ဗုဒ္ဓဂယာသို့..(၈) ခရီးစဉ်ပြီး၏။
23-4-2010 ကိုးလ်ကတ္တားမြို့ သို့ ရောက် ညအိပ်
နံနက်(၈)နာရီမှာ ကိုးလ်ကတ္တားမြို့ ကိုရောက်ကြတယ်။
မြန်မာဗုဒ္ဓဘာသာကျောင်းမှာ တစ်ဝက်တည်း၍ ဗုဒ္ဓဘာသာလူမျိုးစုံတို့
တည်းခိုသောကျောင်မှာ ကျွန်တော်တို့အဖွဲ့ တည်းကြပါတယ်။ နံနက်ပိုင်း
အနားယူပါတယ်။ နေ့လည်စာထမင်းစားပြီး နေ့(၃)နာရီမှာ ထွက်ခဲ့ကြရတယ်။
ပထမဆုံးသွားသောနေရာမှာ Seience City (သိပ္ပံကမ္ဘာ) သို့
ဝင်ရောက်လေ့လာကြပါတယ်။ 3D သိပ္ပံကမ္ဘာထဲမှာ ရုပ်ရှင် ခေတ္တကြည့်ကြပါတယ်။
အမှောင်ခန်းထဲမှာ လူစုကွဲသွားကြပါ တယ်။ အားလုံးကြောက်စိတ်ဝင်ကြပါတယ်။
သိပ္ပံပညာနှင့် မူဆလင်ဘာသာ၊ ဟိန္ဒူဘာသာများ ကို စည်းရုံးတဲ့
ရုပ်ရှင်ပြပွဲတစ်ခုပါ။ ကျွန်တော်တို့နဲ့ အဆင်မပြေတဲ့ ပွဲလို့ ဆိုရပါမည်။
အဲဒီကနေ ဈေးဝယ်ရန်(Shopping.) သို့သွားကြပါတယ်။ ဘာကိုမှ
ကောင်းကောင်းမဝယ် ဖြစ်လိုက်ပါ။ ကားစုရပ်ကို ချိန်းတဲ့နာရီက
ညနေ(၆)နာရီဆိုတော့ အမြန်ဝယ်ကြရ၍ ဈေးများ ဈေးကြီးပေးခဲ့ကြရပါတယ်။
အပေါင်းအသင်းများကလည်း အချိန်တန်တော့ ကိုယ့်အရေးကိုသာ
ကိုယ်ကြိုးစားကြတယ်။ ခရီးရက်ရှည်ထွက်ခဲ့ရတော့ မိတ်ဆွေများ၏ တစ်ဦးစီရဲ့
အတ္တကို ရှေ့ တန်း တင်မူများကို မြင်တွေ့ ရပါတယ်။ (ဪ
ချစ်ကြတဲ့လင်မယားခြင်း နှစ်ယောက်လက်တွဲ၍ လမ်းလျှောက်လို့ မြွေကို အမှတ်
မထင်နင်းမိခါနီးရင် ယောင်္ကျားက မယားကိုနောက်မှ
တွန်းလို့..ဟ.ဟမြွေကြီးပါ…ဆို သတိပေးပြီ ကိုယ်ကလွတ် အောင် အရင်ခုန်ကြတယ်
ဆိုတာ မှန်ပါပေသည်။)ှ ကျွန်တော်သည်လည်း မိမိ၏ အတ္တကိုသာ ရှေ့
တန်းတင်သူဖြစ်ပါမည်။
ည(၉)နာရီမှာ ညစာစားကြလို့ တည်းခိုသော ကျောင်းသို့ပြန်ခဲ့ကြတယ်။ ည
မိတ်ဆွေများနဲ့ ကွန်ပျူတာဆိုင်တွေကို ဝင်ကြတယ်။ ဘာကိုမှ မယ်မယ်ရရ
မမေးရသေး အတင်းထွက်လို့ ပြေး ကြပြန်တယ်။ ကိုယ်ဝယ်လိုတဲ့ ပစ္စည်း ဘာကိုမှ
