မြန်မာ(၁၂)လရာသီပွဲတော်(၆)။

VisesaSeptember 6, 20101min940

မြန်မာ(၁၂)လရာသီပွဲတော်(၆)

တော်သလင်းလ ၊ လှေပြိုင်ပွဲနှင့်ဂရုဓမ္မ အခါတော်နေ ့

မြန်မာ(၁၂)လရာသီတွင် တော်သလင်းလ သည် (၆)လမြောက်ဖြစ်ပါသည်။ခရစ်နှစ်

အားဖြင့်မူ ဇူလိုင်၊ ဩဂုတ် ၊စက်တင်ဘာလများ အတွင်းကျရောက်လေ့ရှိပါသည်။တော်သ

လင်းလ၌ မြန်မာပြည်၏ ရာသီဥတုသည် အထူးသာယာကြည်လင်ပါသည်။ နေရောင်ခြည်

ထွန်းလင်းတောက်ပ၍ အပူရှိန်ပြင်းလှသောကြောင့် `တော်သလင်းနေ ၊ ပုဇွန်သေ ။´-ဟု ၊

ရှေးသူဟောင်းတို ့က ဆိုရိုးပြုခဲ့ကြပါသည်။မြန်မာပြည်အတွင်း စီးဆင်းရာ မြစ်ရေပြင်တို ့၌

လှိုင်း လေ ငြိမ်သက်ကင်းစင်၍ ပြန် ့ပျုးညီညာနေသောကြောင့် `လ တော်သလင်း ၊ မြစ် အတွင်း ၊ သင်ဖြူးခင်း။´-ဟူ၍လည်း ၊ဆိုခဲ့ကြပြန်ပါသည်။မြေအစိုဓါတ် မပြတ်ရှိနေ၍ မည်

သည့်သစ်ပင်ကိုပင်စိုက်စိုက် အမြစ်ပွားကာ ရှင်သန်ကြီးထွားလွယ်သောကြောင့်`တော်သ

လင်း ၊ လူပျင်း ကွမ်းစိုက်။´-ဟူ၍ ၊တောင်သူ ယာသမား စိုက်ပျိုးရေးလုပ်သားတု ိ့က အမှတ်အသားပြု လေ့ရှိခဲ့ကြပါသည်။

တော်သလင်းလကို ရှေးဦးပုဂံခေတ်အခါက `သစ်ဆင်းလ´-ဟူ၍ ခေါ်တွင်ခဲ့ပါသည်။

သစ်ဆင်း-ဟူသည်မှာ ၊ မြစ်ရေပြင်အတွင်း၌ ကျင်းပသော ရေပွဲသဘင် တစ်မျိုးဖြစ်ပါသည်။

လှေပြိုင်ပွဲ (သို ့မဟုတ်) ပန်းလုပွဲ ၊ မြစ်ယံပွဲ -စသည်ဖြင့်ခေါ်ကြသော ရေအပြင်၌ ခင်းကျင်း

သည့်ပွဲတော် (ဝါ) ရေခင်းပွဲတော် ၊ ရေခင်းသဘင် ဖြစ်ပါသည်။သစ်ဆင်းပွဲ ကျင်းပရာလ ဖြစ်၍ သစ်ဆင်းလ ဟုခေါ်ဆိုခြင်း ဖြစ်ပါသည်။သစ်ဆင်းပွဲ ဟူသည်မှ ာ` မြစ်ကမ်းနံဘေး၌

အတန်ငယ်ရှည်သော သစ်တိုင်လေးတိုင်ဖြင့် ဆောက်လုပ်ထားသည့် သစ်တန်ဆောင်(စင်

မြင့်)ပေါ်မှ ရေပြင်တွင်ခံထားသည့် ပိုက်ကွန်အတွင်းသို ့ခုန်ဆင်းမြူးပျော်သည့်ပွဲ ´-ဟု

