Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မောင်ရိုးပြောသောဟိုတယ်သရဲများ (၁)

ေမာင္ရိုးJanuary 30, 20191min18278

** မောင်ရိုးပြောသော Halloween Night နှင့် သရဲခြောက်သောဟိုတယ် ** . . . သူ့နာမည်ကားးး မောင်းရိုး ။ ကျနော်တို့ကတော့ ဗမာဒရိုင်ဘာဟု ခေါ်ကြသည် ။ဧကန်စင်စစ် သူ၏ကွယ်ရာ၌ “မောင်အ” ဟုပင် ခေါ်တတ်ပြန်သေး၏ ။”ဗမာဒရိုင်ဘာ” ဟုခေါ်ရခြင်းမှာ အရာခတ်သိမ်းအား ဗမာ့နည်း ဗမာ့ဟန်ဖြင့်ဖြေရှင်းလေ့ရှိပြီး ဗမာ့နည်း ဗမာ့ဟန်ဖြင့်ကားမောင်းလေ့ရှိသောကြောင့်ပင်ဖြစ်လေသည် ။ အသက်မွေးဝမ်းကျောင်းအရ ယဉ်မောင်းဖြစ်သည်နှင့်အညီ မောင်ရိုးသည် ခရီးများစွာထွက်ရသည် ။မြန်မာပြည်တခွင် ပြဲပြဲစင်အောင်သွားလာနေသော မောင်ရိုးအတွက် ရောက်လေရာရာ၌ ဇတ်လမ်း တစ်ပုဒ်ကတော့ ရှိစမြဲပင်ဖြစ်သည် ။ လူပုံက ထုံထုံထိုင်းထိုင်း ၊ အတွေးအခေါ်က ဇောက်တိဇောက်ထိုး ၊ အယူအဆက အလွဲလွဲအချော်ချော် ဖြစ်တတ်သည့်မောင်ရိုး၏ဇတ်လမ်းများမှာ ကြားရသူအဖို့ . . . တခါတရံ ရီမောရတတ်သည် ။ တခါတရံ ကရုဏာဒေါသဖြစ်ရသည် ။ တခါတရံ လွမ်းမောဖွယ်ကောင်းလှသည် ။ တခါတရံ ရင်သပ်ရှုမော အံ့ဩရပြန်သည် ။ တခါတရံတွင်တော့ စိတ်ပျက်ညစ်ညူးဖွယ်ကောင်းလှပြန်သေးသည် ။ ဤသည်ကားးးး မောင်ရိုးဟု ခေါ်သော မိတ်ဆွေကြီး ဗမာဒရိုင်ဘာ၏ ကြုံရဆုံရ ဘဝပုံလွှာ နိဒန်းအစပင်ဖြစ်လေတော့သည် ။ တစ်ခုသော Halloween day တွင် မိတ်ဆွေကြီးဖြစ်သူမောင်ရိုးသည် ပုဂံခရီးစဉ်ကိုမောင်းနှင်ရင်း ပုဂံတွင်ရောက်ရှိနေခဲ့လေသည် ။ ထိုနေ့ညတွင် ကြုံရ ဆုံရသောထူးခြားဆန်းကြယ်သော အဖြစ်အပျက်တို့အား မောင်ရိုးပြောပြသည့်အတိုင်းသာ ပြန်လည်၍ ရေးရမည်ဆိုပါလျှင် . . . . . . . . . . . . . . ………………………………………………………… ” ဒီအကြောင်းတွေကိုပြောရရင် ကျုပ်နဲနဲတော့ ကြက်သီးထတယ်ဗျ . . ကျုပ်သရဲမကြောက်ပါဘူး . . ပြီးတော့ သိပ်လည်းဂရုစိုက်မနေပါဘူးဗျာ . . . ကားသမားနဲ့သရဲဆိုတာ ဒညင်းသီးနဲ့ငပိရည်လိုဘဲ မိတ်ဖက်တွေလေ . . . ကျုပ်တစ်သက်မှာ ခင်ဗျားတို့ပြောပြောနေတဲ့ သရဲဆိုတဲ့ “ပေတ” လေးတွေနဲ့မကြာခဏဆုံခဲ့ရတာကိုးးးးဗျ . . ။ မှတ်မှတ်ရရ အဲ့ဒီနေ့က Halloween day လေ ။ ကျုပ်မောင်းလာတဲ့ ကားပေါ်မှာဧည့်သည်၅ယောက်ပါတယ်။ လူငယ်လင်မယားစုံတွဲရယ် ၂ဝကျော်လူငယ်အမျိုးသားတစ်ယောက်ရယ် အန်တီကြီးနှစ်ယောက်ရယ်ပေါ့ ။ ကျုပ်တို့အဖွဲ့က မုံရွာမှာမနက်ပိုင်းဘုရားဖူးပြီးမှ ပုဂံကိုကူးလာကြတာလေ ။ ပုဂံရောက်ရောက်ခြင်း ဟိုတယ်ကိုမဝင်သေးဘဲ sunset (နေဝင်ချိန်) ကိုကြည့်ပြီးမှ ဟိုတယ်ကိုသွားကြတာပေါ့ . . . . ။ ဟိုတယ်ဆိုလို့ပြောရဦးမယ် . . . အဲ့ဒီဟိုတယ်က လူစီကားတဲ့နေရာမှာမဟုတ်ဘူးဗျ ။ လူနေရပ်ကွက်မဟုတ်တဲ့မြို့အစွန်မှာဆောက်ထားတာ။ လမ်းမကြီးကနေ ဟိုတယ်ဘက်ကိုချိုးဝင်တဲ့လမ်းက မီးလည်းမှောင် လူလည်းအတော်ပြတ်သဗျ ။ ကျုပ်လည်း သူတို့အဖွဲ့ကိုဟိုတယ်ပို့ပြီး ကျုပ်တည်းတဲ့နေရာကိုပြန်ပြီးရေမိုးချိုးရတာပေါ့ ။ ည ရ နာရီခွဲမှ ညစာအတွက်ဧည့်သည်တွေကိုသွားခေါ်လိုက်ပါတယ် ။ လမ်းမကြီးကနေ ဟိုတယ်ဘက်ကိုကွေ့ဝင်တဲ့လမ်းကျဉ်းလေးထဲရောက်ပြီဆိုတာနဲ့ ကြက်သီးမွှေးညှင်းတွေထလာပါရော. . . ကျုပ်ကတော့ ရေချိုးပြီးစ ရာသီဥတုအေးတဲ့အချိန်နဲ့တိုက်ဆိုင်သွားလို့ဖြစ်တယ်ထင်တာပေါ့လေ . . . . . ဒီလိုနဲ့ လမ်းကျဉ်းလေးရဲ့အလယ်လောက်မှာ ခြုံဖုတ်တစ်ခုတွေ့လိုက်တယ်ဆိုရင်ဘဲ ကျုပ်ကားပေါ်ကအမှိုက်တွေ ရေဘူးခွံတွေကိုပစ်ဖို့ ကျုပ်ကားကိုရပ်လိုက်ပါတယ် . . . ရေဘူးခွံတွေ ငှက်ပျောခွံတွေပစ်ပြီးတာနဲ့ လမ်းဘေးချရပ်ထားရာကနေ လမ်းအလယ်ဖက်ကို ဆွဲတင်ရင်း နောက်ကြည့်မှန်ကို ကျုပ်မျက်လုံးကရောက်သွားတာပေါ့ ။ ကားရဲ့နောက်ကြည့်မှန်ထဲမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကို အကျင်္ ီအဖြူရောင်နဲ့တွေ့လိုက်ရပါတယ် ။ ကျုပ်လည်း သူ့ကိုပွတ်ဆွဲမိမှာစိုးလို့ဘရိတ်တစ်ချက်နင်းပြီး ရပ်လိုက်တာပေါ့ ။ ပြီးမှ အကျင်္ ီဖြူနဲ့လူကိုရှာကြည့်တော့ မတွေ့ရတော့ဘူး. . . . ကျုပ်စိတ်ထဲမှာ သိပ်တော့မကျေလည်ဘူးဗျ . . . ကျုပ်မျက်လုံးနဲ့ကားဘက်မှန်ထဲမှာသေခြာတွေ့လိုက်တာကိုးးး . . ဒီလောက်နဲ့တော့ ဘယ်ရမလဲဗျာ သေခြာသွားအောင် ကျုပ်ကားပေါ်ကဆင်းပြီးရှာကြည့်ပါသေးတယ် . . . ခွေးတစ်ကောင် ကြောင်တစ်မြီးမှမတွေ့ရလေတော့ . . . နေပေါ့ဗျာ ။ သူတောင်မှကျုပ်ကိုမတွေ့ချင်လို့ရှောင်သွားသေးတာ . . . ကျုပ်ကလည်း ခတ်ချေချေပဲပေါ့ . . . ဒါနဲ့ပဲ ကျုပ်လည်း ဧညိ့သည်တွေကြိုဖို့ ဟိုတယ်ဖက်ကို မောင်းထွက်လာခဲ့ပါတယ် . . . ။ အဲ့ဒီညမှကြုံရမယ့် အဖြစ်တွေကို ကြိုမသိသေးတဲ့ ကျုပ်ရဲ့ဧည့်သည်တော်ကြီးတွေကတော့ ရှေးဟောင်းနယ်မြေရဲ့အထိအတွေ့မှာ ရွှင်လန်းတက်ကြွနေကြတာပေါ့ ။ ကျုပ်ကြုံခဲ့ရတာတွေကိုတော့ ဘာတစ်ခုမှမပြောပါဘူး . . . ခရီးသွားတယ်ဆိုတာက စိတ်ညစ်စရာတွေ ကြုံတွေ့ဖို့မှမဟုတ်တာ ။ သူတို့ပျော်နေတယ်ဆိုရင် ကျုပ်တို့ခရီးစဉ်အောင်မြင်ခြင်းရလတ်ပေါ့ဗျာ ။ အဲ့ဒီညက မြန်မာဘူဖေးဆိုင်ကိုပို့ပေးခဲ့ပါတယ် ။ စားကောင်းကြမယ်ထင်ပါရဲ့ ။ ပြီတော့ တစ်နေ့တာအိပ်စက်အနားယူဖို့ ဟိုတယ်ကိုပြန်ကြတာပေါ့ ။ ~~~~~~~ နောက်တစ်နေ့မနက်ဟိုတယ်မှာသွားခေါ်ပြီး ပုဂံဒေသရဲ့ဘုရားပုထိုးတွေကိုဖူးမျှော် . . . ဓတ်ပုံတွေအပြန်အလှန်ရိုက်ကြ . . . ပြီတော့ . . လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်က အရိမဒ္ဒနာပူရ်ရဲ့ ပုံပြင်တွေမှာစီးမျောကြရင်း နှလုံးသားထဲက ပုဂံဟာ ပိုပြီးအသက်ဝင်လာပါတော့တယ် . . . ။ နောက်တစ်နေ့မှာ အခြားခရီးစဉ်တစ်ခုကို ဆက်လက်ထွက်ခွါတော့မယ့် ဧည့်သည်တွေကတော့ ညောင်ဦးက အမှတ်တရပစ္စည်းဆိုင်မှာ ဈေးဝယ်ကြရင်း ဟိုတယ်ကိုပြန်ရောက်တော့ ည ၉ နာရီဝန်းကျင်ပေါ့ဗျာ ။ ဒီလို ဒီလို နဲ့ နောက်တစ်နေ့မှာ သွားခေါ်ပြီး ရှမ်းတောက်တန်းကို အရောက်လှမ်းခဲ့ပါတော့တယ် . . . . လမ်းတစ်လျောက် စကားစမည်ပြောဆိုရင်းနဲ့မှ ပထမဆုံးဟိုတယ်ကိုစရောက်တဲ့ညရဲ့ ကြိုဆိုဧည့်ခံရေးအစီအစဉ်တွေကို သိလိုက်ရတာပေါ့။ ကျုပ် မအံ့ဩပါဘူးးးး ကျုပ်လည်း ဒီလိုဖြစ်မယ်လို့ထင်နေတာလေ ။ သူတို့ကြောပြတဲ့အထဲက ထင်ရှားတဲ့အကြောင်းအရာတစ်ချို့ကို