Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာဂဇက် အယ်ဒီတာ့သင်ပုန်း – ဇွန် ၂၀၂၂

kaiJune 22, 20222min32240

ယခုလပိုင်းကမ္ဘာအခြေအနေအရပ်ရပ်တို့ များစွာပြင်းထန်ဆိုးဝါးလာနေသည်။ သဘာဝဘေးနှင့် ရာသီဥတုသည်၄င်း စီးပွားရေး နိုင်ငံရေး စစ်ရေးတို့သည်၄င်း အစွန်းများရောက်နေကြပါ၏။ အမေရိကားတပြည်တွင်းပင် သမိုင်းစံချိန်တင်မိုးခေါင်ရေရှားခြောက်သွေ့နှင့်ရေကြီးရေလွှမ်းမုန်တိုင်းထန်တို့ အနောက်နှင့်အရှေ့တွဲဖြစ်နေသလို ချိုင်းနားနှင့်အိန္ဒိယတွင်ရေလွှမ်းလူသေ အာဖဂန်တွင်ငလျင်ကြီးထလှုပ်နေပါ၏။ ကိုဗစ်ရောဂန္တရကပ်တွင် ယူကရိန်း-ရုရှားစစ်ထပ်ဆင့်၍ အစွမ်းကုန်မြင့်တက်နေသော ဂက်စ်ဆီစျေးနှင့် စားနပ်ရိက္ခာပြတ်မှုကြား ဖေါင်းပွကုန်သော နိုင်ငံတကာငွေမာတို့ကြောင့် ကမ္ဘာစီးပွားရေးဆုတ်ယုတ်ကျဆင်းမှုကြီးလာတော့မည်ဟု ပညာရှင်အများစုကဆိုလျှက်ရှိကြ၏။

“ကပ်ပေါင်းပြုံဆင်း Stagflation”
ယူကရိန်း-ရုရှားစစ်မှာပြီးပါရန် ညှိနှိုင်းဆွေးနွေးဟန်မဆိုထားနှင့် စစ်ကိုစစ်ဆင့်လျှက် အဆုံးမမြင်ရသောလမ်းသို့လျှောက်နေကြဟန်ပါ။
ရုရှားသည် စစ်ရေးကိုတဆင့်မြှင့်ကာ မဟာဗျူဟာမြောက်လက်နက်များထုတ်သုံးမည်ခြိမ်းခြောက်နေသည်။ ယူကရိန်းသည် ကမ္ဘာ့လူဦးရေသန်းရာကျော်အတွက်စားနပ်ရိက္ခာထောက်ပို့ပေးနေခဲ့သောနိုင်ငံဖြစ်သော်ငြား ယခုအခြေအနေအရ ထုတ်လုပ်ပြီးသော ဂျုံ၊ပြောင်း၊နေကြာများပင်ဆိပ်ကမ်းမှတင်ခွင့်မရ ရုရှား၏ပိတ်ဆို့မှုအောက်တွက် ချုပ်မိနေပါသည်။ ထိုစားနပ်ရိက္ခာများထုတ်ခွင့်မရလျှင် အာဖရိကတိုက်တွင်ကြီးစွာသောအငတ်ဘေးကြီးလာမည်ဆိုနေကြသော်ငြား စစ်၏မူလရှင် ဆိုဗီယက်စိတ်ကြီးဝင်ရုရှား၏ပူတင်မှာ လျှော့ချင်ဟန်မရှိ။ မလျှော့သည့်အပြင် နေတိုးအဖွဲ့ဝင် လစ်သူရေးနီးယားကိုပင် ရန်စခြိမ်းခြောက်ခြင်းပြုလာသည်မြင်ရပြီ။ အချိန်မရွေးကမ္ဘာစစ်သို့ကူးသွားနိုင်ပါ၏။

