Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာဂဇက်အယ်ဒီတာ့သင်ပုန်း – မေ ၂၀၂၂

kaiMay 16, 20221min35710

Roe v. Wade သည် ၁၉၇၃က Jane ROE နှင့်Henry WADE တို့အမှုကိုမူတည်ပြီး အမေရိကစူပရင်းတရားရုံးချုပ် SCOTUS၏ဆုံးဖြတ်ချက်ဖြစ်သည်။ ဆုံးဖြတ်ချက်အရ သန္ဓေသားဖျက်ချခြင်းပြု/မပြုရွေးချယ်ခွင့်ဟူသည် ကိုယ်ဝန်ဆောင်အမျိုးသမီးအပေါ် အမေရိကား၏ဖွဲ့စည်းပုံအရအကာအကွယ်ပေးထားသော ပုဂ္ဂလိကအခွင့်အရေးဖြစ်သည်ဟူ၏။
ထိုကြောင့် ပြည်နယ်များ၌ သန္ဓေသားဖျက်ချခြင်းနှင့်ပါတ်သက်၍ မည်သို့ပင်ဥပဒေပြုကြ ကန့်သတ်ကြအငြင်းပွားကြစေကာမူ ကိုယ်ဝန်ဖျက်ချသူတို့သည် အမေရိကား၏ ဖွဲ့စည်းပုံအရအကာအကွယ်ရကြသည်။
ရာစုနှစ်ဝက်နီးပါးကြာပြီး ယခုအခါတွင်မှ အဆိုပါဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ရန် စူပရင်းတရားရုံးချုပ်ကပြင်ဆင်နေသည်တို့ ‌ပေါက်ကြားလာသည်။ သမ္မတဒေါ်နယ်ထရမ့်လက်ထက်တွင် တရားသူကြီးချုပ်၃ဦးခန့်အပ်ခြင်းဖြင့် အမေရိကတရားရုံးချုပ်၏ ရှေးရိုးနှင့် လွတ်ပြန့်သူမျှခြေပျက်ကာ ၆-၃အချိုးဖြစ်နေချိန်ဖြစ်ရာ ရှေးရိုးစွဲတရားသူကြီးချုပ် ၆ပါးဆုံးဖြတ်ချက်သည် ထူးခြားဖြစ်ရပ်များမရှိပါလျှင် အောင်မြင်သွားမည်။ ကွန်ဆာဗေးတစ်-ရှေးရိုးစွဲသူတို့က ကိုယ်ဝန်ဖျက်ချခြင်းသည် သန္ဓေသား၏သက်ရှိဘဝကိုသတ်ဖြတ်ဖျက်စီးခြင်းဟုယူသည်။ လစ်ဗရယ်-လွတ်ပြန့်စွဲသူတို့က မိခင်၏အခွင့်အရေးဟုယူသည်။
၁၉၇၃မှ စ၍ ကိုယ်ဝန်ဖျက်ချမှုပေါင်း၆၃သန်းကျော်ရှိသည်ဟု NRLC ဆန်းစစ်မှုကတွက်ချက်ဆိုထားသဖြင့် အသက်ပေါင်း၆၃သန်းပျက်စီးခဲ့ပြီးဟုယူဆ၍ရပါသည်။ အဆိုပါအသက်များသည် အမေရိကား၏ စွမ်းအားမြင့်လုပ်သား ပညာရှင် အမေရိကန်များအဖြစ်မရောက်လိုက်ရပဲ ကြွေလွင့်ခဲ့သူများဖြစ်ကြပေသည်။

“အမေရိကန်ရဲ့မျှော်မြင်”
အမေရိကားသည် လူ/လုပ်သားအင်အားလိုအပ်နေပါသည်။ အထူးသဖြင့် ယခုမေလ ၁၂ရက်နေ့တွင် ကိုဗစ်ရောဂါဖြင့်ကွယ်လွန်သူ ၁သန်းပြည့်ခဲ့ရာ ကွယ်လွန်သူများတွင် ကုန်ထုတ်စွမ်းအားရှိ လုပ်သား/ဝန်ထမ်းများသိန်းချီပျောက်ကွယ်သွားခဲ့၏။ သမ္မတထရမ့်(၂၀၁၇-၂၀၂၁)၏ ပြောင်းခိုလာသူများအား ကန့်သတ်ပယ်ဖျက်သော ပေါ်လစီနှင့်ထပ်ဆောင်းလိုက်သည့်အခါ ၃.၈သန်းစတုရန်မိုင်အကျယ်ရှိသော ကုန်ထုတ်စွမ်းအား(GDP) ၂၃ထရီလီယံဒေါ်လာရှိ အမေရိကပြည်ထောင်စုသည် လုပ်သားအင်အားများစွာလိုလျှက်ရှိသောအခြေဆိုက်နေသည်။
