Reader Digest ဟာသများ (၁)
“ရယ်မောခြင်းသည် အကောင်းဆုံး ဆေးတစ်ခွက် ဖြစ်သည်။”
အခန်း (၁)
ရှေ့နေသုံးယောက်နဲ့ အင်ဂျင်နီယာ သုံးယောက်ဟာ အစည်းအဝေးပွဲတစ်ခုကို ရထားဖြင့် ခရီးသွားနေကြပါ တယ်။ ဘူတာရုံတစ်ခုတွင် ရှေ့နေတစ်ယောက်စီက လက်မှတ်တစ်ဆောင်စီ ဝယ်နေချိန်တွင် အင်ဂျင်နီယာများက သူတို့သုံးယောက်စာအတွက် လက်မှတ်တစ်ဆောင်သာ ဝယ်ခဲ့ပါတယ်။
“လက်မှတ်တစ်စောင်တည်းနဲ့ မင်းတို့တစ်တွေ ဘယ်လို ခရီးသွားကြမလဲ” လို့ ရှေ့နေတစ်ယောက်က မေးပါတယ်။
“စောင့်ကြည့်လိုက်ပါ” လို့ အင်ဂျင်နီယာတွေထဲက တစ်ယောက်က အဖြေပေးပါတယ်။
ရထားပေါ်တက်ပြီးသောအခါ ရှေ့နေများက သူတို့ရဲ့ ထိုင်ခုံများတွင် ထိုင်လိုက်ကြပါတယ်။ ဒါပေမယ့် အင်ဂျင်နီယာသုံးယောက်က အိမ်သာတစ်ခုထဲကို ကျပ်ကျပ်ညှပ်ညှပ် ဝင်သွားပြီး တံခါးကို ပိတ်လိုက်ပါတယ်။ ရထားထွက်ပြီး မကြာခင်တွင် လက်မှတ်စစ် ရောက်လာပါတယ်။ သူက အိမ်သာတံခါးကို ခေါက်လိုက်ပြီး
“ကျေးဇူးပြုပြီး လက်မှတ်ပေးပါ” လို့ မေးပါတယ်။
တံခါးက ခပ်ဟဟလေး ပွင့်လာပြီး လက်ထဲတွင် လက်မှတ်တစ်စောင်နဲ့ အတူ လက်တစ်ဖက်တည်းသာ ထွက်လာပါတယ်။ အဲဒီ အဖြစ်အပျက်ကို တွေ့ပြီးတဲ့နောက် ရှေ့နေများက အပြန်ခရီးတွင် ထို့ကဲသို့ တစ်ပုံစံတည်း လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့် သူတို့ တစ်တွေ ဘူတာရုံကို ရောက်သောအခါ သူတို့က လက်မှတ်တစ်စောင်တည်းသာ ဝယ်ခဲ့ကြပါတယ်။ သူတို့ အံ့ဩသွားတာက အင်ဂျင်နီယာများက လက်မှတ်တစ်စောင်မှ မဝယ်ခဲ့ပါဘူး။
“မင်းတို့တစ်တွေ လက်မှတ်မပါဘဲ ဘယ်လို ခရီးသွားကြမလဲ” လို့
စိုးရိမ်နေတဲ့ ရှေ့နေများထဲက တစ်ယောက်က မေးပါတယ်။
“စောင့် ကြည့်လိုက်ပါ” လို့
အင်ဂျင်နီယာတစ်ယောက်က အဖြေပေးပါတယ်။
ရထားထဲတွင် အင်ဂျင်နီယာသုံးယောက်က အိမ်သာတစ်လုံးထဲကို ကျပ်ကျပ်ညှပ်ညှပ် ဝင်သွားပြီး ရှေ့နေသုံးယောက်က အနီးက အခြားအိမ်သာထဲကို ဝင်သွားပါတယ်။ ရထားထွက်ပြီး မကြာခင်တွင် တစ်ယောက်သော အင်ဂျင်နီယာက အိမ်သာထဲက ထွက်လိုက်ပြီး ရှေ့နေများ ပုန်းနေတဲ့ အိမ်သာဆီကို လျှောက်သွားပါတယ်။ သူက အိမ်သာတံခါးကို ခေါက်လိုက်ပြီး ပြောလိုက်ပါတယ်။
“ကျေးဇူးပြုပြီး လက်မှတ်ပေးပါ”
အခန်း (၂)
အိမ်ဖော်အမျိုးသမီး – ဆရာ ဘာများ အလိုရှိပါသလဲ။
ဧည့်သည် – မင်းရဲ့ သခင်ကို တွေ့ချင်ပါတယ်။
အိမ်ဖော်အမျိုးသမီး – ကျေးဇူးပြုပြီး ဘာကြောင့်များလဲ မသိဘူး။
ဧည့်သည် – အကြွေးရှိလို့ပါ။
အိမ်ဖော်အမျိုးသမီး – အာ..သူ့ရွာကို မနေ့ကပဲ ထွက်သွားပါတယ်။
ဧည့်သည် – ကျွန်တော်သူ့ကို ပေးရမှာက…။
အိမ်ဖော်အမျိုးသမီး – ဆရာ ဒီမနက်ပဲ ရောက်ပါတယ်။
အခန်း (၃)