ချိုင်းနားသည် လေယာဥ်တင်စစ်သင်္ဘောသစ်ကြီးများရေချနေသလို ထိုင်ဝမ်၏လေကြောင်းပိုင်နက်ကိုလည်းအကြိမ်ကြိမ်စစ်လေယာဥ်များ ကျူးပျံသန်းနေ၏။
ချိုင်းနားသည် ကမ္ဘာ့စက်ရုံကြီးဖြစ်၏။ ကုန်ကြမ်းများတင်သွင်းရပေရာ တိုးတက်လာစျေးကုန်ကြမ်းစျေးတွင် မြှင့်ထားသောစွမ်းအင်နှုန်းယှက်သည်တွင် zero-Covid policy ၏လော့ဒေါင်းဆင့်သောအခါ တိုင်းပြည်စီးပွားရေးကျလာသည်။ စျေးဝယ်ဖြုန်းနှုန်း တိုးရစ်ဝင်ငွေအကုန်ကျသည်။ ယွမ်ငွေကြေးကြုံ့ကျလာခြင်းတို့လည်းတိုက်ဆုံလာသည်။
ချိုင်းနား၏အကြီးဆုံးစျေးကွက်ကြီးနှစ်ခုမှာ အမေရိကားနှင့်ဥရောပသာဖြစ်သည်။ ရုရှား/ယူကရိန်စစ်ပွဲတွင် ချိုင်းနားမှရုရှားဖက်ရပ်တည်သဖြင့် အဆိုပါစျေးကွက်ရှယ်ယာတို့ကိုလက်လွှတ်နေရသလို သမ္မတရှီပေါ်လစီကြောင့် ချိုင်းနား၏ Brain Drain လည်းဖြစ်နေသည်ဆို၏။
GDP နှစ်စဥ် 6%အထက်တန်းနေခြင်းသည် ကိုဗစ်နှင့်အတူအဆုံးသတ်ခဲ့ပါပြီ။

ဂျပန်သည်လည်း စစ်ရေးအကြီးအကျယ်ပြင်ဆင်လာသည်။ မူလအမေရိကား၏ကာကွယ်မှုမှုအောက်တွင် နိုင်ငံကာကွယ်ရေးတပ်အဆင့်ထားရာမှ မြောက်ကိုရီးယား။ချိုင်းနားနှင့်ရုရှားကိုအကြောင်းပြု ကိုယ်ပိုင်စစ်တပ်နှင့်လက်နက်တည်ဆောက်ထုတ်လုပ်ရန် တစိုက်မတ်မတ်လုပ်လာသည်။ ဂျပန်သည်လည်း ယန်းငွေတန်ဖိုးကျနေလျှက်ကယ်နှင့် တိုင်းပြည်၏Export ကိုတွန်းမလုပ်သလို ပြည်ဝင်လက်ခံနိုင်ငံခြားသားတိုးရစ်အသုံးအဖြုန်းများ‌အောင် လက်ခံရမည့်အစား ကြပ်ပိတ်ထားကြသည်။ ဂျပန်လူမျိုးတို့အား စိတ်ဓာတ်အတိုင်းအတာတခုထိရောက်အောင် မျှားခေါ်ဆွဲတင်နေဟန်ပါ။ ဂျပန်၏အစွမ်းနှင့် ပါဝါကို ဒုတိယကမ္ဘာစစ်ကြီးအတွင်းကမြင်ခဲ့ကြဖူးပြီ။ ဤအိပ်နေသောကျားအား မနှိုးစကောင်း။ နိုးထလာမည့်ဂျပန်သည် ချိုင်းနားနှင့်ထိပ်တိုက်ဖြစ်ကာ ၂ဖက် အလုံးစုံပျက်သုဥ်းခြင်းလမ်းပေါ်လည်းတက်သွားနိုင်သည်။ အမေရိကနိုင်ငံမှာမူ စစ်ကစားမည်ဖြစ်ပါ၏။ သူ့တွင်ဤအနုပညာရှိသည်။ ကျွမ်းကျင်စွာကစားတတ်သည်။ ယူကရိန်းစစ်ကိုကြည့်ပါလေ။