လည်း ဆိုကြပါသည်။သစ်ဆင်းလ ဟူသောဝေါဟာရ အသုံးအနှုံးကို မြန်မာနိုင်ငံ၊ဒုတိယ

အင်းဝခေတ်(အေဒီ၊၁၅၀၂-၁၅၅၂)၌ စပ်ဆိုရေးသားသော ကဗျာလင်္ကာများတွင်လည်း

ကောင်း ၊ ဟံသာဝတီ ဆင်ဖြူရှင်ခေတ်(အေဒီ၊၁၅၅၁-၁၅၈၂)တို ့မှ ကျောက်စာချပ်များတွင်

လည်းကောင်း ၊တွေ ့ရှိရကြောင်း ဆိုကြပါသည်။

မိုးပြင်းလေထန်မှု ကင်းစင်၍ ကြည်လင်သာယာသော ဥတုရာသီ ဖြစ်သောကြောင့်

ရှေးခေတ်မြန်မာဘုရင်များက မြစ်ရေပြင်၌ လှေပြိုင်ပွဲသဘင်များ ခမ်းနားကြီးကျယ်စွာ

ဆင်ယင်ကျင်းပလေ့ ရှိခဲ့ကြပါသည်။ လှေပြိုင်ပွဲသည် ကြည့်ရှုသူ ပရိဿတ်အတွက် တက်

ကြွပျော်ရွှင်စရာကောင်းသကဲ့သို ့ လွန်စွာစိတ်လှုပ်ယှားဖွယ် ကောင်းသောအားကစားနည်း

တစ်မျိုးဖြစ်ပါသည်။ကုန်းဘောင်ခေတ်(အေဒီ၊၁၇၅၂-၁၈၈၅) နောက်ဆုံးမြန်မာမင်းဆက်

သီပေါဘုရင်လက်ထက်တွင် ၊ လှေစင်းရေ (၁၅၀)ကျော်တို ့ဖြင့် ဧရာဝတီမြစ်ရေပြင်၌ ပြိုင်

ပွဲများ ပြု လုပ်ခဲ့ကြောင်းမှတ်တမ်းများ ရှိခဲ့ပါသည်။

နန်းသုံးဘုရင့်လှေတပ်မတော်မှ ရေကြောင်းချီ လှေတော်ကြီးများ နှင့် ကျေးရွာ ရပ်ကွက် တို ့မှ နာမည်ရလှေများ စုပေါင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။မြစ်ကမ်းနှစ်ဖက် ကမ်းလုံးညွတ်မျှ ဝိုင်းအုံနေသော လူထုပရိဿတ်များအရှေ ့တွင် ခမ်းနားထည်ဝါသောလှေ

တော်များမှ လှေလှော်သားတို ့သည် ကိုယ်စီကိုယ်င လှော်တက်များကို ကိုင်မြှောက်ကြ

လျက် ဦးညွှတ်နှုတ်ဆက်ကြသည်။လှော်ကားမှူး(ခေါ်)လှေဦးစီးများကရှေ ့ဆုံးမှ ကြီးကြပ်

၍ အချက်ပြလိုက်သောအခါ ၊ မြန်မာ့ရိုးရာ လှေလှော်တက်ရေး (၃၇)ပါးနှင့်အညီ ၊ အစွမ်း

ကုန် တက်ရေးပြကာ လှော်ခတ်ကြသည်။လှေတော်သံ (ခေါ်) လှေပေါ်မှကြွေးကြော်ဟစ်

အော်သံများ ရင့်ကျူးအော်မြည် ကြပါသည်။`ဟေး လား ယောက်ကျား ၊ ဘသား လေ့

လေး။ ဟေး လား ဘသား ၊ ယောက်ကျား လေ့လေး။´-ဟူ၍ အတိုင်အဖေါက် ညီအောင်

အော်ဟစ်အားပေးကာ အင်တိုင်အားတိုက် တက်ပြိုင်ညီညီ လှော်ခတ်ကြပါသည်။ရေပြင်

ကျယ်ထဲမှာ ချွေးပြိုက်ပြိုက် စိုရွှဲအောင် အားစိုက်ကြရသည်။ဤလှေလှော်ပြိုင်ပွဲများ၌ စည်း

လုံးညီညွတ်ခြင်း ၊ ကိုယ်လက် ကြံ ့ခိုင် ခြင်း ၊ ဇွဲသတ္တိရှိခြင်း ၊ စိတ်သဘော ဖြူစင်ခြင်း ၊

ကိုယ်ကျိုးမငဲ ့ မခိုမကပ်ခြင်း တို ့ကိုပြည့်စုံကြရသည်။ မြန်မာဘာသာစကား၌ ဤလှေပြိုင်ပွဲ

များမှ ပေါ်ထွက်ခဲ့သော`တက်ညီလက်ညီ´-ဟူသည့် ဝေါဟာရမှာ ၊ မခိုမကပ် မိမိတာဝန် မိမိ ကျေပွန်စေရေး စိတ်ဓါတ် ကိုထင်ဟက်ပေါ်လွင်စေခဲ့ပါသည်။ပြိုင်ပွဲဝင်လှေတို ့မှာ

ရွှေတုံး၊ မင်းစံ ၊တောင်လုံးမှိုင်း ၊ ရွှေလောင်းကြီး ၊ ယဉ်ပုံ ၊မင်္ဂလာရန်နင်း ၊ ပြည်ကြီးမွန်

စသည်ဖြင့် နာမည်အသီးသီး ပေးထားကြပါသည်။နာမည်တစ်ခုစီတွင် အနက်ဆိုလိုရင်း

များရှိကြပါသည်။နောက်ဆုံးမြန်မာမင်းဆက် နန်းစံခဲ့ရာ မန္တလေးမြို ့(ရတနာပူရ )တွင် ၊

ယနေ ့တိုင်လှေတော်များထွက်ပေါ်ခဲ ့ရာ ရပ်ကွက်အမည်များ အသီးသီးကျန်ရှိနေခဲ့ပါ

သေးသည်။ ရွှေတုံးလှေတန်း၊ မင်းစံလှေတန်း ၊ယဉ်ပုံရပ်၊ ရွှေလောင်းရပ် စသည်တို ့ဖြစ်

ကြပါသည်။ ပြည်ကြီးမွန် ဟူသည်မှာမြန်မာမင်းကို တစ်ရာသောမင်းအပေါင်းတို ့ကဦးညွတ်

အရိုအသေပြုဟန်ဖြင် ့ ဦးပိုင်းမှပဲ့ပိုင်းတိုင်အောင် လက်ဝဲလက်ယာ ရုပ်ပုံငါးဆယ်စီ ထုလုပ်

ထားသောလှေကြီးဖြစ်သည် ဟု ဆိုကြပါသည်။မြန်မာရှင်ဘုရင်များသည် ရေကြောင်းထွက်

တော်မူကြီး(ဝါ)ခရီးထွက်တော်မူလျှင် မင်းနှင့်မိဘုရားတို ့စီးတော်မူရာ ရတနာဖေါင်တော် ၏ရှေ ့မှ ပြည်ကြီးမွန်လှေတော် ကိုခင်းကျင်းရသည် ဟုဆိုပါသည်။

ယနေ ့ခေတ်တိုင်အောင် ဒေသအလိုက် ရိုးရာမပျက် လှေပြိုင်ပွဲများကို စနစ်တကျ ခမ်း

နားစည်ကားစွာ ကျင်းပပြုလုပ် နေကြဆဲဖြစ်ပါသည်။ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ လှေ

လှော် အသက်မွေးဝမ်းကြောင်းပြုကြရာ ဒေသများနှင့် ရှမ်းပြည်နယ် ၊အင်းလေးကန်ဒေသ

တို ့ဖြစ်ပါသည်။ရေပြင်ကျယ်သော အင်းလေးကန်တော်တွင် ရှမ်းတိုင်းရင်းသား အင်းသူ အင်းသားတို ့၏ ရိုးရာဓလေ့အရ လှော်တက် ကို ခြေထောက်ဖြင့် အားယူလှော်ခတ်သောပုံ

ဟန်မှာ အထူးစိတ်ဝင်စားဖွယ် ဖြစ်ပါသည်။နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပသော လှေ

