Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာပြည်သတင်းဒိုင်ယာရီ April 2024


သင့်အေးရိပ် စုဆောင်းတင်ပြသည်။

Apr 25 ။ ရခိုင်ပြည်နယ် မောင်တောမြို့အတွင်းက ရက္ခိုင့်တပ်တော်(AA)ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၈၈ ဦးကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာပြည် ဒေသအနှံ့မှာ ဧပြီလ နောက်ဆုံးအပတ်ထဲ နေ့အပူချိန်တွေ မြင့်တက်ပြီး အပူဒဏ်ကို ပြင်းထန်စွာ ခံစားနေကြရကာ သက်ကြီးရွယ်အိုတွေ မူးလဲတာ၊ ကလေးတွေ ခန္ဓာကိုယ်ယားယံတာတွေ ဖြစ်နေပါတယ်။

Apr 23 ။ သုံးလကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီးနောက် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား ၉၀ ဝန်းကျင်အထိ ရှိလာပါတယ်။ ဒီစာရင်းမှာ စစ်ကိုင်းတိုင်းက တိုက်ပွဲအတွင်းနဲ့ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သား အရေအတွက် မပါဝင်သေးပါဘူး။


စစ်ကောင်စီက ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းကာ လက်နက်ကိုင်ခိုင်းပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတာတွေကို သတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောထားပါတယ်။‌ လူထုအကြား လူမျိုးရေး ပဋိပက္ခအရှိန်မြင့်လာအောင် ရည်ရွယ်ချက်နဲ့ ရက္ခိုင့်တပ်တော်(AA)ကို ရိုဟင်ဂျာလူမျိုးစုတွေက ကန့်ကွက်ဆန္ဒပြပွဲတွေ စစ်ကောင်စီက ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်နေတယ်လို့လည်း ပြောထားပါတယ်။

Apr 22 ။ ပဲခူးတိုင်း မြို့နယ်တချို့မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် စစ်ကောင်စီက ကိုရင်ဝတ်နေသူတွေကိုပါ ဖမ်းဆီးနေတဲ့အပြင် ဆိုင်ကယ်လိုင်စင်စစ်ရင်း အဖမ်းခံရသူတွေကိုပါ စစ်မှုထမ်းဖို့ ဖမ်းဆီး ခေါ်ဆောင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။


NLD အစိုးရလက်ထက်က ခန့်အပ်ထားတဲ့ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူကို ကျန်းမာရေးကြောင့် အနားယူခိုင်းလိုက်ပြီလို့ စစ်ကောင်စီက ကြေညာပါတယ်။


နေရာပြောင်းရွှေ့ထားတယ်လို့ သတင်းတွေ အမျိုးမျိုးထွက်နေပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာကို နေပြည်တော် အချုပ်ထောင်မှာပဲ ဒီနေ့ လက်ခံလိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

Apr 21 ။ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ကြာအင်းဆိပ်ကြီးနယ်နဲ့ မွန်ပြည်နယ် ရေးမြို့နယ်တွေမှာ လူငယ် ရာပေါင်းများစွာ ရောက်ရှိခိုလှုံမှု များပြားနေပြီး သူတို့အတွက် နေထိုင်စားသောက်ရေး အကူအညီတွေ လိုအပ်နေကြောင်း ဒေသခံတွေထံက သိရပါတယ်။


စစ်အာဏာသိမ်းထားတဲ့ မြန်မာပြည်ရဲ့လူ့အခွင့်အရေး အခြေအနေဟာ ပိုပိုဆိုးလာနေတယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်တဲ့ ၂ဝ၂၃ ခုနှစ် လူ့အခွင့်အရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Apr 20 ။ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဖြစ်တဲ့ တိုက်ပွဲတွေမှာ တန်ပြန်စစ်ဆင်ရေးအတွက် ဒရုန်းတပ်ဖွဲ့ကို စတင်အသုံးပြုလာကြောင်း စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ရုရှားဆီက ဒရုန်းနည်းပညာအကူအညီ တောင်းပြီးနောက် ချိုင်းနားထံမှ CH-4UAV မောင်းသူမဲ့လေယာဥ်(ဒရုန်း)တွေကို ဝယ်ယူ တန်ပြန်ထိုးစစ်ဆင်လာတာလို့ သိရပါတယ်။


မိခင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က ဝေဖန်ပြောကြားလိုက်ပါတယ်။