နိူင်ငံခြားသား ခရီးသွားတစ်ယောက်က ဒယ်ဟိုင်းနဲ့ အက်ဂျရာ ပတ်ဝန်းကျင်ကို လည်ပတ်ဖို့ လမ်းညွှန်သူ တစ်ယောက်ကို ငှားခဲ့ပါတယ်။ ဒယ်ဟိုင်းရဲ့ ရက်ဒ်ခံတပ်တွင် သူက ဗိသုကာ အဆောက်အဦးကို ချီးမွမ်းပါတယ်။ ပြီးတော့ ဒါကို ဘယ်နှစ် နှစ်လောက် ဆောက်ခဲ့ရပါသလဲ လို့ မေးပါတယ်။
“နှစ် နှစ်ဆယ်” လို့ လမ်းညွှန်သူက ပြန်ပြောပါတယ်။
“မင်းတို့ အိနိ္ဒယလူမျိုးတွေက အလွန် ပျင်းရိတာပဲ။ ငါတို့ နိုင်ငံမှာ ဆိုရင် ဒါကို ငါးနှစ်လောက်နဲ့ ဆောက်နိုင်တယ်” လို့ ခရီးသွားက ပြောပါတယ်။
အက်ဂျရာတွင် သူက တပ်ချ်မဟာကို လှပကြောင်း ချီးမွမ်းပြီး ဒါကို ဘယ်နှစ် နှစ်လောက် ဆောက်ခဲ့ရပါသလဲ လို့ မေးပါတယ်။
“ဆယ့်နှစ် တည်းပါ” လို့ လမ်းညွှန်သူက ပြန်ပြောပါတယ်။
“မင်းတို့ အိနိ္ဒယလူမျိုးတွေက နှေးတာပဲ။ အဲဒီလို အဆောက်အဦးမျိုးဆို နှစ် နှစ်ခွဲလောက်နဲ့ ဆောက်နိုင်တယ်” လို့ ခရီးသွားက ခပ်သွက်သွက် ပြန်ပြောပါတယ်။
ဒီပုံစံ အတိုင်းဆိုရင် သူချီးမွမ်းခဲ့တဲ့ အဆောက်အဦးတိုင်းကို သူတို့ နိုင်ငံတွင် အချိန် လေးပုံတစ်ပုံတည်းနဲ့ တည်ဆောက်နိုင်တယ် လို့ ခရီးသွားက ပြောပါတယ်။ နောက်ဆုံးတွင် ကွီတပ်ဘ် မိုင်နာ (Qutab Minar) ကို သူတို့ ရောက်တဲ့အခါ ခရီးသွားက ဒါ ဘာလဲလို့ မေးပါတယ်။ လမ်းညွှန်သူက ပြန်ပြောလိုက်ပါတယ်။
“ကျွန်တော် မသိပါဘူး။ မနေ့ ညနေက ဒါ ဒီနေရာမှာ မရှိပါဘူး။”
အခန်း (၄)
ရုတ်တရက်ဆိုသလို နွားသိုးတစ်ကောင်က သူဆီကို ကမူးရူးတိုး ဝင်လာတဲ့အခါတွင် ငယ်ရွယ်တဲ့ စာရင်းငှား ကောင်လေးတစ်ယောက်က သူ့ နွားမကို နို့ညှစ်နေပါတယ်။ အနီးအနားတွင် ကြောက်ရွံ့ထိတ်လန့်နေတဲ့ အလုပ်သမားများ ကြည့်နေတာကြောင့် ကောင်လေး တည်တည်ငြိမ်ငြိမ်နဲ့ သူရဲ့ နို့ညှစ်နေတာကို ဆက်လုပ်နေပါတယ်။
လူတိုင်း အံ့ဩသွားတာက နွားသိုးက ကောင်လေးနဲ့ လက်မအနည်းငယ်လောက်တွင် ရပ်တန့်သွားပြီး လှည့်ပတ်နေပြီးနောက် အဝေးကို ပြေးထွက်သွားပါတယ်။
“မင်း မကြောက်ဘူးလား” လို့ အလုပ်သမားတစ်ယောက်က ကောင်လေးကို မေးပါတယ်။
“လုံးဝ မကြောက်ပါဘူး။ ဒီနွားမက သူရဲ့ ယောက်ခမ ဆိုတာ သိလို့ပါ” လို့ ကောင်လေးက ပြန်ပြောလိုက်ပါတယ်။
အခန်း (၅)
လူနာတစ်ယောက်က နာမည်ကျော်ကြားတဲ့ စိတ်ပညာရှင်တစ်ယောက်ကို စောဒကတက်ပါတယ်။
“ပါမောက္ခ္ခ္ခခင်ဗျာ၊ ကျွန်တော်က နှစ်ပေါင်း များစွာကြာအောင် အလွန်ပဲ ဝနေပါတယ်။ ပြီးတော့ ဘယ်သူကမှ ကျွန်တော်ကို မကူညီ နိူင်ပါဘူး”
“အခုအချိန်အထိ မင်းကို ဘယ်သူက ကုသပေးနေတာလဲ”
“ဒေါက်တာ လယ် ရတ်ထ်အော် ပါ”
“ငါ သိပြီ။ သူက အရူးပဲ။ မင်းကို ဘာတွေများ လုပ်ဖို့ အကြံပေးလဲဆိုတာ ငါအလွန်သိချင်နေတယ်”
“လာပြီး ခင်ဗျာကို ကြည့်လိုက်ပါ”