Myanmar Gazette Newsletter XXIV

kaiJuly 30, 20244min2570

မိမိကိုယ်ကိုယ်သေကြောင်းကြံစည်ခြင်းကိုကာကွယ်သည့်အထိမ်းအမှတ် Ripple Effect လမ်းလျှောက်ပွဲ။
by SweSwe Aye

ဇွန်၂၂၊ ၂၀၂၄ခုနှစ်၊ မနက်၉နာရီခွဲတွင် Torrance High School Zamperini Stadium ဝန်းထဲတွင် အထက်တန်းကျောင်းကျောင်းဝန်းထဲမှာ လူ၄၀၀ခန့်သည် စုဝေးနေကြသည်။ Little Tokyo Service Center က ကျင်းပသော တတိယအကြိမ်မြောက် သေကြောင်းကြံစည်ရေးကာကွယ်ခြင်း (Ripple Effect) အထိမ်းအမှတ်လမ်းလျှောက်ပွဲအတွက် လမ်းလျှောက်မည့်သူများစုဝေးနေကြခြင်းဖြစ်ပြီး Mental health organizations အသီးသီးမှ သတင်းအရင်းအမြစ်များမျှဝေမည့် စားပွဲများလည်းရှိသည်။

Ripple Effect လမ်းလျှောက်ပွဲများသည် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ကာသေဆုံးသွားသူများအတွက် သတိရအောက်မေ့ဖွယ်အတူတကွလမ်းလျှောက်ကြခြင်းဖြစ်ပြီး Little Tokyo Service Center ကဆောင်ရွက်နေသော Changing Tides (CT) program ၏ AAPI ကွန်မြူနတီအတွင်းဆောင်ရွက်နေသော စိတ်ကျန်းမာရေးကုထုံးပရိုဂရမ်များအပါအဝင် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ခြင်းကိုကာကွယ်ရေး training နည်းပြလေ့ကျင့်ခြင်း၊ စိတ်ကျန်းမာရေးဆောင်ရွက်ချက်များအတွက်လိုအပ်သော သတင်းများ၊ အရင်းအမြစ်များအတွက် ရန်ပုံငွေများကို ရှာဖွေပေးရန် ရည်ရွယ်သည်။

လမ်းလျှောက်ပွဲတွင် ရည်ရည်ချက်အထိမ်းအမှတ်တခုစီအတွက် အချိန်အပိုင်းအခြားတစ်ခုစီခွဲထားရာ AAPI အသက်၁၅နှစ်မှ၂၄နှစ်လူငယ်များတွင် သေကြောင်းကြံစည်ခြင်းသည် သေဆုံးခြင်းများ၏၃၃%ကို ရည်ရွယ်သော Walk for the 33% (A 33 minutes Walk for AAPI young adults), ၂၀၂၁ခုနှစ်မှစပြီး ၄၀%သော AAPI LGBTQ+ လူငယ်များသည်သေကြောင်းကြံစည်ခြင်းကို ရည်ရွယ်သော Walk for 40% (A 40 minutes Walk for AAPI LGBTQ+ youth), တစ်ဦးချင်းသေကြောင်းကြံစည်ပြီးသေဆုံးခဲ့သူများအတွက် အထိမ်းအမှတ်” A 21 minute walk for 21 years of life”, ” A 28 minute walk for 28 years of life”, ” A 29 minute walk for 28 years of life”. ” A 42 minute walk” စသဖြင့် အုပ်စုများအသီးသီးခွဲထားခဲ့သည်။