Apr 19 ။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာဟာ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk)က ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA ကြား တကျော့ပြန် တိုက်ပွဲတွေ ဖြစ်လာခဲ့ပြီးနောက် မြို့နယ် ၁၇ မြို့နယ်ထဲက ၁၅ ခုမှာ တိုက်ပွဲတွေကြောင့် ရာနဲ့ချီ ထိခိုက်သေဆုံးခဲ့ရသလို ပြည်သူ သုံးသိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။


အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပါဝင်တဲ့ ဝန်ထမ်းတွေကို နိုင်ငံကူးလက်မှတ် မထုတ်ပေးဖို့နဲ့ နိုင်ငံကူးလက်မှတ် လာလုပ်ရင်လည်း ဖမ်းဆီးထားဖို့ စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။

Apr 18 ။ စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ လတ်တလော ပြုစုထားတဲ့ စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၁ဝ၁ ဦးသာပါဝင်ပြီး ၄ % သာ ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။


စစ်ကောင်စီက အတင်းအကျပ်စစ်သားစုဆောင်းနေတာကြောင့် လူငယ်တွေ ပုန်းရှောင်နေရတာ၊ ပြည်ပနိုင်ငံတွေဆီ ထွက်ပြေးနေရပြီး အနာဂတ်မဲ့တဲ့ အခြေအနေဆိုးတရပ်နဲ့ ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီရဲ့ “၂၀၂၄ ခုနှစ် လူငယ်ဖိုရမ်” မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ‌ပြောပါတယ်။

Apr 17 ။ အာဏာသိမ်းပြီးချိန်ကတည်းက ၃ နှစ်ကျော် စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဒီနေ့မှာပဲ အကျဉ်းထောင်ထဲက ခေါ်ထုတ်သွားခဲ့ပြီး နေအိမ်အကျဉ်းထောင်အနေနဲ့ ပြောင်းရွှေ့လိုက်ကြောင်း စစ်အုပ်စုဘက်က ကြေညာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အကျဉ်းကျခံနေရတဲ့ကာလတွေ အတွင်းမှာ သွားကိုက်ဝေဒနာ ခံစားနေရပြီး မသက်မသာ ဖြစ်နေတယ်လို့ သိရပါတယ်။


မြန်မာပြည်တဝန်း အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၃၃၀၃ ယောက်ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီက ကြေညာပါတယ်။ စစ်အာဏာသိမ်းမှု စတင်ချိန်ကနေ ဧပြီ ၁၂၊ ၂၀၂၄ ခုနှစ်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၆၅၂၄ ဦးရှိပြီး ဒီအထဲက ၂၀၃၅၁ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေအနက် ၈၉၄၀ ဦးမှာထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားပါတယ်။

Apr 16 ။ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က တလကျော်ကြာ တိုက်ပွဲကာလအတွင်း KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးတဝိုက်မှာ ဆယ်စုနှစ်ချီကြာ စစ်ကောင်စီ တပ်စွဲထားတဲ့ ဘွမ်ရယ်၊ ခယာအပြင် အရင် KIO ဌာနချုပ်ဖြစ်ခဲ့တဲ့ နာဖော့ တပ်စခန်းကို သိမ်းယူထားပါတယ်။ ဒါ့အပြင် ချိုင်းနား-မြန်မာနယ်စပ် ကုန်သွယ်ရေး မြို့ဖြစ်ပြီး စီးပွားရေးအရ အရေးပါတဲ့ လွယ်ဂျယ်မြို့ကိုလည်း ထိန်းချုပ်ထားပါတယ်။


အရင်နှစ်တွေက ဆားကြမ်း ၁ပိဿာကို ငွေ ၁၄၀ ကျပ်နဲ့ ရောင်းရပေမယ့် အခုနှစ်မှာတော့ ၉၀ ကျပ်သာ စျေးရတော့တာကြောင့် ဆားဖိုလုပ်ငန်းရှင်တွေ အရှုံးနဲ့ရင်ဆိုင်နေရပြီး အလုပ်သမားတွေကို လုပ်အားခတွေ တိုးမြှင့်မပေးနိုင်တော့ဘူးလို့ အလုပ်ရှင်တွေနဲ့ လုပ်သားတွေက ပြောကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းပြီး ၃နှစ်အတွင်း နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံနိုင်ခဲ့တာကြောင့် ကမ္ဘာမှာ အရေးကြီးကိစ္စတွေရှိပေမယ့် မြန်မာ့အရေးဟာ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ဦးစားပေးအဆင့် ရှိနေဆဲပဲလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ ၂၀၂၄ ဟာ ပန်းတိုင်ရဲ့ အနီးကပ်ဆုံးကို ရောက်မယ့်နှစ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

