Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

MYANMAR GAZETTE NEWSLETTER XX

kaiJune 18, 20244min6990

Haitian Flag Day (ဟေရှန်အလံနေ့) – by SweSwe Aye

Leimert Park, Los Angeles- မေလ ၁၈ရက်နေ့ နံနက်တွင် Los Angeles နေရာအသီးသီးမှ လူများသည်  Haitian Flag Day ကို ဂုဏ်ပြုရန်အတွက် People’s Plaza တွင် စုရုံးခဲ့ကြသည်။ ထိုလူအုပ်စုတွေထဲမှာ Caribbean ရွှေ့ပြောင်းနေထိုင်သူ လူမည်းများ၊ အာဖရိက လူမည်းများ၊ အရှေ့အလယ်ပိုင်းမှအခြေချနေထိုင်သူများနှင့် အာရှသားများ ပါဝင်ခဲ့သည်။ ဟေရှန်အလံအပါအဝင် နိုင်ငံအသီးသီး၏အလံအမျိုးမျိုးကို ထင်ရှားစွာပြသခဲ့ပြီး မတူကွဲပြားပြီး တက်ကြွသောအသိုင်းအဝိုင်းကို မီးမောင်းထိုးပြခဲ့သည်။

Global Urban Cultural Community မှစီစဉ်သော Haitian အလံနေ့အခမ်းအနားသည် ဟေတီတော်လှန်ရေး၏သမိုင်းဝင်အဓိပါယ်ကို အလေးအနက်ပြုကာ လူမည်းလွတ်မြောက်ရေး၏ ခွန်အားကြီးသော သင်္ကတတစ်ခုအဖြစ် ပုံဖော်ထားသည်။ ပွဲတော်တွင် ကာရေဘီယံနိုင်ငံအသီးသီး၏ ရိုးရာအစားအစာများ၊ Live music ဖျော်ဖြေမှုများနှင့် လူမျိုးအသီးသီးမှ ဝတ်စုံများပါဝင်သည့် ကာရေဘီယံယဉ်ကျေးမှုဝိသေသများကို ပြသထားသည်။ ဟေရှန်အလံကို ဂုဏ်ပြုခြင်းအပြင် ပွဲတော်များတွင်  Madagascar, Nigeria, Trinidad, Guyana, Jamaica, and Ghana နိုင်ငံတို့မှ ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်/

ဟေတီနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူ Ferdo Marsolek က ၎င်း၏ ဇာတိမြေနှင့် ဘိုးဘေးဘီဘင်နက်ရှိုင်းသော ဆက်နွှယ်မှုကို ထုတ်ဖော်ပြောကြားခဲ့သည် “ကျနော်တို့ ဘယ်သူတွေဖြစ်ဖြစ်၊ ကျနော်တို့ ဘယ်နေရာဒေသတွေကလာတာဖြစ်ပါစေ၊ ကျနော့်အားလုံး ချစ်ကြတယ်။ ကျွန်ပြုခံရခြင်းကနေ  ပြီးဆုံးသွားသည့် နေရာအထိ၊ ကျနော်တို့အာဖရိက ဘိုးဘေးဘီဘင်တွေနဲ့ဆက်စပ်မှုရှိသည်။ ကာရေဘီယံနဲ့ ဟေတီက ဆက်နွယ်မှုရှိတယ်။  ကျနော်က ဟေရှန်ပေမယ့်  ကျနော့်ဘိုးဘေးတွေက အာဖရိကကပါ။” ဟု ‌ပြောကြားခဲ့သည်။ပါလက်စတိုင်း၊ မြန်မာနှင့် ဂျပန်နိုင်ငံဇစ်မြစ်များမှ တက်ရောက်လာကြသူများသည် အမေရိကန်ပြည်ထောင်စုရှိ အာဖရိကန်အမေရိကန်နှင့် ကာရေဘီယံအသိုက်အဝန်းများနှင့်  စုပေါင်းရပ်တည်ကာ ညီညွတ်ခြင်းကိုပြသခဲ့ကြသည်။  “အမေရိကဟာ မတူကွဲပြားတဲ့ လူမျိုးစုတွေ ရှိတဲ့နိုင်ငံပါ။ အမေရိကမှာ လူတိုင်းဟာ မတူညီတဲ့ နောက်ကြောင်းဇစ်မြစ်ကနေ လာကြပေမယ့် အားလုံးက တစုတစည်းထဲ ညီညွတ်ကြတယ်။ ဒါကြောင့် ကမ္ဘာအရပ်ရပ်က ယဉ်ကျေးမှုတွေနဲ့ အတူတွဲပြီး Haitian Flag Day ကို ကျင်းပတာပါ။” သူကဆက်ပြောသည်။

