အင်္ဂလိပ်စကား ပြောတတ်လိုသော် (၁၇) Learn to Speak English – Prof; Myo Kyaw Myint

kaiNovember 15, 20215min5652

Learn to Speak English

            ယခင်လက အင်္ဂလိပ်စကားပြောသည့်အခါ အသံထွက်ကောင်းဖို့ အင်္ဂလိပ်စကားရဲ့ Rhythm ကို အတုယူပြီး ပြောနိုင်ဖို့ လေ့ကျင့်ထားနိုင်တဲ့ Exercise လေးတွေ ဖော်ပြခဲ့ပါတယ်။ ယခုလမှာတော့ မြန်မာတွေကို ဒုက္ခပေးတတ်တဲ့ ဝေါဟာရလေးတွေကို မှန်မှန်ကန်ကန် အသံထွက်နိုင်ဖို့ အကြံပေးလိုပါတယ်။ ဉပမာ – walk နဲ့ work ဆိုပါတော့။

            လူတော်တော်များများကို ဒုက္ခပေးတတ်ပါတယ်။ ဒီနေရာမှာ စာရေးသူရဲ့ မိတ်ဆွေ တယောက်လည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက် တယောက်လည်း ဖြစ်တဲ့ Marsha Chan ကို ညွှန်းလိုပါတယ်။ သူ့ရဲ့ you tube video တွေမှာ အသံထွက် မှန်အောင် ပါးစပ်ကို ထားပုံထားနည်း၊ လျှာကို ထားပုံထားနည်းများကို မှန်လေးရဲ့ အကူအညီနဲ့ တိတိကျကျ သင်ကြားပို့ချထားပါတယ်။ လေ့လာပြီး ကျင့်ယူကြပါ။

            Marsha Chan ကို ညွှန်းရတာကတော့ သူ့ကို ESL လောကမှာ pronunciation guru တယောက်လို့ သတ်မှတ်ထားပါတယ်။  Stanford တက္ကသိုလ် ဘွဲ့ရသူဖြစ်ပြီး pronunciation ကို တကယ်လေ့လာထားသူမို့ မမှားနိုင်ပါ။ ဒီ pronunciation နဲ့ ပတ်သက်လို့ နောက်လမှာ ဆက်လက်ပြီး ဖော်ပြပေးပါအုန်းမယ်။ ယခုလမှာတော့  Marsha Chan ရဲ့ video လေးတွေနဲ့ပဲ လေ့ကျင့်ကြပါ။ ကျေနပ်ကြပါဦး။

            ယခုလမှာ 2021 မှာ စာရေးသူ ရေးသားထုတ်ဝေထားတဲ့ စာအုပ် ၃အုပ်အကြောင်း အထူးဖော်ပြလိုပါတယ်။ အင်္ဂလိပ်စာကို လေ့လာလိုသူ မြန်မာကျောင်းသူကျောင်းသားများကို ရည်စူးပြီး Advanced Learners ၊ Intermediate Learners နှင့် Beginners တို့အတွက် စာအုပ်တအုပ်စီ ရေးသား ထုတ်ဝေခဲ့ပါတယ်။

            ပထမဆုံးစာအုပ်ကတော့ Advanced Learners တွေအတွက် ရည်ရွယ်ပါတယ်။ စာရေးသူ ယိုးဒယားမှာ နေခဲ့စဉ်က Bangkok Post သတင်းစာမှာ ဖော်ပြခံခဲ့ရတဲ့ ဆောင်းပါးလေးတွေကို exercise လေးတွေနဲ့ ဖြည့်စွက်ထားတဲ့ စာအုပ်လေးပါ။ Advanced Learners တွေအတွက် reading skill ကို တိုးတက်လာစေဖို့ ရည်ရွယ်ထားပါတယ်။ cover page လေးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

            ဒီစာအုပ်နဲ့ ပတ်သက်လို့ ကျောင်းသူတယောက်က အောက်ပါအတိုင်း ဝေဖန်ထားခဲ့ပါတယ်။

I like everything about it. First of all , I like the articles about Thailand. I was impressed by reading them because I know how much time and effort a person needs to write such kinds of texts! The problems that you write about are actual not for Thailand only but also for my country Ukraine. Kateryna Maslenko.

           

ဒုတိယ စာအုပ်လေးကတော့ Intermediate ကျောင်းသူကျောင်းသားလေးတွေ အတွက် ရည်ရွယ်ပါတယ်။ စာရေးသူတို့ မြန်မာလူမျိုးတွေရဲ့ နှစ်သက်စရာကောင်းတဲ့ ဓလေ့ထုံးစံလေးတွေကို ကမ္ဘာက သိသွားစေလိုတဲ့ စေတနာလေးလည်း ပါပါတယ်။ နိုင်ငံခြားသားတွေ မသိကြတဲ့ “ခဲဖိုးတောင်းတာတို့” “အထက်လမ်းဆရာ၊ အောက်လမ်းဆရာတွေ” အကြောင်းတို့၊ တိုင်းရင်းဆေးပညာ အကြောင်းတွေကို ဝတ္ထုတိုလေးတွေ ရေးဖွဲ့ထားပြီး exercise လေးတွေနဲ့ ဖြည့်စွက်ပေးထားပါတယ်။ cover page လေးကို ‌အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

            တတိယ စာအုပ်လေးကတော့ Beginners တွေအတွက် ရည်ရွယ်ပါတယ်။ အထူဆုံး စာအုပ်လည်း ဖြစ်ပါတယ်။ စာမျက်နှာ ၂၀၀ နီးပါး ရှိပါတယ်။ Idioms လေးတွေကို မြန်မာများ အထူးနားလည်ဖို့ ကြိုးစားပြီး ရှင်းပြထားပါတယ်။ ဖော်ပြပါ စာအုပ်တအုပ်ကို လိုချင်ခဲ့ရင် 2022 မှာ Mission College ကို လာပြီး စာရေးသူနှင့် တွေ့ပါ။ နှစ်သက်ရာ စာအုပ်ကို လက်ဆောင် ပေးပါမည်။ သုံးအုပ်စလုံး ပေးနိုင်လောက်အောင်တော့ မချမ်းသာပါ။ ယခုနှစ်တွင် ထွက်လာခဲ့သည့် သမီးအငယ်ဆုံးလေး၏ Name for Light ဆိုတဲ့ စာအုပ်လေးကို ဖော်ပြရင်း နိဂုံးချုပ်ပါမည်။ စာရေးသူတို့၏ မိသားစုအကြောင်း ရေးထားတာဖြစ်၍ စိတ်ဝင်စားသူတိုင်း ဖတ်ရှုနိုင်ပါသည်။

သီရိမျိုးကျော်မြင့်

Winner of the Graywolf Press Nonfiction Prize, a lyrical meditation on family, place, and inheritance Names for Light Traverses time and memory to weigh three generations of a family’s history against a painful inheritance of postcolonial violence and racism. … Google Books

Originally published: August 17, 2021

Author: Thirii Myo Kyaw Myint

2 comments

  • manawphyulay

    November 24, 2021 at 6:23 am

    စာအုပ် PDF ေလးေတွ ရနိုင်ရင် လိုချင်မိပါတယ်ရှင့်/

    YouTube က ေနလည်း ေလ့လာပါမယ်

Leave a Reply