မဝယ်လိုက်ရပါ။ မိန်းမကလဲ လောလော နဲ့ မိတ်ဆွေများကလဲ ကသောကမျောနဲ့ ဘာကိုမှ
မဝယ်ဖြစ်၍ စိတ်တိုရပြန်တယ်။ ကိုယ်တစ် ယောက်တည်း ဈေးဝယ်ထွက်လို့ကလည်း
မထွက်ရဲပါ။ ယခုတော့ ယူဘီ(၁၃၅၀)နှင့် အမေရိကန် ဒေါ်လာ(၁၀၀)ကို ရင်ဝယ်ပိုက်၍
စိတ်ပူနေရပါတယ်။ မနက်ဖြန် နံနက်ဆိုရင် ကုလားပြည် ဒုတိယမြို့ တော်ခေါ်တဲ့
ကိုးလ်ကတ္တားမြို့ မှ လေယာဉ်ဖြင့် မြန်မာပြည်ကို ပြန်ရပါ တော့မည်..။
ကျန်ငွေများကိုတော့ ပေးသမျှ၊ ရသမျှနဲ့ မုချ လဲလှယ်ခဲ့ရပါတော့မည်…။
မိုးယံ ရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင် သူဌေးမင်း
ဦးမျိုးညွန်+ဒေါ်တင်တင်မြင့် တို့ မိသားစုအား အထူးကျေးဇူးဥပကာရ တင်ပါသည်။
ယခုပို့ပေးခဲ့တဲ့ ဗုဒ္ဓဂယာသို့(၁၅)ရက် ဘုရားဖူးခရီးစဉ်မှ
ကျွန်တော်တို့ပြုသမျှကုသိုလ်တို့ကို တစ်ဝက်တိတိ အမျှပေးလိုက်ပါရစေ
ခင်ဗျား..။ (အမျှ..အမျှ…အမျှ ယူတော်မူကြပါကုန်လော…သာဓု..သာဓု..သာဓု..။)
မနက်ဖြန် မြန်မာပြည် အပြန်ခရီးစဉ်အား ထပ်မံရေးသား တင်ပေးဦးမည်…။
၂၄-၄-၂၀၁ဝ ကိုးလ်က္ကတားမှ မြန်မာပြည် အပြန်ခရီး
နံနက်စာ မြန်မာကျောင်းမှာ စားပြီးတာနဲ့ လေဆိပ်သို့ထွက်ခဲ့ကြပါတယ်။
လေဆိပ်အသွားလမ်း မှာ ကိုးလ်က္ကတားမြို့ ရဲ့ လေ့လာစရာကျန်သောနေရာများကို
လိုက်လံပြသပါတယ်။ အင်္ဂလိပ် တွေ သူတို့ပြည်ကိုအုပ်စိုးခဲ့စဉ်က တည်ထားခဲ့တဲ့
ဂင်္ဂါမြစ်ကိုဖြတ်ပြီးတည်ဆောက်ထားတဲ့ ဘေလီတံတားကြီးကိုရောက်ပါတယ်။
နှစ်ပေါင်း(၃၅၀)ကျော် ကြာတဲ့အထိ၊ အန္တိယပြည်မှ ယနေ့အထိ ဘာတစ်ခုမှ
ပြင်ဆင်စရာမလိုခဲ့ကြောင်း သိခဲ့ရပါတယ်။ ကားပေါ်က မဆင်းရတော့
တံတားကြီးဓာတ်ပုံ အပြည့်မရခဲ့ပါ။ အဲဒီကနေပြီး အန္တိယနိုင်ငံရဲ့
ဒုတိယမြို့တော်ကိုးလ်က္ကတား ဘူတာကြီးရှေ့ကို
ကျွန်တော်တို့ကားဖြတ်မောင်းပြီးမြင်ခဲ့ရပါတယ်။ တော်တော်ကြီးကြယ်ခန်း
