Learning English through Activism – Prof; Myo Kyaw Myint

kaiJuly 28, 20242min2650

နိုင်ငံရေး၊ လူမှုရေး ဆောင်ရွက်ရင်း အင်္ဂလိပ်စာသင်ကြားကြပါစို့(၇)

Activism လုပ်ငန်းများတွင် recording လုပ်ခြင်းသည် အရေးကြီးကြောင်း ဖေါ်ပြခဲ့ဘူးပါသည်။ recording လုပ်ရာတွင် အချက် လေးချက် ရှိပါသည်။ ထိုအချက် လေးချက်ကို နမူနာလေးများဖြင့်တွဲ၍ ဖေါ်ပြပေးသွားမည် ဖြစ်ပါသည်။ ယခင်လက မြန်မာပြည်၌ စာရေးသူ၏ ဆရာဟောင်း ပါမောက္ခ ဆရာဦးသီဟ ကွယ်လွန်သွားခဲ့ပါသည်။ မြန်မာပြည်၏ Education field ၌ အလွန်အရေးပါသည့် နေရာမှ တာဝန်ကိုကျေပြွန်စွာထမ်းဆောင်ခဲ့သည့် ဆရာကြီးကို ဂုဏ်ပြုသည့်အနေနှင့် ဆရာကြီး၏ စွမ်းစွမ်းတမံဆောင်ရွက်ချက်များကို ယခုလို recording ပြုလုပ်လိုပါသည်။ 
	ဦးစွာပထမ Introduction လေးဖြင့် စကြရအောင်။ မြန်မာပြည်သည် ယနေ့ကမ္ဘာနှင့် ယှဉ်လိုက်ရင် စီးပွားရေး၊ နိုင်ငံရေး စသည့် နယ်ပယ်များ၌ အလွန်ပင် အောက်ကျနောက်ကျ အခြေအနေမှာ ရှိနေပါသည်။ ပညာရေးလောက၌လည်း သိပ်မစွံသေးပါ။ သို့သော် အင်္ဂလိပ်စာသင်ကြားရေး၌ ကမ္ဘာနှင့်တန်းတူနီးပါး အခြေအနေ ရောက်အောင် ဆရာကြီး ဦးသီဟတို့၊ ဆရာကြီး ဦးဟန်တင်တို့၏ ကြိုးပမ်းမှုကြောင့် ရောက်ရှိနေပါသည်။ အိမ်နီးနားချင်းနိုင်ငံများ၌ မြန်မာဆရာ၊ ဆရာမများ အင်္ဂလိပ်စာ သင်ကြားပေးနေကြသည်မှာ တကယ်တော့ မဆန်းလှပါ။ သို့သော် UK, US, Australia စသည့် နိုင်ငံကြီးများ၌ မြန်မာ ဆရာ၊ ဆရာမများက အင်္ဂလိပ်စာ သင်ကြားပေးနေကြသည်မှာ ဆရာကြီး ဦးသီဟတို့၊ ဆရာဦးဟန်တင်တို့ရဲ့ ကျေးဇူးဆိုလျှင် မမှားပါ။
	ဒုတိယအချက်အနေနဲ့ Explanation ကို သွားကြရအောင်။ ဆရာကြီး ဦးသီဟကို ရိုသေလေးစားမိတာ အဓိကအချက် နှစ်ချက် ရှိပါတယ်။ ပထမဆုံးအချက်ကတော့ professionalism ပါ။ လုပ်ငန်းနှင့်ပတ်သက်ရင် ဝန်ကြီးလည်း မကြောက်ပါ။ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်မှူးကြီးတွေလည်း ဂရုမစိုက်ပါ။ မှတ်မိပါသေးတယ်။ ဗိုလ်မှူးကြီးတယောက်ရဲ့သမီး၊ ဆရာ့ရဲ့အတန်းမှာ စာမေးပွဲကျလို့ အမှတ်တိုးပေးဖို့ ဆရာကြီးကို ဆက်သွယ်လာပါတယ်။ ဆရာကြီးက ပြတ်ပြတ်ဘဲ။ "မကျေနပ်လို့ အလုပ်ဖြုတ်ချင် ဖြုတ်လိုက်ပါတဲ့။ အမှတ်တော့ အသလွတ် မတိုးပေးနိုင်ဘူး"တဲ့။ ဒီလို ပြတ်သားလို့လည်း ဆရာကြီးခမျာ Rector တို့၊ ပညာရေး ဒုဝန်ကြီးတို့ ရထိုက်ပါရက်နဲ့ မရခဲ့ပါ။ ပါမောက္ခ အဖြစ်နဲ့ဘဲ အငြိမ်းစား ယူခဲ့ရပါတယ်။ ဒီနေရာမှာ Personal Stories တွေဟာ အထူးအရေးကြီးပါတယ်။ 