ဖိလစ်ပိုင်မှာ အမေရိကားဖက်ယိမ်းဟန်ရှိသည့်သမ္မတဟောင်းမားကိုစ့်၏သား သမ္မတတက်ဖြစ်လာ၏။ တောင်ချိုင်းနားပင်လယ်တွင် ချိုင်းနားကြေညာထားသော ကိုယ်ပိုင်ကျွန်း/ဇုံများကိုလည်း သူပိုင်ငါပိုင်အငြင်းပွား ဆိုင်ရာအုပ်စုဖွဲ့စစ်သင်္ဘောကြီးများ ဥဒဟိုဝင်ထွက်သွားလာ စစ်ရေးလေ့ကျင့်လမ်းသလားပြနေကြသည်။ နေတိုးသည် ဆွီဒင်နှင့်ဖင်လန်ကဲ့သို့ ပါဝါအင်အားရှိ နှစ်နိုင်ငံကို ထပ်ရဟန်ရှိသည်။

ဥရောပမှာ ကပ်ရပ်၌လာဖြစ်နေသောစစ်ကြီးဒဏ်ကို ယူရိုထရီလီယံဆုံးရှုံး၍အလူးအလဲခံရမည့်ပုံပါ။ ရုရှားစီးပွားရေးသည်လည်း ဆုတ်ယုတ်မည်ဖြစ်၍ ၂၀၂၂တွင် အနှုတ်၁၁.၂%ဟု တွက်ဆခံထားရ၏။ ဆန်ရှင်ကြောင့် ဥရောပ/အမေရိကလုပ်ငန်းကြီးများထွက်ကုန်၍ နောက်ပိုင်းလူငယ်တို့အတွက် အလုပ်အကိုင်အခွင့်အလန်းများပျောက်ဆုံးလျှက်ရှိကုန်၏။
ချိုင်းနားသည်လည်း ကိုဗစ်ဇီးရိုးပေါ်လစီကြောင့် စီးပွားရေးဝင်ငွေကုန်ထုတ်လုပ်မှုတို့ ထိသည့်အပြင် စစ်ဆိုင်စစ်ပြင်ခြင်းကြောင့် စစ်စရိပ်ထောင်းလာပုံပေါ်နေသည်။
အမေရိကား၏ စတော့စျေးကွက်၌ထရီလီယံများစွာလွင့်ပျောက်နေပါ၏။

ခြုံဆိုရလျှင် ကိုဗစ်ကြောင့်အကြီးအကျယ်ပျက်စီးဆုံးရှုံးခဲ့သော ကမ္ဘာ့စီးပွားရေးသည် နာလံထူရန်မကြံသေး ယူကရိန်းကိုဝင်သိမ်းလိုက်သော ရုရှား၏ကျူးကျော်စစ်နှင့်ထပ်တိုးလေရာ တပူပေါ်နှစ်ပူဆင့် ကံဆိုးမသွားရာမိုးလိုက်လို့ရာ မြေနိမ့်ရာလှံစိုက်ဖြစ်ရသည်။ ကမ္ဘာကြီးလည်း ၁၉၇၀များဆီ၏Stagflation (စီးပွားရေးထုံထိုင်း+ငွေဖေါင်းပွ)နှင့်ကြုံ၍ ကပ်ပေါင်းစုံပြုံကျ အပြောင်းကြီးတခုသို့တာစူနေပါပြီ။

“လက်နက်အသင့် အမှားစောင့်ခေတ်”
ဤတွင်အမေရိကား၏စီးပွားရေးမှာ ၁၉၇၆နောက်ပိုင်းချိုင်းနားကိုကျော် တိုးတက်မှုနှုန်းအမြန်ဆုံးဖြစ်လာသည်။
