Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာပြည်သတင်းဒိုင်ယာရီ April 2023

မြန်မာပြည်သတင်းဒိုင်ယာရီ
သင့်အေးရိပ် စုဆောင်းတင်ပြသည်။

Apr 12 ။ နိုင်ငံတဝန်း လက်နက်ကိုင်ခုခံမှုတွေကို အင်အားသုံးနှိမ်နင်းနေတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးအသုံး စရိတ်ကို မနှစ်ကထက် ကျပ်ဘီလီယံ ၂ထောင်နီးပါး တိုးမြှင့်လိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေအရ ၂၀၂၃ – ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွက်
ကာကွယ်ရေး အသုံးစရိတ်ကို ကျပ် ၅၆၃၅ ဘီလီယံ သတ်မှတ်ထားပြီး၊ ယခင်ဘဏ္ဍာနှစ်ကတော့ ကာကွယ်ရေး အသုံးစရိတ် ကျပ် ၃၇၀၃ ဘီလီယံ သတ်မှတ်ခဲ့တာပါ။


စစ်အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၂၄၀ နဲ့
ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၃၄၈ ယောက် ထိရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။ ဒီစာရင်းဟာ
၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃၊ ဧပြီ ၁၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေ ဒီထက်ပိုနိုင်ကြောင်းပြောပါတယ်။

Apr 11 ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာ လူ ၈၀၀ လောက်စုဝေးနေတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်တာကြောင့် အနည်းဆုံး လူ ၁၀၀ကျော်
အစုလိုက်အပြုံလိုက် သေဆုံးသွားပါတယ်။ လူထုစုဝေးပွဲကို စစ်ကောင်စီ တိုက်လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။


စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ပဇီကြီးရွာမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲ ကျင်းပနေတာကို စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တွေက ဗုံးတွေ ကြဲချခဲ့ပြီး၊ အဲဒီနောက် Mi-35 စစ်ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ လူအုပ်ထဲကို အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ရာမှာ သေဆုံးသူ ၁၀၀ ကျော်ရှိပြီး ဒဏ်ရာရသူဦးရေ ၂ဝ ကျော်ရှိခဲ့တာပါ။

Apr 10 ။ စစ်တပ်အာဏာသိမ်းပြီးနောက် ၂နှစ်ကျော်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အရပ်သား ၁၅၅ ယောက် သေဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ သတင်းတွေအရ သိရပါတယ်။ သေဒဏ်ချမှတ်ခံထားရသူတွေထဲမှာ အမျိုးသား ၁၄၀ ယောက်၊ အမျိုးသမီး ၁၅ ယောက် ပါဝင်ပြီး အများစုက လူငယ်တွေ ဖြစ်ပါတယ်။


မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ၊ မြန်မာ့အကျပ်အတည်း အဆုံးသတ်ရေးနဲ့ အားလုံးပါဝင်တဲ့ အနာဂတ် ဒီမိုကရေစီ တည်ဆောက်ရေး ကြိုးပမ်းနေသူတွေကို ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ US နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken)က ပြောပါတယ်။

Apr 09 ။ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို နိုင်ငံတဝန်း စည်စည်ကားကား ကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေပြီး အတိုက်အခံ အင်အားစုတွေဘက်ကလည်း စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ်တွေကို ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိနေပါတယ်။ ရန်ကုန်တိုင်း စမ်းချောင်း၊ ဒဂုံ၊ သာကေတ၊ ပြည်သူ့ရင်ပြင်၊ မန္တလေးတိုင်း စျေးချိုနဲ့ မော်လမြိုင်မြို့က ဆောက်လက်စ မဏ္ဍပ်တွေမှာ ဗုံးခွဲတိုက်ခိုက်ခံရမှု ၆ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ကို ထွက်ပြေးခိုလှုံသူ ၁သောင်းကျော် ရှိလာပြီလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေတဲ့ အဝေးရောက်ဧရာဝတီအသင်း(OIA) က ပြောပါတယ်။

Apr 08 ။ သင်္ကြန်ပိတ်ရက် နေရပ်ပြန်မယ့်သူတွေအတွက် မြန်မာ့မီးရထား လက်မှတ်တွေကို အထူးတန်း ၃ ရက်၊ ရိုးရိုးတန်း ၁ ရက် ကြိုတင် ရောင်းပေးနေပြီး လက်မှတ်ဝယ်ဖို့ မနက်အစော တန်းစီရပေမယ့် လက်မှတ်စောင်ရေ အကန့်အသတ်နဲ့ ရောင်းတာကြောင့် လက်မှတ်မရသူတွေ အခက်အခဲ ကြုံနေရပါတယ်။

