Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Medicare ဘာလဲ – (မောင်မိုးညို)

kaiDecember 5, 20196min11221

အမေရိကရောက် ကျွန်တော်တို့မြန်မာတွေ အလုပ်ကုန်းရုန်းလုပ်ကြပြီး အငြိမ်းစားယူချိန်မှာ နဖူးတွေ့ဒူး  တွေ့ ရင်ဆိုင်ရတဲ့ ကိစ္စကြီးတခုကတော့ Medicare လို့ခေါ်တဲ့ သက်ကြီးအငြိမ်းစားများအတွက် ဗဟို အစိုးရရဲ့ အစီအမံဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအာမခံ ကိစ္စပါဘဲ။ ဒီအစီအမံနဲ့ပါတ်သက်ပြီး  ရေရေလည်လည် နားလည်လိုကြသူတွေ အများအပြားတွေ့ရပေမဲ့လည်း၊ ထဲထဲဝင်ဝင် လေ့လာသူ  တွေအလွန်ရှားပါတယ်။ အမေရိကမှာမွေးပြီး၊ အမေရိကမှာကြီးကြသူ အမေရိကန်လူမျိုးစစ်စစ်တွေ ကိုယ်တိုင်မျက်စေ့လည်ခြင်းမကလည်ရတဲ့ အစီအမံပါ။ သို့သော်လည်း“ပျိုတိုင်းကြိုက်ကြတဲ့ နှင်းဆီခိုင်” လို့တင်စားရပြီး၊ မိမိတို့ရဲ့ သက်ကြီးပိုင်း ဘဝရဲ့ သာယာနာပျော်ဘွယ်နောက်ဆုံး အချိန်ပိုင်းတွေမှာကြောင့်ကြမှုကင်းတဲ့ အရံအတားကိုမဖြစ်မနေရယူထားကြဘို့လိုတယ်ဆိုတာကို ယေဘူယျ သိထားကြတာမို့၊ နားမလည်ကြတာတွေနောက်ထားလို့ မျက်စေ့မှိတ်ပြီး၊ ဒီအစီအမံ အာမခံကိုရယူကြရပါ တယ်။ စာရေးသူကိုယ်တိုင် (ဆိုင်ရာ U.S. Centers for Medicare & Medicaid – CMS  နဲ့ ဆက်သွယ်မှုရှိသည့်တိုင်) စမ်းတဝါးဝါးဘဝကမတက်သေးကြောင်းရိုးသားစွာဝန်ခံပါရစေ။ သို့သော်လည်း ကိုယ်နဲ့နီးစပ်ရာမြန်မာမိသားစုဝင်တွေရဲ့ သက်ကြီးပိုင်းဘဝတွေရဲ့ အားကိုးမှုကင်းမဲ့တဲ့ အဖြစ်တွေ ကိုတွေ့မိရလို့၊ လေ့လာစုံးစမ်းပြီး၊ ဒီဆောင်းပါးကို အခြေခံကျကျရေးသားထားပါတယ်။

ဒီဆောင်းပါးရေးချိန်မှာ နှစ်ပါတ်လည်စာရင်းသွင်းရချိန်(ဒီဇင်ဘာ ၇-ရက်နေ့) ကုန်ဆုံးတော့မှာမို့ အချိန်ရှိခိုက်လုံ့လစိုက်ကြဘို့ နှိုးဆော်လိုက်ပါတယ်။

