Myanmar Gazette Newsletter XXIII

kaiJuly 26, 20246min12520

Empowering the Burmese Community- Civil Rights 101 for the Burman- American

Myanmar Gazette ၏ Empowering the Burmese Community ဒုတိယအစီအစဉ်ဖြစ်သော Civil Rights 101 for the Burman- American အစီအစဉ်ကို ၂၀၂၄၊ ဇူလိုင်၂၁ က Monetery Park ရှိ Garvey Ranch Park ၏ community room တွင် ကျင်းပခဲ့သည်။

Session 1 -Together We Stand: A Community Discussion on LGBTQ Rights အစီအစဉ်ပထမပိုင်းတွင် Together We Stand: A Community Discussion on LGBTQ Rights ကို Monterey Park Mayor Thomas Wong ကဦးဆောင်ပြီး Chrissy Aung, Myo Lai, Jicky Aung, Kaung Hein Thant တို့က ဦးဆောင်ဆွေးနွေးကာ Moderator အဖြစ် Valerie Sheibels က ဆောင်ရွက်ခဲ့သည်။

LGBTQ များကို အဆိုးမြင်သော ခေတ်နောက်ပြန်ဆွဲအတွေးအခေါ်အယူအဆများ၊ နှိမ်ခြင်း၊ ခွဲခြားဆက်ဆံခြင်းများနှင့် US Civil Rights ကိုချိုးဖောက်ကာ ကိုယ်၊ နှုတ်၊ အမူအယာတို့ဖြင့်စော်ကားခြင်းများ(hate incidences များ) သည် United States ကဲ့သို့လူ့အခွင့်အရေးပြည့်ဝသည်ဆိုသော နိုင်ငံမှာပင် LGBTQ များရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများဖြစ်ကြသည်။ ကျန်းမာရေးနှင့် စိတ်ကျန်းမာရေးအခြေအနေစောင့်ရှောက်မှုများတွင် LGBTQ များသည် တန်းတူညီမျှရရရှိရေးသည်လည်း လိုအပ်သောအချက်တစ်ခုဖြစ်နေလျက်သည်။

Transgenders များရင်ဆိုင်နေရဆဲ စိန်ခေါ်မှုတွေ

” လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူး။ တခါတလေ လူတွေက လှောင်ပြောင်ကြတယ်။ တခါတလေ ဝေဖန်တိုက်ခိုက်တာတွေ၊ သယော်တာတွေ ခံရတာတွေအများကြီးပဲ။ ကျမက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ ဒီလိုအရာတွေကို ကျော်ဖြတ်တယ်” ဟု transgender actress တစ်ဦးဖြစ်သူ Chrissy Aung က ဆိုသည်။ ” ကျနော်က California မှာ မွေးဖွားကြီးပြင်းခဲ့တယ်။ ဒီမိုကရေစီတိုင်းပြည်US မှာတောင် LGBTQ တွေရဲ့အတွက် စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရဆဲပါ။ transgenders တွေကို တိုက်ခိုက်မှုတွေဟာ California မှာ သိသိသာသာရှိနေသေးတယ်။ LGBTQ အခွင့်အရေးအောင်မြင်မှုတစွန်းတစကို Los Angeles လိုနေရာမျိုးမှာတောင် နောက်ပြန်ဆွဲဆုတ်ယုတ်စေတာမျိုးတွေရှိနေတယ်” ဟု Mayor Wong က ထောက်ခံသည်။ ” ကျနော်ကလေးဘဝတုန်းကနဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေမှာ gay ဆိုတာကို လက်မခံတဲ့ US က တချို့နေရာတွေရှိတယ်။” ဟု ဆက်ပြောသည်။ California Department Of Justice က ထုတ်ပြန်သော 2023 Annual Hate Crime Report တွင် ၂၀၂၂ခုနှစ်မှ ၂၀၂၃ခုနှစ်အတွင်း Anti-LGBTQ+ bias events များသည် ၈၆.၄% မြင့်တက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ ၂၀၂၂ခုနှစ်မှ ၂၀၂၃ခုနှစ်အတွင်း အသိပေးတိုင်ကြားသော Anti-transgender bias event သည် ၅၉ခုမှ ၆၂ခုသို့မြင့်တက်ခဲ့သည်။

