တရုတ်ပြည်မှာ သုံးနှစ်ကြာပြီးသည့် အချိန်။

VisesaSeptember 8, 20101min540

သုံးနှစ်ကြာပြီးသည့်အချိန်။

`အင်း။သုံးနှစ် ပြည့်လို ့ကျောင်းပြီးသွားပြီ ဆိုတဲ့အချိန်ကို ရောက်ချင်လှပါပြီ ဦးဇင်းရယ်။´-

ဟု၊ခါးကိုလိန်တွန် ့ကာ အကြောဖြေရင်း၊မိမိအား နောနော်ကပြောလိုက်သည်။မိမိ က ဆွမ်း

ထည့်ထားသော ပန်းကန်ကိုလက်ဖြင့်ကိုင်လျက် နေ ့ဆွမ်းဘုဉ်းပေးနေရင်းက၊`အောင်မယ်၊

ရောက်လာမှာပါလေ။အခုတောင် ဘာလိုလိုနဲ ့ တစ်နှစ်ပြည့်ခဲ့ပြီ မဟုတ်လား။´-လို ့၊သူ ့စကား

ကိုပြန်၍ဖြေလိုက်ရပါသည်။

အကယ်တွင်လည်း ၊ ယနေ ့၂၀၁၀-ခု၊စက်တင်ဘာလ(၅)ရက်နေ ့တွင် ၊ မိမိ တို ့မြန်မာ

ပြည်၊ မန္တလေးမြို ့မှ တရုတ်ပြည်၊ယူနန်ပြည်နယ် ၊ကူမင်းမြို ့၊ယူနန်တက္ကသိုလ် သို ့ပညာသင်

ရောက်ရှိလာခဲ့ကြသည်မှာ တစ်နှစ်ကျော်၍ (၃)ရက်စွန်းခဲ့ပါပြီ။အဘယ့်ကြောင့်ဆိုသော် ၊ပြီးခဲ့

သော ၂၀၀၉-ခုနှစ်၊စက်တင်ဘာလ(၂)ရက်နေ ့ကမိမိနှင့်အတူ၊နောနော်၊ဆရာမဒေါ်ညိုညိုစန်း၊

ဆုစန္ဒာ၊ဇူးလဲ့ဖြူတို ့သည် မန္တလေးမြို့၊အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းမှ လေယာဉ်ဖြင့်ညနေ

(၂)နာရီထွက်ခဲ့ကာ၊ကူမင်းမြို ့၊လေဆိပ်သို ့ဒေသစံတော်ချိန်ညနေ(၅)နာရီခွဲခန်  ့မှာ ရောက်ရှိခဲ့

ကြပါသည်။လေဆိပ်တွင် မိမိတို ့အား စီစီလောင်စစ်(林明珠)နှင့် ခင်ခင်ကျော်ကြီး(မန္တလေး) တို ့က စေါင့်ကြိုနေပါသည်။သူတို ့ကဤယူနန်တက္ကသိုလ်၌ တစ်နှစ်စောလျက်ရောက်ရှိနေကြ

သူများဖြစ်ကြပါသည်။မိမိတို ့အဖွဲ ့မှပါလာကြသောအထုပ်အပိုးများကြောင့် ၊တက္ကစီကား(၂)

စီးငှားကာ ယူနန်တက္ကသိုလ် ဟိုတယ်သို ့ရောက်ရှိလာကြပါသည်။မြန်မာပြည်၏မြင်ကွင်းများ

မှအချိန်(၂)နာရီကျော်မျှအတွင်း ရုတ္တရက်ပြောင်းလဲသွားသောတရုတ်ပြည်၏ရှူခင်း၊မြင်ကွင်း