AAPI Community တွင် စိတ်ကျန်းမာရေးကိစ္စများမဆွေးနွေးမပြောဆိုကြသေးချိန်၂၀၁၈တွင် UCLA ကျောင်းသား၄ဦးက Changing Tides ကို စတင်တည်ထောင်ခဲ့ပြီး ရန်ပုံငွေများရှာဖွေခဲ့သည်။ Ripple Effect ကို ၂၀၂၂တွင်စတင်ခဲ့သည်။ ” သေကြောင်းကြံစည်သွားသူတွေရဲ့မိသားစုတွေအမြောက်အမြားက ကျနော်တို့ဆီကိုလာကြတယ်။ ပန်းတွေယူလာမယ့်အစား Changing Tides ကို ရန်ပုံငွေတွေထည့်ဖို့ပြောကြပြီး Changing Tides ကိုစတင်ခဲ့တယ်။ မိဘတစ်ယောက်က သေကြောင်းကြံစည်မှုကာကွယ်ရေးအတွက် လမ်းလျှောက်ပွဲလုပ်ဖို့အကြံပေး တယ်။ ပထမဆုံးလမ်းလျှောက်ပွဲကို Long Beach မှာစတင်ခဲ့ပါတယ်။ တနှစ်ပြီးတနှစ်လူတွေ၊ မိသားစုတွေအများကြီးပူးပေါင်းပါဝင်လာကြတယ်” Mathew Yonemura, Changing Tides Program Coordinator က‌ပြောခဲ့သည်။ လမ်းလျှောက်ပွဲများတွင် ပထမနှစ်တွင် လူ၃၅၀၊ ဒုတိယနှစ်တွင် လူ၄၅၀ကျော်ပါဝင်ခဲ့သည်။ ယခုနှစ်တွင် အနည်းဆုံး၄၂၅ ဦးပါဝင်မည်ဟု Yonemura က ဆိုသည်။

အသက်၁၅မှ၂၅နှစ်အတွင်းရှိ Asian Americans များသေဆုံးရခြင်းအကြောင်းရင်းများတွင် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ခြင်းသည် အဓိကအကြောင်းရင်းဖြစ်သည်။ COVID-19 pandemic နှင့် anti-Asian hate အာရှလူမျိုးများကိုရန်လိုမုန်းတီးခြင်းများမြင့်တက်လာသည်နှင့်အမျှ ထိုအချက်သည် ကျန်းမာရေး၊ စိတ်ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှုများလုံလောက်မှု၊ ရရှိရန်လက်လှမ်းမီဖို့တို့အပေါ် ပိုပြီးဆိုးကျိုးရောက်မှုပိုများစေကြောင်း Manjusha Kulkarni, executive director of the AAPI Equity ကဆိုခဲ့သည်။ Stop AAPI Hate’s 2021 mental health report တွင် Asian American များတဝက်နီးပါးသည် pandemic ကာလတွင် anxiety စိုးရိမ်ပူပန်ကြောက်လန့်ခြင်းအကြောင်းရင်းမှာ pandemic ကြောင့်ထက် anti-Asian hate အာရှလူမျိုးများကိုရန်လိုမုန်းတီးခြင်းကြောင့်ဖြစ်ကြောင်းဖော်ပြထားသည်။ လူမျိူးရေးခွဲခြားမှုများကြောင့်post-traumatic stress disorder (PTSD) လက္ခဏာများနှင့်ခပ်ဆင်ဆင်တူသည့် စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုအတက်အကျဆိုင်ရာအန္တရာယ်များကျရောက်ကြောင်းကိုလည်းဖော်ပြထားသည်။ Asian American နှင့် Native Hawaiian and Pacific Islander LGBTQ လူငယ်များတဝက်ကျော်သည် ၂၀၂၀ခုနှစ်တွင် လူမျိုးရေး၊ အသားအရောင်ခွဲခြားခြင်းကို pre-pandemic နှစ်များထက်ပိုပြီးခံခဲ့ရသည်။ Asian American နှင့် NHPI ၃ဦးတွင်၁ဦးတွင် စိတ်ဓာတ်ကျခြင်းနှင့် စိတ်ပူပင်ထိတ်လန့်ခြင်းပိုမိုမြင့်တက်လာပြီး ၄ဦးလျှင်၁ဦးသည် PTSD diagnosis ရခဲ့သည်။ U.S. Department of Health and Human Services, 2021 ၏ ထုတ်ပြန်ချက်အရ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ခြင်းသည် AA and NHPIလူငယ်များတွင် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ခြင်းသည် သေဆုံးရခြင်းအကြောင်းရင်းပထမဆုံးအချက်ဖြစ်သည်ဟုဖော်ပြထားသည်။