ကာယကံရှင်ကိုကျော်လွန်ကာ gender identity ကို society က ဝိုင်းသတ်မှတ်သော မြန်မာ့ဓလေ့

မွေးရာပါ ခန္ဓာဗေဒလိင်သတ်မှတ်ချက်အတိုင်း ပြဌာန်းထားသောအဝတ်အစားများဝတ်ခြင်းကိုသာ လူမှုအသိုင်းအဝိုင်းအများစုက ယဉ်ကျေးမှုစံအဖြစ်သတ်မှတ်ထားရာ ခန္ဓာဗေဒလိင်သတ်မှတ်ချက်နှင့် ဆန့်ကျင်ပြီး ဆန့်ကျင်ဘက်လိင်အဖြစ်ဝတ်စားနေထိုင်ခြင်းကိုလည်း ရှုံ့ချစရာ၊ သယော်စရာ၊ ခွဲခြားဆက်ဆံရာအဖြစ် သတ်မှတ်သည့်ယဉ်ကျေးမှုစံအကြောင်းကိုလည်း ဆွေးနွေးခဲ့သည်။ ” Burmese community မှာ ကျနော့်ကို she ဆိုတဲ့နာမ်စားသုံးပြီး ပြောဆိုကြတယ်။ ကျနော့်သူငယ်ချင်းတွေက ကျနော့်ကို he လို့ ခေါ်တယ်။ မြန်မာအသိုင်းအဝိုင်းမှာ ကျနော်က ယောက်ျားလေးလိုဝတ်တဲ့အတွက် လုံချည်ထားဝတ်ရင်တောင် she လို့ခေါ်တဲ့သူတွေရှိတယ်။ ကျနော့် ကိုThey ဆိုတဲ့နာမ်စားကိုသုံးရင် ပိုအဆင်ပြေလို့ ပြောတယ်။ ဒီလိုသူတို့နာမ်စားသုံးနှုံးတာတွေကို ကျနော်စိတ်မဆိုးပါဘူး။ သူတို့ကျနော့်ကို Label တပ်တာဟာ ကျနော့်အပေါ်သက်ရောက်မှု မရှိဘဲ သူတို့ရဲ့လူတစ်ယောက်ကို ဘယ်လိုလေးစားမှုမျိုးနဲ့ဆက်ဆံတယ်ဆိုတာပဲဖြစ်တယ် ” ဟု civil engineer နှင့် LGBT တစ်ဦးဖြစ်သော Jicky Aung က ဆိုသည်။ မြန်မာပြည်တွင်းနှင့့်မြန်မာလူမှုနယ်ပယ်တွင် လူတစ်ဦးတစ်ယောက်၏ gender identity ကို ထိုသူ၏ကိုယ်ပိုင်အခွင့်အရေးအဖြစ်ခွင့်ြ့ပုဖို့ထက် society က ဘုံသဘောဖြင့်သတ်မှတ်ခြင်းကိုသာ လူမှုအသိုင်းအဝိုင်းက အလေးထားကြသည်။

လူမှုအသိုင်းအဝိုင်းမှာ ကိုယ်ပိုင် gender identity ကို ဝှက်ထားရခြင်းအကြောင်းရင်းခံများ