များကိုတွေ ့ရ မြင်ရရင်းကားပေါ်မှာ မြန်မာစကားဆူညံစွာပြောဆိုလိုက်ပါလာခဲ့ကြပါသည်။

အတန်ကြာအောင်ကူမင်းမြို ့တွင်းကိုဖြတ်မောင်းလာခဲ့ပြီးသောအခါ၊ယူနန်တက္ကသို်လ်ဟိုတယ်

သို ့ ကားများရောက်ရှိလာခဲ့ကြပါသည်။ဟိုတယ်ပေါက်တွင်စေါင့်ကြိုနှင့်သော မေခင်နွယ်ဦး

(ရန်ကုန်)၊ နွယ်နွယ်ဝင်း(ရန်ကုန်)ကဝိုင်းဝန်းကူညီ၍ အိတ်ကြီးများကိုသယ်ဆွဲပေးရင်း၊

တက္ကသိုလ် ဟိုတယ် နှင့်ကပ်လျက်ဖြစ်သော ဘွဲ ့လွန်ကျောင်းသားကျောင်းသူများအဆောင်

(研究生宿舍;Post-graduate Residence Hall)(၇)ထပ်ကြီး၏မြေညီထပ်ကို ရောက်ကြ

ရပါသည်။

မိမိမှာကား သူတို ့သွားရာကိုသာ လိုက်ပါနေရရင်း၊ယခင်-၂၀၀၂-ခုနှစ်အခါက ဤယူနန်

တက္ကသိုလ်၌ သီတင်း(၂)ပတ်မျှရောက်ခဲ့၊နေခဲ့ဘူးသော အာရုံဟောင်းများနှင့်ပြန်လည်မှန်း

ဆ၊နှိုင်းယှဉ်ကြည့်နေမိခဲ့ပါသည် ။(၈)နှစ်မျှသောကာလအတွင်း ကူမင်းမြို ့ရှုခင်းများနှင့်ယူနန်

တက္ကသိုလ်၏အနေအထားတို ့မှာများစွာပြောင်းလဲနေပြီကြောင်းတွေ ့ရပါသည်။နေစရာအခန်း

မရသေးသော မိမိတို ့မှာ ဟိုတယ်မှာအခန်းငှားရမလိုလိုဖြစ်ရာမှ၊ စီစီလောင်စစ်(林明珠)၏

အစီအမံဖြင့် ကျောင်းပိတ်၍ပြန်သွားရာမှပြန်မရောက်သေးသောမြန်မာကျောင်းသားကိုကြည်

ဝင်း(李继稳)၏အခန်းမှာ၊တစ်ညတာကျိန်းစက်နားနေခွင့်ရခဲ့ပါသည်။ အတူတူကျောင်းတက်

ပညာသင်ကြရာတွင် ၊ ရဟန်းတော်တစ်ပါးဖြစ်သောမိမိအား အစစအရာရာ စေါင့်ရှောက်ကူညီ

ပေးရန် မိမိတို ့၏မိခင်တရုတ်စာသင်ကျောင်း မန္တလေးမြို ့ ဖူကျင်ကျောင်းအုပ်ကြီးဦးထွန်းနိုင်

( 李祖请老师 )ကမှာကြားအပ်နှံလိုက်သောကြောင့်၊ခရစ်ယန်ဘာသာဝင် မြန်မာတိုင်းရင်း

သားကချင်လူမျိုးဖြစ်သော နောနော် ကလိုလေသေးမရှိ ၊ခရီးစဉ်တစ်လျှောက်လုံး အကူအညီ

ပေးခဲ့ပါသည်။သူသည် မိသားစုအခေါ် နောနော်-ဟူသောအမည်နှင့်အတူ၊ ကချင်တိုင်းရင်း

သားမျိုးနွယ်အမည်-အိပ်ခ်ျ-ထွယ်စန်အောင်(H –HtweSanAung)၊တရုတ်ကျောင်းအမည်-ခဲ့

ဇှစ်ယှုန်း(克自雄 )ဟူသောအမည်များကိုပိုင်ဆိုင်သူဖြစ်ပါသည်။မိမိ တစ်ပါးတည်းသာလျှင်

မန္တလေး၊ဖူကျင် တရုတ်စာသင်ကျောင်းမှ အသက်အရွယ်အကြီးဆုံး၊မူလကျောင်းသားအိုကြီး

(老学生)ဖြစ်ပါသည်။နောနော်နှင့် တစ်ခြားကျောင်းသူများ ဒေါ်ညိုညိုစန်း(မန္တလေးနိုင်ငံခြား

ဘာသာတက္ကသိုလ်၊တရုတ်ဘာသာပြဆရာမဟောင်း)၊ဆုုစန္ဒာ၊ဇူးလဲ့ဖြူတို ့မှာ မန္တလေး၊နိုင်ငံ

ခြားဘာသာတက္ကသိုလ်မှ တရုတ်ဘာသာဝိဇ္ဖာဘွဲ ့ ရ လူငယ်များဖြစ်ကြပါသည်။ရဟန်းတော်

တစ်ပါး၊အမျိုးသားတစ်ယောက်၊အမျိုးသမီးသုံးယောက်ပါဝင်သော မိမိတို ့ပညာသင်အဖွဲ ့သည်

တရုတ်နိုင်ငံမှ ပညာရေးမူဝါဒအရ ကွန်ဖျူးရှပ်စ် ပညာတော်သင်ဆုထောက်ပံ ့ကြေးု(孔子奖学金)အစီအစဉ်ဖြင့် ၊ဘွဲ ့လွန်မဟာဝိဇ္ဇာသင်တန်းတက်ရောက်သင်ယူရန် ရောက်ရှိလာခဲ့ကြ

