နေရာနှင့်တန်ဘိုး

မန်းလေးလေဆိပ်မှာ

 

ပထမခွက်အဖြူ လေးက မန်းလေးက ကော်ဖီဘားမှာ ကျပ်၂၀၀၀
ဒုတိယခွက်အညို လေးက မန်းလေး လေဆိပ်မှာ ကျပ်၄၀၀၀

ကက်ပချိနို ကော်ဖီခြင်းအတူတူ
အရသာခြင်းအတူတူ ဈေးကွာသွားတယ်။
အခင်းအကျင်းနဲ့ နေရာကွာရင်
တန်ဘု်းလဲကွာတတ်ပါတယ်။

လူတိုင်း လူတိုင်း
မိမိရဲ့အခင်းအကျင်းနဲ့နေရာကို
သတိထားသင့်ပါတယ်။

ဒါမှတန်ဘိုးမြင့်လာမှာပါ။

 

 

3 comments

  • Thint Aye Yeik

    March 28, 2018 at 9:35 am

    သာမန်အားဖြင့်…
    ကော်ဖီချင်း အတူတူ ဈေး ပိုကြီးပြီးပေးလိုက်ရတာကို ကြုံရရင်
    ဈေးကြီးလိုက်တာ…ဆိုပြီး စိတ်ရှုပ်/စိတ်တို/ စိတ်ပျက်တာမျိုးပဲ ဖြစ်ကြတာများပါတယ်။

    နေရတာနဲ့ အခင်းအကျင်းပေါ် မူတည်ပြီး တန်ဖိုးတွေ ပြောင်းလဲတတ်တာကို သတိထားပြီး
    လူမှုဘဝမှာ နေထိုင်ကျင့်ကြံတတ်ဖို့ ဆိုတဲ့ သင်ခန်းစာ ထုတ်ယူမိဖို့….
    ဒါ တော်ရုံ မတွေးမိတဲ့ သဘောပါ။

    ဒီသဘောလေးကို သင်ခန်းစာ ထုတ်ပြသွားတဲ့ လေးပေါက်ကို ကျေးဇူးပါ။
    ဒီနေ့ မနက် ဝင်ဖတ်လိုက်ရတာ အချိန်ပေးရကျိုး နပ်တဲ့ ပိုစ့်လေးအတွက် ကျေးဇူးပါ။

  • Shar Thet Man

    March 30, 2018 at 1:16 pm

    ဟုတ်တယ်

Leave a Reply