Conservative ဖြစ်တဲ့ကွန်မြူနတီမှာကြီးပြင်းလာခဲ့ရသော Mayor Wong က သူရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် လူအများမေးမြန်းသည့် အိမ်ထောင်မပြုဘူးလား၊ ကလေးမရှိဘူးလားဆိုသောမေးခွန်းများနှင့်အကြောင်းတရားများကို ဖြေရန်၊ ရှင်းပြရန် သူ့မှာ အချိန်မရှိကြောင်း၊ heterosexual မဟုတ်သောသူများသည် conservative ဖြစ်လွန်းသော society တွင်နေထိုင်ကြသည့်အခါ ထိုသို့သောအကြောင်းတရားများကြောင့် ကိုယ်ပိုင် gender identity ကို ဝှက်ထားရသည့်ကိစ္စများအကြောင်းကို ဆွေးနွေးခဲ့သည်။ ” sex ဆိုတာက ကျမတို့ဘယ်လိုလိင်အမျိုးအစားနဲ့မွေးဖွားလာခဲ့သလဲနဲ့ gender ဆိုတာကျမတို့က ကိုယ်ပိုင်ဘဝမှာဘယ်လိုနေထိုင်ပြုမူသလဲဆိုတာပါပဲ။ အဲ့ဒီ့နှစ်ခုရဲ့ခြားနားချက်ကို ကျမငယ်ငယ်က မသိခဲ့ဘူး။ ကိုယ့်ရဲ့အရှိတရားကိုပျော်ရွှင်စွာလက်ခံပြီး celebrate your gender” ဟု Transgenders မဖြစ်ခင် heterosexual တစ်ဦးဖြစ်ခဲ့သော ရုပ်ရှင်သရုပ်ဆောင် Chrissy Aung က ဆက်ပြီးပြောခဲ့သည်။

မြန်မာ့ရှေးရိုးအတွေးအခေါ်အကျင့်စရိုက်များထဲကရှေ့ဆက်မယူလာသင့်တဲ့အချက်တွေ

Myanmar Gazette မှ SweSwe Aye က မေးသော မြန်မာ့ရှေးရိုးလူနေမှုစနစ်၊ အတွေးအခေါ်အပြောအဆိုများထဲမှ LGBTQ+ rights များကို ထိခိုက်သဖြင့် ရှေ့ဆက်မယူလာသင့်သောအချက်များမေးခွန်းကို ” ကျနော့်တို့ကို ယောက်ျားလေးလိုဝတ်တယ်။ နေထိုင်တယ်ဆိုရင် နင်ဗိုက်ကြီးလိမ့်မယ်ဆိုတဲ့စကား” ဟု Jicky Aung က ဖြေကြားခဲ့ပြီး ” နင်အသုံးကို မကျဘူး” ဟူသောစကားကို ရှေ့ဆက်မသယ်လာသင့်ကြောင်း moderator ဖြစ်သော Valerie Sheibels ကဆွေးနွေးခဲ့သည်။ LGBTQ လွတ်လပ်ခွင့်များသည် ဘာသာတရားများနှင့်လည်း သက်ဆိုင်ပြီး နှစ်ထောင်ချီက အတွေးအခေါ်ကန့်သတ်ချက်များဖြစ်သဖြင့် ဘာသာရေးဆရာများနှင့်လည်း ဆွေးနွေးသင့်ကြောင်း အခမ်းအနားကိုတက်ရောက်လာသူ ဦး Henry ခင်မောင်လေးကလည်း သိပ္ပံကိုယုံကြည်သောအင်ဂျင်နီယာတစ်ဦးအနေဖြင့် ပါဝင်ဆွေးနွေးခဲ့သည်။
California တွင် ရွေးကောက်ခံအစိုးရကိုယ်စားလှယ်များထဲက ပထမဆုံး gay အဖြစ်တရားဝန်ကြေငြာခဲ့သူ San Francisco Board of Supervisors တဦးဖြစ်သော Harvey Milk သည် gay right အတွက် တိုက်ပွဲဝင်ခဲ့ပြီး သူ့ society ကိုပိုမိုကောင်းမွန်အောင်ပြုပြင်နိုင်ခဲ့သည်။ Harvey Milk သည် ၁၉၇၈ခုနှစ်တွင် လုပ်ကြံခံခဲ့ရပြီး ၂၀၀၉ခုနှစ်တွင် သမ္မတ Obama က အမြင့်ဆုံးဆုတစ်ခုဖြစ်သော Presidential Medal of Freedom ကိုချီးမြှင့်ခဲ့သည်။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ၇ တွင် Owasso High School , Oklahoma အသက်၁၆နှစ်အရွယ်အထက်တန်းကျောင်းသူ Nex သည် အခြားကျောင်းသူများ၏ဗိုလ်ကျခြင်းခံရကာ တိုက်ခိုက်ခံရပြီး နောက်နေ့တွင် သေကြောင်းကြံပြီး ဆုံးပါးခဲ့သည်။ ၂၀၂၃ခုနှစ်၊ သြဂုတ်၁၈ တွင် အသက်၆၆နှစ်ရှိသော Laura Ann Carleton အား သူ့အဝတ်ဆိုင်ရှေ့တွင် လွှင့်ထူထားသော Pride အလံနှင့်အငြင်းပွားပြီး တဘက်က သေနတ်နှင့်ပစ်သတ်ခဲ့သည်။