Apr 15 ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းက ကျေးရွာငါးရွာကို ဧပြီလ ဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် ၂ ပတ်အတွင်း နေအိမ်ပေါင်း ၇၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။


ရခိုင်ပြည်နယ်မှာ အစဉ်အလာမပျက် ကျင်းပလာခဲ့တဲ့ ရိုးရာသင်္ကြန်ဟာ အခုနှစ်မှာတော့ စစ်ပွဲတွေကြောင့် မကျင်းပနိုင်ဘဲ တိတ်ဆိတ်ခြောက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ လူစုလူဝေးလုပ်တဲ့နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ရခိုင်မှာ လူစုလူဝေးနဲ့ သင်္ကြန်ပွဲမကျင်းပဖို့ ရက္ခိုင့်တပ်တော်(AA)ကလည်း သတိပေးထားပါတယ်။

Apr 14 ။ ကလေး၊ ကနီ၊ မင်းကင်း၊ တန့်ဆည်၊ ကောလင်း၊ ပင်လည်ဘူး၊ ထီးချိုင့် စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီ ပထမဆုံးလက်လွှတ်ခဲ့ရတဲ့ ကောလင်းမြို့ကို မနေ့က စစ်ကောင်စီဟာ အင်အားအလုံးအရင်းနဲ့ ပြန်လည် တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။


စစ်အာဏာသိမ်းမှု ၃နှစ်ကျော်အတွင်း နိုင်ငံတဝန်းမှာ နေအိမ် ရှစ်သောင်းကျော် (၈၃,၇၄၆) မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း စာရင်းပြုစုနေတဲ့ Data For Myanmar အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မှာ သင်္ကြန်ရေကစားဖို့ရောက်နေတဲ့ အချိန်မှာပဲ ပြင်ဦးလွင်အခြေစိုက် စစ်တက္ကသိုလ်(DSA)နဲ့ တပ်မတော်နည်းပညာတက္ကသိုလ်(DSTA)နားတဝိုက်ကို ဒီနေ့ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်သံတွေကြားနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

Apr 13 ။ အာဏာသိမ်း ၃နှစ်တာကာလအတွင်း ချင်းအမျိုးသားကာကွယ်ရေး(CNO/CNDF)တပ်ဖွဲ့ဝင် ၄၈ ယောက် သေဆုံးခဲ့ပြီး တိုက်ပွဲပေါင်း ၁၇ဝ ကျော် ဖော်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။ CNDF ဟာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်အာဏာရှင်ကို လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ ၂ဝ၂၁ ဧပြီလမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။


စစ်ကောင်စီဟာ ကရင်ပြည်နယ် မြဝတီမြို့အပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်း ၆ခုကို လက်လွှတ်လိုက်ရပြီးနောက် နယ်စပ်ကုန်သွယ်ရေးတန်ဖိုး စုစုပေါင်းရဲ့ ၆၀ % နီးပါး ဆုံးရှုံးသွားကြောင်း (ISP-Myanmar)က သတင်းထုတ်ပြန်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်တွေကို မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားပြီး ကချင်ပြည်နယ်က လွယ်ဂျယ်နယ်စပ်ဂိတ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာပါ။

Apr 12 ။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘာသာရေးဆိုင်ရာလုပ်ငန်းတွေလုပ်ဖို့ ဘာသာပေါင်းစုံအဖွဲ့ ခေါင်းဆောင်တွေကို မြေနေရာတွေ ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေက ကြေညာခဲ့ပါတယ်။ ဘာသာပေါင်းစုံအဖွဲ့တွေကို စစ်ခေါင်းဆောင်က နေပြည်တော်မှာ အခမ်းအနားကျင်းပပြီး ခေါ်ယူတွေ့ဆုံခဲ့တာပါ။


မြန်မာ-ထိုင်း နယ်စပ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်တည်ဆောက်ဖို့အတွက် ထိုင်းအစိုးရ၊ နယ်စပ်အခြေစိုက်ကရင်အဖွဲ့အစည်းအစည်းတွေ အပါအဝင် ပြည်တွင်းပြည်ပ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။


မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU/ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပေမယ့် ချိုင်းနားနဲ့ ထိုင်းနိုင်ငံသားတွေ ဦးစီးတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကတော့ ပုံမှန်လည်ပတ်နေဆဲပဲလို့ ဒေသခံတွေနဲ့ ကိုယ်တိုင်အလုပ်လုပ်နေသူတွေက ပြောပါတယ်။