ပြိုင်ပွဲများကို ရန်ကုန်မြို ့ တက္ကသိုလ်နယ်မြေ ကန်တော်ကြီးရေပြင်၌ နှစ်စဉ်ကျင်းပခဲ့ပါ

သည်။လှေလှော်အသင်းကိုစနစ်တကျ ဖွဲ ့စည်းထားလျက် ၊ ရိုးရာလှေလှော်မှုဓလေ့မှ နိုင်ငံတကာ အားကစားလောကလှေလှော်ပြိုင်ပွဲများသို ့ထိုးဖေါက်ဝင်ရောက်ကာယှဉ်ပြိုင်

နေပြီဖြစ်ပါသည်။ယနေ ့ခေတ်တွင်မူ တက်ကိုလှော်ခတ်၍ ရွေ ့လျားသော တက်ခတ်လှေ

များမှ ရွက်ထည်ကိုတိုင်မှာချည်လွှင့်၍ လေကိုစေခိုင်းရွေ ့လျားသော ရွက်လွှင့်လှေများ အသွင်သို ့ပြောင်းလဲနေပြီဖြစ်ပါသည်။ရှေးခေတ်ကဲ့သို ့ သစ်တုံးများကိုထွင်း၍ပြုလုပ်သော

သစ်ထွင်းလှေ ၊ သစ်ပျဉ်များကိုစပ်၍ တွဲ၍ ပြုလုပ်ထားသော သစ်စပ်လှေများမှ ပုံစံပြောင်း

၍ ၊ ပေါ့ပါးသောသတ္တုလွှာဖြင့်စပ်သောသတ္တုစပ်လှေ ၊ ပလတ်စတစ်(ဖိုက်ဘာ)ဖြင့် ပြုလုပ်

ထားသော ဖိုက်ဘာလှေများကို အသုံးပြုနေကြပြီ ဖြစ်ပါသည်။

တော်သလင်းပြည့်နေ ့ ကို `ဂရုဓမ္မ အခါတော်နေ ့´-ဟုသတ်မှတ်ကာ မြန်မာ့အစဉ်အ

လာ ရိုးရာဓလေ့အရ ကျင်းပပြုလုပ်လေ့ရှိကြပါသည်။`ဂရုုဓမ္မ´-ဟူသည်မှာ `သူတော်

ကောင်းတို ့ အလေးထား ကျင့်သုံးအပ်သောတရား´ဖြစ်ပါသည်။ထိုတရားမှာ ပဉ္စသီလ

(ခေါ်) ငါးပါးသီလ ပင်ဖြစ်ပါသည်။ငါးပါးသီလကို စေါင့်ထိန်းကြရန် နှိုးဆော်တိုက်တွန်း

သောနေ ့ဖြစ်၍ `သီလအခါတော်နေ ့´-ဟူ၍လည်း ခေါ်ကြပါသည်။ဤကဲ့သို ့ ရှေးရိုးရာ

အစဉ်အလာ မြန်မာတို ့က သတ်မှတ်ရခြင်းမှာ `ဂရုဓမ္မ မြတ်သီလ´ ဟူသောဇာတ်တော်ပါ

အကြောင်းအရာတို ့ကြောင့်ဖြစ်ပါသည်။

ဂေါတမမြတ်စွာဘုရားရှင် နုစဉ်အခါတော်ကာလက ၊ ကုရုတိုင်း ၊ဓနဉ္စယကောရဗျမင်း

အုပ်စိုးသော ဣန္ဒပတ္တနဂိုရ် ပြည်သူပြည်သားများသည် ငါးပါးသီလကို ဂရုဓမ္မ အဖြစ်ထား၍ လုံခြုံအောင် စေါင့်ထိန်းကြသည်။သို ့ဖြစ်၍ တိုင်းပြည်တွင် မိုး လေဝသ မှန်ကန်သဖြင့်၊ဆန်

ရေစပါး သီးနှံများ ပေါကြွယ်လေသည်။ အစာငတ်မွတ်ခြင်းဘေး ၊ လူသတ်လက်နက် အန္တရာယ်ဘေး ၊ ရောဂါထူပြောခြင်းဘေး တို ့မှ ကင်းရှင်းကြ၏။မြို ့ရွာများ သာယာစည်ပင်