Apr 07 ။ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို မနေ့ည ၉ နာရီကျော်မှာ မြို့ပြပျောက်ကျားတပ်ဖွဲ့ဝင်တွေက ရှော့ခ်တိုက်ဒုံးနဲ့ ပစ်လို့ ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ ရှော့ခ်တိုက်ဒုံးနဲ့ဆက်တိုက် ၅ကြိမ်ပစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။


မြန်မာပြည်က လက်နက်ကိုင်ပဋိပက္ခနဲ့ နိုင်ငံရေးအကျပ်အတည်းကို တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ ဖြေရှင်းဖို့ နိုင်ငံတကာက လိုလားနေပေမယ့် စစ်ကောင်စီဘက်ကရော အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ဘက်ကပါ လက်ရှိမှာ တွေ့ဆုံဆွေးနွေးလိုတဲ့ အခြေအနေ မရှိသေးကြောင်း နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

Apr 06 ။ သင်္ကြန်ပစ္စည်းတွေဖြစ်တဲ့ ကလေးကစားစရာ ရေပြွတ်၊ ရေသေနတ်၊ ရေပက်ခံပစ္စည်း အစရှိတဲ့ ဈေးကွက် အရောင်းပါးတာ ဒီနှစ်နဲ့ဆိုရင် ၃ နှစ်လောက်ရှိပြီလို့ သင်္ကြန်ပစ္စည်း အရောင်းအဝယ် ဈေးကွက်ကနေ သိရပါတယ်။ သင်္ကြန်ပစ္စည်းတွေ အရောင်းပါးတာ အာဏာသိမ်းပြီးကတည်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီက သင်္ကြန်ပြန်လည်ကျင်းပ‌ခဲ့ပေမဲ့ ရေပက်ခံထွက်သူ နည်းပါးတာ၊ သင်္ကြန်ကို အရင်လို စည်ကားအောင် မပြုလုပ်နိုင်တော့တဲ့အတွက် အရောင်းပါးလာကြောင်း
ရန်ကုန်မြို့ရှိ သင်္ကြန်ပစ္စည်းရောင်းချသူတွေက ပြောပါတယ်။


မြန်မာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအများအပြားမှာ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး မတ် ၂၇ ရက်အထိ နိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းနီးပါးရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။ ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၄ သန်းကျော်ဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်ကြောင်း ပြောပါတယ်။

Apr 05 ။ စစ်ကိုင်းနဲ့ မကွေးတိုင်းက ခရိုင် ၅ခုအတွင်း စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ၂၀၂၂ ဩဂုတ်လ ၁ ရက်ကနေ ၂၀၂၃ ဇန်နဝါရီ ၃၀ ရက်အထိ ၆ လတာ ကောက်ယူထားတဲ့ သုတေသနစစ်တမ်းအရ စစ်ကိုင်းတိုင်းအတွင်း စစ်ရာဇဝတ်မှု ၃၀၀ ကျော်နဲ့ အများဆုံးဖြစ်ပွားပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၃၈ မှု၊ ‌ရာဇဝတ်မှု ၁၉၉ မှု ရှိကြောင်း၊ မကွေးတိုင်းအတွင်း စစ်ရာဇဝတ်မှုပေါင်း ၇၀ ကျော်၊ လူအခွင့်အရေးချိုးဖောက်ခံရမှု ၂မှုနဲ့ ရာဇဝတ်မှု ၂၀ အထိ ဖြစ်ပွားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။

တိုင်းပြည်ကာကွယ်ရေးအတွက် မဟုတ်ဘဲ နိုင်ငံသားတွေကို လက်နက်ကြီးတွေ သုံးပြီး နှိပ်စက်သတ်ဖြတ်နေတဲ့ မြန်မာစစ်အာဏာရှင်တွေကို တာဝန်သိတဲ့ နိုင်ငံတွေအနေနဲ့ လက်နက်ရောင်းချတာ မလုပ်ကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယနေ့ကျင်းပတဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။

Apr 04 ။ စစ်ကောင်စီဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဟာ စကစရဲ့အကြမ်းဖက်လုပ်ငန်းတွေကို အားပေးကူညီနေတဲ့အတွက်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်ပါတယ်။
နေပြည်တော်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ကယားပြည်နယ်ကို စစ်ကောင်စီတပ်က မတ်လဆန်းကစပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ဘေးဒုက္ခသည် ၂သိန်းခွဲအထိ တိုးလာနေကြောင်း ကရင်နီ ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