Apr 11 ။ ဒီနေ့ ထုတ်ပြန်တဲ့ UNDP ရဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းလိုက်တဲ့ ၃နှစ်အတွင်း နိုင်ငံအနှံ့ မလုံခြုံမှု၊ စစ်ရေးပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် စီးပွားရေး အကျပ်အတည်း ကြုံနေရပြီး၊ လူလတ်တန်းစား ပမာဏ ၅၀ % ထိ ကျဆင်းသွားကြောင်း ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ၁လတာအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က လူသားချင်း စာနာမှုအကူအညီအနေနဲ့ ငွေကျပ် ၄၀၆ သန်းကျော် ပံ့ပို့းပေးနိုင်ခဲ့ပြီး အဲဒီထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ ၁၅၄,၂၀၀ ယောက်အတွက် အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ်သန်း ၂၉၀ ကျော်
ထောက်ပံ့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Apr 10 ။ ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေတွေမှာ ပြည်ပခရီးသွား ဧည့်သည်တွေ လာရောက်မှု မရှိသလောက် ဖြစ်နေလို့ ခရီးသွားလုပ်ငန်းတွေ ထိခိုက်နေကြောင်း ဧရာဝတီတိုင်း ခရီးသွားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်ပေါ်တာ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာပြည်ကို ပြည်ပခရီးသွားဧည့်သည်တွေ လာရောက်မှု နည်းပါးနေတာပါ။ ဧရာဝတီတိုင်းထဲက ပင်လယ် အပန်းဖြေကမ်းခြေတွေဖြစ်တဲ့
ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ငွေတောင် စတဲ့ ကမ်းခြေတွေကို ပြည်ပခရီးသွားဧည့်သည်တွေလည်း လည်ပတ်မှု ကျဆင်းနေပါတယ်။


နိုင်ငံတဝန်းမှာ နေ့အပူချိန်တွေမြင့်တက်နေပြီး ရန်ကုန်မြို့မှာတော့ အပူရှိန်ကြောင့် ရုတ်တရက် သေဆုံးတာ၊ မူးလဲပြီးဆေးရုံကို အရေးပေါ်ပို့ဆောင်ရတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေကြောင်း လူမှုကူညီရေးအသင်းအဖွဲ့တွေက ပြောပါတယ်။ နိုင်ငံတဝန်း ဧပြီနဲ့ မေလအတွင်း အပူချိန်အမြင့်မားဆုံး ခံစားရနိုင်ဖွယ်ရှိပြီး စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းတွေမှာ အမြင့်ဆုံး အပူရှိန် ရှိနေကြောင်း စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

Apr 09 ။ ၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းရမဲ့ ဥပဒေဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်သူ့ညီလာခံကနေ ဆုံးဖြတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။


ရန်ကုန်သင်္ကြန်အတွက် စစ်ကောင်စီက စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေကို စုပေါင်းပြီး ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ကာ မဏ္ဍပ်တွေကို စောင့်ကြည့်ဖို့ တာဝန်ပေးထားကြောင်း သိရပါတယ်။

Apr 08 ။ မွန်ပြည်နယ်၊ မော်လမြိုင်မှာရှိတဲ့ စစ်ကောင်စီတပ် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်ဝင်းအတွင်းမှာ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့အဖွဲ့ အစည်းအဝေးထိုင်နေချိန် ဒီနေ့မှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။


အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ အားနည်းလာပြီဖြစ်တဲ့အတွက် မြန်မာပြည်နဲ့ ဆွေးနွေးမှုတွေစတင်ဖို့ အချိန်ကောင်းဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်က ပြောပါတယ်။ စစ်မျက်နှာမျိုးစုံက တော်လှန်ပုန်ကန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး NUG အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့
စစ်အာဏာရှင်ဆန့်ကျင်ရေး အုပ်စုတွေဟာ စစ်တပ်စခန်းနဲ့ မြို့ရွာအများအပြားကို သိမ်းပိုက်နေပြီလည်း ဖြစ်ကြောင်း ပြောပါတယ်။