ခြင်းဖြစ်ပါသည်။

`师傅(ဦးဇင်း)ရယ်၊师傅(ဦးဇင်း) တို ့ တရုတ်ပြည်ကိုမြန်မြန်ရောက်သွားမှပဲ ၊ငေါ် ( )

တော့ သက်သာတော့မှာပါ။´-ဟူ၍ ညည်းပြော ပြောရှာသောဖူကျင်ကျောင်းမှ ကလျာလောင်

စစ်(黄宝娟老师 )၏ အသံကို ၊တရုတ်ပြည်ရောက်ကာမှပြန်လည်ကြားယောင်လာမိပါသည်။

ပညာသင်ဆုအတွက်လျှောက်ထားပြီးနောက်(၃)လခန် ့အကြာ၊အရွေးချယ်ခံရကြောင်းကြား

ရသည်မှအစ၊ပညာတော်သင်သွားကြမည့်ကျောင်းသူကျောင်းသားများအား အစုလိုက် အဖွဲ ့

လိုက် အစီအစဉ်ပုံစံအမျိုးမျိုးဖြင့်၊ဆောင်ရွက်စရာလုပ်ငန်းအားလုံးတို ့ကို သိမ်းကျုံးတာဝန်ခံ

အကျိုးဆောင်ပေးရသော သူ၏ဆောင်ရွက်မှုများမှာ၊ကားတစ်စင်းနှင့်ကိုယ်တိုင်မောင်းနှင်

သွားလာနိုင်ခြင်း၊ကိုယ်ပိုင်လက်ကိုင်ဖုန်းဖြင့် ပြောဆိုဆက်သွယ်နိုင်ခြင်း၊ကိုယ်တိုင်ကလည်း

ပြည်ပခရီးသွားအတွေ ့အကြုံရှိခြင်းတို ့ကြောင့်သာ၊မြန်ဆန်လွယ်ကူချောမွေ ့ခဲ့ရခြင်းဖြစ်ပါ

သည်။

ရောက်ပြီးနောက်တစ်ရက်မှာပင်၊အဆောင်စာရင်းသွင်းခြင်း၊သတင်းပို ့ခြင်းများဆောင်ရွက်

ပြီးနောက်၊(၇)ထပ်ကျောင်းဆောင်ကြီး၏မြေညီထပ်အခန်းအမှတ်(၁၀၄)တွင်၊မိမိနှင့်နောနော်

တို ့ အခန်းဖေါ်အတူနေရာရကြပါသည်။မိန်းကလေး(၃)ယောက်တွင် ဒေါ်ညိုညိုစန်း(汪文婷 )နှင့်ဇူးလဲ့ဖြူ(黄佳丽)၊တို ့က တွဲလျက်တစ်ခန်း၊ဆုစန္ဒာ(苏月儿)နှင့်ဗီယက်နမ်ကျောင်းသူ

