Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Myanmar Gazette Newsletter XXI

kaiJuly 10, 20247min15290

“CARE Community Briefing: 2023 Annual Hate Crime Report”
– by SweSwe Aye

CARE Community ကကျင်းပသော 2023 Annual Hate Crime Report နှင့်ပတ်သက်သော ဆွေးနွေးပွဲကို ၂၀၂၄၊ ဇူလိုင်၉က ကျင်းပခဲ့သည်။ CARE ဆိုသည်မှာ Department of Justice (DOJ)- Office of the Attorney General တို့ပါဝင်သည့် Community Awareness, Response and Engagement (CARE) State of California ဖြစ်သည်။ CA Civil Rights Department မှ CA vs. Hate program ကိုလည်း ပါဝင်ဆွေးနွေးခဲ့သည်။

Hate Crime (ရန်လိုရွံမုန်းခြင်းရာဇဝတ်မှု)

Panel Code Section 422.55 အရ Victim (ကျူးလွန်ခံရသူ) ၏ Disability(ချို့ယွင်းမှု)၊ Gender(လိင်ခံယူမှု)၊ Nationality(နိုင်ငံသား)၊ အမှန်တကယ်(သို့မဟုတ်) သဘောပေါက်နားလည်/ထင်မြင်ချက်အားဖြင့် တစ်ခု(သို့မဟုတ်)တစ်ခုထက်ပိုသော သွင်ပြင်လက္ခဏာများအရ တစ်စုံတစ်ယောက်(သို့)အဖွဲ့အစည်းတစ်ခုနှင့် ဆက်စပ်နေသဖြင့်၊ လူမျိုး(သို့) လူမျိုးစုနွယ်၊ ဘာသာရေး၊ လိင်တိမ်းညွတ်မှုတို့ကို အကြောင်းပြုပြီး တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တပိုင်းဖြစ်စေ ကျူးလွန်ရန် လှုံ့ဆော်သည့် ရာဇဝတ်မှုမြောက်သည်။

Hate Incidents

တစ်ခု(သို့) တစ်ခုထက်ပိုသော ရန်လိုရွံမုန်းခြင်းအကြောင်းတရားကိုအခြေပြုသော ရာဇဝတ်မှုမမြောက်သည့် အပြူအမူ(သို့)လုပ်ဆောင်ချက်များဖြစ်သည်။ ဥပမာ- အမည်(ဖျက်)ခေါ်ခြင်း၊ စော်ကားမော်ကားပြုခြင်း၊ သင့်ပိုင်ဆိုင်မှုအတွင်းမှာ ရန်လွန်ရွံမုန်းခြင်းပစ္စည်းများပြသခြင်း၊ သင့်ပိုင်ဆိုင်မှုကို ပျက်စီးခြင်းမဖြစ်စေဘဲ သင့်ပိုင်ဆိုင်မှုအတွင်းမှာ ရန်လွန်ရွံမုန်းခြင်းပစ္စည်းများပြသခြင်း၊ public နေရာများတွင် ရန်လိုရွံမုန်းခြင်းသတင်းစကားပါသောပစ္စည်းများဖြန့်ဝေခြင်း။

Hate Crimes Reporting တွင် အောက်ပါအချက်များ အကျူံးမဝင်ချေ။
ခွဲခြားဆက်ဆံခြင်းအပြုအမူများ၊ Hate Incident, Hate Speech.

2023 Annual Hate Crime Report

Alyson Lunetta, Program Manager, CA DOJ Criminal Justice Statistics Center က ၂၀၂၃ခုနှစ် နှစ်တစ်နှစ်တာ ရန်လိုရွံမုန်းခြင်းရာဇဝတ်မှုအစီရင်ခံစာကို ဆွေးနွေးခဲ့ရာ ပြီးခဲ့သော၁၀နှစ်တာကာလအတွင်း သက်ဆိုင်ရာကို အသိပေးအကြောင်းသော Hate crimes ရာနှုံး ၁၅၉.၉% မြင့်တက်ခဲ့ရာမှာ အသိပေးတိုင်ကြားသော Hate crimes အနည်းဆုံးနှစ်မှာ ၂၀၂၄ခုနှစ်ဖြစ်ပြီး အမှုပေါင်း၇၅၈ခုရှိခဲ့ကြောင်းဆွေးနွေးခဲ့သည်။

Racial Bias Events ( လူမျိုးရေးဘက်လိုက်မှုအဖြစ်အပျက်များ။)