Apr 07 ။ စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက သူတို့လက်လှမ်းမီတဲ့ မြို့တွေကနေ စုဆောင်းထားတဲ့ လူငယ်အရေအတွက်ဟာ ၂ လအတွင်း စုစုပေါင်း ၅၀၀၀ ဝန်းကျင်ရှိနေပြီလို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ ဆင့်ခေါ်စာနဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာတွေရှိသလို အတင်းအဓမ္မ ဖမ်းဆီးမှုတွေလည်း ရှိနေတာကြောင့် လူငယ်တွေအတွက် စိုးရိမ်မှု တနေ့တခြားပိုကြီးလာနေကြောင်း ဒေသခံတွေက ပြောပါတယ်။


ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခဒဏ် ကြုံတွေ့နေကြရသူတွေထဲက လူပေါင်း နှစ်သောင်းခန့်ကို မတ်လ ၁၉ ရက်ကနေ ယနေ့ထိ ပြင်းထန်လာတဲ့တိုက်ပွဲတွေနဲ့ ဆက်သွယ်ရေးပြတ်တောက်မှုတွေကြားက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က အရေးပေါ် စားနပ်ရိက္ခာတွေ ဖြန့်ဝေနိုင်ခဲ့ကြောင်း မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂရုံးက သတင်းထုတ်ပြန်ပါတယ်။

Apr 06 ။ ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သူ ၅ ဦးထက်မနည်း ရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်းမှာ စစ်မှုထမ်းဖို့ မဲပေါက်သူတွေ ထွက်ပြေးရင် မိသားစုကို အရေးယူမယ်ဆိုပြီး စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ခြိမ်းခြောက်နေတာကြောင့် စိတ်ဒုက္ခရောက်နေရကြောင်း ဒေသခံလူငယ်တွေက ပြောပါတယ်။


၂၀၂၄ ခုနှစ် ပထမသုံးလအတွင်း အကျဉ်းထောင်တွေနဲ့ ထောင်ပြင်ပတွေမှာ သတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးအထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ပြောပါတယ်။ PPNM စာရင်းတွေအရ ၂၀၂၃ ဇန်နဝါရီလကနေ ဒီဇင်ဘာထိ အကျဉ်းထောင်အတွင်းနဲ့ ထောင်ပြင်ပတို့မှာ သတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားစုစု‌ပေါင်း(၁၈)ဦး ရှိခဲ့ပါတယ်။

Apr 05 ။ ၂၀၂၄ မှာ မြန်မာပြည်တဝန်း အတိဒုက္ခရောက်နေသူတွေအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီပေးဖို့ ဒေါ်လာ သန်းပေါင်း ၉၉၀ ကျော် တောင်းဆိုထားတဲ့ထဲက ၄ % သာ အကူအညီရသေးပြီး ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်နိုင်တဲ့ အချိန်မတိုင်ခင် လူပေါင်း ၅ သန်း ၃ သိန်းအတွက် အရေးပေါ် အကူအညီတွေ ဖြည့်ဆည်းပေးဖို့လိုကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင် ညှိနှိုင်းရေးမှူးရုံး UNOCHA က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။


မြန်မာပြည်မှာ ၂၀၂၄ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ၁၈ ဒသမ ၆ သန်း လိုအပ်မယ်လို့ ခန့်မှန်းထားကြောင်း လုံခြုံရေးကောင်စီ မြန်မာ့အရေး တံခါးဖွင့်ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။ ဒီပမာဏဟာ
၂၀၂၂ ဖေဖော်ဝါရီလ နောက်ပိုင်း ကိုးဆ တိုးလာတာဖြစ်ပါတယ်။


မြန်မာပြည်ဆိုင်ရာ ချိုင်းနားသံအမတ်ကြီး Mr. Chen Hai ဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေ အပါဝင် မြန်မာ့ထိပ်တန်း ခေါင်းဆောင်ဟောင်းတချို့ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း မြန်မာပြည်ဆိုင်ရာ ချိုင်းနားသံရုံးရဲ့ We Chat စာမျက်နှာကနေ ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း
မောင်အေးနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကိုလည်း တွေ့ဆုံခဲ့တာပါ။

Apr 04 ။ မြန်မာစစ်ကောင်စီရဲ့ စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိတဲ့ နေပြည်တော်နဲ့ အေလာ လေတပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဒီနေ့ ရက်စွဲနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကို တိုက်ခိုက်တာ ဖြစ်ပြီး PDF အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ Lethal Prop တပ်ခွဲက အေလာလေတပ်ကို တိုက်ခိုက်တာလို့
ကြေညာပါတယ်။