ပြန်ပြောရရင်ဖြင့် . . . . ခရီးသည် အန်တီကြီးနှစ်ယောက်ထဲက တစ်ယောက်ကတော့ အဲ့ဒီညက ဟိုတယ်ကိုဝင်ပြီး အိပ်မယ်ဆိုကတည်းက ဘာမှန်းမသိတဲ့အသံတစ်ချို့ကြောင့် အိပ်မပျော်ပါဘူူးတဲ့ . . . ည ၁၂ နာရီလောက်မှ မှေးကနဲ့အိပ်ပျော်သွားချိန်မှာ ပဲပြုတ်သည်တစ်ဦးရဲ့ ဆွဲဆွဲငင်ငင်အော်လိုက်တဲ့ “” ပဲ ဲ ဲ ဲ . . . ပြုတ် “” ဆိုတဲ့ အသံကြောင့် နိုးလာပါသတဲ့ ။ ဒါနဲ့ဘဲ မိုးလင်းပြီအမှတ်နဲ့ မျက်နှာသစ် သွားတိုက်ပြီးတော့ နာရီကိုလည်းကြည့်လိုက်ရော . . . ည ၂ နာရီထိုးသာရှိနေသေးပါသတဲ့ဗျာ ။ အဘယ်မည်ခေါ် ပဲပြုတ်သည်ဟာဖြင့် ည ၂ နာရီထိုးကြီး တက်တက်ကြွကြွ ပဲပြုတ်ထရောင်းသလဲလို့ စဉ်းစားကြည့်ပြန်တော့လည်း အဲ့ဒီဟိုတယ်ရှိနေတဲ့နေရာဝန်းကျင်ဟာ လူနေရပ်ကွက်မရှိတဲ့ အစွန်အဖျား ပါ တဲ့ . . . ။ သူလည်း အဲ့ဒီညက ပြန်အိပ်မရဘဲမိုးလင်းခဲ့ပါတယ် ။ . . . နောက်တစ်ယောက်ကတော့ . . လူငယ်လင်မယားစုံတွဲထဲက အမျိုးသမီးရဲ့အတွေ့အကြုံတစ်ခုပါ ။ သူလည်း ညပိုင်းကတည်းက တုန်လှုပ်ခြောက်ခြားသလိုဖြစ်ရင်း မနက် ၄ နာရီဝန်းကျင်လောက်မှာ တစ်ကိုယ်လုံးလှုပ်မရ အော်ဟစ်လို့မရဘဲ ( အရပ်ထဲကအခေါ် ဘီလူးစီးခြင်း) ဖြစ်နေပါသတဲ့ ။ သူ့အမျိုးသားကိုခေါ်တော့လည်းအသံမထွက် . . . လှုပ်လို့လည်းမရတဲ့အဆုံးမှာ ပဌါန်းရွတ်ဖို့သတိယပြီး စိတ်ထဲက ရွတ်လိုက်မှဘဲ အရာခတ်သိမ်း ပကတိငြိမ်သက် တည်ငြိမ်သွားပါသတဲ့ . . . ။ တကယ်တော့ . . . ကျုပ်ရဲ့ဧည်သည်ခရီးသွားငါးယောက်ဟာ တစ်ယောက်တစ်မျိုးစီ ထူးထူးဆန်းဆန်းလေးတွေကြုံခဲ့ကြပါတယ် ။ သူတို့နဲ့လည်း တစ်လမ်းလုံးပြောဆိုဆွေးနွေးဖြစ်ခဲ့ပါတယ် . . .အဲ့ဒါတွေအားလုံးကို တစ်နေ့ကျရင်တော့ ခင်ဗျားတို့ကိုကျုပ်ပြောပြပါဦးမယ် . . . ဒါပေမယ့် . . ဒါပေမယ့် . . . ကျုပ်မယုံဘူူးဗျာ . . ကျုပ်ကို တွေ့ပါလျက်နဲ့ နှုတ်မဆက်တဲ့ အကျင်္ ီအဖြူနဲ့လူတိုလည်း ကျုပ်ပြန်ရှာကြည့်ပါဦးမယ် . . . ပြီးတော့ . . သူ့ကိုကျုပ်မေးစရာတစ်ခုရှိတယ် . . ” အဲ့ဒီညက ဘာဖြစ်လို့ ကျုပ်ကိုနှုတ်မဆက်တာ လဲ ??? လို့ . . . “”