ရှေ့ဆက်ပြီး တိုက်ယူရမယ့် LGBTQ ရပိုင်ခွင့်တွေ


” လူတွေက LGBTQ တွေကို နားလည်မှုရဖို့နဲ့ လက်ခံနိုင်ဖို့ ကျနော်တို့တွေ အများကြီးအလုပ်လုပ်ရဦးမယ်။ LGBTQ တွေဆိုတာ society ရဲ့ အပြင်ကလူတွေမဟုတ်ဘဲ society မှာ ပါဝင်ခွင့်ရတဲ့လူတွေဖြစ်ရမယ်။ ကျနော်တို့ တကယ့်ကိုခရီးရှည်ကြီးကို လျှောက်ရဦးမယ်။ မြန်မာကွန်မြူနတီမှာလဲ တစ်ယောက်နဲ့တစ်ယောက် အခုလို ဆွေးနွေးမယ်။ နားလည်မှုတည်ဆောက်မယ်။ လွတ်လပ်တဲ့အမြင်ကိုထားကြမယ်။ ဒီလိုပဲ ကြိုးစားသွားကြရမှာဖြစ်တယ်” ဟု Mayor Wong က ဆိုသည်။ ” Society လက်ခံမှု နဲ့ LGBTQ+ rights ကြားက ကွာဟချက်တွေကို ဖြည့်ဖို့က အခုလို ဆွေးနွေးမှုမျိုးတွေကို ပွင့်လင်းမြင်သာအောင်လုပ်ရမယ်။”

အခမ်းအနားကိုတက်ရောက်အားပေးသော Congresswoman Judy Chu က သမ္မတ Trump လက်ထက်တွင် China virus, Wuhan virus ဟုအမည်တပ်ခေါ်ခဲ့ခြင်းအတွက် anti-Asian hate crimes များ အများအပြားပေါ်ပေါက်လာပြီး Texas ပြည်နယ်တွင် မြန်မာ immigrants မိသားစုတစ်စုပါ တိုက်ခိုက်ခံရခြင်းအကြောင်းကို ပြောကြားခဲ့ပြီး Department of Justice နှင့်ပူးပေါင်းပြီးဆောင်ရွက်နေသည့် COVID–19 Hate Crimes Act, Monterey Park တွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီကဖြစ်ပွားခဲ့ပြီး လူ၁၁ဦးသေဆုံးခဲ့သည့် သေနတ်ပစ်မှုများကဲ့သို့သော guns violences များအတွက် တားမြစ်ဥပဒေများဖြစ်သော Red Flag laws များအကြောင်းကို ရှင်းပြခဲ့သည်။ ” LGBTQ+ တွေလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး President Biden ဟာ same-sex marriage ဥပဒေကို အတည်ပြုပေးခဲ့တယ်။ LGBTQ တွေ တန်းတူညီမျှအခွင့်အရေးရဖို့၊ Civil Rights အပြည့်အဝရပြီး အိမ်ကနေ အလုပ်ခွင်အထိ ခွဲခြားဆက်ဆံမှုတွေကင်းမဲ့စေမယ့် Equality Act ကို ကျမကိုယ်တိုင် cosponsor လုပ်ပါတယ် ” ဟု ပြောကြားခဲ့သည်။ အခမ်းအနားသို့ Former Intelligence Official တစ်ဦးဖြစ်သော Mr. Ye Htut Aung လည်း တက်ရောက်ပြီး မြန်မာကွန်မြူနတီအတွက်စကားပြောခဲ့သည်။


