ဆောက်လုပ်ဆဲအဆောက်အဦ
လွယ်စီတုံတောင်တောင်ဆိုတာ-ကိုယ်မရောက်ဘူးတဲ့တောင်ပါ။
ထူးဆန်းတာတွေရှိနေတာသိရလို ့ ရောက်ဘူးချင်ပါဘိ။
ကိုယ့်ကျန်းမာရေး အခြေအနေအရ မတက်ရောက်နိုင်တာမို ့အဝေးကကြည့်ပြီးတော့ပဲ၊ လွမ်းမောမိရပါတယ်။
လွယ်စီတုံတောင်ခြေနားထိရောက်ခဲ့ရလို ့လည်း ၊အလွမ်းပြေပါတယ်။
လိုက်ပို ့သူကတော့၊ မိတ်ဆွေကျောင်းအစ်မ ဇဗ္ဗူတော်ဝင်လှပါ။
ရှုခင်းလေးတွေ ခံစားကြည့်ရှုတတ်တဲ့ ကျောင်းအစ်မနဲ ့အတွဲညီတာမို ့၊ဝမ်းသာမိရပါတယ်။
ကုသိုလ်ရေးအတွက်ဆို၊လက်မနှေးတတ်တဲ့ကျောင်းအစ်မနဲ ့ကုသိုလ်ရဖို ့အမြဲလက်တွဲခေါ်တတ်တဲ့
ပုံလို ့တောင်နှင့်ကပ်နေသည့်၊လွယ်စီတုံတောင်အား-အနီးကပ်မြင်ရ။
လွယ်စီတုံတောင်နဲ ့အမှတ်တရ
မိတ်ဆွေကျောင်းအစ်မ ဇဗ္ဗူတော်ဝင်လှနှင့်အမှတ်တရ။
ပုံလို ့တောင်ပေါ်က ကားလမ်းတက်လို ့ရတော့အဆင်ပြေ။ ပုံလို ့တောင်ပေါ်ရှိ၊ ဗုဒ္ဓဂါယာအဆောက်အဦ ဆောက်လုပ်နေဆဲထဲမှ၊ မုခ်ဦးတစ်ခုရှိ နဂါးရုပ်ထုအား-အမှတ်တရ။
ကျောင်းအစ်မကို လေးစားချစ်ခင်ခဲ့ရပါတယ်။
ပုံလို ့ဘုန်းကြီးကျောင်းရှိတွေ ့ရသော အပင်(ဘာပင်မှန်းတော့မသိပါ)။ စိတ်ဝင်စား၍ရိုက်ခဲ့သည်။
ပုံလို ့တောင်ပေါ်ရှိ၊ ဗုဒ္ဓဂါယာဆောက်လုပ်ဆဲ ပစ္စည်းများအားလည်းတွေ ့ရ။
ပုံလို ့တောင်ပေါ်ရှိ၊ ထုထည်ကြီးမားပြီး မြင့်မားသော ဘုန်းကြီးကျောင်း အဆောက်အဦတစ်ခုအားတွေ ့မြင်ရစဉ်။(တောင်ပေါ်မှာဆောက်ထားသော အဆောက်အဦမို ့ပျားအိမ်များအား များပြားလှစွာတွေ ့မြင်ရ။
ပုံလို ့ဘုန်းကြီးကျောင်း။
ပုံလို ့ဆရာတော်ဘုရားဓါတ်ပုံအား၊အမှတ်တရ။
ပုံလို ့တောင်ပေါ်ရှိ၊ ဗုဒ္ဓဂါယာပုံတူ ဆောက်လုပ်ဆဲအဆောက်အဦအားတွေ ့မြင်ရစဉ်။
အဆောက်အဦမှာ-ပျားလဘို ့တွေတွေ ့ရ။
အမှတ်တရ။
လွယ်စီတုံတောင်ခြေမတက်ရောက်နိုင်ပေမယ့်လည်း၊ ပုံလို ့တောင်ပေါ်မှာတည်ထားတဲ့ ၊ပုံလို ့ဘုန်းကြီးကျောင်းကို ဘုရားဖူးရင်း၊ လွယ်စီတုံတောင်လေးကြည့်ပြီး အလွမ်းပြေခဲ့ရပါတယ်။
Post Views: 561
4 comments
Thint Aye Yeik
February 13, 2018 at 5:16 pm
.တောင်ပေါ်မှာ လေကောင်းလေသန့်ရမယ့်ပုံ
ပြီးတော့ တမေ့တမော ငေးပြီး ကြည့်နေချင်စရာ။
ဒါနဲ့ အန်တီအေး… ပို ဝလာတာလား
aye.kk
February 13, 2018 at 6:42 pm
ဝလာတယ်တူမောင်ရေ ့
အခုလက်ရှိဝိတ်ချနေရပြီ။
လွယ်စီတုံတောင်မှာသစ်တစ်ပင်တည်းမှာ
အသီး(၁၀)မျိုးရတယ်လို ့မိတ်ဆွေကျောင်းအစ်မ
ဇဗ္ဗူတော်ဝင်လှပြောပြတော့ရောက်ဖူးချင်မိတယ်။
ပုံလို ့တောင်ပေါ်မှာလေကောင်းလေသန် ့ရတဲ့အပြင်
ဗုဒ္ဓဂါယာတူအဆောက်အဦတွေဆောက်လုပ်ပြီးစီးသွားရင်
တာချီလိတ်မှာလည်းပတ်စရာတစ်နေရာတိုးသွားပြီ။
အဲဒီအခါကျရင် လာလည်ပါ။တောင်ပေါ်ရှုခင်းပတ်လမ်းတွေလည်းလှတယ်။
သာယာတယ်။
manawphyulay
February 14, 2018 at 3:48 pm
တီအေးရေ… တောင်တော်က အရမ်းအေးချမ်းပြီး သွားချင်စရာပဲနော်… ဘယ်နေရာ ဘယ်ဒေသ ဘယ်လိုသွားရလဲဟင်… မနောလည်း ခရီးဝေး မသွားဖြစ်တာ အတော်ကြာပြီ။ ရောက်ဖူးချင်မိပါတယ်။
aye.kk
February 14, 2018 at 4:18 pm
မနောရေ
တာချီလိတ်မှာရှိတာပါ။
အေးချမ်းသာယာတယ်။
ပုံလို ့တောင်ပေါ်ထိကားတက်လို ့ရတယ်။
တောင်ပေါ်တက်တဲ့ကားပတ်လမ်းလည်းသိတ်လှတယ်။
အခုလက်ရှိ အဆောက်အဦတွေက ဆောက်လုပ်နေဆဲပါ။
မနောရေ ရှုခင်းတွေက သာယာလှပတယ်။ အရောက်လှမ်းလာခဲ့ပါလို ့ဖိတ်ခေါ်ပါတယ်။