မြန်မာပြည်မှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးဒဏ်ရာရသူ သုံးဆနီးပါး တိုးလာပြီး ၂၀၂၃ အတွင်းမှာ ၁၀၅၂ ဦး ရှိလာပြီလို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)က သတင်းထုတ်ပြန်ထားပါတယ်။


ကော့ကရိတ်မြို့တွင်းက စစ်ကောင်စီတပ်နေရာတွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်ပူးပါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေရာ မြို့တွင်းက စစ်ရေးနေရာ ၈၀ % လောက်အထိ ထိန်းချုပ်ထားနိုင်ပြီး စကစ တပ်တွေရှိနေတဲ့ နေရာတွေကို ဆက်ပြီးတိုက်ခိုက်နေကြောင်း ကျားဖြူစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

Apr 03 ။ အင်းစိန်ထောင်မှာဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၇ ဦးကို အပြင်ကိုခေါ်ထုတ်သွားချိန် ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ၂၀၂၃၊ ဖေဖော်ဝါရီလထဲမှာ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တာကို ၁ နှစ်ကျော်မှသိရကြောင်း မိသားစုတွေနဲ့ နီးစပ်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။


ရခိုင်ပြည်နယ်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သီတင်းတပတ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ ၃၁ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ထက်မနည်း ရှိခဲ့ပါတယ်။

Apr 02 ။ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်းနဲ့ ဟိုပုံးမြို့နယ်တွေအတွင်း ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ မတ်လ ၃၀ ရက်နေ့အထိ တိုက်ပွဲတွေအတွင်း အရပ်သား ၅၅ ဦး သေဆုံးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး(PYO)က ပြောပါတယ်။ သေဆုံးသူ ၅၅ ဦးအပြင် ဒဏ်ရာရသူ ၆၈ ဦးရှိခဲ့ပြီး တိုက်ပွဲအတွင်း နေအိမ်၊ အဆောက်အအုံ ၅၇၁ ခု ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အရပ်သား ထိခိုက်သေဆုံးရမှုရဲ့ ထက်ဝက်ခန့်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး အရပ်သားအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုရဲ့ ၈၀ % ကတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့်လို့ ဆိုပါတယ်။


US ကုမ္ပဏီကြီးတခုဖြစ်တဲ့ Schlumberger(ဆလမ်ဘာဂျေး) ကုမ္ပဏီဟာ စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ဆီကို ရေနံတူးဖော်ရေး ပစ္စည်းကိရိယာတွေ ရောင်းချပေးနေတယ်လို့ Justice for Myanmar အဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Apr 01 ။ ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ အခုရက်ပိုင်း ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေး ပိုမိုတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗုံးကွဲမှုတွေ ဆက်တိုက်ဖြစ်လာပြီးနောက် စစ်ကောင်စီတပ်က ဆယ်ဦး ၁ဖွဲ့စီ ဖွဲ့ပြီး ရပ်ကွက်နဲ့ ကျေးရွာတွေရဲ့ အတွင်းလမ်းတွေအထိ နေ့စဉ် ကင်းလှည်တာတွေလုပ်လာတယ်လို့ ဆိုပါတယ်။


ရန်ကုန်မြို့မှာ ရာသီဥတုပူပြင်းလာသလို လျှပ်စစ်မီးပြတ်ချိန်တွေလည်း ပိုတိုးလာတာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ ဖျားနာတာတွေ များလာကြောင်း မြို့ခံတွေဆီက သိရပါတယ်။ လျှပ်စစ်မီးက ညအိပ်ချိန်တွေမှာ ပြတ်တောက်မှု များလာတာကြောင့် ရာသီဥတုပူတဲ့ ဒဏ်နဲ့အတူ အိပ်ရေးပျက်ကာ နေထိုင်မကောင်းဖြစ်လာကြတာလို့ ဆိုပါတယ်။


ဒေါ်လာနဲ့ ရွှေဈေးကစားသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပေမယ့် ဒီနေ့မနက်ပိုင်းအထိ ဈေးပြန်မကျသေးကြောင်း ဈေးကွက် လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ US ၁ဒေါ်လာကို မြန်မာကျပ်ငွေ ၃၈၅၀ ကနေ ၃၈၇၀ ဝန်းကျင်ရှိပြီး ရွှေဈေးကလည်း အခေါက်ရွှေ ၁ကျပ်သားကို ကျပ် ၄၅ သိန်းဝန်းကျင် ရှိနေပါတယ်။