သမ္မတဂျိုးဘိုင်ဒင်မှာ ချိုင်းနားကုန်သွယ်စစ်၌အထူးအခွန်တို့ချထားခြင်းကို ဖြေလျှော့ခြင်းဖြင့်၄င်း၊ ယူကရိန်းနှင့်နေတိုးကြား မဝင်မထိကတိပေးလိုက်ခြင်းဖြင့်၄င်း၊ အီရန်နှင့်ညှိနှိုင်း၍ ဆော်ဒီအာရေဗျအပေါ်လူအခွင့်အရေးရှေ့တန်းထားမှုများကို ဓလေ့နှင့်လျှော်ညီအောင်မျက်နှာလွှဲလိုက်ခြင်းဖြင့်၄င်း ဂငယ်ကွေ့များချိုးနိုင်သေးသည်။ မပြုသေးသည့်အပြင် နိုင်ငံရေးပြိုင်ဖက် သမ္မတဟောင်းထရမ့်ကို ရာဇဝတ်မှုနှင့်ထောင်သွင်းအကျဥ်းချရန်ပင် ပြင်ဆင်နေလေသည်။ ဂျိုးဘိုင်ဒင်မှာ ချိုင်းနားတနိုင်ငံပေါ်လစီကိုကျွံကာ အကြိမ်ကြိမ်စကားအမှားပြ၍ ချိုင်းနားကိုရန်စသည့်သဘောများလုပ်သည်။
စစ်သည်အရာရာကိုဖျက်ဆီးသေကြေစေနိုင်သလို နည်းပညာ ဆေးပညာတို့ကိုလည်းအဟုန်မြှင့်တိုးတက်ဖြစ်ထွန်းစေရာပါ။ လူသားနှင့်စစ် ဓွန်တွဲနေပါ၏။ ဖြစ်လေ့ရှိကြ ဖြစ်ကြရသည်။ အချိန်ကားကျနေပေပြီ။ ကမ္ဘာ့ခေါင်းဆောင်များကလည်း ရှောင်ရန်တွေးခေါ်ဗျူဟာဆွဲနေကြပုံမပေါ်။ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းမည့်လမ်းသို့တိုးသွားလျှက် လက်နက်အသင့် အမှားစောင့်သည့်ခေတ်တည်း။

“ချိုင်းနား အမေရိကား မှတ်တိုင်များ”
ချိုင်းနားနှင့်အမေရိကား၏ ထင်ရှားသော သမိုင်းမှတ်တိုင်များကိုချရေးပါမည်။
၁၉၄၉တွင် မော်စီတုံးအားဖြင့် ကွန်မြူနစ်ပါတီ၏ ချိုင်းနားပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည်။ တနှစ်အကြာ ၁၉၅၀တွင် ဆိုဗီယက်နှင့်ချိုင်းနားကူညီသော ကွန်မြူနစ်မြောက်ကိုရီးယားနှင့် အမေရိကား/ဥရောပတို့ပတ်သက်သော တောင်ကိုရီးယား၏၃နှစ်ကြာစစ်ဖြစ်သည်။ ၁၉၅၄တွင် ထိုင်ဝမ်ရေလက်ကြားစစ်ရေးတင်းမာမှုဖြစ်ရာ အမေရိကား၏သမ္မတအိုက်ဆင်ဟောင်ဝါမှ ညူကရီးယားဗုံးသုံးတိုက်ခိုက်မည်ပင်ခြိမ်းခြောက်ခဲ့သည်။ နောက်၁၀နှစ်အကြာ ၁၉၆၄တွင် ချိုင်းနားသည် ကိုယ်ပိုင်ညူကလီးယားဗုံးစမ်းသပ်အောင်မြင်သည်။ ၁၉၆၉တွင် ချိုင်းနားနှင့်ရုရှားနယ်စပ်ပဋိပက္ခဖြစ်သည်။ ၁၉၇၂တွင် သမ္မတနစ်ဆင်ချိုင်းနားသို့သွား၍ ဥက္ကဌကြီးမော်နှင့်တွေ့ကာ ချိုင်းနား-အမေရိကားဆက်ဆံရေးသစ်စတင်သည်။ ၁၉၇၉တွင် သမ္မတဂျင်မီကာတာမှ ချိုင်းနား၏ One China Policyကိုအသိအမှတ်ပြု၍ ထိုင်ဝမ်နှင့်လည်းဆက်ဆံဆဲလည်းပြုသည်။ ၁၉၈၉တွင်ချိုင်းနား၏ တီအန်မင်ရင်ပြင်အရေးအခင်းဖြစ်ရာအကြောင်းပြု အမေရိကားမှချိုင်းနားသို့စစ်လက်နက်ရောင်းချမှုပိတ်ပင်သည်။ ၂၀၀၀ တွင် အမေရိကားချိုင်းနားပုံမှန်ကုန်သွယ်မှုပြုလာကာ သမ္မတကလင်တန်မှ ချိုင်းနားကို WTO သို့ဝင်ရောက်နိုင်ရန်ကူညီသည်။ ၂၀၀၇တွင်ချိုင်းနား၏စစ်အင်အားဘက်ဂျက်သိသာစွာတိုးချဲ့လာသည်။ ၂၀၀၈တွင်ချိုင်းနားသည် အမေရိကား၏ဘွန်းဝယ်ယူရာနံပါတ်တစ်မြီရှင်ဖြစ်လာသည်။ ၂၀၁၀တွင်ချိုင်းနားသည် ဂျပန်ကိုကျော်ဖြတ်ကာ GDP $5.88 trillion နှင့်ကမ္ဘာဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာသည်။ ၂၀၁၁တွင်သမ္မတအိုဘားမား၏ “pivot” to Asia ပေါ်လစီအရ ချိုင်းနားကိုအာရှတွင် ယှဥ်ပြိုင်ရန် TPP(Trans-Pacific Partnership)စာချုပ်ချုပ်ခြင်းအပါအဝင်ကုန်သွယ်မှုများတိုးတင်လာသည်။ ၂၀၁၂တွင် ရှီကျင်းဖင်မှချိုင်းနား၏အကြီးအကဲဖြစ်လာသည်။ ၂၀၁၄တွင် သမ္မတအိုဘားမားနှင့်သမ္မတရှီတို့ ကမ္ဘာဥတုရာသီအပြောင်းကိစ္စသဘောတူညီချက်များရသည်။ ၂၀၁၅တွင် တောင်ချိုင်းနားပင်လယ်တွင်း၌ ချိုင်းနား၏ကျွန်းတုဆောက် စစ်ရေးတိုးချို့ပြုလုပ်ခြင်းနှင့်ပါတ်သက်၍ အမေရိကားမှသတိပေး၏။ ၂၀၁၇တွင် သမ္မတထရမ့်မှ ချိုင်းနားသမ္မတရှီအား သူ့ကိုယ်ပိုင် ဖလော်ရီဒါရှိ Mar-a-Lagoသို့ဖိတ်မြေးမလေးမှ ချိုင်းနီးစ်သီချင်းဆိုပြကာဂုဏ်ပြုခဲ့သည်။
၂၀၁၈တွင် အမေရိကားမှ ချိုင်းနားအပေါ်အထူးခွန် Tariffs များသတ်မှတ်ချကာ ချိုင်းနား-အမေရိကားကုန်သွယ်စီးပွားစစ်ပွဲစသည်။ ၂၀၁၈ နှစ်ကုန်လတွင် အမေရိကား၏တောင်းဆိုမှုအရ ချိုင်းနား၏ဟွာဝေးCFO ကိုကနေဒါနိုင်ငံမှဖမ်းဆီးပေးသည်။ ၂၀၁၉တွင် သမ္မတထရမ့်မှ ကုန်သွယ်စစ်ကိုတဆင့်မြှင့်၍ ချိုင်းနား၏တယ်လီကွန်းပစ္စည်းများမှာ နိုင်ငံတော်လုံခြုံရေးထိခိုက်သည်ဟုဆိုကာ အမေရိကားသို့ရောင်းဝယ်ခွင့်ပိတ်သည်။