Session 2 – Understanding Law Enforcement in the US

နှစ်ပေါင်း၃၀ကျော် Law Enforcement သက်တမ်းရှိသူ Monterey Park Police Chef Scott Weise က ” Monterey Park မှာ လူပေါင်း ၆၄၀၀၀ နဲ့ လူမျိုးစုံနေထိုင်ကြတယ်။ ရဲအရာရှိပေါင်း၈၀ရှိတယ်။ တရုတ်စကားအပါအဝင်ဘာသာစကားမျိုးစုံပြောကြတဲ့ဝန်ထမ်းတွေရှိတယ်။ လူတွေနဲ့အခြေခံနေ့တဓူဝဆက်ဆံနေရတယ်။ Monterey Park ရဲစခန်းကို တနှစ်ကို ဖုန်းခေါ်တဲ့အကြိမ် ၄သောင်းရှိတယ်။ လူတွေဟာ သူတိုရဲ့လုံခြုံမှုအတွက် ကျနော်တို့အလုပ်လုပ်နေတယ်ဆိုတာကို သူတို့သိတယ်။ လူတွေရဲ့ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့တယ်။ လူတွေရဲ့ယုံကြည်မှုကိုရဖို့ ကျနော်တို့မှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ လျှို့ဝှက်ချက်တွေမရှိဖို့လိုတယ်။ ပတ်ဝန်းကျင်မှာဘာဖြစ်နေတယ်ဆိုတာကို သူတို့ကျနော်တို့နဲ့ပူးပေါင်းလုပ်ဆောင်ဖို့အရေးကြီးတယ်” ဟု ပြောကြားခဲ့သည်။

လူမျိုးစုံနေထိုင်သော Monterey Park တွင်တာဝန်ထမ်းဆောင်နေသော Chef Weise က hate crimes နှင့် hate incidences ကွာခြားပုံ၊ရဲများတာဝန်ထမ်းဆောင်ရာတွင် language barriers နှင့် လူမျိုးတခုစီ၏ cultures များအရေးကြီးပုံတို့ကို ရှင်းပြခဲ့သည်။ ” ကျနော်တို့ရဲ့အဓိကပန်းတိုင်က Monterey Park မှာနေထိုင်သူတွေနဲ့ ကျနော်တို့ရဲ့ယုံကြည်မှုကိုဆက်လက်တည်ဆောက်ဖို့ပဲ” ဟု Chef Weise ကဆိုသည်။

ရဲတားဆီးစစ်ဆေးစဉ် ပြည်နယ်ဥပဒေအတိုင်း အမိန့်နာခံရခြင်း

ရဲများတားဆီးစစ်ဆေးစဉ် ရဲအမိန့်ကိုနာခံရခြင်းသည် ပြည်နယ်ဥပဒေဖြစ်ကြောင်းနှင့်ထိုအခြေအနေသည် တရားရုံးမဟုတ်သဖြင့် ငြင်းခုန်ရာနေရာမဟုတ်ကြောင်း၊ US တွင် နှစ်စဉ် ရဲအရာရှိ ၅၀မှ၁၀၀သည် အကြမ်းဖက်ခြင်းများကြောင့်သေဆုံးကြရကြောင်းဆွေးနွေးခဲ့သည်။


