ရယ်ရယုံ (၄၁)
မပြောချင်တော့ဘူး
သားသမီး ၈ ယောက်ရှိပြီး လက်ရှိကိုယ်ဝန် အမွှာပူးလွယ်ထားရသော လူနာအား ဆရာဝန်ကလေးက
မေးမြန်းနေသည်..
“ဒါ… ဘယ်နှစ်ယောက်မြောက်လဲ”
“၉ ယောက်မြောက်ပါဆရာ…”
“ဟင် ဟုတ်လား….. သားကြောမဖြတ်သေးဘူးလား ……. အမျိုးသားကဘာလုပ်သလဲ..”
“ဆရာရယ်… အမျိုးသားကဘာလုပ်သလဲဆိုတော့ ကျမ ကလေးတစ်ယောက်ပြီး
တစ်ယောက်မွေးနေတာသာ ကြည့်ပါတော့ရှင်..”
သူ့အလှ
သူငယ်ချင်း ၂ ယောက် စကားပြောနေကြသည်….
“သူငယ်ချင်း ….. ခုငါကြိုက်နေတဲ့ ကောင်မလေးက တော်တော်ကိုလှတာကွ”
“ဟုတ်လား ”
“အေး…. သူ့မျက်ခုံးလေးတွေက ဇင်ယော်တောင်လေးတွေလိုပဲ….. မျက်လုံးလေးကလည်း
ရွှေသမင်မျက်လုံးလေး… သူ့လည်တိုင်ကလေးဆိုရင် ဗျိုင်းကလေးလိုပဲ …..
လမ်းလျှောက်ရင်လည်း ဆင်မယဉ်သာလေး….”
“ဟင်…..ဟုတ်လား……..ဒါဆို မင့်ကောင်မလေးက လူနဲ့ မတူဘူးပေါ့… ”
နားလည်မှု
မြန်မာနိုင်ငံ ကျေးလက်ဒေသမှ တောင်သူဦးကြီးတစ်ယောက် ရန်ကုန်သို့လာလည်သည်…
ရန်ကုန်သို့ရောက်ပြီးနောက် ဘုရားသွားရန်အတွက် လိုင်းကားတက်စီးသည်…
ဘေးခုံတန်းတွင် တစ်နေရာစာထိုင်လို့ရနိုင်သည်ကို
တွေ့သဖြင့် ထိုင်နေသောမိန်းကလေးအား ပြောလိုက်သည်…
“သမီး…… ဟိုဘက်နည်းနည်းတိုးပါလား …… အဘ ဖင်ကလေးချချင်လို့”
“ဘာ….. ရှင် ရိုင်းလှချည်လား …… အသက်ကိုမှ အားမနာ… မဖယ်ပေးနိုင်ဘူး….
ဟွန်း..”
“ဒါဆိုလည်း ရပါတယ်ကွယ် …. အဘ နောက်ကပဲ တွယ်လိုက်တော့မယ်…..”
ဘယ်လိုလဲ
ဆရာဖြစ်သူက တပည့်များအား အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်ရန် ဆုံးမနေသည်
“အေး ငါ့တပည့်တို့ …. မင်းတို့ မသေမချင်းမှတ်ထား …… ဘယ်အလုပ်မဆို
အောက်ခြေကစရတယ်ကွ…
ပြီးမှ တဖြည်းဖြည်းချင်း အပေါ်ကို တက်ရတယ်…”
တပည့်တစ်ယောက်ကမေးသည်..
“ဆရာ ….. ရေတွင်းတူးရင်ကော ဟင်…”
ပညာရှိ
ပညာရှိကြီးတစ်ဦးက သူ့တပည့်အား မှာကြားနေသည်….
“ငါ့တပည့် ဆရာ့ကို ခပ်မြင့်မြင့် စာအုပ်တစ်အုပ်ပေးကွာ ”
တပည့်က ဆရာ့ဗီရိုထဲမှ အတွေးအခေါ်စာအုပ်ကို ယူလာသည်…
“နိမ့်သေးတယ်…. မြင့်တာယူခဲ့”
နောက်တစ်ခါ ဗေဒင်ပညာ စာအုပ်ကို ယူပေးပြန်သည်…
“နိမ့်သေးတယ် ”
နောက်တစ်ခါ ခန္ဓာဗေဒ ကျမ်းစာအုပ် ယူလာပေးသည်…..
“နိမ့်သေးတယ်”
နောက်တစ်ခါ နက္ခတ်ပညာအကြောင်းစာအုပ်ကို ယူပေးပြန်သည်…..
“မရဘူး…. နိမ့်သေးတယ်…”
တပည့်ဖြစ်သူ စိတ်ရှုပ်လာသဖြင့်ဆရာအားမေးသည်..
“ဆရာခင်ဗျား…. ဒီစာအုပ်တွေက ဆရာ့ဆီမှာ ရှိတဲ့ အမြင့်ဆုံး
စာအုပ်တွေပါခင်ဗျာ….. ဒါတွေကိုတောင် ဆရာက နိမ့်သေးတယ်ဆိုတော့
ဘယ်လိုစာအုပ်မျိုးကိုများ အလိုရှိတာပါလဲခင်ဗျာ……”
“အိမ်း….. နေ့လည် တရေးတမော ခေါင်းခု အိပ်လို့ရအောင် မြင့်တဲ့
စာအုပ်လိုချင်တာကွ…”