၂၀၂၂ခုနှစ်မှ ၂၀၂၃ခုနှစ်အတွင်း အသိပေးတိုင်ကြားသော Hate crime event ပေါင်း ၇.၁ % ကျဆင်းခဲ့ပြီး အသိပေးတိုင်ကြားသော Hate crime offense ပေါင်း ၈.၉% ကျဆင်းခဲ့သည်။ ၂၀၂၃ခုနှစ်တနှစ်အတွင်း Racial Bias Event သည် ၂၀၂၂ခုနှစ်မှ ၂၀၂၃ခုနှစ်အတွင်း ၂၁.၆% လျော့ကျခဲ့ပြီး အသိပေးတိုင်ကြားသော Hate crime အမှုများတွင်အများဆုံးဖြစ်သော Anti-Black or African American bias events များမှာ ၂၀၂၂ခုနှစ်မှ ၂၀၂၃ခုနှစ်အတွင်း ၂၀.၆% ကျဆင်းခဲ့သည်။

Religion Bias Events (ဘာသာရေးဘက်လိုက်မှုအဖြစ်အပျက်များ။)

၂၀၂၂ခုနှစ်မှ ၂၀၂၃ခုနှစ်အတွင်း အသိပေးတိုင်ကြားသော Religion Bias Events ပေါင်း ၃၀% မြင့်တက်ခဲ့သည်၂၀၂၂ခုနှစ်မှ ၂၀၂၃ခုနှစ်အတွင်း ။ Anti-Jewish bias events များသည် ၅၂.၉% မြင့်တက်ခဲ့ပြီး Anti-Islamic(Muslim) bias events အရေအတွက်သည်၂၅ခုမှ အခု၄၀ထိ မြင့်တက်ခဲ့သည်။ Anti-Protestant bias events များသည်၁၂ခုမှ ၁ခုသို့လျော့နည်းသွားခဲ့သည်။

Sexual Orientation Bias Events (လိင်တိမ်းညွှတ်မှုနှင့်ပတ်သက်သော ဘက်လိုက်မှုအဖြစ်အပျက်များ။)

၂၀၂၁ခုနှစ်မှ ၂၀၂၂ခုနှစ်အတွင်း အသိပေးတိုင်ကြားသော Sexual Orientation Bias Events များပါဝင်သည့် Hate crimes များသည် ၃.၆% မြင့်တက်ခဲ့သည်။ ၂၀၂၂ခုနှစ်မှ ၂၀၂၃ခုနှစ်အတွင်း Anti-gay(male)bias events များသည်၁၄.၈% လျော့ကျခဲ့ပြီး Anti-LGBTQ+ bias events များသည် ၈၆.၄% မြင့်တက်ခဲ့သည်။

Gender Bias Events ( လိင်ခံယူမှုနှင့်ပတ်သက်သောဘက်လိုက်မှုအဖြစ်အပျက်များ။)

၂၀၂၂ခုနှစ်မှ ၂၀၂၃ခုနှစ်အတွင်း အသိပေးတိုင်ကြားသော Gender Bias Events ပေါင်း၈၄ခုမှ ၈၂ခုသို့ နည်းပါးခဲ့သည်။ Anti-transgender bias event သည် ၅၉ခုမှ ၆၂ခုသို့မြင့်တက်ခဲ့ပြီး Anti-gender nonconforming events များသည်၁၂ခုမှ ၁၁ခုသို့ကျဆင်းခဲ့သည်။

CARE ၏ webpage မှာ https://oag.ca.gov/care ဖြစ်သည်။

Department of Justice သို့ Hate Crime ကိုတိုင်ကြားရန်အတွက် အာဏာပိုင်များ။


Special Assistant Attorneys General Damond Brow နှင့် Michael Redding တို့က California Department of Justice ၏အခန်းကဏ္ဍကို ဆွေးနွေးခဲ့သည်။

Law enforcements များသည် hate crimes များ မြောက်မှုကို အတည်ပြုပြီး Department of Justice သို့ အသိပေးရန် သီးသန့်တာဝန်များရှိသည်။ Department of Justice သည် ရရှိသော dataများ၏ခိုင်မာမှုကိုသေချာအောင်စစ်ဆေးပြီး ပြည်သူများထံ ထုတ်ပြန်ရန် သီးသန့်တာဝန်များရှိကြောင်းနှင့် Law enforcements နှင့် Department of Justice တို့ကသာ ရရှိသောအချက်အလက်များကို ထုတ်ပြန်နိုင်ကြောင်းဆွေးနွေးခဲ့သည်။

California PC Section 13023


CA DOJ သည် hate crime statistics နှင့်ဆက်စပ်နေသောသတင်းများကိုစုဆောင်းပြီး ရရှိသောအချက်အလက်များကို ထုတ်ပြန်ရန် တာဝန်ပေးထားပါသည်။
Federal Congressional Hate Crime Statistics Act (Public Law 101-275)
FBI သည် Hate Crime သတင်းများကိုစုဆောင်းရန်တာဝန်ရှိပါသည်။ FBI သည် ရရှိသောသတင်းများကို နှစ်ပတ်လည်အစီရင်ခံစာထုတ်ပြန်ရန် တာဝန်ရှိပါသည်။