တစ်ယောက်တို ့က တွဲလျက်တစ်ခန်း ပထမထပ်မှာနေရာရကြသည်။ယူနန်တက္ကသိုလ်၌သွား

လာဆောင်ရွက်ကြရသောလုပ်ငန်းများအားလုံးကိုလည်းစီစီလောင်စစ်(林明珠 )နှင့်ခင်ခင်

ကျော်ကြီး( 左亲亲 )တို ့ကလိုက်ပါကူညီပေးကြသောကြောင့် ချောချောမွေ ့မွေ ့ပြီးစီးခဲ့ကြရ

ပါသည်။မြန်မာပြည်တွင်ဆေးစစ်ဆေးမှုများ ခံယူခဲ့၍ ၊ကျန်းမာရေးထောက်ခံချက်လက်မှတ်

များပါ ယူဆောင်လာခဲ့ကြသော်လည်း၊ ဒေသဆိုင်ရာမြို ့တော်ဆေးရုံတွင် ဆေးစစ်ဆေးမှုများ

ကိုထပ်မံခံယူကြရပါသည်။ဆေးစစ်မအောင်လျှင်ပြန်ကြရမည် -ဆိုသောကြောင့် အားလုံး ရင်

တစ်ထိတ်ထိတ်ဖြင့်ဆေးစစ်ခံကြရပါသည်။မိမိမှာခရီးပမ်းလာခြင်း၊ရာသီဥတုပြောင်းလဲသွား

ခြင်း၊ရောက်ကာစ အာဟာရကိစ္စ မပြည့်စုံခြင်း စသောအကြောင်းကြောင်းတု ိ ့ကြောင့် ၊ဆေး

စစ်ခံယူရသော ဆရာဝန်မျက်မှောက်ရောက်ကာမှ အဖျားရှိနေမှန်းသိရပါတော့သည်။ရောက်

သောညက ကျိန်းစက်ရာတွင်အကိုက်ခံရသောခြင်ဖူးကို ၊အမှတ်တစ်မဲ ့နေမိရာမှ ယာဖက်

လက်ဖျံပေါ်တွင် အနာယဉ်းလျက်နီရဲကာရောင်ရမ်းနေပါသည်။ခေါင်းရိတ်ရာမှထိမိသောရှရာ

ကလည်းအနာယဉ်းနေပြန်ပါသည်။နှာသီးဖျားဝအနီးမှာလည်း ကုတ်ဖဲ့ခြစ်မိရာမှ အဖုဖြစ်ကာ

အနာဖြစ်နေပါသည်။ဆေးစစ်သောဆရာဝန်ကြီးများက အနာဖြစ်နေခြင်း၊အဖျားဝင်နေခြင်းတို ့

ကို ဝေဖန်ပြောဆိုသော်လည်း အတွင်းကိုယ်ထည်ရောဂါကင်းစင်ခြင်းကြောင့် ၊အသေးစိပ်ဆေး

စစ်သောဆရာဝန်မတစ်ယောက်၏`没问题(ဘာမျှမဖြစ်ပါ။)´-ဟူသောမှတ်ချက်စကားနှင့်

အတူကျော်ဖြတ်လာနိုင်ခဲ့ရပါသည်။သူပြန်ရမှာလား၊ကိုယ်ပဲပြန်ရမှာလား၊ပြန်ရလျှင်လည်းအေး

တာပါပဲ-ဟူသောစကားများကို၊တစ်ကြောင့်ကျကျ ပြောဆိုခဲ့ကြရင်း၊မိမိတို ့အဖွဲ ့ဝင်အားလုံး

ဆေးအောင်ခဲ့ကြပါသည်။နောင်အခါမှ မိမိတို ့နှင့်စာသင်နှစ်အတူတူဖြစ်သော၊ကွမ်ယှီး( 广西  )

တက္ကသိုလ်သို ့ကျောင်းတက်သွားသည့်ကျောင်းသားတစ်ဦးမှာ ဆေးစစ်အစီရင်ခံစာကြောင့် ၊

စာသင်ကျောင်းတက်ရက်များရနေပြီးမှ၊တစ်နှစ်နားရန်ပြန်လွှတ်ခံရကြောင်းကြားသိရပါသည်။

ရောက်ကာစရက်များတွင် အာဟာရစီစဉ်မှုမသိရသေးခြင်း၊တက္ကသိုလ်၏ တရားဝင်သုံး

ကျောင်းသားကဒ်မရသေးခြင်းတို ့ကြောင့် ၊မိမိတို ့အစီအစဉ်ဖြင့်သာဆောင်ရွက်ကြရပါသည်။

နီးစပ်သောဆိုင်များကိုသွားကြရာ၌ ၊ဆွမ်းချက်ပုံများမှာမြန်မာပြည်နှင့်မတူ၊ဝတ်ဆံမကျေ မာ

ဆတ်နေသောကြာင့်၊ရက်သတ္တနှစ်ပတ်ခန် ့မှာ ခေါက်ဆွဲပြုပ်၊ခေါက်ဆွဲထုပ်၊သစ်သီးများနှင့်သာ

အာဟာရကိစ္စပြီးစီးကြရပါသည်။တက္ကသို်လ်ပြင်ပဆိုင်များမှစီစဉ်စားသောက်ကြရခြင်းမှာ ဈေး

မြင့်သောကြောင့်မိမိတို ့အဖွဲ ့ဝင်များကြာရှည်အောင် မသွားနိုင် ကြပါ။ကျောင်းဝင်းအတွင်းတွင်

အစ္စလာမ်ဘာသာဝင်ကျောင်းသားကျောင်းသူများအတွက် သီးသန် ့ဖွင့်ထားသောဆိုင်တွင်

ကျောင်းသားကဒ်မလိုပဲဈေးနှုးံသက်သာစွာစီစဉ်နိုင်သည် -ဟု သိရသောကြောင့် ၊ဗုဒ္ဓဘာသာ

ဝင်ကျောင်းသားရဟန်းတော်မိမိမှာခရစ်ယန်ဘာသာဝင်ကျောင်းသားကိုနောနော်၏အကူအညီ

ဖြင့် တစ်ပတ်ခန် ့ဆွမ်း စီစဉ်ကာဘုဉ်းလိုက်ရပါသေးသည်။စားသောက်ခန်းတွင် မိမိ၏ဘူးခွက်

အတွင်းသို ့နောနော် ထည့်ပေးသော အသား၊ငါးဟင်းများကို မိမိကခံယူသည်ကိုမြင်ရသော စားသောက်ဆိုင်ဝန်ထမ်းအစ္စလာမ်ဘာသာဝင်ပန်းသေးတရုတ်မလေးများက `哦,和尚吃肉呢( ဟောတော်၊ ဘုန်းကြီးက အသားစားတယ် တော့။)´-ဟူ၍၊အချင်းချင်းတီးတိုးပြောကြားသံ