သေနတ်တုကိုင်ခြင်းအန္တရာယ်


သေနတ်တုကိုင်ခြင်းသည် အလွန်အန္တရာယ်ကြီးကြောင်းကိုသတိပေးရာ သေနတ်အတုနှင့်အစစ်သည် အလွန်ခွဲခြားရခက်ပြီး သေနတ်တုဖြင့်ရဲကိုချိန်သောအမှုများတွင် ရဲများသည် မိမိကိုယ်မိမိကာကွယ်ကြရကြောင်းများကို ဆက်ပြီးပြောခဲ့သည်။ ပြည်နယ်အသီးသီးတွင် သေနတ်တုကိုင်ဆောင်ခြင်း၊ ရဲ၏တုန့်ပြန်မှုနှင့် နောက်ဆက်တွဲ စုံစမ်းစစ်ဆေးခြင်းကို Department of Justice က public မှာ ပွင့်လင်းမြင်သာစွာစုံစမ်းဆက်ဆေးကြောင်းနှင့် Monterey Park တွင် မူလတန်းကျောင်းများတွင် ကျောင်းသားများအား ရဲနှင့်ရင်ဆိုင်စဉ်လိုက်နာရမည့်အချက်များကို ပို့ချပေးကြောင်းပြောကြားခဲ့သည်။
အိမ်ဖောက်ထွင်းမှုများနှင် ကားခိုးမှုများ။ အိမ်ဖောက်ထွင်းမှုများနှင့်ပတ်သက်ပြီး လက်ဗွေရာ၊ သက်သေခံပစ္စည်းနှင့် ကားနံပါတ်ပြား ခြေရာခံစရာမရှိလျှင် အမှုပေါ်ဖို့ ခဲယဉ်းကြောင်း၊ ကားခိုးမှုများအတွက် Monterey Park တွင် license plate cameras ၈ခုတွင်၁၅ခုထပ်တိုးပြီး ၂၃ခုရှိကြောင်း၊ Alhambra တွင် အခု၅၀နှင့် San Marino တွင် အခု၄၀ရှိကြောင်းကို ဆွေးနွေးခဲ့သည်။

ကလေးများ ရာဇဝတ်ဂိုဏ်းများနှင့် ဆက်စပ်မှုရှိကြောင်း ကနဦးလက္ခဏာများ


မိဘများသည် ကလေးများ ရာဇဝတ်ဂိုဏ်းများနှင့် ဆက်စပ်မှုရှိကြောင်း ကနဦးလက္ခဏာများမှာ ဆံပင်ပုံစံ၊ အဝတ်အစားဝတ်ပုံ ပျက်ပြားဆိုးရွားခြင်းများနှင့် အားကစား၊ ကျောင်းတို့တွင် အာရုံဝင်စားခြင်းမရှိခြင်းများဖြစ်ကြောင်း၊ Monterey Park တွင် ရာဇဝတ်ဂိုဏ်းများအလွန်ရှားပါးပြီး လုံခြုံကြောင်းတို့ကိုပြောကြားခဲ့သည်။

အခမ်းအနားသို့ ဧည့်ပရိသတ်၈၀ကျော်တက်ရောက်ခဲ့ပြီး Civil Rights 101 for the Burman- American သည် Myanmar Gazette မှဦးစီးကျင်းပသော Empowering Burman- American Community ၏ ဒုတိယအကြိမ် workshop တခုဖြစ်သည်။ ပထမအကြိမ် workshop ကို Second generations Burman- American မျိုးဆက်အထက်တန်းကျောင်းသူ၁၁ဦးဖြင့် ဧပြီ၇၊ ၂၀၂၄ က ကျင်းပခဲ့ပြီး Monterey Park Mayor Thomas Wong တက်ရောက်ခဲ့သည်။


“This resource is supported in whole or in part by funding provided by the State of California, administered by the California State Library in partnership with the California Department of Social Services and the California Commission on Asian and Pacific Islander American Affairs as part of the Stop the Hate program. To report a hate incident or hate crime and get support, go to https://www.cavshate.org/