ငါအိုသွားသောအခါ
ငါအိုသွားသောအခါ
ငါအိုသွားသောအခါ ငါဟာအရင်ကငါမဟုတ်ဘူး။ ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။
ချည့်နဲ့နဲ့လက်တွေန ဲ့ထမင်း ဟင်းတွေ အင်္ကျီပေါ် ဖိတ်စင်သွားတဲ့အခါ ၊ အင်္ကျီ၊ လုံချည်၊ ဖိုသီဖတ်သီ
ဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို သတိရပေးပါ။
ငါအိုသွားသောအခါ
အပ်ကြောင်းထပ်မက ပြောဘူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲကျေးဇူးပြုပြီးနား
ထောင်ပေးပါ။ငယ်ငယ်တုန်းက ငါအိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပတ်တော်တွေ၊
ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ပုံပြင်တွေကိုမရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေ
ကိုသတိရပေးပါ။
ငါအိုသွားသောအခါ
မလှုပ်ရှားနိုင်လ ို့ရေချိုးဖို့အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းကချော့တလှည့်၊
ခြောက်တစ်လှည့်ရေချိုးပေးခဲ့ဘူးတဲ့ ပုံလေးကိုပြန်မြင်ယောင်ပေးပါ။
ငါအိုသွားသောအခါ
ခေတ်သစ်နည်းပညာသစ်တွေကိုမသိနားမလည်ခဲ့ရင်မလှောင်ပါနဲ့၊ငယ်ငယ်တုန်းက’ဘာကြောင့်’
ဆိုတဲ့မေးခွန်းတိုင်းကိုစိတ်ရှည်စွာငါပြန်ဖြေပေးခဲ့တာကိုသတိရပေးပါ။
ငါအိုသွားသောအခါ
စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျှပြီးလမ်းမလျှောက်နိူင်တဲ့အခါ ခွန်းအားပါတဲ့လက်တစ်စုံနဲ့ ငါ့ကို
ကူတွဲပေးကြပါ။လမ်းလျှောက်သင်စအရွယ်တုန်းက တစ်လှမ်းချင်းလမ်းလျှောက်သင်ပေးခဲ့တာတွေ
ကိုသတိရပေးပါ။
ငါအိုသွားသောအခါ
တစ်နေ့ထက်တစ်နေ့အိုစာသွားတဲ့ငါ့က ိုကြည့်ပြိးဝမ်းမနည်းပါနဲ့ နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက
လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလိုအခုချိန်မှာ ငါ့ဘဝနောက်ဆုံးအချိန်အတွက်
အဖော်ပြုပေးပါ။ချစ်ခြင်းမေတ္တာတွေနဲ့ အေးမြမှုတွေကိုငါပြုံးပြုံးလေးခံယူမှာပါ။အဲ့ဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာ
တွေတွေ့ရမှာပါ။
လူတိုင်းလူတိုင်း မိဘ၊ဘိုးဘွား သက်ကြီးရွယ်အိုများကို ဂရုစိုက်ပြုစုနိုင်ကျပါစေ။
ကျွန်တော်တို့သည် တနေ့တွင် အိုသွားရမည်မှာအမှန်ပင်ဖြစ်သည်။ ကျွန်တော်တို့ အိုသွားသောအခါ……………………………………..
( မှတ်ချက်။ ။သူငယ်ချင်းပေးပို့သောမေးလ်အားပြန်လည်ကူးယူမျှဝေခြင်းဖြစ်ပါသည်။ )
4 comments
ဆူး
September 8, 2010 at 12:16 pm
ဒီစာသားလေးကို ပထမဦးဆုံးအကြိမ် city FM မှာ အသံထွက် စာတမ်းဖတ်တဲ့ အစီအစဉ်မှာ ကြားဖူးတာပါ။ ကြားရတဲ့ အချိန်မှာ မျက်ရည်တောင် ဝဲမိတယ် အသက်ကြီးတဲ့ လူကြီးတွေကို ကိုယ်ချင်းစာမိတယ် စိတ်မကောင်းတော်တော် ဖြစ်မိတယ်။ အခုတော့လည်း နေရာတော်တော် များများမှာ တွေ့နေရတာဘဲ အလှူတွေမှာတောင် လက်ကမ်းစာရွက်နဲ့ လိုက်ကန်းနေတာတောင် ရှိသေးတယ် နေရာတော်တော်များများနဲ့ လူတွေ လက်ထဲမှာ တော်တော် ပျံ့နှံနေပြီးသားဖြစ်နေပါပြီ။
chitsayar
September 8, 2010 at 2:23 pm
ဟုတ်ပါတယ်ဗျာ
ငါ့အလှည့်ကြရင်လည်း အကူညီရပါစေ ဆိုတဲ့ စိတ်ကလေးတောင်မထားဘဲ
ငါပေးဆပ်နိုင်တယ် ငါကူညီမှဖြစ်မယ်ဆို တဲ့စိတ်ကလေးကို အားလုံးထားနိုင်ရင် ပိုကောင်းလိမ့်မယ်နော်
သာဓုပါဗျာ သာဓု သာဓု
nyein
September 9, 2010 at 4:06 am
ဒီစာစုလေးကို သဘောကျလွန်းလို့ အိမ်ရဲ့ ဧည့်ခန်းမှာတောင် ကပ်ထားသေးတယ် ဘယ်အချိန်ဖတ်ဖတ်
ရင်ထဲကို တန်းရောက်သွားသလိုခံစားရတယ် …
HayMonChan
September 21, 2010 at 3:57 pm
ကောင်းလိုက်တာ
ကျေးဇူးပါနော်