ကို ၊ မိမိ၏နားကကြားဖြစ်အောင်ကြားလိုက်ရပါသေးသည်။သို ့သော်အပြင်ဆိုင်များထက်ဈေး

နှုံးသက်သာသောကြောင့်၊အစ္စလာမ်ဘာသာဝင်များသီးသန် ့စားသောက်ခန်းမမှာပင်ကျောင်း

သားကဒ်မရမချင်း ရက်(၁)ပတ်ခန် ့ကြာအောင်၊ဘုဉ်းပေးခဲ့ရပါသည်။ပညာသင်ထောက်ပံ့ကြေး

မှာလည်း ချက်ချင်းမရသေးပဲ၊ အချိန် အတန်ကာလအတန်ကြာအောင် စေါင့်ကြရပါသည်။

ထောက်ပံ ့ကြေးမရသေးခင်မှာပင်၊ပြည်ဝင်ကြေးသွင်းကြရခြင်း၊အာဟာရစာရိတ်များကုန်ကျ

ခြင်းများရက်ကြာလာသောအခါ၊ဆောင်ယူလာသောဝတ္ထုငွေကြေးပမာဏ လျော့ပါးလာသော

ကြောင့် ၊ကပ္ပိယအကျိုးဆောင် နောနော်မှာစိတ်ပူပန်ကာ နေ ့စဉ်စာရင်းတွက်နေရတော့သည်။

စီစီလောင်စစ်(林明珠)ကလိုလျှင်ပြောပါ-ဆိုသော်လည်း၊သူကမပြောချင်။သူ ့မိဘများက တစ်ဖွဖွဖုန်းဆက်နေသော်လည်းသူကမမှာချင်။သူ ့လက်ကျန်စာရင်းတွင်တရုတ်ငွေငါးဆယ်

မျှသာကျန်တော့၍မပြောမဖြစ်၊ဦးဇင်းကပဲပြောပေးပါ-ဆို၍ ပြောရမည့်ဆဲဆဲမှာ ပညာသင်

ထောက်ပံ ့ကြေးများ စာရင်းဝင်လာသဖြင့်၊စိတ်အေးကြရပါတော့သည်။

ပညာသင်ထောက်ပံ ့ကြေးစာရင်းများထည့်သွင်းသောဘဏ်ကဒ်ကိုသွား၍ပြုလုပ်စဉ်မှာ

လည်း၊တရုတ်ပြည်၏ထူးခြားသောကျင့်သုံးမှုလော၊ဘဏ်ဝန်ထမ်းပုဂ္ဂိုလ်၏တစ်ကိုယ်ရေကျင့်

သုံးမှုလောမကွဲပြားသည့်ဖြစ်ရပ်ကလေး၊ ကြုံခဲ့ရပါသေးသည်။ခင်ခင်ကျော်ကြီးကဦးဆောင်၍

တက္ကသိုလ်နှင့်မဝေးလှသော၊ ဘဏ်တစ်ခုသို ့လမ်းလျှောက်သွားကြကာဘဏ်စာရင်းကဒ်လုပ်

ရန်၊ပုံစံစာရွက်များဖြည့်ကြရပါသည်။ပုံစံဖြည့်ပြီးကြ၍ ကောင်တာတွင်တန်းစီကြကာအစဉ်လိုက်