၂၀၁၉နိုဝင်ဘာတွင် သမ္မတထရမ့်အုပ်ချုပ်ရေးမှဥပဒေထုတ်ကာ ဟောင်ကောင်အုံကြွမှုကိုထောက်ခံလိုက်သည်။ ၂၀၂၀ဇန်နဝါရီ၃၁တွင် ကိုရိုနာဗိုင်းရပ်အကြောင်းပြု၍ ချိုင်းနားပြည်မှလာသူများကို အမေရိကားပြည်ဝင်ပိတ်သည်။
၂၀၂၀ဇူလိုင်တွင် အမေရိကားနှင့်ချိုင်းနားတို့ ကောင်စစ်ဝန်ရုံးအပြန်အလှန်နှင်ထုတ်ပိတ်ခိုင်းမှုဖြစ်သည်။ ၂၀၂၀နိုဝင်ဘာတွင် သမ္မတထရမ့်အုပ်ချုပ်ရေးမှ ချိုင်းနားချစ်ပ်ကုမ္ပဏီများကို နာမည်ပျက်စာရင်းသွင်းကာ ချိုင်းနားကွန်မြူနစ်ပါတီဝင်ပေါင်းသန်း၉၀ကျော်နှင့် အစိုးရဝန်ထမ်းများကိုပါ အမေရိကပြည်ဝင်တင်းကြပ်ပိတ်ပင်မှုများပြုသည်။ ၂၀၂၁ဇန်နဝါရီတွင် သမ္မတထရမ့်၏အုပ်ချုပ်ရေးမှ ချိုင်းနား၏အူဂါမွတ်စလင်များအပေါ်ဆက်ဆံမှုနှင့်ပါတ်သတ်၍ ဂျီနိုဆိုက်အဖြစ်သတ်မှတ်အတည်ပြုသည်။ ၂၀၂၁မတ်လ၁၉တွင် ချိုင်းနား-အမေရိကား အလာစကားဆွေးနွေးပွဲ၌ မည်သည့်သဘောတူညီချက်မှမရပဲ တင်းမာမှုဖြစ်ကာ သမ္မတဘိုင်ဒင်အုပ်ချုပ်ရေးမှ သမ္မတထရမ့်၏ ကုန်သွယ်စီးပွားစစ်နှင့်ချိုင်းနားအပေါ်ထားသည့်ပေါ်လစီတို့ကို ဆက်လက်အတည်ပြုသည်။ ၂၀၂၁ဇွန်တွင် နေတိုးမှချိုင်းနားအား ညူကလီယားနှင်စစ်ရေးမြှင့်တင်နေမှုများအတွက် လုခြုံရေးစိမ်ခေါ်မှုအဖြစ်သတ်မှတ်ကြေညာသည်။ ၂၀၂၂မတ်လတွင် ခကရိန်း-ရုရှားစစ်အတွက် ရုရှားသို့ ချိုင်းနားမှစစ်ရေးအကူအညီထောက်ပံ့လျှင်အကျိုးဆက်များခံစားရလိမ့်မည်ဟု သမ္မတဘိုင်ဒင်မှသမ္မတရှီသို့တိုက်ရိုက်ဖုံးပြောသည်။
တလှမ်းချင်းလှမ်း၍တရွေ့ရွေ့တက်လာသောချိုင်းနားသည် အမေရိကားကိုဖြတ်ကျော်ရန် အခွင့်အလန်းကိုစောင့်နေပုံပေါ်ပါသည်။ ယဥ်ကျေးမှုနှစ်၄၀၀၀ကျော်သမိုင်းအားဖြင့် ပုံစံတူသမိုင်းဘီးတပါတ်လည်မည့်အချိန်ကောင်းတွင် လှုပ်လာပါလိ့မ်မည်။ ဤအချိန်သည် တတိယကမ္ဘာစစ်ကြီးပါတည်း။