တစ်ချိန်က ပြင်သစ်ကိုလိုနီဖြစ်ခဲ့သော ဟေတီသည် ၁၈၀၄ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ယနေ့တွင် နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးပြဿနာများနှင့်  မကြာခဏကြုံတွေ့ရသော သဘာဝဘေးအန္တရာယ်များ အပါအဝင် ပြင်းထန်သောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ၂၀၂၁ခုနှစ်တွင် သမ္မတ Jovenel Moïse လုပ်ကြံခံရပြီးနောက် အကျပ်အတည်း ပိုမိုဆိုးရွားလာကာ နယ်မြေကျယ်ပြန့်သောအကြမ်းဖက်မှုများနှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီကတည်းက ရွေးကောက်ခံအရာရှိများမဲ့သွားခြင်း တို့ကို ဖြစ်ပေါ်စေခဲ့သည်။ ဟေတီသည် ဟာရီကိန်းနှင့် ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များဒဏ်သင့်သောဒေသဖြစ်ပြီး ၂၀၁၀ မြေငလျင်၊ ၂၀၁၆ ဟာရီကိန်း Matthew  အပါအဝင် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင်  ငလျင်ကြီးတစ်ခု ထပ်ပြီးလှုပ်ခဲ့သည်။ လက်နက်ကိုင်ဂိုဏ်းများသည် မြို့တော်၊Port-au-Princeနှင့် အခြားသော အဓိကနေရာများကို ထိန်းချုပ်ခဲ့ပြီး ဆိပ်ကမ်းများနှင့် လေဆိပ်များကဲ့သို့ အရေးကြီးသော အခြေခံအဆောက်အအုံများသို့ ဝင်ရောက်ခွင့်ကို အနှောင့်အယှက်ပေးခဲ့သည်။

မကြာသေးမီက ဟေတီရှိ Missions in Missions Inc. မှ သာသနာပြု သုံးဦးနှင့် အမေရိကန်မှ သာသနာပြုအဖွဲ့ဒါရိုက်တာတစ်ဦးတို့ အပါအဝင် လူသုံးဦးသည် မေလ ၂၃ ရက် ညနေပိုင်းက ဟေတီနိုင်ငံ မြို့တော် Port-au-Prince တွင် အသတ်ခံခဲ့ရသည်။ ဟေတီလူမျိုးများသည် ယခုအခါ တစ်ဦးနှင့်တစ်ဦး ရင်ဆိုင်နေကြရသည်။ ဟေရှန်များသည် လောလောလတ်လတ်ဆယ်စုနှစ်အတွင်း လူ့အခွင့်အရေး အကျပ်အတည်းဆုံးအခြေအနေများနှင့်ရင်ဆိုင်နေရသော နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