အပ်ကြရပါသည်။ကျောင်းသားရဟန်းတော်မိမိသည်လည်းအများနည်းတူတန်းစီရပါသည်။မိမိ

ရှေ  ့မှာ နောနော်ရှိပါသည်။မိမိနောက်မှ ကျောင်းသူများကပ်ပါလာကြပါသည်။နောနော်ပြီး၍၊

မိမိ၏ပုံစံစာရွက်ကိုလှမ်းပေးသောအခါ၊ဝန်ထမ်းဖြစ်သောမောင်တရုတ်သည် မိမိကိုလက်ကာပြ

လျက်၊နောက်မှာရှိနေသောကျောင်းသူများ၏ပုံစံဖြည့်စာရွက်များကို မမီ့တမီလှမ်းကာဆွဲယူပါ

တော့သည်။သူတို ့ပြီးသောအခါမှ ၊မိမိ၏စာရွက်ကိုယူကာဆောင်ရွက်ပေးပါသည်။မိမိမှာ ကြား

ဖူးမိသော Lady First (အမျိုးသမီးများသာပထမ)-ဟူသောစနစ်ကို၊ထိုဝန်ထမ်းမောင်တရုတ်က

လက်တွေ ့ကျင့်သုံးဆောင်ရွက်ရှာပေသည်-ဟုသဘောပေါက်လိုက်ရပါသည်။ထူးခြားသည်မှာ

ကား၊မိမိတို ့အဖွဲ ့ထဲမှ ဆုစန္ဒာသည် ကုလားကပြားစပ်ဖြစ်သောကြောင့် မျက်လုံးအလွန်လှပါ

သည်။နောင်အခါ စာသင်ခန်းတွင်းရောက်ကြသောအခါ၊ ကျောင်းဆရာတော်တော်များများက

ချီးကျူးပြောဆို ၊အမှတ်ထားကြပါသည်။မျက်လုံးလှခြင်းကိုအမှတ်ထား၍ ၊ အတန်းတွင်း၌ ဆရာများကသူ ့နာမည်ကိုခေါ်ကာ မကြာခဏစာမေးကြသောကြောင့် စိတ်ညစ်ညည်းတွားရသူ

ဖြစ်ပါသည်။ထိုဝန်ထမ်းမောင်တရုတ်သည် ဆုစန္ဒာကိုတစ်ချိန်လုံးပြုံးကြည့်နေလျက်၊ မိမိနှင့်

တကွကျန်သောကျောင်းသူများအတွက်  ဘဏ်ကဒ်လုပ်ခဝတ္ထုငွေကို တောင်းခံလိုက်ပါသော်

လည်း၊ဆုစန္ဒာအတွက်ကိုမူကား အခမဲ့ဆောင်ရွက်ပေးလိုက်ပါသည်။ထူးခြားသော ဝန်ထမ်း

ကောင်းတစ်ယောက် ဖြစ်ပါပေသည်။

ထို သို ့ယူနန်တက္ကသိုလ်၊ဘွဲ ့လွန်ကျောင်းသားကျောင်းသူများစာရင်းဝင်အောင် ဆောင်

ရွက်ပြီးကြသောအခါ၊စက်တင်ဘာလ(၂၅)ရက်နေ ့တွင်၊ဘာသာရပ်ဆိုင်ရာသင်တန်းများကို

စတင်သင်ယူကြရပါသည်။ပထမနှစ်ဝက်သင်တန်းတွင်古代汉语(ရှေးဟောင်းတရုတ်စာ)၊ 现代汉语(ခေတ်သစ်တရုတ်စာ)၊ 文字学 (စာလုံးပညာ)၊汉语语法(တရုတ်စာသဒ္ဒါ)၊汉语词汇学 (တရုတ်စာ ဝေါဟာရပညာ)၊汉语语音学(တရုတ်စာ စကားသံပညာ)၊中国概况(တရုတ်

ပြည် အခြေအနေများ)၊公共汉语(အများသုံးတရုတ်စကား)ဘာသာရပ်တို ့ကိုသင်ယူရပါ

သည်။ပထမစာသင်နှစ်သည်ဒီဇင်ဘာလတွင်ကုန်ဆုံးပါသည်။ဒုတိယနှစ်ဝက် စာသင်နှစ်မှာ

၂၀၁၀-ခု၊မတ်လ(၁)ရက်နေ ့တွင်စတင်၍ဇူလိုင်(၁၅)ရက်နေ ့တွင်ကုန်ဆုံးခဲ့ပါသည်။ဒုတိယ

နှစ်ဝက်တွင်မူ ၊中国概况(တရုတ်ပြည် အခြေအနေများ)၊公共汉语(အများသုံးတရုတ်စကား)