ဘယ်လိုလူတွေစတင်စာရင်းသွင်းနိုင်ကြပါသလဲ

မိမိတို့ရဲ့မွေးနေ့မှာ အသက်(၆၅)နှစ်ပြည့်ကြသူ အလုပ်လုပ်ခဲ့ကြဘူးသူတိုင်း စာရင်းမသွင်းမနေရ သတ်မှတ်ထားပါတယ်။ ဒါဥပဒေအရပါ။ မိမိတို့အသက်(၆၅)နှစ်ပြည့်ဘို့(၃)လလောက်ကတည်းကစာ ရင်းသွင်းကြဘို့ မမေ့သင့်ပါဘူး။ စာရင်းမသွင်းရင် ကိုယ်စားရင်းသွင်းချိန်မှာ ဒါဏ်ကြေး (၁၀%)  လောက်စပေးရပြီးနှစ်စဉ်တိုးသွားနိုင်တယ်ဆိုတာကိုအထူးသတိပြုကြပါ။ နားမလည်လို့၊ မေ့သွားလို့ ဆိုတဲ့ဆင်ချေက မကယ်နိုင်ဘူးဆိုတာကိုသတိပြုကြပါ။ ကျွန်တော်တို့မြန်မာတွေထဲ ဒါဏ်ရိုက်ခံရလို့ ရှက်ရှက်နဲ့လူသိမခံရဲသူတွေအများကြီးလို့အသိပေးပါရစေ။

တခါမှအလုပ်မလုပ်ဘူးသူတွေရော လျှောက်ထားလို့ရပါသလား

နိုင်ငံသား citizens ဖြစ်ပြီးဘို့လိုပါတယ်။ ဥပဒေအရ Supplemental Social Security Income (SSI) (သို့မဟုတ်) ခံစားခွင့်ရှိတယ်လို့သတ်မှတ်ခြင်းခံရသူ အချို့သော Supplemental Social Security Disability Income (SSDI) ရထားကြသူတွေအလိုအလျောက် (လျှောက်ထားဘို့တော့လိုပါတယ်။) ခံစားခွင့်ရှိကြပါတယ်။ Citizens မဖြစ်ကြသေးသူ Green Cardရှိထားသူထဲက SSDI လက်ဝယ်ရှိသူ  တွေလည်းလျှောက်ထားနိုင်ကြပါတယ်။ အခရာကျတဲ့အချက်ကတော့ SSI (သို့မဟုတ)  SSDI ရှိမရှိ ပေါ်အတော်လေးမူတည်ပါတယ်။ ဒါပေမဲ့ ပြည်နယ်အလိုက်ကွာခြားမှုရှိပါတယ်။ Medicaid လက်ဝယ်ရှိ သူ (ဝင်ငွေအလွန်နည်းသူ၊  refugees နဲ့ asylees) တွေကိုတော့ ဆိုင်ရာပြည်နယ်တွေရဲ့ထိန်းချုတ်မှုနဲ့ Medicare ကိုMedicaid ကပရီမီယံကြေးအချို့ (သို့မဟုတ်) ရာနှုန်းပြည့်ပေးခြင်းနည်းနဲ့ ကာယကံရှင် အတွက် လစဉ်ပရီမီယံကိုသက်သာစေပါတယ်။

Medicare ရဲ့အစိတ်အပိုင်းတွေ

Part A: ဆေးရုံတင်ကုသမှု(ခွဲစိတ်မှုမျိုးအပါအဝင်)၊ နာတာရှည်၊ နာမကျန်းမှုနောက်ဆုံးစောင့်  ရှောက်မှု၊ အိမ်တိုင်ရာ ရောက်စောင့်ရှောက်မှု။

Part B: ဆရာဝန်၊ အထူးကုအပါအဝင် အခြားကုသမှုမျိုးစုံတို့ရှိရာပြင်ပလူနာကုဆေးခန်းတွင်စမ်း သပ်ကုသမှု၊ ဓါတ်ခွဲ/ဓါတ်မှန်အပါအဝင်၊ ကိုယ်ခန္ဓာအထောက်အကူပြုကိရိယာတန်ဆာပလာ  ထောက်ပံ့ခြင်း၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ။

Part C: Part A, B နဲ့ အများအားဖြင့်Part Cတွေအားလုံးပါဝင်ပြီး၊ Plan (မိမိစိတ်ကြိုက်ရွေးရတဲ့) Medicare Advantage ကို “All-in-one”လို့လူသိများပါတယ်။ အမေရိကနိုင်ငံသားလူများစုသုံးကြတဲ့ အစိတ်အပိုင်းပါ။ ဘာ့ကြောင့်လဲဆိုတာကိုတော့ အောက်မှာရှင်းလင်းဖေါ်ပြပေးထားပါတယ်။

