ဟာသလေးတွေပါ ….
ဘုန်းကြီးက ။ ။ ဟဲ့ဒကာမ၊ ဘာဖြစ်လို့လာသတုံး။
ဒကာမ ။ ။ အရှင်ဘုရား လူထွက်မယ် ကြားလို့ပါဘုရား။
ဘုန်းကြီး ။ ။ ဟာ ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာကမှမရှိဘူးဟ။
တစ်နေ့က လာအပ်တဲ့ ကလေးနှစ်ယောက် ဟာဘယ်သူက
မွေးတာတုံးဟ။
ဒကာမ ။ ။ တပည့်တော်မက မွေးတာပါဘုရား။
ဘုန်းကြီး ။ ။ အိမ်း တစ်သက်လုံးမှတ်ထား၊ ဒကာမကသာ လူထွက် သဟ။
ဒါကဒီလိုရှိပါတယ်။
မောင်ခွေးသည် အိမ်စာစာအုပ်ကို ဆရာအားပေးလိုက်ရာ ဆရာက
မောင်ခွေး၏ စာအုပ်ကို သေသေချာချာ ကြည့်ပြီးနောက်
“ဟေ့ မောင်ခွေး။ ဒီဟာ မင်းရေးတာလား။ မင့်အဖေလက်ရေးနဲ့တူနေပါလား။
မင်းဘာပြောချင်သေးသလဲ။”
မောင်ခွေးသည်အတန်ငယ်တွေနေပြီးနောက်
“ဪ ကျွန်တော်ရေးတာပါဆရာ၊ နို့ပေမယ့် ဖေ့ဖေ့ဖောင်တိန်နဲ့ရေးလို့ ဖေ့ဖေ့
လက်ရေးဖြစ်နေတာပါ။”
စိတ္တဇ ဟာသများ (၄)
စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောင်နေသည်။ ဆရာဝန်တစ်ယောက်ကအောက်မှနေ ပြီး ဆင်းလာဖို ့ပြောနေသည်။
လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။
“ဟေ့ကောင်…….မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်..”
“မဆင်းဘူး….ဆရာ ပစ်ချင်လဲပစ်လိုက်..”
“မင်းတကယ်မဆင်းဘူးလား…. ငါ ပစ်လိုက်မှာနော်..”
“မဆင်းဘူးဆရာ…မဆင်းဘူး”
ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က
အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး
“ဟေ့ကောင်…. မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်..”
“ဟုတ်…ဟုတ်..ဆင်းလာပါပြီ…မပစ်ပါနဲ ့…ဆင်းပါပြီ..”
ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ ဆရာဝန်က
“မင်းက ငါပြောတုံးကတော့ မဆင်းဘူး…ဘာလိုသူပြောမှဆင်းတာလဲ..”
“ဟာ..ဆရာကလူကောင်းဆရာရဲ ့..တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိတယ်..အဲကောင်ကရုးနေတာ..တကယ်ပစ်မှာ..”
စိတ္တဇ ဟာသများ (၃)
စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
လူနာများသည် နံပါတ် တစ်ခုကိုအော်ဟစ်နေကြ ရာဆေးရုံတစ်ခုလုံး ဆူညံနေသည်။ ဆရာဝန်တစ်ယောက် ကလူနာများကို
မေးသည်။
“37…………37…………37”
“ဘာလို ့ 37 လို ့အော်နေရတာလဲ”
လူနာများကအပေါ်ကို လက်ညိုးထိုး ပြကြတယ်။ အဲဒါနဲ ့ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။ အပေါ်ထပ်တွင်လည်း
“37……………..37……”
“ဘာလိုအဲဒီလိုအော်နေကြတာလဲ”
လူနာများက အပေါ်ကို လက်ညိုးထိုးပြကြပြန်သည်။အဲဒါနဲ ့ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။
အပေါ်ထပ်တွင်လည်း 37 ကိုအော်နေကြသည်။
“ငါကိုပြောကြစမ်းပါအုံး….ဘာလို ့37 လို ့အော်နေတာလဲ..”