ယခုလအလုပ်လက်မဲ့နှုန်းမှာ ၅၀နှစ်ကျော်အတွင်းအနည်းဆုံးဖြင့် ၃.၆% ရှိသည်။ ကမ္ဘာသုံးဒေါ်လာငွေများကိုလည်း ထရီလီယံချီထုတ်ခဲ့ထောက်ပံ့မျောချထားပြီးပြီ။
သို့ဖြင့် အခြေခံပညာအထက်တန်းအဆင့်နှင်အထက်ပညာရေးရှိသူများ တနှစ် ပျမ်းမျှ၅၀၀၀၀ နှုန်းဖြင့် မဲဖေါက် Diversity Visa program လုပ်ခေါ်ယူနေရ၏။ Refugee အဖြစ်ယခုနှစ်တွင် ၁၂၅၀၀၀ ခေါ်သွင်းပါမည်။ (သမ္မတထရမ့်လက်ထက် ၁နှစ် ၁၅၀၀၀ ကန့်သတ်ခဲ့) H1B ခေါ် ပညာရှင်ပရိုဗီဇာများဖြင့်လည်း နှစ်စဥ် လူဦးရေ ၆၅၀၀၀ ခေါ်သွင်းနေပါသည်။
အမေရိကတောင်ပိုင်း မက်ဟီကိုပြည်နယ်စပ်တွင် လက်တင်နှင့်တောင်အမေရိကနိုင်ငံတို့မှ အုပ်လိုက်ချီတက်လာကြသော ပြောင်းခိုသူများ သိန်းချီလျှက်စောင့်နေကြသည်။ စိစစ်ခွင့်ပြုလျှက်ရှိပါ၏။
အမေရိကန်လူငယ်များ၏အိမ်ထောင်ပြုနှုန်းကျလာသလို အမျိုးသမီး၏ မွေးဖွားနှုန်းမှာ ၁.၆၃(၂၀၂၀) သာရှိသည်။ လိုအပ်ချက်ကို နိုင်ငံခြားမှလူသားများ နိုင်ငံသားဖြစ်မှုပေး၍သိမ်းသွင်းခေါ်ယူနေ၏။ ယခု Roe v. Wade ကိုပြောင်းပြန်လှန်မည်။
အဆိုပါအဖြစ်များသည် တိုက်ဆိုင်၍ဖြစ်နေခြင်းမဟုတ်။ အမေရိကန်လူဦးရေကို သိသာစွာတိုးချဲ့နေခြင်းဟုသာ။ လူသားအမေရိကန်တို့သည်သာလျှင် အမေရိကားကို နောက်ဆယ်စုနှစ်တို့တွင် ပထမနေရာ၌တည်မြဲနေနိုင်ရန် အဓိကထောက်ပို့အကြောင်းရင်းဖြစ်ပါလိမ့်။

ပြိုင်ဖက်ချိုင်းနားသည် လူဦးရေ၁.၄ဘီလီယံနှင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှုအားလုံး၏ ၂၈.၇% ကို ထုတ်လုပ်ကာ ပထမနေရာ၌တည်နေ၏။ များပြားလှသောလူသားတို့တွင် အဆင့်မြင့်စနစ်ကျလာသောပညာရေးဝယ် ဆိုင်ရာအင်္ဂျင်နီယာများ ဆေးပညာ ဇိဝသိပ္ပံ ရူပ ဓာတုတို့ဖြင့် လောက်ငှစွာရှိနေသည်။ ၂၀၁၅တွင် one-child policy ကိုပယ်ဖျက်လူဦးရေတိုးနှုန်းကို တွန်းတင်ခဲ့ပြီ။

“ဂျပန်ပျောက်ခြင်းပုံပြင်”
မေ ၇ရက်နေ့က အီလွန်မက်စ်မှ မွေးနှုန်းကို သေနှုန်းကျော်အောင်မလုပ်ပါလျှင် ဂျပန်ပြည်တဖြည်းဖြည်းပျောက်ကွယ်သွားမည်ဟုပင်ဆိုလိုက်သည်။ ဂျပန်ပြည်သည် တနှစ်လျှင် လူဦးရေ ၆၄၄၀၀၀ နှုန်းဖြင့် ၁၁နှစ်တောက်လျှောက်အဆင်းချည်းဖြစ်သည်။ ၂၀၂၁တွင်လူဦးရေ သန်း၁၂၅.၄သန်းသာကျန်သည်။(၂၀၀၀ – ၁၂၆.၈သန်း) မွေးနှုန်းနည်း၍ သေနှုန်းများနေသည်ဆိုပါစို့။ လူဦးရေ၏၂၀%သည် အသက်၆၅နှင့်အထက်ဖြင့် ရှိထင်ကျန်နေသူများမှာလည်း သက်တော်ရှည်များသည်။ သက်ကြီး၍ကုန်ထုတ်စွမ်းအားနည်းကာ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သူများနေသည်။ ဤသို့နှင့် တိုင်းပြည်ဝန်ပိကာ တချိန်တွင်ပျောက်ကွယ်သွားရလိမ့်မည်ဟု ဆိုလိုဟန်ရှိပါသည်။