Part D: ဆေးဝါးနဲ့ကာကွယ်ဆေးလို လိုအပ်ချက်တွေကိုလွှမ်းခြုံကာကွယ်ပေးထားပြီး၊ Part C မှာ အများအားဖြင့် အပါတည်းပူးပေါင်းပါဝင်လေ့ရှိပါတယ်။

Medicare သက်သက်သာရှိသူတွေအတွက် သုံးရောင်ချယ်စက္ကူကတ်ကိုကိုယ်နဲ့တပါတည်းအမြဲထား ရှိကြဘို့လိုသလို၊ Medicare Advantage ရှိသူတွေအနေနဲ့ကတ်(၂)မျိုးလုံးအမြဲကိုယ်နဲ့မကွာရှိကြဘို့လို ပါတယ်။

အသက် (၆၅)နှစ်ပြည့်ပြီးဆက်အလုပ်လုပ်ရင်းအလုပ်ကပေးတဲ့ ကျန်းမာရေးအာမခံရှိနေရင်ရော

အလုပ်ကပေးတဲ့ Group Health Planကိုဆက်သုံးရပါမယ်။ ဒါပေမဲ့Medicare/Social Security Administrationကို ခံစားခွင့် ဆိုင်းငံ့ကြောင်းလျှောက်ထားကြဘို့လိုပါတယ်။ ဒီလိုလျှောက်ထား ဘို့ပျက်ကွက်တဲ့သူတွေအများကြီးရှိနေလို့ပါ။

Medicare နဲ့ Medicare Advantage ဘာကွာသလဲ

မူလMedicare (Original Medicare) လို့သိထားကြတဲ့ အဲ့ဒီအာမခံလက်ဝယ်ရှိကြသူတွေ ဟာ အမေရိကတစ်နိုင်လုံးမှာရှိတဲ့ ဘယ်ဆေးရုံဆေးခန်းမှာမဆိုအကန့်အသတ်မရှိ စစ်ဆေးခံကုသခံခွင့်ရှိ ပါတယ်။ Medicare Advantage ရှိကြသူတွေကတော့မိမိနှစ်သက်ရာဆရာဝန်နဲ့plan ကိုကြိုတင်သတ် မှတ်စာရင်းသွင်းဘို့ လိုအပ်ပြီး၊ ဆိုင်ရာသတ်မှတ်ဆေးရုံ/ခန်းဌာနတွေမှာသာ(networkအတွင်းမှာသာ) ကုသခံယူခွင့်ရှိပါတယ်။ ဒါပေမဲ့ Original Medicare မှာ မျက်စေ့စမ်းသပ်တာ၊ သွားကျန်းမာရေး၊ အကြားအာရုံကုသခွင့်နဲ့ ဆေးဝါးလိုအပ်ချက်တွေအတွက် Original Medicare မှာပါဝင်ခြင်းမရှိတာမို့၊ ကိုယ့်ကိုယ်ကို ကျန်းမာရေးဒေါင်ဒေါင်မြည်ပြီး၊ ဆေးဝါးအမြဲမလိုအပ်သူတွေ(refill prescription) Original Medicare နဲ့ဘဲနေနိုင်ပါတယ်။ ဒါပေမဲ့ နားလည်ကြဘို့က အသက်အရွယ်ရောက်လာကြသူ  တွေတနည်းမဟုတ်တနည်းနဲ့ ကျန်းမာရေးအတွက်လိုအပ်ချက်ရှိကြသူတွေချည့်ဆိုတာကို မမေ့ကြ ပါနဲ့။ Original Medicare ရှိကြသူတွေမှာPrimary Care Physicianမျိူးမရှိတဲ့အတွက်ကြောင့် အထူးကုနဲ့ပြဘို့ လွှဲပြောင်းပေးဘို့(referral) မလိုပါဘူး။ ဒါပေမဲ့ Medicare Advantage ကတော့ လိုကြောင်းပါ။

ဒီအတွက်လည်းအစိုးရကိုယ်တိုင် Medicare Advantage ကိုလူတိုင်းရယူကြဘို့တွန်းအားပေးနေတာ အထင်အရှားပါ။