Law Enforcement ၏တာဝန်ဝတ္တရားများ။

Hate Crimes များကို စုံစမ်းစစ်ဆေးခြင်း၊ DOJ သို့ လစဉ်အစီရင်ခံခြင်းနှင့် DOJ analysts များနှင့်ပူးပေါင်းအလုပ်လုပ်ပြီး ကွာဟချက်များကို ဖြေရှင်းပြီး မေးခွန်းများကိုဖြေကြားခြင်းတို့ဖြစ်သည်။

Attorney General ၏ Hate ကို တွန်းလှန်တိုက်ခိုက်ခြင်း။


လူထုနှင့်ဆက်သွယ်ခြင်း- Hate Crimes Roundtables အစည်းအဝေးများကျင်းပခြင်း၊ မေ၂၀၂၄ခုနှစ်က USDOJ နှင့် Hate Crimes Event ကျင်းပခြင်း၊ Jewish, Arab, Mulsim အုပ်စုများနှင့်တွေ့ဆုံဆွေးနွေးခြင်း။
ဥပဒေစိုးမိုးရေးအေဂျင်စီများအပေါ် ကြီးကြပ်ကွပ်ကဲမှု – လမ်းညွှန်ချက်များ ဘေးကင်းပြီး ဥပဒေဘောင်တွင်းဆန္ဒပြခြင်းများအတွက် Bulletins များထုတ်ခြင်း၊ ဇန်နဝါရီ၂၀၂၄ခုနှစ်တွင် Hate Crimes နှင့်ပတ်သက်ပြီး USDOJ ကိုခေါ်ယူစည်းဝေးခဲ့သည်။ Hate Crimes အမှုအစိုးရရှေ့နေများနှင့်တွေ့ဆုံအစည်းအဝေးလုပ်ခြင်း၊ ကျူးလွန်ခံရသူများအတွက် အရင်းအမြစ်များကို ဘာသာစကားများစွာနှင့်ထုတ်ပေးခြင်း၊ Hate Crime Coordinator ခန့်ခြင်း။

California Attorney General Rob Bonta ၏ Hate ကို တွန်းလှန်တိုက်ခိုက်ရန် ကတိ။

“California သမိုင်းတလျှောက်မှာ ကျနော်တို့တွေထဲကလူတွေအများကြီးဟာ ရန်လိုရွံမုန်းခြင်းနဲ့ခွဲခြားဆက်ဆံခြင်းဆူးတွေကို ခံစားရပါတယ်။ Asian, Latino, Black, Native American, people with disabilities, LGBTQ, Jewish, Muslim, Sikh တွေအများကြီးနဲ့ ပြည်နယ်တခုလုံးက Californians တွေဟာ နာကျင်ခံစားကြရပါတယ်။ ဒါတွေက ကျနော်တို့လူမှုအဖွဲ့အစည်းတွေကို အဆိပ်သင့်စေတဲ့ ဘက်လိုက်မှုတွေ၊ ရန်လိုရွံမုန်းခြင်းတွေနဲ့ သူတို့ရဲ့အဆိပ်တွေကို ကျနော်တို့အားလုံးအတူတကွတွန်းလှန်စေပါတယ်”

Hate Crime Coordinator များ၏အဆင့်ဆင့်အလုပ်လုပ်ပုံများအကြောင်းကို Britton Lacy, CA DOJ Hate Crime Coordinator က ဆွေးနွေးခဲ့သည်။