Apr 03 ။ ၂၀၂၃၊ ဇန်နဝါရီလက ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ကနေ သရက်ထောင်နဲ့ သာယာဝတီထောင်တွေဆီ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၇၀၀ ခန့်ဟာ ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရဘဲ မိသားစုဝင်တွေ အင်းစိန်ထောင်ကို ထောင်ဝင်စာသွားပို့မှသာ အဲဒီထောင်မှာ မရှိတော့တာကို သိခဲ့ရကြောင်း နိုင်/ကျဉ်း မိသားစုဝင်တွေနဲ့
ကူညီပေးနေသူတွေက ပြောပါတယ်။


စစ်ကောင်စီနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေတဲ့ ကယားပြည်နယ်အတွင်းမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ မတ်လ ၃၁ ရက်နေ့အထိ ၂၅ လအတွင်း အရပ်သား ၄၄၇ ဦး သေဆုံးခဲ့ရကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF တာဝန်ရှိသူက ပြောပါတယ်။ ဖမ်းဆီးသတ်ဖြတ်ခံရလို့ သေဆုံးခဲ့ရသူ ၃၁၃ ဦးရှိပြီး၊ စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးခဲ့ရသူ ၁၃၄ ဦး အထိ ရှိခဲ့ကြောင်းလည်း ပြောပါတယ်။

Apr 02 ။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ပူးပေါင်းမှု အားကောင်းတဲ့ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်လာကြောင်း ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ စကစ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NUG၊ PDF အဖွဲ့တွေကို ကူညီပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO တွေကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မယ်လို့ မတ်လ ၂၇ ရက်မှာ ကျင်းပတဲ့ ၇၈ နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Apr 01 ။ ၂၀၂၃၊ မတ်လအတွင်း နိုင်ငံတဝန်း ၁၀၂ ကြိမ် မီးရှို့ခံရပြီး နေအိမ် ၄,၃၉၂ လုံး မီးလောင်ပျက်စီးကာ ဒေသခံ ၃၅ ဦးအထိ သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဟာ မီးရှို့ခံရမှု အကြိမ် ၅၀ နဲ့ အများဆုံးဖြစ်ခဲ့ပြီး နေအိမ် ၃,၁၀၇ လုံးနဲ့ ဘာသာရေးအဆောက်အအုံ၁လုံး ပျက်စီးခဲ့သလို ပြည်သူ ၂၆ ဦးအထိ သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ မြောက်ဘက်က ပေါက်ကုန်းရွာမှာ နေအိမ်နဲ့ အဆောက်အအုံ ၁၀၀ ကျော် မီးရှို့ခံရကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပြီး ဘယ်အဖွဲ့က ရှို့တယ်ဆိုတာကို အပြန်အလှန်စွပ်စွဲခဲ့ကြပါတယ်။

Mar 31 ။ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ ဆက်လက်လျှောက်လှမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ၂နှစ်ပြည့်မှာ ပူးတွဲကြေညာချက် ထုတ်ပါတယ်။
ပြည်သူလူထုတရပ်လုံးနဲ့ တော်လှန်ရေးမှာပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေကိုလည်း အလေးအနက်ထားစဉ်းစားပြီး ဆက်လက်လျှောက်လှမ်းသွားမယ်လို့ ဖော်ပြထားပါတယ်။


မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး တိုးတက်မှုအခြေအနေ ဆိုးဆိုးဝါးဝါး နိမ့်ကျနေပြီး၊ လာမယ့် စက်တင်ဘာမှာ ပြီးဆုံးမယ့် ဘဏ္ဍာနှစ်မှာ နိုင်ငံရဲ့ ဂျီဒီပီ တိုးတက်မှု ၃ % သာ ရှိလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ကြေညာပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှုတွေ ပိုဆိုးလာတာ၊ နိုင်ငံအနှံ့ ပဋိပက္ခ၊ တိုက်ခိုက်မှုတွေ ဖြစ်နေတာနဲ့ အုပ်ချုပ်သူတွေရဲ့ မူဝါဒအမှားတွေကြောင့် မြန်မာပြည်ရဲ့ စီးပွားရေးတိုးတက်မှု အခြေအနေ နိမ့်ကျနေတာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

Mar 30 ။ အတိုက်အခံနိုင်ငံရေးပါတီတွေကို ဖျက်သိမ်းလိုက်တဲ့အပေါ် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (Antonio Guterres)က အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ US ကလည်း NLD အပါအဝင် ပါတီ ၄ဝ ကို စစ်ကောင်စီထိန်းချုပ်တဲ့ ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းလိုက်တာကို အပြင်းအထန်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။


၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို စကစရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းလိုက်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ကြောင်း ဥပဒေပညာရှင်တွေက ဝေဖန်ပြောဆိုနေခဲ့ပါတယ်။

Mar 29 ။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်က အင်းတော်ကြီးကန်မှာ ရှားပါးပြီး မျိုးတုံးမယ့် အန္တရာယ်ကြုံနေရတဲ့ သားငှက်တိရစ္ဆာန်မျိုးစုံ မှီတင်းနေထိုင်နေပြီး စစ်အာဏာသိမ်းပြီးနောက် စည်းကမ်းမဲ့ ရွှေတူးဖော်မှုတွေ အဆမတန် များလာတဲ့အတွက် အင်းတော်ကြီးကန် တိမ်ကောမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။


ကရင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်က စပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ကော့ကရိတ်-မြဝတီ အာရှလမ်းကို ပိတ်ထားရပြီး ကုန်သွယ်ရေးဇုန်လည်း မီးလောင် ပျက်စီးသွားတာကြောင့် ကုန်စည်စီးဆင်းမှုတွေလည်း ရပ်ဆိုင်းလုနီးပါး ဖြစ်နေခဲ့ပါတယ်။ ဒေသတွင်း စားသောက်ကုန်ဈေးနှုန်းတွေလည်း မြင့်မားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

Mar 28 ။ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ အပစ်ရပ်စာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU-KNLA/PC က ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။


စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပြန်လည်မှတ်ပုံ မတင်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် နိုင်ငံရေးပါတီ ၄ဝ ကို ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့မှာ ကြေညာခဲ့ပါတယ်။

Mar 27 ။ စစ်အာဏာသိမ်းထားတဲ့ ၂နှစ်ကျော်ကာလအတွင်း မြန်မာပြည်ရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ အလှည့်ကျ မီးပေးစနစ်နဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နေရပြီး၊ စက်မှုလုပ်ငန်းတွေအတွက် တရက်ကို မီးပေးချိန် လေးနာရီပဲရတာကြောင့် SME အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာကြောင်း စီးပွားရေးလုပ်ငန်းရှင်တွေက
ပြောပါတယ်။


စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံလိုက်ရသူ ၁ထောင်ကျော်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ပါတယ်။ AAPP က ကောက်ယူရရှိတဲ့ စာရင်းတွေအရ ဖမ်းဆီးသွားပြီးနောက် ညှဉ်းပန်းနှိပ်စက်ခံရတာ၊ အရှင်လတ်လတ် မီးရှို့ခံရတာ၊ လူသားဒိုင်းအဖြစ် အသုံးပြုခံရတာ စတဲ့နည်းမျိုးစုံနဲ့သေဆုံးခဲ့သူ ၁၀၇၀ ဦးရှိကြောင်း ဖော်ပြပါတယ်။

Mar 26 ။ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ညှဥ်းပန်းရာမှာ သတင်းကျော်ကြားတဲ့ ပဲခူးတိုင်းက သာယာဝတီထောင်မှာ ယခုမတ်လအတွင်း အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်ပြီး တိုက်ပိတ်အကျဉ်းချတာတွေ ထပ်မံလုပ်ဆောင်နေကြောင်း အကျဉ်းသား မိသားစုတွေက ပြောပါတယ်။


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေ လည်းရှိခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

Mar 25 ။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ဆုံကုန်းကျေးရွာကို အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ရုတ်တရက် ဝင်ရောက် စီးနင်းခဲ့တာကြောင့် ဒေသခံအရပ်သားတွေ အသက်လုထွက်ပြေးခဲ့ရပြီး နေအိမ် ၁၇၅ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ စကစတပ်တွေ ဝင်ရောက်စီးနင်းချိန်မှာ ထွက်မပြေးနိုင်လို့ နေအိမ်မှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အို အမျိုးသမီး၆ဦးနဲ့ အမျိုးသား၁ဦး မီးလောင်ကျွမ်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး၊ လက်ပံတောင်းတောင်ဒေသမှာ ကြေးနီစီမံကိန်း လုပ်နေတဲ့ ချိုင်းနားအစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီကို ဒေသခံ လက်နက်ကိုင် PDF တပ်ဖွဲ့ ဆားလင်းကြီး Special Task Force က ကိုယ်တိုင်လုပ် ဒရုန်းလေယာဉ်ငယ်ထဲ အင်အားပြင်းဗုံး နှစ်လုံးထည့်ပြီး ကုမ္ပဏီဝင်းထဲကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

