
December 21, 2017 at 1:36 pm
ဓာတ်ပုံတွေကနေမြင်ရတာတော့.. တော်တော်လှတယ်..။
မြန်မာပြည်ကို.. ထိုင်းကနေပတ်ဝင်မလို့ကြံနေတာ.. တာချီလိပ်ဖက်ကဆိုတော့.. အဲဒီကနေဝင်.. ကော့သောင်းဖက်က ထွက်ချင်တာ..။ :i:
aye.kk
December 26, 2017 at 4:22 am
သူဂျီး
လာခဲ့ဖို ့ဖိတ်ခေါ်ပါတယ်။
သူဂျီးဆန္ဒရှိနေတာသိရတဲ့အတွက်လည်း၊ဝမ်းသာမိပါတယ်။
သူဂျီးကိုလည်း။လာလည်စေချင်မိပါကြောင်းပြောပြပါရစေ။