Pew သုတေသနဌာန၏ အဆိုအရ အမေရိကန်ရှိ လူမည်း ဆယ်ဦးတွင် တစ်ဦးသည် ရွှေ့ပြောင်းနေထိုင်သူများဖြစ်သည်။ လူမည်းရွှေ့ပြောင်းနေထိုင်သူများ၏လူဦးရေသည် 4.6 သန်းအထိတိုးလာပြီး 2060 ခုနှစ်တွင် 9.5 သန်းအထိရောက်ရှိရန်ခန့်မှန်းထားသည်။ အမေရိကန်ပြည်ထောင်စုတွင် လူမည်းရွှေ့ပြောင်းနေထိုင်သူဦးရေတိုးလာသော်လည်း ဘာသာစကားအခက်အခဲ၊ အလုပ်အကိုင်၊ ပညာရေးအခွင့်အလမ်းများကဲ့သို့သော စိန်ခေါ်မှုများစွာကို ကြုံတွေ့နေရဆဲဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ၎င်းတို့၏ ရုန်းကန်နေရမှုများကြားတွင် ဟေတီနိုင်ငံသည် အနောက်ကမ္ဘာခြမ်းတွင် အဆင်းရဲဆုံးနိုင်ငံအဖြစ်  ဟေတီနိုင်ငံသည် အားနည်းချက်များရှိနေသော်လည်း မျိုးဆက်သစ်များအပါအဝင် ဟေတီရွှေ့ပြောင်းနေထိုင်သူများသည် ၎င်းတို့၏ဇာတိမြေတွင် ရပ်တည်ကာ ၎င်းတို့၏ဟေတီအထောက်အထားကို ဂုဏ်ယူစွာလက်ခံကြသည်။ Haitian အလံကိုကိုင်ဆောင်ထားတဲ့ Haitian အမျိုးသမီးငယ်လေး Benita Cledomy က “ကျွန်မရဲ့ကိုယ်ပိုင်လက္ခဏာအဖြစ် Haitian ဖြစ်ရတာကို နှစ်သက်ပါတယ်။ မိဘနှစ်ပါးစလုံးဟာ ဟေတီလူမျိုးတွေပါ။ လွတ်လပ်ရေးရခဲ့တဲ့ ပထမဆုံးလူမည်းနိုင်ငံဖြစ်တယ်ဆိုတာ သိထားတော့ ကျွန်မအတွက်သာမက နည်းလမ်းပေါင်းစုံနဲ့ လွတ်မြောက်စေခဲ့ပါတယ်။ ကျမရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက်ရော၊ ကျမရဲ့ ပုဂ္ဂိုလ်ရေးအရပါ ဟေရှန်ဖြစ်ရခြင်းဟာ ကျွန်တော့်ရဲ့ ခွန်အားနဲ့ ခွန်အားတွေကို ပေးစွမ်းပါတယ်။” သူမသည် ၂၀၂၂ခုနှစ်တွင် Haiti ကို နောက်ဆုံးအကြိမ်ရောက်ရှိခဲ့သည်။

Ghana, Guyana, Haiti, Jamaica, Japan, Madagascar, Myanmar, Nigeria, Palestine, Senegal, Trinidad, Madagascar နိုင်ငံတို့မှလူများသည် တို့မှ လူများသည် ၎င်းတို့၏ သက်ဆိုင်ရာအလံများနှင့်အတူ ဂုဏ်ယူစွာ လမ်းလျှောက်ချီတက်ခဲ့ကြသည်။ ဤပွဲသည် ဟေရှန်အလံနေ့၏ သမိုင်းဝင် အရေးပါမှုကို အထိမ်းအမှတ်ပြုရုံသာမက ဟေတီနိုင်ငံ၏ ပိုမိုကျယ်ပြန့်သော သြဇာလွှမ်းမိုးမှုကို မီးမောင်းထိုးပြရန် ကြိုးပမ်းခဲ့သည်။ လူ၅၀ခန့်သည်  People’s Plaza ချီတက်ခဲ့ကြပြီး Leimert Boulevard၊ W 43rd Place နှင့် Crenshaw Boulevard ၏ ဘလော့နှစ်ခုအတိုင်း ချီတက်ခဲ့ကြသည်။