Personal Stories makes the person in question more human and relatable to the readers.
	ဆရာကြီးကို လေးစားမိတဲ့နောက်တချက်က ဆရာကြီးဟာ တပည့်များကို ကောင်းကောင်းသိပါတယ်။ 
Treating every student in the same way is unfair to the students. ဆိုတာကို ဆရာကြီး ကောင်းကောင်းနားလည်ပါတယ်။ တခါက စာရေးသူ ဆရာကြီးရဲ့ ရုံးခန်းမှာ စာမေးရင်း ရောက်နေပါတယ်။ စာရေးသူရှိနေစဉ်မှာဘဲ၊ ဆရာကြီးရဲ့ရုံးခန်းထဲကို ဆရာငယ်တယောက် ဝင်လာပါတယ်။ သူ့ရဲ့ Term paper ကို နည်းနည်း နောက်ကျသွားလို့ တောင်းတောင်းပန်ပန်နဲ့ လက်ခံဖို့ ဆရာကြီးကိုပြောရင်း စားပွဲပေါ်မှာ တင်လိုက်ပါတယ်။ ဆရာကြီးက လက်မခံနိုင်ကြောင်းပြောပြီး စားပွဲပေါ်မှ ကြမ်းပြင်ပေါ် လွှတ်ပစ်လိုက်ပါတယ်။ ထိုဆရာလည်း မျက်နှာအပျက်ပျက်နဲ့ သူ့ Term paper သူကောက်ယူပြီး ပြန်ထွက်သွားပါတယ်။ ဆရာကြီးက စာရေးသူ မျက်နှာ ပျက်သွားတာမြင်လိုက်တော့ ယခုလို ပြောပါတယ်။
	"မျိုးကျော်၊ မင်းဘယ်လိုမှ မအောက်မေ့နဲ့၊ မင်းလိုကျောင်းသားမျိုးကို ငါဘယ်တော့မှ ဒီလို မဆက်ဆံဘူး။ ဒီကောင်အကြောင်း ငါကောင်းကောင်းသိတယ်။ ဒီလိုဆက်ဆံနိုင်မှ တော်ရုံကြတာ" ဆရာကြီးပြောသည့်အတိုင်း မှန်ပါသည်။ ထိုဆရာငယ်နှင့် နောက် အလုပ်သဘောအရဆက်ဆံရသည့်အခါ ဆရာကြီး၏ လုပ်ဆောင်ချက်က မပိုကြောင်း၊ လိုတောင်လိုနေကြောင်း စာရေးသူကိုယ်တိုင် ကောင်းကောင်းကြုံတွေ့ သိရှိခဲ့ရပါသည်။ ဆရာကြီး ဦးသီဟက tough love ကို ကျင့်သုံးခဲ့သူ ဆရာတယောက်ပါ။ ဆရာဦးဟန်တင်ကတော့ ပြုံးပြုံးလေးနဲ့ scolding လုပ်တတ်သူပါ။ တယောက်က Yin ၊ တယောက်က Yang ပေါ့လေ။ နှစ်ယောက် တွဲလိုက်တော့ မြန်မာပြည်မှာ အင်္ဂလိပ်စာထူးချွန်သူတွေ အများကြီး ပေါ်လာခဲ့တာပေါ့။ ဒုဝန်ကြီးဘဝနှင့် ကွယ်လွန်သွားသူ ကိုမျိုးမြင့်ဆိုရင် ဆရာကြီးရဲ့ တပည့်ကျော်ပေါ့။ ဆရာကြီးဟာ စာသင်ကြားရုံသာမကပါ။ Paukaya နံမည်နဲ့ အင်္ဂလိပ်စာနှင့် မြန်မာစာ ပေါင်းစပ်ပြီး တနည်းအားဖြင့် juxtaposition ကို အသုံးပြုပြီး အသုံးပြုပြီး Guardin မဂ္ဂဇင်းမှာ ကဗျာလေးတွေ ရေးခဲ့ပါတယ်။ ဆရာကြီးကို ဂုဏ်ပြုတဲ့အနေနဲ့၊ ဂါဝရပြုတဲ့အနေနဲ့ စာရေးသူ ကြိုးစားရေးကြည့်ပေမဲ့ ဆရာကြီးရဲ့ကဗျာများကို မမှီပါ။ သို့သော်လည်း Guardian မဂ္ဂဇင်းမှာ ဆရာကြီးရဲ့ လက်ရာများကို မတွေ့ဘူးသူများ၊ စဉ်းစားကြည့်လို့တော့ ရကောင်းပါရဲ့။

A plea for A Return to the Barracks
ဗိုလ်နေမြဲ ကျားနေမြဲ

Is the expression often used
Each to return
Where each belongs
Su Kyi to the political arena
Where she excels
The military to the frontlines
Where they can protect and serve
The military knows not how to rule
Uniforms don’t belong in the halls of parllament
Su Kyi cannot be the head of government
From behind iron bars
Her release, however,
Can stave off the impending civil war
Let the woman known as “Mother”
Do what she does best
Step aside, soldlers
And watch
As Su Kyi helps Myanmar rise from Min Aung Hlaing’s mess.



	နောက်ဆုံး Conclusion အနေနဲ့ ဆရာကြီးဦးသီဟအတွက် ဆုတောင်းလေး တခုသာ ရှိပါတော့တယ်။ တိုင်းပြည်အတွက်၊ တပ္ပည့်တွေအတွက်
ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ ဆရာ - 
May you rest in peace.