Mar 24 ။ ယခုနှစ် မြန်မာပြည်က ကျောင်းသူကျောင်းသားတွေ တက္ကသိုလ်ဝင်ခွင့် ဖြေဆိုသူဦးရေ ၅ပုံ ၁ပုံသာ ရှိခဲ့တဲ့အတွက် စစ်အာဏာ မသိမ်းခင်ကထက် ဖြေဆိုသူ ၈ဝ% ကျဆင်းသွားခဲ့ကြောင်း Nikkei Asia သတင်းအရ သိရပါတယ်။
အာဏာသိမ်းကာလ ၂နှစ်ကျော်အတွင်း လက်နက်ကိုင်ဆန့်ကျင်သူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ပေါင်း ၁၅၀၀ နီးပါး အသက်ဆုံးခဲ့ပြီး၊ ဒီစာရင်းကို NUG က လက်လှမ်းမီသလောက်သာ ပြုစုထားတာကြောင့် လက်တွေ့မှာ ပိုများနိုင်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

Mar 23 ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ရွာတချို့ကို မတ် ၂၂ နဲ့ ၂၃ မှာ စစ်ကောင်စီတပ်ဖွဲ့က ရွာထဲစီးနင်းပြီး နေအိမ်တွေ မီးရှို့ခဲ့ကြောင်း ဒေသခံတွေ ပြောပြချက်အရ RFA က ဖော်ပြပါတယ်။


စစ်ကောင်စီကို ရုရှားနိုင်ငံက ကျောထောက်နောက်ခံပေးနေတာဟာ လက်ခံနိုင်စရာမရှိသလို လက်နက်တွေ ထောက်ပံ့ပေးနေတာဟာလည်း မြန်မာပြည်ကို ပဋိပက္ခထဲ တွန်းပို့သလို ဖြစ်နေကြောင်း US နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်က ပြောပါတယ်။

Mar 22 ။ မြန်မာစစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ကနေ နေရပ်ပြန်လာမယ့် ရိုဟင်ဂျာ ၁ထောင်ဝန်းကျင်ကို လက်ခံဖို့ရှိပြီး ဧပြီလလယ်လောက်မှာ ပြန်လည်နေရာချထားရေးအစီအစဉ် စတင်ဖို့ ပြင်ဆင်နေကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။


မြန်မာပြည်မှာ ၅လ အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသူ ၂.၄ သန်းကျော် တိုးလာကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။ မြန်မာပြည်သား ၁၇.၆ သန်းလောက်ဟာ လူသားချင်းစာနာမှုအကူအညီတွေ အထူးလိုအပ်နေကြောင်းလည်း ပြောပါတယ်။


မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်နဲ့ ချမ်းမြသာစည်မြို့နယ်ထဲက နေအိမ် ၇၀၀ ခန့်ကို မတ်လ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်ဘက်က စက်ယန္တရားတွေနဲ့ ဖျက်ဆီးခဲ့ရာ ထရံကာတဲအိမ်တွေကနေ သုံးထပ်တိုက်တွေအထိ အိမ်ကြီး၊ အိမ်ကောင်းတွေပါ ပါဝင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

Mar 21 ။ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲက ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ထိန်းချုပ်နယ်မြေ မံစီမြို့နယ်အနီးမှာ ချိုင်းနိစ်တွေ ပါဝင်တဲ့ ကုမ္ပဏီတခုက မြေရှားသတ္တု တူးဖော်ဖို့ ပြင်ဆင်နေတာကို ဒေသခံတွေက သွားရောက်ဖျက်ဆီးခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတာတွေကြောင့် မကြာခင်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တာဝန်ရှိသူတွေကို နိုင်ငံတကာ တရားရေးရာအဖွဲ့တွေကတဆင့် တရားစွဲ အပြစ်ပေးနိုင်တော့မှာဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

Mar 20 ။ စစ်အာဏာဖီဆန်ရေး အကြမ်းမဖက်လှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ရဲနဲ့ စစ်သည် ၁သောင်း၂ထောင်ကျော်ဟာ အချိန်ကြာလာတာနဲ့အမျှ အခက်အခဲမျိုးစုံ ကြုံတွေ့နေရပြီး ထောက်ပံ့ကြေး မလုံလောက်တာကြောင့် စားဝတ်နေရေး အခက်အခဲတွေရှိနေကြောင်း ကာယကံရှင်(CDM)ဝန်ထမ်းတွေက ပြောပါတယ်။


မြန်မာ့အရေးကို အာဆီယံအသင်းက မကူညီ၊ မဖြေရှင်းနိုင်ရင် ဒေသတွင်းမှာ ပြင်ပအင်အားကြီး နိုင်ငံတွေရဲ့ စွက်ဖက်မှုနဲ့ ရင်ဆိုင်ရနိုင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီက ပြောပါတယ်။