8 comments

  • ဇီဇီ

    January 30, 2019 at 9:50 pm

    ဒီ အချိန်ကျမှ ဖတ်မိလေချင်းးးး

    ပို့စ်က ကွန်ပြူတာနဲ့ က ပိုလွယ်တာထင်တယ်!
    နောက်ရမှ ဖုန်းနဲ့ တင်ကြည့်အူးမေ!

  • padonmar

    January 30, 2019 at 11:38 pm

    သရဲတော့ မသိဘူး။ ကားပေါ်က ရေဘူးခွံတွေ ငှက်ပျောခွံတွေ ခြုံပုတ်ထဲ ပစ်တယ်။ အမှိုက်ပုံးထဲ ရောက်အောင် မပို့တဲ့ မောင်ရိုးတော့လား….

    • kai

      January 31, 2019 at 5:33 am

      တောင်ပြုန်းက နတ်တွေစုပြီး.. နတ်ပွဲသဘင်လုပ်.. အမှိုက်ကို ခြုံပုတ်ထဲပစ်တဲ့သူတွေကို.. ခြုံပုတ်နတ်ကျိန်စာ စုတိုက်ခိုင်းရမယ်..။ :k:

  • kai

    January 31, 2019 at 5:30 am

    Sleep Paralysis ဘီလူးစီးတာကတော့ အသက် ၃ဝ အထိ.. မဖြစ်ဖူးတဲ့သူ ရှိမယ်မထင်ဘူး..။ တကမ္ဘာလုံးဖြစ်နေကြတာဗျား..။ ဆိုတော့ ပဲ…ပြုတ်.. က ကျုပ်အော်လိုက်တာ ကြားတာဖြစ်ချင်ဖြစ်မှာပေါ့..။
    ပုဂံမှာ ညလည်က.. အမေရိကားမှ နေ့လည်လေ..။ :k:

  • Thint Aye Yeik

    February 18, 2019 at 5:11 pm

    ကျနော် ပုဂံသွားတုန်းက ကြုံရတာကတော့….
    ပုဂံက (အထင်ကရ)ဟိုတယ်တစ်ခုရဲ့အခန်းထဲမှာ
    တစ်ယောက်ထဲ ရှိနေတုန်းမှာ …
    ရန်ကုန်က သူငယ်ချင်းမတစ်ယောက်နဲ့ V call ဖုန်း ပြောနေရင်း ဖြစ်တဲ့ အဖြစ်အပျက်။

    ရန်ကုန်က သူငယ်ချင်းမက …
    သာကြောင်း မာကြောင်း ပြောနေရာကနေ…
    “ဟဲ့ နင်က အခန်းထဲမှာ မိန်းမတစ်ယောက် ခေါ်ထားတာပါလား”တဲ့။
    ကျနော့် ကုတင်ရဲ့ အနောက်ဘက် အစွန်းမှာ ထိုင်နေတာကို တွေ့ပါသတဲ့။
    ကျနော်က နင် နောက်မနေနဲ့ ဘာမှ မရှိဘူးဆိုပြီး
    အခန်းကို လှည့်ပတ် ပြလိုက်သေးတယ်။
    ကျနော်ကတော့ အဲ့ သူငယ်ချင်းမ ကျနော် ကြောက်မလားဆိုပြီး တမင် စနောက် ခြောက်လှန့်တယ်ပဲ
    ထင်လိုက်တာ။