၍ ၊ လူသားအပေါင်းသည် မိသားစုနှင့်အတူတကွ ပျော်ရွှင်ချမ်းသာစွာ နေထိုင်နိုင်ကြ

သည်။ ထို တိုင်းပြည်နှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ကာလိင်္ဂမင်း တို ့အုပ်စိုးသော ဒန္တပူရပြည်၌မူ ၊ ငါးပါးသီလကို အလေးအနက် မထားကြပေ။ လုံခြုံအောင် စေါင့်ထိန်းမှု

လည်း မရှိကြပေ။ သီလပျက်ကြသောကြောင့် တိုင်းပြည်တွင် မိုးလေဝသ မမှန် ဖေါက်ပြန်

၍ ၊ ဆန်ရေစပါး ကောက်ပဲသီးနှံများ ညံ့ဖျင်းရှားပါး လေသည်။ အစာငတ်မွတ်ခြင်းဘေး၊ လူ

သတ်လက်နက် အန္တရာယ်ဘေး၊ ရောဂါထူပြောခြင်းဘေးများ ကျရောက်နေကြသည်။ပြည်

သူပြည်သားအပေါင်းတို ့မှာ မရွှင်မပျ ဆင်းရဲငြိုငြင်စွာ နေထိုင်ကြရသည်။ သို ့ဖြစ်ရာ ၊

ကာလိင်္ဂမင်းတို ့သည် အိမ်နီးချင်း ဣန္ဒပတ္တနဂိုရ်ပြည်၏ ထူးခြားစည်ပင်မှု အကြောင်းရင်း

ကိုလေ့လာကာ ၊ မိမိနိုင်ငံသားအပေါင်းတို ့အား`ငါးပါးသီလ´ကို`ဂရုဓမ္မ´ပြု စေါင့်ထိန်းကြ

စေသည်။ ဒန္တပူရပြည် သည်လည်း မကြာမီမှာပင် ပြောင်းလဲကာ ၊ သာယာစည်ပင်ခဲ့လေ

သည်။

ဘုရားရှင်ပွင့်ထွန်းတော်မူသောအခါ၌ တော်သလင်းပြည့်နေ ့အခါတွင် ၊ထူးမြတ်လေး

နက်သော`မဟာသတိပဋ္ဌာန်သုတ် တရားတော်´ ကိုဟောကြားတော်မူရန် ရွေးချယ်ရာ

ဝယ် ၊ ဂရုဓမ္မသီလ စေါင့်ထိန်းပြည့်စုံကြသော ကုရုတိုင်းသား တို ့ကို မြင်တော်မူသည်။ကုရု

တိုင်းသားတို ့သည် တရားတော်ကိုခံယူနိုင်ရန် အရည်အချင်းပြည့်စုံကြသောကြောင့် ၊ဦးစွာ

ဟောကြားခြီးမြှင့်ပေးတော်မူခဲ့ပါသည်။ ထို အကြောင်းအရာကို အခြေခံ၍ ၊ တော်သလင်း

လပြည့်နေ ့အား ၊ ဂရုဓမ္မအခါတော်နေ ့(ဝါ) သီလအခါတော်နေ ့-ဟု ၊ ရှေးမြန်မာတို ့က

သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည်။ မြန်မာဘုရင်တို ့သည်` ဂရုဓမ္မအမိန် ့တော်ပြန်တမ်း ´ကို

ကောင်းမွန်စွာ ဆင်ယင်ထားသော ဆင်တော်ပေါ်တွင်တင်လျက် ၊ မြို ့တော်၏လေးပြင်

လေးရပ် သို ့ လှည့်လည်စေကာ ၊ ငါးပါးသီလစေါင့်ထိန်းကြရေးကို နှိုးဆော်လေ့ရှိကြ

ကြောင်း ဆိုကြပါသည်။ ရှေးအခါက ဓမ္မပါလ မည်သောရွာတွင် ၊ တစ်ရွာလုံး သည် ငါးပါး

သီလ ကိုစေါင့်ထိန်းလုံခြုံကြသောကြောင့် ၊ အရွယ်ငယ်ငယ်ဖြင့် သေဆုံးလေ့မရှိကြပဲ သက်တမ်းစေ့အောင် နေထိုင်အသက်ရှည်ကြရကြောင်း မှတ်တမ်းများရှိပါသည်။ ရှေးဦး

