အိမ်နောက်ဖေး အလှဆင်မယ်❤️️💖💕💝🍀🌹🌸🌷🌲🌳🌴🌾🌿🍃

Mon LayApril 6, 20194min2280

#YGNWalls

#doheain

#35thstreetupperblock

🎆ဒီစကားက အမှန်ဆို အိမ်နောက်ဖေး ဈေးဆိုင်တည် ဆိုတဲ့ စကားကနေယူသုံးထားတာပါ။ အကြောင်းအရာဖြစ်ပေါ်လာပုံကို သင်ခဲ့ဖူး၊ဖတ်ခဲ့ဖူးတဲ့သူတွေဆိုသိပါလိမ့်မယ်။ ကိုယ့်အိမ်ရဲ ့ အနောက်ဖက်မှာ အသီးအနှံလေးတွေစိုက်မယ်. .ယာခင်းလေးစိုက်မယ်.. အဲကရတဲ့ အသီးအနှံ လေးကို ကိုယ်ကိုယ်တိုင်ချက်စားမယ်…ရောင်းမယ်ဆို သန့်ရှင်းတဲ့အပြင် အပိုဝင်ငွေလည်း ရနိုင်တဲ့ အကျိုးဖြစ်ထွန်းမယ်ဆိုတာလေးပါ။ ခုလည်း မွန်လေးတို့နေတဲ့ ရန်ကုန်မြို့တော်မှာ တိုက်ခန်းနဲ့နေကြတာများပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေ လည်းတွင်ကျယ်လာတော့ အထပ်မြင့်တိုက်တွေဆောက်လေ..ငယ်ငယ်ကမျောက် ရှုံးအောင်ဆော့ခဲ့ဖူးတဲ့ ကွင်းတွေဆိုတာပျောက်ပြီး တိုက်ခန်းတွေရောက်လာလေပေါ့။ 😥အဲတော့ခုခေတ်ကလေးတွေအတွက် ဆော့ဖို့နေရာတွေတဖြည်းဖြည်းရှားလာတော့တာပေ့ါ။ ကလေးဆိုတာ စာဖတ်ချိန်စာဖတ်ရမယ်။ 📕📚 ဆော့ချိန်ဆော့ရမယ်။ 🧗‍♀️ နားချိန်နားရမယ်လေ။ အဲလိုကစားရမယ့် နေရာတွေပျောက်ကုန်တော့ ခုခေတ်ကလေးတွေခမျာ သနားဖို့ကောင်း လိုက်တာ။ 😑

🎇ဒါမဲ့ အိုင်ဒီယာကောင်းကောင်းကိုအသုံးချတတ်တဲ့လူတွေက အဲလိုကွင်းတွေမရနိုင်တော့ပေမဲ့ တိုက်ခန်းတွေရဲ ့အနောက်ဘက်မှာ အမှိုက်တွေကြောင့် နံစော်ပြီး ခွေးလေခွေးလွင့်တွေ ယင်ကောင်တွေနဲ့ စိတ်ပျက်စရာကြီးကို ဖြစ်နေတာကို ကလေးတွေကစားနိုင်ဖို့ နေ ရာသန့်သန့်လေးဖြစ်အောင် YGN Walls လို့ နာမည်ပေးထားတဲ့ ဒီလိုနံရံတွေ၊နေရာတွေ ဖန်တီးနေတာကိုပြန်မြင်ရတာတော့ ကိုယ်ဖြင့်စိတ်ချမ်းသာလိုက်တာ.. 😊😊အဲလိုအိမ်နောက်ဖေး မှာလုပ်လိုက်လို့လည်း အကျိူးဖြစ်လာဖို့လည်းမျှော်လင့်ပါတယ်။

အဲလိုညစ်ပတ်နေတဲ့ နောက်ဖေးလမ်းကြား နံရံတွေဟာ ဘယ်ညာနှစ်ခြမ်းလုံး အနုစိတ်ရေး ဆွဲထားတဲ့ ပန်းချီလက်ရာတွေကြောင့်၊ သန့်ရှင်းနေမှုတွေကြောင့် အရင်ကဘယ်သူမှမလာခဲ့တဲ့ ဒီလိုနေရာတွေကို လာရောက်လည်ပတ်သူတွေ ရှိလာခဲ့ပြီ…၊နေထိုင်သူတွေလည်း အမှိုက်ကို အိမ်နောက်ဖက်ချတတ်တဲ့ လက်လွတ်စပယ် အကျင့်တွေပျောက် ကွယ် လာတော့မယ်။ 🤷🤷

အိမ်နောက်ဖေးလမ်းကြားလေးတွေကို အလှဆင်ခဲ့ကြသူ Doh Eain “ဒို့အိမ်” ဆိုတဲ့ အဖွဲ့အစည်းကိုလည်း မွန်လေးကျေးဇူးအရမ်းတင်တယ်။ 🙏🙏 သူတိို့က ၂၀၁ရ ခုနှစ်တည်းက နောက်ဖေးလမ်းကြားတွေကို အဆင့်မြှင့်ပြီး လည်ပတ်ချင်စရာ အပန်းဖြေစရာလေးတွေ ဖြစ်လာအောင် လုပ်ဆောင်ခဲ့ကြတာပါ။.. ဒီဆိုဒ်ထဲမှာ http://www.doheain.com မှာ လေ့လာလို့ရပါတယ်။

ဒို့အိမ်ရဲ့ အလှဆင်ထားတဲ့ နောက်ဖေးလမ်းကြားလေးတွေကတော့ မြို့ထဲနေရာအနှံ့ရှိပါတယ် အဲထဲကမှ မွန်လေး ပထမဦးဆုံးရောက်ခဲ့ဖူးတဲ့ နေရာက ၃၅ လမ်း အပေါ်ဘလောက်ပါ။

ဘာတွေရှိလဲဆိုတာကိုတော့ ပုံလေးတွေကြည့်ပေးနော်။