Medigap ဆိုတာရော

Original Medicareရှိကြသူတချို့က မိမိတို့နာတာရှည်ရောဂါလိုတခုခုအတွက်အပိုဆောင်းလွှမ်းခြုံ ကာကွယ်မှုတွေ (supplemental coverage)ရှိတတ်ကြပါတယ်။ Medicare Advantage လက်ဝယ် ရှိထားသူတွေတော့ လျှောက်ထားကြဘို့မလိုပါ။

Medicare, Medicaid နဲ့ Obamacare (Affordable Care Act)တို့ရဲ့ကွာခြားချက်

Medicareဟာ မိမိတို့အလုပ်လုပ်ကိုင်စဉ်ဘဝအစိတ်အပိုင်းကြီးမှာ လစဉ်လစာထဲကဖြတ်ယူပြီး၊ အစိုးရကကြီးမှူးတဲ့ စုဆောင်းငွေ (fund) ကနေ မိမိအငြိမ်းစားယူချိန်မှစတင်ခံစားခွင့်ရှိတဲ့ အစီ အမံဖြစ်ပြီး၊ Medicaid တော့ ဗဟိုအစိုးရကပြည်နယ်အလိုက်ခွဲဝေပေးတဲ့ ရံပုံငွေကိုဆိုင်ရာပြည်နယ်  တွေကကြီးကြပ်တဲ့အစီအမံဖြစ်ပြီး၊ ဝင်ငွေအလွန်နည်းသူလူမွဲများနဲ့ ဥပဒေအရခံစားခွင့်ပြုခံရသူအမျိုး အစားတွေအတွက်ဖြစ်ပါတယ်။ Obamacare ကတော့ တနေ့တခြားစရိတ်မြင့်မားလာတဲ့ကုသစရိတ်  တွေကို သုံးစွဲနေကြရတဲ့ လူလတ်တန်းစားသာမာန်လူများစုနိုင်ငံသားတို့အတွက် တိုက်ရိုက် အ  ထောက်အပံ့ပြုတဲ့အပြင်၊ Medicare နဲ့ Medicaid တို့ရဲ့ ရှုတ်ထွေးလှတဲ့ စနစ်ကိုအထောက်အကူ များပြုပေးတဲ့ ပညတ်ချက်များလုပ်ပေးတဲ့ ဈေးကွက်ကျန်းမာရေးအာမခံစနစ်ကိုအားပေးတဲ့ အစီအမံ ပါ။

Long Term Care လို့ခေါ်တဲ့ သက်ကြီးရွယ်အိုများကို အိမ်တွင်းစောင့်ရှောက်မှုပေးခြင်း

အိမ်နေသက်ကြီးရွယ်အိုတွေအတွက် ရေချိုး၊သန့်ရှင်းရေးလုပ်၊ အစားအစာချက်ပြုတ်ကျွေးမွေးခြင်း စတဲ့ အလုပ်အတွက် Medicare အပါအဝင်ဘယ် plansတွေကမဆိုလွှမ်းခြုံကာကွယ်မှုမပေးတာ  ကြောင့် မိမိစရိတ်အတိုင်းသာကျခံကြရပါမယ်။

Programs of all-inclusive Care for the Elderly “PACE”ဆိုတဲ့ အစီအမံအာမခံကဘယ်လို ကာကွယ်မှုပေးလဲ

ပြည်နယ်တော်တော်များများမှာရှိတဲ့ Senior care nursing home  တွေမှာ တရားဝင်ခံစားခွင့်ရှိဘို့၊ အသက်(၅၅)နှစ်အထက်ရှိပြီး၊ မိမိကို nursing-homeစောင့်ရှောက်မှုခံစားခွင့်အမိန့်ရရှိထားရပါမယ်။ ဒါ့အပြင် Medicare မှ အဲ့ဒီဌာနအဖွဲ့အစည်းကို PACE လက်ခံဆောင်ရွက်ခွင့်တရားဝင်အသိအမှတ်ပြု ထားရပါမယ်။ အဲ့ဒီမှာနေထိုင်ခွင့်ရသူဟာ Medicaidရထားပါကပရီမီယံငွေကြေးကုန်ကျစရာမရှိပေမဲ့၊ Medicare သက်သက်သာရှိပါက၊ လစဉ်ကြေးပေးသွင်းရပါလိမ့်မယ်။