အခါက သူတော်ကောင်းများ စေါင့်ရှောက်ထိန်းသိမ်းခဲ့ကြသောကြောင့် ၊ `ပဝေဏီဓမ္မ

(ရှေးဦးတရား)´ ဟူ၍လည်း ခေါ်ကြပါသည်။

ကမ္ဘာပေါ်ရှိ လူသားအားလုံးတို ့သည် (၁) သူတစ်ပါး၏အသက် သတ်မှုကို ရှောင်ကြဉ်

ခြင်းဖြင့် ကျန်းမာရေးသုခ ပြည့်စုံနိုင်ပါသည်။ (၂) သူတစ်ပါး၏ပစ္စည်းဥစ္စာကို မခိုးယူခြင်း

ဖြင့် စီးပွားရေးသုခ ရရှိနိုင်ပါသည်။ (၃) သူတစ်ပါး၏ သားမယားတို ့ကို မဖေါက်ပြား

ခြင်းဖြင့် အိမ်ထောင်ရေးသုခ ခံစားနိုင်ပါသည်။ (၄) လိမ်လည်ပြောဆိုမှု မပြုခြင်းဖြင့် လူမှု

ဆက်ဆံရေးသုခ ကြုံတွေ ့နိုင်ပါသည်။ (၅) အရက်သေရည် မူးယစ်ဆေးဝါးများမမှီဝဲ ၊မသုံး

စွဲခြင်းဖြင့် ပညာရေးသုခ ဆောင်ယူနိုင်ပါသည်။ ငါးပါးသီလ (ခေါ်) ဂရုဓမ္မ ကို လုံခြုံအောင်

စေါင့်ထိန်းခြင်းအား ကျင့်ဆောင်သူတိုင်း သည် ၊ နေရာတိုင်း ၊မြို ့ ရွာ တိုင်ပြည် နိုင်ငံတိုင်း

၌ ၊ လူသားများ၏ ကိုယ်စိတ် ချမ်းသာမှု သုခ  ပြည့်စုံစွာခံစားရရှိနိုင်သောကြောင့် ၊ရှေးအ

ခါက `ကမ္ဘာစေါင့်တရား´ဟူ၍ ဆိုခဲ့ကြပါသည်။ ယနေ ့ခေတ် အချိန်အခါအားဖြင့် ဆိုရပါမူ

ငါးပါးသီလကို`ကမ္ဘာ့ငြိမ်းချမ်းရေးအခြေခံတရားငါးပါး(သို ့)ကမ္ဘာ့ငြိမ်းချမ်းရေးအခြေခံကျင့်

စဉ်ငါးရပ် ´ ဟူ၍ ဆိုရအံ့ ထင်ပါတော့သည်။  ။

缅甸12月节日(6)

“多德灵”月赛船节

缅甸12月当中,多德灵月是第六个月,相当于公历七、八、九月。当时缅甸天气晴朗,阳光灿烂,气温较高,因此有:“多德灵阳光,虾子晒光”之说。此时,大小河流,风平浪静,因此又有:“多德灵月,江中铺席叶”之说。又因为当时,土壤湿润,易于栽种,又有:“多德灵月,懒人种地”之说。

在古代卜甘王朝时期,将多德灵月称之为“卸木月”,所谓“卸木”即于江水中举行的水上活动,也就是在水面上举行的赛船或水上展示等活动。“卸木月”一词,最早出现于缅甸第二次恩瓦时期(公元1502-1552)的诗词当中以及“韩达瓦迪”新浦信王时期(公元1551-1581)的石碑上。