“Japanese American Internment  နှစ်၅၀အောက်မေ့ဖွယ်” ဟူသော အလံကို ကိုင်ဆောင်ထားသည့် ဂျပန်အဖွဲ့တစ်ဖွဲ့သည် အဆိုပါပွဲကို တက်ရောက်ခဲ့သည်။ “သမိုင်းထဲက အာရှလူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးနဲ့ မျက်ကန်းမျိုးချစ်ကြောက်မုန်းတီးမှုအားလုံးဟာ အကြောက်တရားနှင့် သတင်းမှားများအပေါ် အခြေခံတယ်” ဟု Save Our Seniors မှ David Monkawa က ပြောကြားခဲ့သည်။ “တရုတ်သူလျှိုတွေက အမေရိကန် နိုင်ငံသားတွေကို စောင့်ကြည့်နေတယ်၊ ​​တရုတ်က လျှို့ဝှက်ပူဖောင်းတွေ လွှတ်တယ်၊ အမေရိကန်တဝှမ်းလုံးမှာ သူလျှိုစခန်းတွေ ရှိတယ်။ China က စစ်ပွဲအတွက် ပြင်ဆင်နေတယ်လို့တောင် ပြောကြတယ်။ ဒါတွေက မုသားပဲ။ စစ်မှန်တဲ့ ရည်ရွယ်ချက်က စီးပွားရေးကိစ္စပါ။ အမေရိကားစီးပွားရေးလုပ်ငန်းကြီးတွေက စီးပွားရေး ပါဝါကို သူတို့ကသာထိန်းသိမ်းလိုပြီး  China ကို  စီးပွားရေးအရ ကြီးပွားစေတဲ့ အမေရိကန် အရင်းရှင်တွေက မကြိုက်လို့ China ကို မုန်းတီးစေဖို့နဲ့  တိုင်းပြည်ကို စစ်ပွဲဆီသို့ တွန်းပို့ဖို့  ဤလိမ်ညာမှုများ ဖြန့်ကြတာ။  အာရှလူမျိုးစုတွေရဲ့ ခြားနားမှုဝိသေသတွေကို မသိတော့ အာရှသားတွေဆိုတာနဲ့ သူတို့ Chinese လို့ပဲထင်ကြတယ်။” ဟု သူကဆိုသည်။

 တချိန်တခါက ဂျပန်ကားတွေ အောင်မြင်မှုကြောင့် အမေရိကားများအရောင်းကျပြီး အလုပ်သမားတွေအလုပ်ဖြုတ်ခံရသည်ဟုအကြောင်းပြပီး Chinese လူမျိုး Vincent Chin ကို သတ်ဖြတ်ခြင်းရာဇဝတ်မှုအား သူက  ဥပမာပြခဲ့သည်။

  အာဖရိကန်အမေရိကန်တွေ လွတ်လပ်ရေး၊ ဗီယက်နမ်စစ်ပွဲနဲ့ နယ်ချဲ့ဝါဒကို ဆန့်ကျင်ရေးတိုက်ပွဲမှာ အာဖရိကန်အမေရိကန်တွေနဲ့ ဂျပန်အမေရိကန်တွေ စည်းလုံးညီညွတ်ပုံကို David က  ပြန်ပြောင်းပြောပြတယ်။ “ဒါဟာ အလွန်ခိုင်မာတဲ့ အပြုသဘောတစ်ခုပါ။ အနာဂတ်မှာ ဂျပန်နဲ့ အာဖရိကန်အမေရိကန်နဲ့ လက်တင်အမေရိကပြည်သူတွေ အားလုံး စည်းလုံးညီညွတ်ပြီး ကျနော်တို့တွေဟာ ဒီလူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့ လိုတယ်။” သူကဆက်ပြောသည်။

Global Urban Cultural Community ၏ CEO ဖြစ်သူ Rev. Baba C. Eziokwu Washington က ” အမေရိကားမှာမွေးဖွားခဲ့တဲ့ ဗီယက်နမ်စစ်ပြန် အာဖရိကန်အမေရိကန်တစ်ဦးအနေနဲ့ အာရှတဝှမ်းရှိ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ လေးနက်တဲ့ပံ့ပိုးကူညီမှုတွေနဲ့ တည်မြဲတဲ့စိတ်ဓာတ်ကို ကျနော်တွေ့မြင်ခဲ့ရတယ်။ နှစ်ပေါင်းများစွာ  အာရှကနေ ရွှေ့ပြောင်းနေထိုင်သူများကို ကျနော်ကြိုဆိုပါတယ်။ ကျနော်တို့နိုင်ငံရဲ့အောင်မြင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အာရှသားတွေပါဝင်ခဲ့သည့် အရေးပါသောအခန်းကဏ္ဍကို ကျေးဇူးတင်ပါတယ်။ မတူကွဲပြားတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေဟာ အဖိုးမဖြတ်နိုင်ဘဲ ဒီနိုင်ငံကို ကြွယ်၀စေပါတယ် တန်ဖိုးများဖြင့် ကျွန်ုပ်တို့နိုင်ငံကို ကြွယ်ဝစေပါသည်။” ဟုပြောကြားခဲ့သည်။