Medicare ရှိသူတွေပြည်ပခရီးသွားရင်ရော

အလွန်ရှားပါးတဲ့ချွင်းချက်ကလွဲရင်၊ ကာကွယ်မှုမရှိကြောင်းပါ။ မြန်မာပြည်ပြန်ရင်းရောဂါတခုခုကြောင့် ကုသဘို့လိုရင်၊ ကိုယ်အိပ်ထဲကသာကုန်ကျခံရမယ်ဆိုတာသိနားလည်ကြဘို့လိုပါတယ်။ ပြန်လည်  တောင်းခံ(claims) လုပ်လို့လဲမရကြောင်းပါ။

လစဉ်ပေးသွင်းရတဲ့ပရီမီယံကြေးဘယ်လောက်လဲ

Original Medicare နှစ်စဉ်အပြောင်းအလဲရှိပြီး (၂၀၂၀) အတွက် ကတော့ ($135.50)ကိုမိမိတို့ဆိုင် ရာငွေစာရင်း (Social Security accountရှိရင်လည်းအဲ့ဒီစာရင်းက) ဖြတ်ယူပါတယ်။ Medicare Advantage ရှိကြသူ (လူများစု) ဟာ မိမိတို့နဲ့အသင့်တော်ဆုံးဖြစ်ပြီး စရိတ်သက်သာတဲ့နှုန်းထားရှိတဲ့ CMS-approved ကျန်းမာရေးအာမခံကုမ္ပဏီကြီးတွေဆီကနေ လေ့လာသုတေသနပြုဝယ်ကြရတာမို့၊ ဇာတ်လမ်းကအဲ့ဒီကစပါတယ်။ မိမိစိတ်ကြိုက်ဆရာဝန်၊ သွားရေးလာရေးလွယ်ကူနီးစပ်မှု၊ နှုန်းထား သက်သာမှု၊ လွှမ်းခြုံကာကွယ်မှုအတိုင်းအတာ ဆိုတဲ့ အဓိကအချက်ကြီးတွေကိုစကြည့်ကြရပါတော့ တယ်။ နေ့စဉ် ရုပ်မြင်သံကြား၊ သတင်းစာ၊ ပို့စာတွေမှာ open enrollmentကာလရောက်ချိန်တွေမှာ ပလူပျံအောင်မြင်တွေ့ကြားသိကြရတာတွေ၊ (စားသောက်ဖွယ်များအခမဲ့ကြွေးခြင်းနည်းတွေနဲ့ မိမိတို့ရဲ့ plan ဘယ်လောက်ကောင်းကြောင်းစည်းရုံးတာတွေ) အားလုံးဟာ မျက်စေ့လည်စရာအဖြစ်တွေပါ။ လစဉ်ပရီမီနှုန်းထားနဲ့လွှမ်းခြုံကာကွယ်မှု(coverage)တွေကဆိုင်ရာ plans တွေပေါ်မှာမူတည်ပါတယ်။

ဒီမျက်စေ့လည်စရာတွေကို ဘက်လိုက်မှုမရှိဘဲ မိမိကိုလမ်းညွှန်ပေးနိုင်တဲ့ အဖွဲ့အစည်းမရှိဘူးလား

အကျိုးအမြတ်ကိုရှေ့တန်းတင်ခြင်းအလျင်းမရှိတဲ့ ပုဂ္ဂလိကလမ်းညွှန်အဖွဲ့များစွာရှိကြပါတယ်။ အဲ့ဒီအထဲက အစိုးရကလ်မးညွှန်တဲ့ အဖွဲ့ကြီးကတော့  Health Insurance Counselling and Advocacy Program (HICAP) (SHIPအဖွဲ့ပါ) လို့ခေါ်တဲ့အစီအစဉ်တွေကိုရယူတဲ့ အခမဲ့ အဖွဲ့တွေ ရှိပါတယ်။ အဲ့ဒီ အစီအစဉ်ကို အင်တာနက်မှာတက်ကြည့်ရင်မိမိတို့နေထိုင်ရာ ဒေသအလိုက်ရှင်း လင်းဆွေးနွေးပွဲတွေ အကြံပြုတာတွေကို ရယူနိုင်ပါတယ်။