由于那个时候,江面上没有风暴,天空晴朗,古代缅王就在江面上隆重举行赛船划船仪式典礼。赛船活动,不但让观者积极欢乐,更是一种激动人心的最佳运动。贡榜王朝(公元1752-1885)末代皇帝昔卜王时期,有历史记载,曾有150艘船,在伊洛瓦迪江中举行隆重的赛船活动。由皇家船队到各区域平民船队的著名水手船只,都参与了竞赛。在两岸水泄不通的观众面前,船员们高举挥舞船桨,向大家表示敬意。站在船头的船长一声令下,船员们齐心协力,奋力划桨,向前猛进,口中并高喊口号,一时间,船员们的呼喊,观众的欢呼声,乱成一片,响彻云霄!

划船比赛,锻炼了人的意志;增强了团结的力量;让身体更加强壮健康;培养了大公无私、集体配合的精神。在缅语中,“齐心协力”一成语,便起源于划船赛船活动。意即:各人完成各人的责任。赛船有各种称呼:“瑞冻(金块)、敏善(王族)、当龙脉(山雾)、名格拉仰尼(吉祥胜利)、比吉姆(宏国)”等。每种称呼都有其一定的含义。至今在曼德勒很多地区名称,均以以上船只称呼定名。“比吉姆”即:有许多诸侯将相参拜的宏伟国度之意。船身左右两侧各自刻有50尊不同雕像。据说,古代缅皇水路出巡,必带有文武百官、妃姬宫女,乘坐巨型船只“雅德纳庞舵(宝船)”,前面有“比吉姆”大船引路。至今,各地区仍然以各种方式举行赛船活动。特别是伊洛瓦迪江畔及掸邦英勒湖地区,仍然能够长期保留了传统赛船活动。在宽敞水面的英勒湖内,掸英勒族的用脚划船的美姿,成为特别吸引人的特技表演。政府每年也在仰光“刚多及”大湖中举行划船比赛。于是组织了各种船队,积极推动训练,由举行传统赛船,迈向参与国际赛船,已经取得了可喜的成绩。如今,由划桨赛船,已经发展成为扬帆赛船;由原始的木琢小船,发展成为轻盈的金属、塑料赛船。

按照缅甸传统,“多德灵月盈日”又要举行“正人君子日”。正人君子要遵循的即是佛祖规定的“五戒”,因此又称之为“五戒日”。

传说,在佛祖在世时,有一称为苟南八达国的百姓们,由于举国上下均遵循“五戒”,因此该国风调雨顺、国泰民安、消灾避难、人民幸福安康地生活在一起。可是邻国叫单达布雅国的人民却对“五戒”漠不关心,置之不理。于是,国民百姓,忧愁连连,多灾多难,饥寒交迫,不得安宁。借鉴邻国富强幸福的原因后,国民重新遵循“五戒”,不久,国家又得以安定。

佛祖成佛后,选择“多德灵月盈日”宣讲“五戒经”,为此,多德灵月盈日又被称之为“五戒讲经日”。据说,古代缅皇时代,皇上将五戒当着圣旨,派使者乘大象,走遍国中上下,宣传五戒之真谛,鼓励国民遵循五戒。据传,由于当时全民遵循五戒,于是有神明保佑,人民免遭灾难,避免早夭,能够长寿,安康幸福地活到终生。

众生应该遵循五戒:(1)不杀生,以获得“健康之福”;(2)不偷窃,以获得“财富之福”;(3)不调戏他人之妻,以获“家庭之福”;(4)不说谎,以获得“交际之福”;(5)不迷恋酒毒,以获“教育之福”。五戒成为一切幸福之源,因此曾称之为“世界之真谛”。目前,应该将五戒称之为“世界和平之基本五项原则”。(中文译者;李祖清老师)

(တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ၊ကူမင်းမြို့မှတရုတ်-မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေသော

`မင်္ဂလာစာစေါင်´တွင် ၂၀၀၅-၂၀၀၆-ခုနှစ်အတွင်း၌ ဖေါ်ပြပြီးသည်ကို ပြန်လည်ကူးယူ

ဖေါ်ပြပါသည်။)