“ဇတ်ဆရာအလိုကျ”
ချိုင်းနားနှင့်အမေရိကားတို့ဆက်ဆံရေးကိစ္စသည် မြန်မာပြည်အတွက်လွန်စွာသက်ဆိုင်အရေးကြီးပါသည်။
သူတို့ဖြစ်ကြပါမှ အလိုက်သင့် ရေလိုက်ငါးလိုက်နေခွင့် ပြင်ဆင်ခွင့်မရ။ မြန်မာသည်ကိုယ့်ကြမ္မာကိုယ်ဖန်တီးရန် အခွင့်အလန်းမရှိ။ စစ်မီးအဖြစ်ပြောင်းသွားပါလျှင် မြန်မာနိုင်ငံသည် ထိပ်ဆုံးမှခါးစည်းခံရမည့်နိုင်ငံဖြစ်၏။ ဒုတိယကမ္ဘာစစ်ကြီးကဲ့သို့ပင် ဒရွတ်ဆွဲပါကာ စစ်မြေပြင်ဖြစ် မိအေးနှစ်ခါနာသွားနိုင်၍ဖြစ်သည်။
မြန်မာဗိုလ်ချုပ်ကြီးများမှာ ရေတွင်းထဲမှလိပ် ဝါးလုံး‌ခေါင်းထဲလသာ ကိုယ့်နေရာတွင်ဘုရင် အလိုရှိရာငါလုပ်နိုင်သည်ထင်နေပုံရသည်။
မကြာသေးမီက JFM(Justice For Myanmar )၏စုံစမ်းထောက်လှမ်းမှုများအရ ပေါက်ထွက်လာသော လျှို့ဝှက်ချက်တွင် မြန်မာစစ်တပ်၏အင်အားမှာ တပ်စခန်းပေါင်း၃၇၉တွင် ၃၈၆၅၀၀ဦးရှိသည်။ ဖုံးကိုင်တဦးချင်းစီ၏တည်နေရာကို သူတို့သိနိုင်သည်။ Mytel အမည်ဖြင့် ဗီယက်နမ်၏ Viettel Global Investment နှင့်ဖက်စပ်လုပ်သော မြန်မာကာကွယ်ရေးဦးစီးချုပ်၏အကျိုးစီးပွားများပါ။ မြန်မာတို့၏စတန်းဒတ်အာမီကြီးသည် သူတပါးနိုင်ငံ၏စစ်တပ်စီးပွားရေးနှင့်ဖက်စပ်လုပ်ရင်း တိုင်းပြည်၏လျှို့ဝှက်ချက်အရပ်ရပ်ကို လူတဦး၏အကျိုးစီးပွားအတွက်ရောင်းစားမိရက်သားဖြစ်နေပုံပါ။
အမေရိကား/အနောက်နိုင်ငံများမှ စပိုင်သဘောပါသည်ဟူ၍ တရားဝင်စာထုတ်သုံးစွဲမှခွင့်မပြုသည် ချိုင်းနား၏တယ်လီကွန်းစက်ကရိယာများကို မြန်မာစစ်ဖက်/အစိုးရအင်ဖရာစရပ်ချာတို့တွင် သုံးမိရက်သားဖြစ်နေသည်။ ရုရှားနိုင်ငံဆီ ပညာတော်သင်များစေလွှတ်လျှက် စစ်အရာရှိလူရွယ်များနှင့် ရုရှန်းတို့ လူမူရေးများရောထွေးကုန်ကာ ဒိုးယိုတွေပေါက်ကုန်သည်။