Changing Tides ၏ကနဦးစလှုပ်ရှားမှုဖြစ်သော CT Anchor အခမဲ့ လက်တွေ့ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခြင်းကိုကာကွယ်သည့် training ကို QPR Institute မှ
တဆင့်ပို့ချပေးလျက်ရှိပါသည်။ အဆိုပါ training သည် တစ်နာရီမှနှစ်နာရီလက်တွေ့သင်ကြားလေ့ကျင့်ပေးခြင်းကို တနိုင်ငံလုံးအတွက် live video မှတက်ရောက်နိုင်ပြီး၊ LA နှင့် Orange County များတွင် လူကိုယ်တိုင်လာရောက်တက်နိုင်သည်။ သင်တန်းတွင် စိတ်ကျန်းမာရေးနှင့် သေကြောင်းကြံခြင်းကိုကာကွယ်ဖို့ resources and videos များကို ရရှိမည်ဖြစ်သည်။ သင်တန်းတက်ပြီးသူများသည် တစ်နှစ်တာခံမည်ဖြစ်သော certificate ကိုရမည်ဖြစ်သည်။ www.Thechangingtides.org/ctanchor

” Asian American community အကြီးမားဆုံးပြဿနာက စိတ်ကျန်းမာရေးအတွက် ဂရုစိုက်အာရုံထားမှုမရှိခြင်းပါပဲ။ ကျမတို့ကွန်မြူနတီက ဒီအကြောင်းအရာကို ပွင့်ပွင့်လင်းလင်းမဆွေးနွေးကြဘူး။ လူငယ်ပိုင်းတွေကတော့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး နည်းနည်းပါးပါးပိုပြီး ပြောကြဆိုကြတယ်။ ကုထုံးတွေယူဖို့လက်ခံကြတယ်။ ကျမတို့နောက်ထပ်တိုက်နေရတဲ့အရာတခုက စွဲကျန်တဲ့စိတ်ဒဏ်ရာ stigma ပဲ။ Stigma ကို ကျမတို့က ပညာရေး၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဆောင်းပါးတွေနဲ့ ပွင့်ပွင့်လင်းလင်းပုံစံနဲ့တိုက်ရမှာ” ဟု Clinical psychologist တစ်ဦးဖြစ်သူ Dr.Mary Ann Takemoto ကပြောကြားခဲ့သည်။
လူငယ်များသည် စိတ်ကျန်းမာရေးကိစ္စများကို ပြောဆိုဆွေးနွေးကြသူများဖြစ်ရာ Little Tokyo Service Center https://www.ltsc.org/ တွင် လူငယ်များအတွက် သေကြောင်းကြံစည်မှုကာကွယ်ရေးနှင့်သတိပေးအချက်အလက်သတင်းများ၊ အရင်းအမြစ်များကို ရယူနိုင်ပါသည်။

California ပြည်နယ်တွင် လူငယ်များကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခြင်းကို တားဆီးကာကွယ်နိုင်မည့်လှုပ်ရှားမှုတခုဖြစ်သော “Never a Bother” Campaign ကို စတင်လိုက်ကြောင်း California Department of Public Health (CDPH) က ၂၀၂၄နှစ်၊ မတ်၂၇တွင် သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ Never a Bother ကို ပြည်နယ်တခုလုံးက လူမျိုးစုံလူငယ်ပေါင်း၄၀၀ကျော်နှင့် လူငယ်များအတွက်ဝန်ဆောင်မှုပေးနေသော လူထုအခြေပြုအဖွဲ့အစည်း၃၄ခုဖြင့်ဖွဲ့စည်းထားသည်။