နားထည်ဝါတယ်။ ထူးထူးခြားခြားမြင်ကွင်းကတော့ ဘူတာရုံကြီးရှေ့မှာ ကားတွေ၊
စက်ဘီးတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ သတင်းစာ၊ဂျာနယ်တွေကို ဖြန့်ဝေနေတဲ့
စာနယ်ဇင်း ဈေးတန်းကြီးကိုမြင်တွေ့ခဲ့ရပါတယ်။ သူတို့ပြည်
စာပေလွတ်လပ်ခွင့်ရှိပြီး စာဖတ်သူများကို နေရာတိုင်းမှာ
တွေ့မြင်ခဲ့ရပါတယ်။ ကားမောင်း၍ မကြာခင်မှာ ဂင်္ဂါမြစ်ကို ကြိုးတံတားပေါ်က
ဖြတ်ပြီး တစ်ဘက်ကမ်းကို ပြန်ကူးလာခဲ့ပါတယ်။ နှစ်ပေါင်း(၃၅၀)ကျော်ကြာထိ
တာရှည်ခံနေ တဲ့ တံတားကြီးကို အဝေးက ပြန်မြင်ရပြန်ပါတယ်။
မကြာခင်မှာ ကျွန်တော်တို့ မနေ့ကည ဈေးဝယ်သွားတဲ့
စူပါမားကတ်ဆိုင်များလမ်းကို ရောက်ရပြန်တယ်။ (၂၃-၄-၂၀၁၀)ည
(၇)နာရီအပြန်လမ်းမှာ အန္တိယနိုင်ငံ(T.M.C) စာတန်းပါ အလံများကို
ကိုင်ဆောင်ထားတဲ့ ဆန္ဒပြအဖွဲ့ လူအုပ်စုကြီးကို မြင်တွေ့ခဲ့ရပါတယ်။
သူတို့ရဲ့စုရပ် နေရာတွေမှာ မဏ္ဍာပ်စဉ်ထိုးထားတာကိုလဲတွေ့မြင်ရပါတယ်။
ဆန္ဒပြနေတဲ့ လူအုပ်ကြီးရဲ့နောက်မှာ ကားတစ်စင်းနဲ့ မီးစက်မောင်းပြီး
ဂြိုလ်တုစလောင်းနဲ့တိုက်ရိုက်ထုတ် လွှင့်နေတာကိုလဲ
ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။ အဲဒီကားနောက်မှာတော့ ရဲများ၊ ရဲကားများ၊
အချုပ်ကားများက တန်းစီပြီးလိုက်နေတာကိုတွေ့ခဲ့ရပါတယ်။
မဏ္ဍာပ်ကြီးတစ်ခုရဲ့ရှေ့က လူအုပ်ကြီးကို မျက်ရည်ယိုဗုန်းလား၊ သေနပ်လား
မသိပါ ပစ်ခတ်သံ(၂)ချက်ကျတာ ကိုမြင်တွေ့ခဲ့ရပါတယ်။ အော် သူတို့ပြည်က
ဒီမိုကရေစီ နိုင်ငံကိုး လွတ်လပ်စွာ တရားဝင် ဆန္ဒပြလို့ရပါကြောင်း
ကြားသိ၊မြင်တွေ့ခဲ့ရပါတယ်။ အဲ ဆန္ဒပြလိုသူများကသက်ဆိုင်ရာသို့
ကြိုတင်အကြောင်း ကြားရတယ်ဟုသိရပါတယ်။
အဲဒီနေရာမှ ဝိတူရိယ ဘုရင်မကြီးရဲ့ နန်းတော်ပြတိုက်ကြီးကို
ရောက်ခဲ့ကြပါတယ်။ အင်္ဂလိပ် တွေ မြန်မာပြည်ကို အုပ်စိုးစဉ်ကာလက ဝိတူရိယ