ဤသို့ပစ္စက္ခအခြေအနေ ချိုင်းနား/အမေရိကား တင်းမာမှုအမြင့်ဆုံးခေတ် ကမ္ဘာစစ်ကြီးအထိဖြစ်လာနိုင်သောနှစ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်၏NLD ပါတီအစိုးရဖြစ်လာခြင်း၊ ရိုဟင်ဂျာအရေးအခင်း၊ ဝ၊ကိုးကန့်နှင့် AAတို့စစ်စွမ်းလာခြင်း၊ ထပ်ကပြန်တပ်အာဏာသိမ်းပစ်ခြင်းတို့သည် မတော်တဆတိုက်ဆိုင်မှုဟု ဆိုနိုင်ပါ၏လော။ စူပါပါဝါဇတ်ဆရာတို့၏ ကြိုးဆွဲရာကပြအသုံးတော်ခံနေရပါသည်ဟု မြင်မကြည်နိုင်သလော။ ၂၀၁၀ အာရပ်နွေဦးသည် အာရှဖက်သို့ ၂၀၂၁မြန်မာ့နွေဦးအဖြစ် ဘယ်သို့ဘယ်ပုံခြေထောက်ပေါက် ရောက်လာခဲ့သနည်း။

“New Normal ပုံမှန်အသစ်”
မြန်မာပြည်ကြီး ယူဂိုဆလားဗီးယားကဲ့သို့ တိုင်းပြည်တစစီပြိုကွဲသွားပါလျှင်လည်း ထူး၍မဆန်းသလိုဖြစ်လာသည်။ လူမျိုးအချင်းချင်း တိုင်းရင်းသားအစုံစုံ ပြည်တွင်းစစ်နွဲကြခြင်းသည် ပုံမှန်သဘောထားလာသည်။ စီးပွားရေး ချွတ်ခြုံကျလျှက်မှ အငတ်ဘေးကြုံခြင်း လူ့အသက်ဆုံးရှုံးခြင်းသည် ပုံမှန်အသစ်ဖြစ်လာသည်။ ပစ်ခတ် သတ်ဖြတ် ဗုံးခွဲ လုပ်ကြံခြင်းတို့ သာမန်နေ့စဥ်လူနေမှုဘဝထဲရောက်နေ၏။ မြန်မာတို့ ကိုယ့်လူမျိုးအချင်းချင်းအယူအဆမတူ အတွေးအခေါ်ခြားသည်မူ၍ အတူတူယှဥ်တွဲနေထိုင်ကြပါရန် စိတ်ထားနိုင်ပါသေးသလော။ ဆုံးရှုံးမှုနှင့်လူသေအနည်းဆုံးဖြစ်အောင် ကမ္ဘာမျှော်ကြည့်၍ ချင့်ချိန်မလုပ်နိုင်ပါသလော။
အာဆီယံအလိုကျ ညှိနှိုင်းစားပွဲဝိုင်းပေါ်တက် ပြောကြဆွေးနွေးကြလိုသေးသလော။ စစ်အုပ်ချုပ်ရေးမှ ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်တို့ကို လုပ်ကြံပစ် သေဒဏ်ပေးမည်လည်းဆိုနေသလို ဒေါ်အောင်ဆန်းစုကြည်ကိုပင် ထောင်တွင်းပို့လိုက်သည်ဟုပင် သတင်းများထွက်လာနေသည်။ အထူးအဆန်းမမြင်မိကြတော့။
အဆုံးစွန်ကိုမြင်တွေး လုပ်နေကြပါလျှင် အစွန်ဆုံးရောက်သွားကြမည်သာဖြစ်ပါသတည်း။ အစွန်းဟူသည် ကောင်းခြင်းကိုခေါ်လာခြင်းမရှိ။ မဇ္ဈိမပဋိပဒါ အလယ်ကျင့်ရန်မလို အစွန်းရှောင်ရန်သာလိုသည်။ မြန်မာတို့အတွက် မေးခွန်းရှိ၏။ အစွန်းရှောင်နိုင်ကြပါသလော။ ။