ဘာသာရပ်များကိုဆက်လက်သင်ယူရ၍၊နောက်ထပ် 文化语言学 (ယဉ်ကျေးမှုဆိုင်ရာ

ဘာသာစကားပညာ)၊对外汉语(ပြည်ပသင် တရုတ်စာ)၊ 方言调查(ဒေသဆိုင်ရာစကား

လေ့လာမှု)၊语言学方法论 (ဘာသာစကားပညာနည်းလမ်းသဘောတရား)တို ့ကိုသင်ယူခဲ့ကြ

ရပါသည်။ယူနန်တက္ကသိုလ်အတွင်း၌ စာသင်ခန်းမ ကျောင်းဆောင်များသည် ရှေးဟောင်း

တရုတ်ပိသုကာပညာလက်ရာတို ့ဖြင့် ၊မွမ်းမံခြယ်လှယ်ဆောက်တည်ထားခဲ့ကြသောကြောင့်

ခန် ့ညားထည်ဝါ ခမ်းနားလှပါသည်။စာသင်ခန်းများအတွင်းတွင် ခေတ်မီပရိုဂျက်တာ၊ကွန်

ပျူတာများတပ်ဆင်ထားလျက်  ၊ခေတ်မီနည်းစနစ်ဖြင့်သင်ကြားပို ့ချမှုများကို ခံယူကြရပါ

သည်။တက္ကသိုလ်ကျောင်းဝင်းမှာလည်း ကျယ်ဝန်းသာယာလှပလျက်၊ ရာသီအလိုက်ဖူးပွင့်

ဝေဆာ၊စိုပြေတင့်ရွှန်းလှသောသစ်ပင်ပန်းမာလ်များဖြင့်ဥယျာဉ်ကြီးတစ်ခုသဖွယ်၊သန် ့ရှင်း

သပ်ယပ်စွာ ပြုပြင်ဆင်ယင် ထားရှိပါသည်။

ကျောင်းပိတ်ထားသောကာလများတွင်ကျောင်းသူကျောင်းသားများသည် မိမိ၏မွေးရပ်၊

ဇာတိ၊တိုင်းပြည်နိုင်ငံများသို ့ပြန်ကြပါသည်။အချို ့လည်းမိမိနှင့်ခင်မင်ရင်းနှီးရာ မိတ်ဆွေ၊

သူငယ်ချင်း များ၏နိုင်ငံသို ့လိုက်လည်ကြပါသည်။အရှေ ့တောင်အာရှနှိုင်ငံများဖြစ်ကြသော မြန်မာ၊ထိုင်း၊လာအို၊ဗီယက်နမ်၊ကမ်ပူးချား၊ဘင်္ဂလားဒက်ရှ်၊ပါကစ္စတန်၊အိန္ဒိယ၊အင်ဒိုနီးရှားတို ့

မှလာသောကျောင်းသားကျောင်းသူ များပြား၍၊ကိုရီးယား၊ဂျပန်၊အီရန်၊ကနေဒါ၊ဩစတြေလျ

စသောနိုင်ငံများမှလာသော ကျောင်းသူကျောင်းသားတို ့ကိုလည်းတွေ ့ကြရပါသည်။အချို ့မှာ

လည်း တရုတ်ပြည်တွင်းဒေသများသို ့သွားရောက်လည်ပတ်ကြပါသည်။

ကူမင်းမြို  ့သည်တရုတ်ပြည်တွင်း၌ တစ်နှစ်တာကာလပတ်လုံးရာသီဥတု ဆိုးရွားမှုမရှိလှ

သောကြောင့်`နွေဦးရာသီမြို ့တော်´-အဖြစ်ကျော်ကြားပါသည်။မိမိတို ့ရောက်ကာစ အခြေအ

နေတွင် ၊အေးစိမ့်နေသောရေကိုထိတွေ ့ကြရသဖြင့် ရေနွေးဓါတ်ဗူးများစီစဉ်ကာသုံးခဲ့ကြရပါ

သည်။တစ်နှစ်ကာလ နှစ်ပတ်လည်အောင်နေမိရသောအခါ ကူမင်းမြို ့၏ ရာသီဥတုနှင့်နေသား

ကျသွားသကဲ့သို ့ရှိရပါတော့သည်။မိဝေးဖဝေး၊ဆွေမျိုးညာတိဝေးသော အရပ်တွင် ပညာရေး

အတွက်သာနေကြရသော်လည်း၊ကျောင်းသူကျောင်းသားအများစုမှာကျောင်းပိတ်သည်နှင့် ၊

မိမိဇာတိနိုင်ငံသို ့ကဆုန်ချကာပြန်ကြသည်သာများပါသည်။

အသက်အရွယ်လည်းရ၊ရဟန်းတော်ဘဝကိုရောက်လည်းရောက်နေပါမှ မိမိကိုယ်တိုင်သည်

လည်း ၊ဘဝအကြောင်းဆက်ကံတရားများကြောင့် ၊တစ်ပြည်တစ်ရပ်ရွာ၌ ၊ကျောင်းကန်ဘုရား၊

မဟုတ်သော တက္ကသိုလ်ကျောင်းဆောင်တွင် ယခုနှစ် ဧကစာဝါဆိုလျက်သီတင်းသုံးမွေ ့လျော်

နေရပါသည်။မိမိကိုယ်တိုင် ဘာသန္တရအနေဖြင့် တရုတ်စာအခြေခံကိုသင်ကြားပို ့ချခဲ့ဘူးသော

မန္တလေးမြို ့၊ဆရာကြီးဦးမြင့်ဆွေ၏ဗုဒ္ဓတက္ကသိုလ်မှ စာချဘုန်းတော်ကြီးများ၊ရန်ကုန်ဗုဒ္ဓတက္က