ဂျပန်အမျိုးသမီးများထူးချွန်ထက်မြက် ရှေးရိုးစွဲအယူများမှလွတ်လာသည်နှင့်အမျှ အိမ်ထောင်ပြုခြင်းနည်းလာသည်။ အမျိုးသားများလည်း ပုံရိပ်ယောင်အရုပ်လူသားများ အဲနီမေးများနှင့်အိမ်ထောင်ပြုကြခြင်းကိုလည်းကြားသိကြရမည်။ ရှေးခေတ်ကာလ ၁၆၀၃ ခုနှစ်မှ၁၈၆၇ ခုနှစ် (၂၆၄ နှစ်) တိုင်းပြည်ကို နိုင်ငံခြားတိုင်းပြည်များနျင်အဆက်ဖြတ် ပိတ်ဆို့ဖူးခဲ့သလို ယခုလည်း ကိုဗစ်ကိုအကြောင်းပြု ပြည်ဝင်ကိုအထူးတင်းကြပ် ပိတ်ဆို့ထားသည့်နိုင်ငံပါ။ လိုသည်ထက်ပို၍ ပိတ်စို့ကန့်သတ်ထားခြင်းသည်လည်း ဂျပန်လူဦးရေတိုးနှုန်းထိခိုက်ပါသည်။ တိုင်းပြည်ခေါင်းဆောင်များက လက်ခံသိနားလည်ကာ ပြင်ဆင်ခြင်းများစလုပ်နေပြီဖြစ်သဖြင့် ပျောက်သွားခြင်းမှာ လက်တွေ့ဖြစ်နိုင်ချေနည်းသော်လည်း တိုင်းပြည်တပြည်တည်ထောင်ရာတွင် ထိုတိုင်းပြည်၏ လူဦးရေ/လုပ်သားအင်အားဟုအရေးပါပုံကို သိသာထင်ရှားပါသည်။ မည်သို့ဆိုစေ ဤနှုန်းဆိုလျှင် ယခုကမ္ဘာ့စီးပွားရေးအင်အားကြီး ၃နေရာမှသည် ၂၀၃၀တွင်၅နေရာသို့လွင့်ရမည်မှာသေချာလျှက်ပါ။

“မြန်မာသုဥ်းခြင်းနိဒါန်း”
မြန်မာလူဦးရေ လက်ရှိ ၅၁.၅သန်းတွင် လူဦးရေတိုးတက်နှုန်း ၀.၆၇ဟုဆိုသည်။ တွက်ချက်မှုများအရ ၂၀၅၄တွင်မြန်မာလူဦးရေအကျဖြစ်လာမည်ဆိုသော်လည်း မြန်မာလက်ရှိနိုင်ငံရေးအခြေအနေအရ Gen Z, Yလူငယ်များမှာသတ်ဖြတ်စစ်ဖြစ်ရင်း လုံးပါးပါးနေသလို ပညာရေးအခံရှိသူများမှာလည်း ပြည်တွင်း မနေဝံ့များလှသည်။ အိမ်ထောင်ကျသူများမှာလည်း ဆိုးဝါးလှသည်နိုင်ငံရေးအခြေအနေနှင့် စီးပွားရေးတို့ကြောင့် သားသမီးယူရန်အကြိမ်ဖန်များစွာစဥ်းစားကြရသည့်ခေတ်ပါ။
ကမ္ဘာ့ပူနွေးရာသီဥတုအခြေအနေ နိုင်ငံရေးစီးပွားရေးတည်ငြိမ်မှု အချက်အလက်များနှင့်ချိန်ဆကာ ဒေါက်တာသန့်မြင့်ဦးက “အနာဂတ်မြန်မာနိုင်ငံ ၂၀၅၀’ ခေါင်းစဉ်ဖြင့် ၂၀၁၈ ယောမင်း ကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲ၌ ‘လူတွေရဲ့ သက်တမ်းအတွင်းမှာပဲ နိုင်ငံက ပျောက်ကွယ်ကောင်းပျောက်ကွယ်သွားနိုင်ပါတယ်’ဟုပြောကြားသွားဖူးသည်။