” စိတ်ကျန်းမာရေးအတွက် ကိုယ်ယုံကြည်စိတ်ချရသူတစ်ဦးဦးနဲ့ ဥပမာ- ဆွေမျိုး၊ ကျောင်းကဆရာ၊ ဆရာမ၊ ဘာသာရေးဆရာ စသဖြင့် ဒီလိုလူတွေနဲ့စကားပြောဖို့အရမ်းအရေးကြီးတယ်။ ဒီလိုစကားပြောတယ်ဆိုတာက နောက်တဆင့် ကျွမ်းကျင်သူပရော်ဖက်ရှင်နယ်တွေဆီကနေ စိတ်ကျန်းမာရေးအတွက်အကူအညီတွေရဖို့ သူစတွေးပြီ။ စိတ်ကျန်းမာရေးအတွက် စကားပြောဖို့လိုတဲ့အခါမှာ Hotlines တွေကိုဖုန်းဆက်ပြီး စကားပြောပါ။ ကိုယ်ဘယ်သူဆိုတာကိုပြောဖို့မလိုဘူး။ တဘက်က ကျွမ်းကျင်စွာလေ့ကျင့်ပေးထားသူတွေက လက်ခံဖြေကြားပေးပါလိမ့်မယ်” ဟု Takemoto က ဆက်ပြောသည်။

LA County Department of Mental Health Service စိတ်ကျန်းမာရေးအတွက် လိုအပ်သောအရင်းအမြစ်များကိုပေးရန် Ripple Effects လမ်းလျှောက်ပွဲတွင် informational booth ကို ဖွင့်လှစ်ခဲ့ပြီး အကူအညီလိုပါက ဖုန်း 800-854-7771 (24/7 ဆက်နိုင်သည်။)၊ “LA”စာတိုကို 741741 ပို့ရန်၊ http://dmh.lacounty.gov တွင်အသေးစိတ်ဖတ်ရှုနိုင်ပါသည်။

” သေကြောင်းကြံစည်မှုသတိပြုဖွယ်နဲ့ပတ်သက်ပြီး ကျနော်တို့ပထမဆုံးသင်ယူလိုက်တာကတော့ suicide ဆိုတဲ့စကားလုံးကို ခင်ဗျားတို့ကြောက်နေလို့မရဘူး။ မဆွေးနွေးလို့မရဘူး။ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ရေရှည်ဒဏ်ရာစွဲ stigmaကျန်တယ်ဆိုတာက တိုင်းတာရ၊ ရှာဖွေရခက်တယ်။ Ripple Effects ကိုလာခြင်းအားဖြင့် ကွန်မြူနတီဟာ ဘယ်လောက်စည်းလုံးတယ်။ လူတွေဟာ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးလိုစိတ်ရှိတယ်။ stigma အတွက်စိုးရိမ်တယ်ဆိုရင် ကျနော်တို့ဆီကို ထွက်လာခဲ့ပါလို့ အားပေးချင်တယ်။ စိတ်ကျန်းမာရေးအတွက်ခရီးရှည်ကိုလျှောက်ရတဲ့အခါမှာ ခင်ဗျားတစ်ယောက်ထဲမဟုတ်ဘူး။ အခုလို လမ်းလျှောက်ပွဲတွေက သင့်ကိုကူညီနေတယ်ဆိုတာကိုပြနေပါတယ်” ဟု Changing Tides Program Coordinator ဖြစ်သူ Mathew Yonemura က ပြောကြားခဲ့သည်။


“This resource is supported in whole or in part by funding provided by the State of California, administered by the California State Library in partnership with the California Department of Social Services and the California Commission on Asian and Pacific Islander American Affairs as part of the Stop the Hate program. To report a hate incident or hate crime and get support, go to https://www.cavshate.org/