လူနာများကအောက်ကို လက်ညိုးထိုး ပြကြတယ်။ ဆရာဝန်လည်း အောက်ထပ်ကိုငုံ ကြည် ့လိုက်တယ်။ အဲဒီမှာ နောက်နားက လူနာက ဆရာဝန်ကို လေးထပ်တိုက်ပေါ်ကနေ ကန်ချလိုက်တယ်။ ပြီးတော့လူနာတွေက ဆက်ရွတ်ကြတယ်။
“38………….38…………
……38”
စိတ္တဇ ဟာသများ (၂)
စိတ္တဇ ဆေးရုံတစ်ခု ဟာလူနာတွေကိုလေယာဉ်နဲ ့တင်ဆောင်လာပြီးတော့ အခြားဆေးရုံတစ်ခုကို ပြောင်းပါတယ်။ ဆရာဝန်ကတော့
လေယာဉ်မှုးဘေးမှာထိုင်နေပါတယ်။ အဲဒီမှာ လေယာဉ်ထဲ ကနေ အသံတွေကိုဆူညံနေအောင်ကြားရပါတယ်။ ဆရာဝန်က အရုးခေါင်းဆောင်ကို
ဘဲလ် နှိပ်ပြီးလှမ်းခေါ်လိုက်တယ်။
“ဘာလုပ်နေကြတာလဲ..ဆူညံနေတာပဲ”
“ဘောလုံးကန်နေကြတာပါ ဆရာ”
“ဟာ…..လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူး ဆိုတာမသိဘူးလား..သွားစမ်း”
“ဟုတ်ကဲပါဆရာ”
အရုးခေါင်းဆောင်ထွက်သွားလေသည်။ ခဏနေ တော့ဘာသံမှ မကြားရတော့။ ဆရာဝန်သည်သဘောကျသွားသည်။ ဘဲလ် နှိပ်ပြီး အရုးခေါင်ဆောင်ကိုလှမ်းခေါ်လိုက်သည်။
“မင်းဘယ်လိုထိန်းလိုက်တာလဲ…တိတ်ဆိတ်သွားတာပဲ”
“ဆရာဘဲ လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆို…..အဲဒါနဲ ့ကျွှန်တော်လည်း လေယာဉ် တခါးပေါက်ကိုဖွင့်ပေးလိုက်တာ အခု
သူတို ့အကုန်အောက်ဆင်းပြီးဘောလုံးကန်နေကြပြီ ”
လက်ဖြန့်လို့မဖြစ်ဘူး….
ပထမဆုံးကလေးအား မွေးဖွားရက်နီးကပ်လာသဖြင့် ဂျော်နီအမည်ရှိ ဖခင်တစ်ဦးကဗေဒင်ဆရာထံသွားမေးလေသည်။
ဂျော်နီ။ ။မွေးလာမယ့်ကလေးရဲ့ ဇာတာကိုသိချင်လို့ပါ။
ဗေဒင်ဆရာ။ ။ယောက်ျားလေးမွေးမယ်၊ လက်သီးဆုပ်ပြီးမွေးလာရင် သူခိုးဖြစ်မယ်။လက်ဖြန့်ပြီးမွေးလာရင် ပညာရှိဖြစ်မယ်။
ဂျော်နီ။ ။ဟုတ်ကဲ့
ဟုပြောပြီးပြန်လာသည်။
ရက်အနည်းငယ်အတွင်း ဇနီးဖြစ်သူကသားဦးမွေးသဖြင့် သူနာပြုဆရာမက ကလေးငယ်ကိုပွေ့ချီပြီး အပြင်ဘက်ထုတ်လာရာ-
သူနာပြု။ ။ကဲ..အဖေဖြစ်သူ ကလေးကြည့်လို့ရပြီ။
အလျင်အမြန် ကလေးငယ်ကိုကြည့်လိုက်ရာ လက်သီးဆုပ်လျက် အနေအထားတွေ့ရသဖြင့်-
ဂျော်နီ။ ။သား…လက်ဖြန့်လိုက်
သားငယ်။ ။လက်ဖြန့်လို့မဖြစ်ဘူး….သားလက်ထဲမှာ ဆရာမလက်စွပ်ရှိတယ်..
ဂျော်နီ။ ။ဟိုက်
သတင်းကောင်းနှင့်သတင်းဆိုး….