CA vs Hate


Becky Monroe, Deputy Director of Strategic Initiatives and External Affairs နှင့် Chantel Bermudez , CA vs. Hate Senior Manager, Civil Rights Department တို့က ဆွေးနွေးခဲ့ကြသည်။
ရန်လိုရွံမုန်းခြင်းအပြုအမူ၊ တိုက်ခိုက်မှုကို ကျုးလွန်ခံရသူဖြစ်စေ၊ ကိုယ့်ရှေ့မှာမြင်တွေ့ရသောသက်သေဖြစ်စေ https://www.cavshate.org/ တွင် တိုင်ကြားနိုင်ပါသည်။ 833-8-NO-HATE; (833) 866-4283 (တနင်္လာမှ သောကြာထိ မနက်၉နာရီကနေညနေ၆နာရီထိ) ဖုန်းခေါ်တိုင်ကြားနိုင်သည်။ ထိုအချိန်ပြင်ပဆိုပါက အသံဖိုင်ထားခဲ့နိုင်သည်။ သို့မဟုတ် 211 ကိုဖုန်းဆက်တိုင်ကြားပြီး လိုသောအကူအညီများ ရယူနိုင်သည်။ Online ကတိုင်ကြားလျှင် ဘာသာစကား၁၅မျိုးရှိပြီး ။ Hotline ကဖုန်းခေါ်လျှင် ဘာသာစကားအမျိုး၂၀၀ ရှိပါတယ်။
လတ်တလောအန္တရာယ်အတွက်ဆိုလျှင် 911 ကို ဖုန်းခေါ်ရပါမည်။ သတင်းပို့တိုင်ကြားခြင်းအားဖြင့် ကျူးလွန်ခံရသူများအတွက် ဥပဒေရေးရာ၊ ငွေကြေးဖြေရှင်းပေးမှုဆိုင်ရာ၊ စိတ်ကျန်းမာရေးဆိုင်ရာနှင့် ပြဿနာဖြေရှင်းညှိုနှိုင်းခြင်းဆိုင်ရာဝန်ဆောင်မှုတွေစတဲ့အရင်းအမြစ်များကို ရရှိမည်ဖြစ်ပြီး နောက်ထပ်ဆင့်ကဲဆက်သွယ်မှုများကိုဆောင်ရွက်ပေးမည့့် care coordinator နှင့် အဆက်အသွယ်ရမှာဖြစ်သည်။

ထိုသို့တိုင်ကြားခြင်းအားဖြင့် ကျွန်ုပ်တို့ကွန်မြူနတီတွေမှာ ပုံမှန်လိုလက်ခံနေပြီး ဖြစ်ပျက်နေသော ရန်လိုရွံမုန်းခြင်းကိုတားဆီးနိုင်ပြီး ရန်လိုရွံမုန်းတိုက်ခိုက်ခံနေရသူတဦးချင်းစီ၏လိုအပ်နေတဲ့အကူအညီများကို ရရှိကြမည်ဖြစ်သည်။

California vs Hate ကို ရဲဌာနက လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ကာယကံရှင်၏ဆန္ဒမပါဘဲနဲ တိုင်ကြားချက်ကို ရဲထံသတင်းပို့မည် မဟုတ်ပါ။ ကာယကံရှင်က တောင်းဆိုမှသာ ရဲကိုသတင်းပေးမည်ဖြစ်သည်။ CAvsHate က ရဲကိုဘယ်လိုတိုင်ကြားရမယ်ဆိုတာ(သို့)လိုအပ်ပါငက တရားရေးဆိုင်ရာ အကျိုးဆောင်ပေးမယ့်သူများကို မည်သို့ဆက်သွယ်ရမည်ဆိုသည့် လိုအပ်သောသတင်းအချက်အလက်များ ပေးမည်ဖြစ်ပါသည်။ California vs Hate ဟာ Civil Rights Department နဲ့ တခြားအေဂျင်စီတွေနဲ့နှစ်ခုလုံးလမ်းကြောင်းကနေ ရာဇဝတ်မှုတရားရေးစနစ်မဟုတ်သော၊ နိုင်ငံသားအခွင့်အရေး ဥပဒေကြောင်းများကို ရှာဖွေသတ်မှတ်ပေးမည်ဖြစ်ပါသည်။

California vs Hate ကိုသတင်းပေးတိုင်ကြားတဲ့အခါမှာ သင့်ရဲ့ နေထိုင်ခွင့်ကိစ္စကို ဖွင့်ဟပြောစရာမလိုပါ။ Hotline ဝန်ဆောင်မှုများဟာ အခမဲ့ဖြစ်ပြီး နေထိုင်ခွင့်အခြေအနေနဲ့မပတ်သက်ပါ။ တိုင်ကြားချက်များအားလုံးကို ပုဂ္ဂလိကဆိုင်ရာလျှို့ဝှက်ထားမှာဖြစ်ပြီး သင်ဟာ အမည်မဖော်လိုသူအနေနဲ့တိုင်နိုင်ပါတယ်။ ဥပဒေဆိုင်ရာလိုအပ်ချက်မရှိဘူးဆိုပါက သင့်ရဲ့ခွင့်ြ့ပုချက်မပါဘဲနဲ့ သင်ဘယ်သူဘယ်ဝါဆိုတာကို ဖော်ပြမည်မဟုတ်ပါ။


“This resource is supported in whole or in part by funding provided by the State of California, administered by the California State Library in partnership with the California Department of Social Services and the California Commission on Asian and Pacific Islander American Affairs as part of the Stop the Hate program. To report a hate incident or hate crime and get support, go to https://www.cavshate.org/