သိုလ်ရောက် စာချဘုန်းတော်ကြီးများနှင့်ကား၊ ခေတ်အလို်က်သုံးကြရသော ကွန်ယက်လှိုင်း

များမှတစ်ဆင့် မကြာခဏနှီးနှောမိခဲ့ရပါသည်။တစ်ပြည်ရပ်ခြားမှာ ရက်၊လ၊နှစ်ကြာအောင်

နေမိရသောအခါမှ မြန်မာပြည်၏ အနှစ်သာရ သဘာဝအရိုးခံရှုခင်း၊ မြင်ကွင်းလေးများကိုပြန်

လည်၍၊ မြင်ယောင်ကြားယောင်မိရပါတော့သည်။အထူးသဖြင့်ကား မနက်စောစောတုံးမောင်း

ခေါက်သံလေးများ၊ ဥပုသ်သီတင်းနေ ့များတွင် တီးခတ်လေ့ရှိသော တူ-ဝေ-ဝေကြေးစည်သံ

လေးများ၊နှင် ့ရဟန်းတု ိ့အလေ့အထဖြစ်သော ဖိနပ်မပါ၊ခြေပလာဖြင့်  ခလုတ်၊ ဆူး၊ ငြောင့် ၊

ငုပ်ဂမူပေါသောလမ်းများပေါ်တွင် သပိတ်ကိုပိုက်ကာ၊ နေပူ၊မိုးရွာ၊ချမ်းအေးသော်လည်း

ကြည်နူးနှစ်သက်စွာ ဆွမ်းခံထွက်ရခြင်းများကို မှန်းဆ တမ်းတမိရပါသည်။

ထို ့ကြောင့်လည်း မကြာမီကပင်ကျောင်းပိတ်၍ ပြန်သွားခဲ့ကြကာ၊ ပြန်ရောက်သည်ပင်

မကြာလှသေးသော်လည်း နက်ဖန်ကျောင်းတက်ရတော့မည်-ဆိုခြင်းကိုစကားစပ်မိကြသော

ကြောင့်၊ မိမိ၏အခန်းဖေါ်လည်းဖြစ်၊အတန်းဖေါ်လည်းဖြစ်၊ကပ္ပိယကာရက အကျိုးဆောင်

အကူညီပြုသူလည်းဖြစ်သူ နောနော်က လှိုက်လှိုက်လှဲလှဲ စိတ်လိုရရ ပြောလိုက်ခြင်းကို ၊

စကားဖြေကာပြန်ပြောလိုက်ရခြင်းဖြစ်ပါသည်။

ယူနန်တက္ကသိုလ်၌ပြည်တွင်းပြည်ပကျောင်းသူကျောင်းသားပေါင်း(၆၀၀၀၀)၊ခြောက်

သောင်းကျော်ခန် ့ရှိသည်။ပညာသင်ဆုထောက်ပံ့ကြေးရပုဂ္ဂိုလ်များအပါအဝင်ပြည်ပကျောင်း

သားကျောင်းသူပေါင်း (၆၀၀၀)၊ခြောက်ထောင်ကျော်ခန် ့ရှိသည်-ဟုအခမ်းအနားတစ်ခုတွင်

လက်ထောက်ကျောင်းအုပ်ဆရာကြီးက ပြောကြားဘူးပါသည်။ယူနန်ပြည်နယ်တွင်၊အစဉ်

အလာ သမိုင်းရှည်ကြာမြင့်ခဲ့ပြီဖြစ်သော ဤတက္ကသိုလ်ကြီးတွင် မိမိတို ့သည် ဘာသာဗေဒနှင့်

အသုံးချဘာသာဗေဒ(语言学及应用语言学)ဘာသာရပ်၌၊(၃)နှစ်တာသင်တန်းတက်ရောက်

ကြရပါမည်။တစ်နှစ်တာစာသင်နှစ် ကုန်ဆုံးပြီးမြောက်ခဲ့ကြပါပြီ။မနက်ဖန်(၆)ရက်နေ ့မှာ တက္က

သိုလ်တစ်ခုလုံးမှ စာသင်ခန်းများအသီးသီး ပြန်လည်ဖွင့်လှစ်သင်ကြားကြပါတော့မည်။ကျော်

လွန်ခဲ့သောတစ်နှစ်တာကာလ အကျဉ်းချုပ်ဖြစ်စဉ်လေးအား၊အမှတ်တစ်ရစာစီလျက် ဖေါ်ပြ

မှတ်တမ်းပြုလိုက်ရပါသည်။   ။အရှင်ရေဝတ၊ယူနန်တက္ကသိုလ်၊ကူမင်းမြို ့။