ဆေးရုံသို့ လာရောက်ပြသသောလူနာအား ဆေးစစ်ချက်မှတ်တမ်းများ ဖတ်ပြီးနောက် ဆရာဝန်က-
ဆရာဝန်။ ။ကျွန်တော်ခင်ဗျားကို ပြောရမှာ သတင်းကောင်းတစ်ခု၊ သတင်းဆိုးတစ်ခု ရှိတယ်၊ဘယ်ဟာကို အရင်နားထောင်ချင်လဲ။
လူနာ။ ။သတင်းဆိုးကို အရင်ပြောပါဗျာ။
ဆရာဝန်။ ။ခင်ဗျား ကင်ဆာရောဂါဖြစ်နေပြီ..နောက်ထပ် နှစ်နှစ်လောက်ပဲနေရတော့မှာ။
လူနာ။ ။ကျွန်တော့်ဘဝကဆိုးပါတယ်ဗျာ၊ သတင်းကောင်းကကောဘာလဲဟင်။
ဆရာဝန်။ ။ခင်ဗျားမှာ အယ်လ်ဇိုင်းမားရောဂါလဲဖြစ်နေတဲ့အတွက် နောက်တစ်လကြာရင် ကျွန်တော်ပြောခဲ့တာတွေ အကုန်မေ့သွားတော့မှာပါဗျာ။
လူနာ။ ။အမလေး ဆရာရယ်
ကြွပ်ကြွပ်အိတ်တစ်အိတ်…
ဟောပြောပွဲတစ်ခု၌ သူဌေးကြီးတစ်ဦးက သူ့အနေဖြင့် ဤမြို့သို့ရောက်ခဲ့စဉ်က ကြွပ်ကြွပ်အိတ်ကလေးတစ်လုံးသာပါရှိခဲ့ကြောင်း ယခုသိန်းပေါင်းများစွာ ချမ်းသာနေပြီဖြစ်ကြောင်းများကိုပြောပြပြီးနောက် သတင်းထောက်ကမေးလေသည်။
သတင်းထောက်။ ။လူကြီးမင်းအရမ်းကြိုးစားခဲ့တာပဲ။
သူဌေး။ ။ဒါပေါ့ဗျာ။
သတင်းထောက်။ ။အခက်အခဲတွေလည်း ကြုံတွေ့ခဲ့ရမှာပဲနော်။
သူဌေး။ ။အများကြီးပေ့ါ။
သတင်းထောက်။ ။ဇွဲလည်းကောင်း အခက်အခဲတွေလည်း ကျော်လွှားနိုင်ခဲ့တာပေါ့။
သူဌေး။ ။ဟုတ်ပါတယ်။
သတင်းထောက်။ ။ဒါထက်…လူကြီးမင်းအနေနဲ့ ဒီမြို့ကို ရောက်ခါစမှာ ကြွပ်ကြွပ်အိတ်တစ်လုံးပဲပါတယ်လို့ ပြောခဲ့တယ်နော်။
သူဌေး။ ။ဟုတ်တယ်လေ။
သတင်းထောက်။ ။အဲဒီကြွပ်ကြွပ်အိတ်ထဲမှာ ဘာတွေများပါလဲ လူကြီးမင်း။
သူဌေး။ ။ငွေကျပ် သိန်းနှစ်ထောင်ပါ။
သတင်းထောက်။ ။ဗျာ
ဖြစ်နိုင်တယ်။ ။သတ္တဗေဒဘာသာရပ်ကို လက်တွေ့သင်ကြားနေသော ဆရာတစ်ဦးက ဖားအရှင်တစ်ကောင်ကို ခွဲစိတ်ပြသကာ မေးခွန်းများမေးလျက်ရှိသည်။
ဆရာ။ ။ဂျော်နီ…ဒီအစိတ်အပိုင်းကဘာလည်းပြောပါ။
ဂျော်နီ။ ။ဖားရဲ့အစာအိမ်ဖြစ်ပါတယ်။
ဆရာဝန်။ ။ဟုတ်ပြီ..ဂျွန်ထပါ …ဒါကရော ဘာအစိတ်အပိုင်းလဲ..
ဂျွန်။ ။အူနဲ့ဖားရဲ့ နှလုံးပါ..
ဆရာ။ ။အေး..ဟုတ်တယ်..ကဲ စမစ်ထပါဦးကွာ…ဖားအရှင်ကို အခုခွဲစိတ်လိုက်တဲ့အခါ ဘာအခက်အခဲရှိနိုင်လဲ…
စမစ်။ ။ဂရုတစိုက်မခွဲစိတ်ရင် ဖားရဲ့ကိုယ်တွင်းအစိတ်အပိုင်းတွေ ပျက်စီးသွားနိုင်ပါတယ်ဆရာ…
ဆရာ။ ။ဟုတ်ပြီ…ကဲ..မိုက်ကယ်ထပါ၊ လူကိုအရှင်လတ်လတ်ခွဲရင် မင်းအနေနဲ့ ဘာဖြစ်နိုင်သလဲ…
မိုက်ကယ်။ ။လူသတ်မှုကြောင့် ထောင်ကျသွားမှာပါဆရာ။
ဆရာ။ ။ဟေ
One comment
tunaung
September 6, 2010 at 4:25 am
အရမ်းကောင်းပါတယ် နောက်လဲများများရေးပါ အားပေးနေပါတယ်။။