Sapa ကိုသွားမယ်ဆိုရင်

Mon LayDecember 27, 20191min2630

Sapa ဆိုတာ ဗီယက်နမ်မြောက်ပိုင်းမှာတည်ရှိပြီး  မြို့တော် ဟနွိုင်းကနေသွားမယ်ဆို (၆)နာရီနီးပါး

ကြာမြင့်မှာဖြစ်ပါတယ်။ လှေကားထစ်စိုက်ခင်းလေးတွေရယ်၊ စိမ်းစိုညို့မှိုင်းနေတဲ့ တောင်တန်းတွေရယ်

အရမ်းကိုသာယာလှပတဲ့ Sapa ကို အလည်တစ်ခေါက်သွားရောက်ဖို့  လည်ပတ်လို့ရမယ့်နေရာများကို

အက်မင်ကပြောပြပေးသွားပါမယ်။

Summit Mount Fansipan

တိမ်ပင်လယ်တွေမြင်ရတဲ့ Fansipan တောင်ဟာ ဗီယက်နမ်မြောက်ပိုင်းမှာ အမြင့်ဆုံးတောင်ဖြစ်ပြီး အဲ့တောင်ကိုတက်ဖို့တော့ Cable car စီးရပါမယ်။ ထိပ်ဆုံးကိုရောက်ဖို့တော့ လှေကား အနည်းငယ် တက်ပြီး ရထားအသေးကိုထပ်စီးပြီးရင် ရောက်ရှိ မှာဖြစ် ပါတယ်။ တောင်တက်သမားတွေနဲ့ အမြဲလိုလိုပြည့်နေတဲ့ Fansipan တောင်ဟာ တစ်ခါရောက်ဖူးတာနဲ့ တစ်သက်မမေ့နိုင်စရာ အမှတ်တရမြင်ကွင ်း တွေပေးစွမ်းနိုင်တတ် လိုု့ သွားဖြစ်အောင်သွားကြပါလို့အက်မင်ကအကြံပေးလိုက်ပါတယ်။

Trekking to villages

ရွာတွေကိုသွားလည်ပြီး လေ့လာစူးစမ်းခြင်းဖြင့် ဒေသခံတွေအကြောင်းနဲ့ သဘာဝရဲ ့အလှအပများကို ခံစားနိုင်ပါတယ်။ Trung Chai Village ကိုသွားခဲ့မယ်ဆိုရင်တော့ ကောက်ရိတ်သိမ်းချိန်သွားပါ။ အဲ့အချိန်ဆို လှေကားထစ်စိုက်ခင်းတွေဟာ အစိမ်းရောင်နဲ့ အဝါရောင်သမ်းနေပြီး အရမ်းကိုလှနေတာ

ပေါ့။

Silver Waterfall

ပန်းချီကား တမျှလှပသော Silver Waterfall (or) Thac Bac waterfall ဟာ Sapa မြို့နဲ့ဆို နာရီဝက်လောက်သွားရင်ရောက်ပါတယ်။ တောင်ပေါ်ကနေ ကျလာတဲ့ရေတွေရယ်၊ နေရောင် က တဖိတ်ဖိတ်တောက်တဲ့အရောင်နဲ့ဟပ်ပြီး အရမ်းကိုလှပတဲ့ ရေတံခွန်လေးဖြစ်နေတာပေ့ါ။ အပေါ်စီးကနေမြင်ရတဲ့မြင်ကွင်းလှလှကိုမြင်ချင်ရင်တော့ ရေတံခွန်အောက်ခြေကနေ (၃၀)မီတာအမြင့်ကိုတက်ဖို့လိုပါတယ်။

Ham Rong Mountain

ပန်းများ၊ သစ်ခွပန်းများ နဲ့ ထူးခြားဆန်းပြားတဲ့ ပန်းလေးတွေကိုချစ်တတ်ရင်တော့ ဒီ Ham Rong တောင်ကို သွားပါလို့ ညွှန်းချင်ပါတယ်။ တောင်ရဲ ့ပုံစံကလည်း နင်္ဂါးပါးစပ်ပုံစံရှိပြီး တစ်ခါတစ်လေ တောင်ပေါ်မှာလည်း ကပြဖျော်ဖြေမှုတွေလည်းရှိတတ်ပါတယ်။

Bac Ha Sunday Market

ဒီဈေးဟာ ဗီယက်နမ်အနောက်မြောက်ပိုင်း ဈေးတွေထဲမှာ Tourist attraction အဖြစ်ဆုံးဈေးတစ်ခု ပါ။ ဘာလို့လဲဆို ဗီယက်နမ်လူမျိုးစုများ ရောင်းတဲ့ဈေးဖြစ်ပြီး သူတို့ကိုယ်တိုင်က ရိုးရာဝတ်စုံတွေဝတ်၊ ရိုးရာပစ္စည်းတွေကအစ နေ့စဉ်အိမ်သုံးပစ္စည်းတွေအထိ ရောင်းချလို့ပဲဖြစ်ပါတယ်။ ဆန်းဒေးမားကဒ်ဆိုပေမဲ့ စနေနေ့ညနေကတည်းကကို ဈေးက စည်စပြုပြီး handmade ပစ္စည်းတွေ၊ ရိုးရာအစားအသောက်တွေရောင်းတဲ့ဆိုင်တွေနဲ့ ဟုန်းဟုန်းထ စည်ကားနေတာပေ့ါ။