လက်နက်ကိုင်ပဋိပက္ခများတွင်သာမက လုပ်ငန်းခွင်(ဥပမာ-ဖားကန့်)၏ ထိခိုက်ဒဏ်ရာရသေဆုံးသူတို့တွင် လူငယ်/လူရွယ်အချိုးများလွန်းနေသည်ကို သတိထားမိသည်။ အိမ်နီးချင်းနိုင်ငံများသို့ ခိုးဝင်ထွက်ပြေးဖမ်းမိ သေကြသူများလည်း လူငယ်လူရွယ်အများစု။ လူငယ်သည် တိုင်းပြည်၏အနာဂတ်ဖြစ်ရာ ဤအနာဂတ်သတ်နှုန်း/သေနှုန်းနှင့်ဆိုလျှင် နောင်အနှစ် ၃၀အတွင်း မြန်မာအကျနှင့် လွန်စွာဆိုးသွားလိမ့်မည်။ ဤခရီးမဝေးပါ။ နောင်အနှစ်၃၀ လူသက်တန်းတခုတွင်းသာ။ ယခုကပ်သုံးပါးပြုံဆိုက်နေရကား တောင့်ခံနိုင်စွမ်းနည်းလှပြီ။ ဒေသန္တရအခြေအနေများအရ အချိန်မရွေးကျလာနိုင်သော ကမ္ဘာစစ်မီးကြီးကို ထည့်တွက်မထားပါသေး။
အိမ်ထောင်သားမွေးမပြုနိုင်သော သာသနာ့ဘောင်တွင်လည်း ဦးဇင်းကိုရင်စသဖြင့် ယောကျ်ားသားများ၅သိန်းမကဖြင့်ပိတ်မိနေပါသည်။ ထိုက်သင့်သောအိမ်ထောင်ဖက်အချိုးမရနိုင်သဖြင့် မြန်မာအမျိုးသမီးထုကြီးအတွက် နစ်နာစရာ၊ လူဦးရေတိုးနှုန်းအတွက် စိုးရိမ်စရာဟု မြင်မိတွေးသိသည့် နိုင်ငံရေးသမား လူမှုရေးခေါင်းဆောင်ရှိပါသလော?။ ကျား/နှင့်မ လူဦးရေဟူသည် မိခင်သဘာဝအားဖြင့် အမြဲချိန်ညှိထားလေရာ ယခုအဖြစ်သည် သဘာဝတရားကို ဖောက်ပြန်ခြင်းမည်၏။
၁၉၈၂မြန်မာနိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံသား/မြန်မာတိုင်းရင်းသားသည် အလိုအလျှောက်နိုင်ငံသားဆုံးရှုံးနိုင်ပါသည်။ ကမ္ဘာ့နိုင်ငံကြီးများမှ စွမ်းသူတို့အားနိုင်ငံသားထုတ်ပေးသိမ်းသွင်းနေကြချိန် မြန်မာသည် ကိုယ့်တိုင်းရင်းသားများကို ကန်ထုတ်ပစ်နေခြင်းပါ။ အတ္တနှင့်ရွံ့မုန်းတရားများဖြင့်ထုံမွန်းထားသော ၁၉၈၂မြန်မာနိုင်ငံသားဥပဒေသည် ထုတ်ခဲ့ဖူးသည့်ဖွဲ့စည်းပုံအခြေခံဥပဒေများထက်ခိုင်မာနေကာ လူဦးရေပြုန်းတီးခြင်းသို့ ဦးဆောင်ခေါ်ယူနေသည်တမုံ့။
၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုသည် ယိုယွင်းမှုများကို စွမ်းအားမြှင့်ဆေးထိုးလိုက်ခြင်းသာ။ လက်နက်ကိုင်ထားသော မြန်မာလူငယ်အများစု ဘာတွေး၍ဘာလုပ်နေကြပါသနည်း။ ဘယ်အထိသွားကြမည်နည်း။ အဆုံးကိုရှာသည်၊ ထွက်သွားလေပြီ။
မူလ ဓလေ့ထုံးတမ်း အတွေးအခေါ်တို့ကို ပြောင်းပြန်လှန်၍ ယဥ်ကျေးမှုတော်လှန်ရေးကြီးကိုဆင်နွှဲမှသာ ၂၀၅၀၏ကမ္ဘာတွင်မြန်မာကျန်နိုင်မည်ဖြစ်ပါသတည်း။