Los Angeles တွင်နေထိုင်သူ Reggae တေးသံရှင် နှင့်  Madagascar မှ United States သို့လာရောက်အခြေချသည့် ဘိုးဘွားရင်းမြစ်များ၏ တတိယမျိုးဆက် အမေရိကန်လူမျိုး Ladee Dred က သူမ၏အမွေအနှစ်အတွက် ဂုဏ်ယူကြောင်းပြသရန်အတွက် အာဖရိကမြေပုံတက်တူးကို သူမ၏လက်မောင်းတွင် ပြသခဲ့သည်။ သူမသည် ရိုးရာဝတ်စုံများကို ဝတ်ဆင်ထားပြီး သူမ၏ ဘိုးဘွားဇစ်မြစ်နှင့် နက်ရှိုင်းသော ဆက်စပ်မှုကို မီးမောင်းထိုးပြသည်။ Ladee က “ဒီနေ့ ကျမတို့က နှစ်လိုစရာကောင်းတဲ့ လမ်းကြောင်းပေါ် ရောက်နေပါပြီ။ ဒီအခမ်းအနားက လော့စ်အိန်ဂျလိစ်မှာရှိတဲ့ အာဖရိကတိုက်ငယ်လေးလို့ ပြောချင်ပါတယ်။ ဒီနေ့ Haiti အကြောင်း ပြောနေကြတာ၊ ဒါပေမယ့် အာဖရိကနိုင်ငံတွေ အားလုံးနဲ့ သက်ဆိုင်တယ်။ တစ်ကမ္ဘာလုံးကို ကျမတို့က ချစ်မြတ်နိုးတယ်။ တကမ္ဘာလုံးက  အာဖရိကဖြစ်တယ်။ ဒီနေ့မှာ လူတိုင်းဟာ ချစ်ခြင်းမေတ္တာနဲ့စည်းလုံးမှုတွေနဲ့  လူမည်းတွေရဲ့ပတ်ဝန်းကျင်နဲ့အသိုင်းအဝိုင်းကို တွေ့ကြုံခံစားကြတယ်။ အသားအရောင်တွေခြားနားတဲ့အကြောင်းနဲ့ဘယ်သူဘယ်ဝါကိစ္စတွေမဟုတ်ဘူး။ ဒါပေမယ့်  မေတ္တာနဲ့ ငြိမ်းချမ်းရေးကိစ္စသာ ဖြစ်တယ်” ဟု မြန်မာ့ဂဇက်ကို ပြောကြားခဲ့သည်။

“ဒီစုဝေးပွဲဟာ စည်းလုံးညီညွတ်မှုရဲ့ အနှစ်သာရနဲ့ စည်းလုံးညီညွတ်မှုရဲ့ အနှစ်သာရဖြစ်တဲ့ “ချစ်ခြင်းမေတ္တာ” ရဲ့ အစွမ်းထက်မြက်တဲ့ သတင်းစကားနဲ့အတူ လူသားမျိုးနွယ်ရဲ့ ထွန်းလင်းတောက်ပတဲ့ စံနမူနာတစ်ခုဖြစ်ပါတယ်” ဟု  Rev. Baba C. Eziokwu Washington က အခမ်းအနားအမှတ်တရစကားပြောခဲ့သည်။

Photo caption- Haitian Flag Day ချီတက်ပွဲအတွက် လူမျိုးအသီးသီးပါဝင်သောလူအုပ်သည်Leimert Park, Los Angeles တွင် စုဝေးခဲ့ကြသည်။


“This resource is supported in whole or in part by funding provided by the State of California, administered by the California State Library in partnership with the California Department of Social Services and the California Commission on Asian and Pacific Islander American Affairs as part of the Stop the Hate program. To report a hate incident or hate crime and get support, go to https://www.cavshate.org/