Mar 31 ။ စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း အပြစ်မဲ့ပြည်သူ အယောက် ၄,၈၀၀ ကို သတ်ဖြတ်ခဲ့ပြီး အဲဒီထဲက ၁၂ ဒသမ ၇ ရာခိုင်နှုန်းဖြစ်တဲ့ ၆၀၉ ယောက်က အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာတော့ အမျိုးသမီးဦးရေ ၈၈၁ ယောက်နဲ့ ၁၈ ဒသမ ၄ % ၊ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ ၁,၆၉၉ ယောက်နဲ့ ၃၅ ဒသမ ၄ % လောက်ထိ
မြင့်တက်နေခဲ့တယ်လို့ ဆိုပါတယ်။


ရခိုင်ပြည်နယ်မှာ မတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အနည်းဆုံး အယောက် ၃၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၈၀ နီးပါးအထိ ရှိခဲ့ကြောင်း သိရပါတယ်။ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ အမ်း၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနဲ့ မြေပုံမြို့နယ်တွေမှာ မတ် ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ထက်မနည်း ပြုလုပ်ခဲ့ပြီး အရပ်သား သေဆုံးသူ ၃၃ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၈၀ နီးပါး အထိရှိခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ရောင်းချနေတဲ့ “အောင်လံလွှင့်ချီ နွေဦးထီ” ဖွင့်ပွဲကို ဒီနေ့ညပိုင်းမှာ ကျင်းပခဲ့ပြီး ဆုကြေးငွေကျပ်သန်း ၅၀၀ ဆု ၁ဆုအပါအဝင် ဆုပေါင်း ၂၀၀၀၀ ကျော် ချီးမြှင့်ခဲ့ပါတယ်။

Mar 30 ။ မြန်မာပြည် စစ်တပ်အာဏာသိမ်းမှု ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၄ မတ်လကုန်အထိ ၃နှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ တိုက်လေယာဉ်၊ သယ်ပို့လေယာဉ်၊ ရဟတ်ယာဉ်တွေ ၁၂ စီးအထိ ပျက်ကျခဲ့ပြီး သေဆုံးခဲ့သူတွေထဲမှာ ဗိုလ်မှူးချုပ်အထိ ပါဝင်နေပါတယ်။ အများစုဟာ အခု ၂၀၂၄ ထဲမှာ ပျက်ကျခဲ့တာဖြစ်ပြီး မြေပြင်ထိုးစစ်တွေကြောင့် အကျအဆုံးများနေတဲ့ စစ်ကောင်စီဟာ လေကြောင်းကို အားပြုပြီး တိုက်ခိုက်လာရပါတယ်။


ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ မျှော့ကို ဈေးကောင်းပေးပြီး ပွဲစားတွေက ဝယ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မျှော့အရှင် တပိဿာ ၈၀,၀၀၀ ကျပ်နဲ့ ပွဲစားတွေက အိမ်အထိ အလုအယက် လာရောက် ဝယ်ယူနေပြီး ချိုင်းနားနိုင်ငံဆီကို အဓိကပို့ကာ တိုင်းရင်းဆေးကုသနည်းမှာ အသုံးပြုကြသလို သွေးတိုး၊ ဆီးချိုရောဂါသမားများကို သွေးစုပ်ထုတ်တဲ့နေရာမှာ အသုံးပြုကြောင်းလည်း ဒေသခံတွေဆီက သိရပါတယ်။

Mar 29 ။ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်သွင်းပြီးနောက်ပိုင်း မြန်မာပြည်က လူငယ်အများစုဟာ ပြည်ပနိုင်ငံတွေကို ရရာအလုပ်တွေနဲ့ ထွက်ခွာနေကြကြောင်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ချိုင်းနားနဲ့ လာအိုနိုင်ငံတွေအပြင် စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှားနဲ့ UAE နိုင်ငံ ဒူဘိုင်းမြို့တွေကို ပုံစံမျိုးစုံနဲ့ ထွက်ခွာနေကြတာပါ။


ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ထောက်ပံ့မှာတွေ လျော့နည်းလာပြီး သောက်သုံးရေးရှားပါးမှုဟာ စိုးရိမ်စရာဖြစ်လာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က ထုတ်ပြန်ထားပါတယ်။

Mar 28 ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မြန်မာကတ်သလစ်သာသနာပိုင် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်မောင်ဘိုရဲ့ ဇာတိရွာဖြစ်တဲ့ မုံလှရွာက ပြည်သူလူထု နေအိမ်တွေအပါဝင် စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် ထပ်မံမီးရှို့သွားကြောင်း ဒေသခံတွေကပြောပါတယ်။ ၂၀၂၂ နိုဝင်ဘာလတုန်းကလည်း စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် ပြည်သူနေအိမ် ၃၀ဝ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။