    ရန်ကုန် ရောက်တော့ ဆုံဖြစ်ချိန်မှာ …
    သေချာ ပြန်ပြောပြလေရဲ့။
    အဲ့နေ့ညက ကျနော့်အခန်း ကုတင်စွန်းမှာ တကယ်ပဲ
    မိန်းမတစ်ယောက် ထိုင်နေတာတဲ့။ ပုဂံခေတ်က အဝတ်အစားတွေလိုပဲဝတ်ထားတာတဲ့။
    ကျနော့်ကို စိုက်ကြည့်နေတာတဲ့။
    ကျနော် အရမ်းကြောက်သွားမှာ စိုးလို့ ဆက်မပြောတော့တာတဲ့။

    တော်တော် နောက်တဲ့ သရဲတွေ…
    ကျနော့် ကုတင်ဘေးမှာ ထိုင်နေပြီးတော့များ ဘာမှ မြင်ရအောင် ပြမသွားဘူး။
    ဖီးမတ်ဇာတ်ကားထဲလို သရဲမချောချောလေး ဖြစ်နေလို့ကတော့
    ဘာပြောကောင်းမလဲ…
    တော်တော် နောက်တဲ့ သရဲမ…
    :k:

    အဲလေ… တော်တော် နောက်တဲ့ သူငယ်ချင်းမ
    :k:

    • kai

      February 19, 2019 at 3:51 pm

      တောက်စ်..
      ပုဂံရာဇဝင်ကိုမေးလိုက်ရမှာ..။ လွတ်သွားတာ.. မြန်မာ့သမိုင်းအတွက်..သိပ်နာ..။အရမ်းနာ..။ နာပြီးရင်းနာ..။
      နောက်ဆိုမှတ်ထား..
      ၁) ကျန်စစ်သားဟာ..အနော်ရထာနဲ့ဘယ်လိုအမျိုးတော်သလဲ
      ၂) စောလူးမင်းကို ဘယ်သူသတ်သလဲ
      ၃) အရည်းကြီးဆိုတာ.. ဘယ်လိုလူတွေလည်း..
      ၄) ရှင်အရဟံဆိုတာ တကယ်ရှိလား..
      ၅) ရတနာအိုး ဘယ်နားလေးမြုတ်ထားသလဲ..

      စသဖြင့်မေးလိုက်ပါ…။ အသံသွင်းပေးထားပါပေါ့..
      . အဖြေတခုကို ..ဒေါ်လှ ၁သောင်းပေးဝယ်မယ်နော.. ။ :k:

      • ဇီဇီ

        February 20, 2019 at 10:19 am

        ဘယ် မှာ တုန်း မသိ ဖတ်ဖူးတာ။

        ကုန်းဘောင်ခတ်က လူ ဝင်ပူးလို့ မေးတော့ ကနောင်မင်းသား လုပ်ကြံခံရတာ တကယ်မဟုတ်ဆိုလားး
        သေသွားတာ လူတူပေါ့။
        ကနောင်မင်းသားက အသက်တော်တော်ကြီးတဲ့ထိ နေသွားတယ် ဘာညာ ပြောတယ် တဲ့။

        အမှန်ဆို မှန်နန်းရာဇွင်တွေကို အာ့လို တွေခေါ်မေးပြီး ပြုစုရမယ်။
        ဟိ

  • manawphyulay

    February 28, 2019 at 4:47 pm

    နောက်တစ်ခါတွေ့ရင် မေးလိုက်အကျီအဖြူနဲ့လူကို ဘယ်မှာနေတာလဲလို့….. ပုဂံရောက်ရင် ဝင်ပြီးနှုတ်ဆက်ချင်လို့ပါ..

Leave a Reply