အစိုးရကတရားဝင်ထုတ်ပြန်တဲ့ Medicare ဆိုင်ရာကိစ္စတွေ လေ့လာနိုင်စရာမရှိဘူးလား

ရှိပါတယ်။ “Medicare & You” ကိုအသက်ပြည့်မှီကြသူတွေဆီ ဆိုင်ရာကစာတိုက်မှတဆင့်  ပေးပို့ သလို၊ အင်တာနက်မှတဆင့်ဝင်ရောက်ကြည့်ရှုနိုင်ကြပါတယ်။ အလွန်တန်ဘို့းရှိပြီး၊ ကိုယ်သိချင်တာ ကို လွယ်လွယ်ကူကူရှင်းရှင်းလင်းလင်းရေးသားထားပါတယ်။  www.medicare.gov မှာလည်းတက်  ရောက်ကြည့်ရှုနိုင်ကြကြောင်းပါ။

မိမိတို့အတွက်အသင့်တော်ဆုံး လွှမ်းခြုံကာကွယ်မှုကိုရှာဖွေရာမှာ ဦးစားပေးကြည့်သင့်တဲ့အချက်တွေ

အမေရိကနိုင်ငံသားများအပါအဝင်ကျွန်တော်တို့မြန်မာမိသာစုတွေ အမှားကြီးမှားကြတဲ့အချက်က  တော့ မိမိတို့နှစ်သက်ရာနီးစပ်ရာ၊ လူပြောများတဲ့ ဆရာဝန်ကိုရွေးချယ်ခြင်းပါဘဲ။ ကျွန်တော်တို့မြန်မာ  တွေ ရွေးချယ်လေ့ရှိကြတာကတော့ မြန်မာစကားပြောတဲ့ဆရာဝန်ကိုဦးစားပေးခြင်းဆိုတဲ့ အမှားကြီးပါဘဲ။ အောက်ပါအချက်တွေကိုဦးစားပေးကြပါ။

(က) လွှမ်းခြုံကာကွယ်မှုဘယ်လောက်ကောင်းလဲ(coverage)

(ခ) deductibleကိုရှောင်ကြပါ။ ပရီမီယံကြေးသက်သာတာတခုတည်းကိုမကြည့်ကြပါနဲ့။

(ဂ) မိမိတို့နေထိုင်ရာနဲ့နီးတဲ့ ဆရာဝန်၊ အရေးပေါ်ဌာန နဲ့ ဆေးရုံဖြစ်ပါစေ။ ကိုယ်ကကားမောင်း နိုင်ရင်တော့ အရေးမကြီးပါ။ ရေရှည်ကိုထဲ့တွက်ကြပါ။

(ဃ) ဆရာဝန်ကိုကြိုက်ကြပေမဲ့ ပေါ့လျော့တဲ့ ဝန်ထမ်းများ၊ အဖြစ်အပျက်တွေထူပြောတဲ့ဆေးခန်း ကို ရှောင်သင့်ပါတယ်။

(င) မိမိကျန်းမာရေးနဲ့ဆက်စပ်တဲ့ ရောဂါစမ်းသပ်ရှာဖွေခြင်းကိုapproveလုပ်ပေးရာမှာ လျှင်မြန် ထိရောက်မှုရှိမရှိ။ မိမိကိုပြန်အသိပေးဆက်သွယ်မှုထိရောက်လျင်မြန်တိကျမှုရှိမရှိ။

(စ) မိမိ plan နဲ့ဆိုင်တဲ့ဆေးရုံရဲ့ ဂုဏ်သတင်းကျော်စောမှု။ ဒါကလည်းအလွန်အရေးကြီးပါတယ်။ မိမိတို့ရဲ့ ဆိုင်ရာဆရာဝန် (Primary Care Physician – PCP)နဲ့ ကုသရေးသတင်းဖလှယ်မှု ဘယ်အတိုင်းအတာအထိထိရောက်မှုရှိသလဲ။