ရခိုင်ပြည်နယ်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သီတင်းတပတ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ ၃၁ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ထက်မနည်း ရှိခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ဆေးခန်း၊ သာသနိက အဆောက်အဦ၊ စာသင်ကျောင်းနဲ့ အရပ်သားတွေရဲ့ နေအိမ် ထိခိုက်ပျက်စီးမှုလည်း များစွာ ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Mar 27 ။ ပထမအသုတ် လူဦးရေ ၅၀၀၀ စစ်မှုထမ်းရမယ့်စာရင်းမှာ အမျိုးသမီးတွေ မပါပေမဲ့ စစ်ကောင်စီတပ်ဟာ ပြင်ပသင်တန်းကျောင်းတွေကနေ အမျိုးသမီးတပ်သားသစ်တွေ စုဆောင်းနေကြောင်း တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နိုင်ငံတဝန်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအပါအဝင် စစ်ကောင်စီတပ်ကြောင့် အခု မတ်လအတွင်း အမျိုးသမီး ၆၁ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပါတယ်။

Mar 26 ။ ရှမ်းပြည်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA) တို့အကြား တိုက်ပွဲ၂လအတွင်း ပအိုဝ်းဒေသမှာ အရပ်သား ၅၃ ဦး သေဆုံးခဲ့ပြီး ၆၈ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ ပအိုဝ်းလူငယ်အစည်းအရုံး(PYO)က သတင်းထုတ်ပြန်ပါတယ်။


ရိုဟင်ဂျာအင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေးအင်အားစုကြီးတရပ်ပေါ်လာလာဖို့နဲ့ ရိုဟင်ဂျာလူထုတွေရဲ့အသံကို ကိုယ်စားပြုဖော်ပြနိုင်မဲ့ ရိုဟင်ဂျာနိုင်ငံရေးအင်အားစု တရပ်ပေါ်ပေါက်လာရေး ဦးဆောင်လှုပ်ရှားမှုအဖွဲ့(ယာယီ)ကို ဖွဲ့စည်းလိုက်ပါတယ်။

Mar 25 ။ ၂၀၂၄ နှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ် ဖားကန့်၊ မံစီ၊ မိုးမောက်၊ ဝိုင်းမော်၊ ဆွမ်ပရာဘွမ်၊ ဗန်းမော်၊ မိုးညှင်းတို့မှာ စစ်ကောင်စီ တပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးပြင်းထန်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး
ဒုက္ခသည် ၂သောင်းတိုးလာတာဖြစ်ပါတယ်။


စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းလိုက်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကနေ မတ်လ ၂၅ ရက်နေ့အတွင်း နိုင်ငံတဝန်းမှာ မြို့နယ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အပါအဝင် ပတ်သက်ဆက်နွယ်သူ ၁၇ ဦး သတ်ဖြတ်ခံရပါတယ်။ နိုင်ငံတဝန်းလက်နက်ကိုင် တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ဗဟို၊ တိုင်းနဲ့ပြည်နယ်၊ မြို့နယ် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေကို ဆက်တိုက်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီလ ၂၀ ရက်ကစလို့ စစ်သားစုဆောင်းတဲ့ကိစ္စတွေကို နိုင်ငံတဝန်း လက်တွေ့လုပ်ဆောင်နေပါတယ်။

Mar 24 ။ ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ မတ်လအတွင်း ဖမ်းဆီးခံရတဲ့ မြန်မာပြည်သား တထောင်နီးပါးရှိတယ်လို့ မြန်မာပြည်သားအရေး ကူညီနေသူတွေထံက သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပ‌ဒေအရ တလခွဲကနေ သုံးလအထိ ထောင်ဒဏ်အပြစ်ပေးခံရမှာ ဖြစ်ပါတယ်။

Mar 23 ။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်မှာ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၁၇၇ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း ၂ဝ၂၄ ခုနှစ် မတ်လ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်ကြောင့် နိုင်ငံတဝန်းက ပြည်သူ ၄,၇၇၁ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားပါတယ်။

Mar 22 ။ မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ ဒုတိယမြောက် အဆိုးဝါးဆုံးနိုင်ငံဖြစ်ကြောင်း နယူးယောက်မြို့အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့(CPJ)က သတင်းထုတ်ပြန်ပါတယ်။