(ဆ) မိမိအလိုကိုလိုက်လုပ်ပေးသူဆရာဝန်များကိုသတိထားပါ။ မိမိရောဂါနဲ့ပါတ်သက်ပြီး၊ ဘယ်လောက်စိတ်ဝင်တစားလေ့လာဆန်းစစ်သလဲ၊ နောက်ဆက်တွဲဖုံးခေါ်မေးမြန်းတာ၊ ဆက်သွယ်မှု ရှိမရှိ။ ကိုယ်နဲ့ဆိုင်တဲ့ ရောဂါရှာဖွေရာဌာန၊ ဆေးရုံတို့အကြောင်းလုံးစေ့ပါတ်စေ့လေ့လာထားခြင်းရှိမရှိ။

Medicare နဲ့ပါတ်သက်ပြီးမကြေနပ်မှုရှိပါက(သို့မဟုတ်)မေးမြန်းလိုပါက ပြည်နယ်တိုင်းမှာ State Health Insurance Assistance Programs (SHIPs)ရှိပါတယ်။ အဲ့ဒီမှာ မိမိတို့ရဲ့ပိုင်ခွင့်၊  ငွေတောင်းခံလွှာ၊ plans တွေနဲ့ပါတ်သက်ပြီးနားမလည်တာ၊ မရှင်းလင်းတာ၊ စောဒကတက်လိုတာ၊ တိုင်ကြားလိုတာတွေကို၊ အခမဲ့ဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းပါ။

မိမိနဲ့ဆိုင်တဲ့ မှတ်တမ်းများ

Medicare ကိုအင်တာနက်အွန်လိုင်းမှာ မိမိတစ်ဦးတည်းသီးသန့်အတွက် တနေရာတည်းမှာ မှတ်တမ်းများကိုသိမ်းဆီးထားနိုင်ပါတယ်။ Mymedicare.gov ရဲ့ Blue Buttonကို အဲ့ဒီကနေရယူနိုင် ကြပါတယ်။ (Blue Button 2.0) ဟာနောက်ဆုံးပေါ်အွန်လိုင်းစနစ်မို့လုံခြုံမှုအပြည့်အဝရှိပြီး၊ မိမိမိသားစုဝင်သားသမီး (သို့မဟုတ်)ယုံကြည်စိတ်ချရသူတွေကို မိမိကိုယ်စားဆက်သွယ်နိုင်ခွင့်ကို လည်းလျှောက်ထားနိုင်ပါတယ်။

အမေရိကရောက်မြန်မာမိသားစုတွေ သက်ကြီးရွယ်အိုပိုင်းမှာကြောင့်ကြမှုကင်းတဲ့ ကျန်းမာရေးစောင့်  ရှောက် မှုရရှိပိုင်ဆိုင်ခွင့်ဟာ အလွန်အရေးကြီးပါတယ်။ ဒီအချက်ကိုရရှိနိုင်ဘို့ အခြားသူကိုအကူအညီ  တောင်းတာထက် မိမိကိုယ်တိုင်က ရယူနိုင်အောင်လေ့လာကြပါ။ အသက်(၆၅)မတိုင်ခင်ကတည်းက  စိတ်ချမ်းသာမှုပြည့်တဲ့ အငြိမ်းစားဘဝအတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ရာမှာ၊ ဒီကိစ္စက အလွန်အခရာကျတဲ့ကိစ္စကြီးတခုပါလို့ ဆိုပါရစေ။

မြန်မာဂဇက် – ၂၀၁၉ ဒီဇင်ဘာလထုတ်တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။

One comment

  • manawphyulay

    January 8, 2020 at 4:23 am

    အတော်ဗဟုသုတ ရပါတယ်။ မြန်မာနိုင်ငံရဲ့အကြောင်းလေးလည်း လေ့လာလိုက်ပါဦးမယ်…

Leave a Reply