ဘုရင်းမကြီးဟာ မြန်မာပြည်ကိုရော၊ အန္တိယပြည်ကိုပါ ဤနန်းတော်မှ
အုပ်ချုပ်ခဲ့ကြောင်းကြားသိခဲ့ရပါတယ်။ နန်းတော်၏ အတွင်းကိုတော့
ဝင်ခွင့်မရပါ။ နန်းတော်ဝန်းကြီးအတွင်းသာ ဝင်ခွင့်ပြုပါတယ်။ မှတ်တမ်းတင်
ဓာတ်ပုံများ ရိုက်ကြပါတယ်။
နံနက်(၉)နာရီမှာ ကိုးလ်က္ကတားလေဆိပ်ကို ရောက်ပါတယ်။ ကျွန်တော်တို့အား
အန္တိယနိုင်ငံ၊ နီပေါနိုင်ငံအတွင်းတို့က မြတ်စွာဘုရားရှင်၏ သံဝေဇနိယ
လေးဌါန။ အဝေဇနိယ လေးဌါနတို့ကို တစ်ရက်လျှင် မိုင်ပေါင်းများစွာ
လိုက်လံပို့ပေးတဲ့ စီးတော်ကားကြီးနဲ့ ခွဲခွါရပါတော့မည်။
လေဆိပ်အတွင်းဝင်ကြပါတယ်။ လေဆိပ်ကတော်တော်ခန်းညားထည်ဝါပါတယ်။ စစ်ဆေးရေး
ဂိတ်တွေကလည်း မြန်ဆန်သွက်လက်ပါတယ်။ လူဝင်မူကြီးကြပ်ရေးဌါနဂိတ်တွေကို
(၁၀)ခု ဖွင့်လှစ်ပေးထားပါတယ်။ လေဆပ်အဆောက်အဦးနဲ့ လေယာဉ်ဆီကို
မော်တော်ကားနဲ့ပို့ ပေးရပါတယ်။ လေယာဉ်ကွင်းကြီးထဲမှာ နိုင်ငံတကာသို့
ထွက်ခွါမဲ့လေယာဉ်တွေကလည်း တန်းစီနေကြပါတယ်။ ဆင်းလာတဲ့
လေယာဉ်တွေကလည်းများပါတယ်။
ကျွန်တော်တို့ စီးရမဲ့လေယာဉ်မှာ လာတုံးက မြန်မာ့လေကြောင်းပိုင်
လေယာဉ်ကိုပြန်လည် မြင်တွေ့ရပါတယ်။ မြန်မာလေယာဉ်မယ်
အလှ(၆)ယောက်ကိုပြန်လည်မြင်တွေ့ရပြန်ပါတယ်။ မြန်မာချင်းဆိုတော့
ပြောရ၊ဆိုရတာအဆင်ပြေတာပေါ့။ ကျွန်တော်တို့လေယာဉ်ဟာ ကိုးလ်က္က တား
လေယာဉ်ကွင်းမှ အန္တိယစံတော်ချိန်(နံနက် ၁ဝး၁၅ နရီ)၊
မြန်မာစံတော်ချိန်(နံနက်၁၁း၁၅ နာရီ) မှာ ထွက်ခွါခဲ့ပါတယ်။ လေယာဉ်ပေါ်က
နေ့လည်စာကြွေးပါတယ်။ ငါးနဲ့ ကြာဆန်ကြော်၊ ကြက်သားနဲ့ထမင်း၊ နှစ်မျိုးကို
နှစ်သက်ရာတစ်မျိုးကိုကြွေးပါတယ်။ ငါးနဲ့ကြာဆန်ကြော်ကိုသာ
အများစားကြပါတယ်။ ကျွန်တော်တို့အဖွဲ့မှာ (၁၅)ရက်လုံး အန္တိယနိုင်ငံ၊
နီပေါနိုင်ငံတို့မှာ (ကကြီးသုံးလုံးဖြင့် နပမ်းလုံးလာခဲ့ရပါတယ်။)
မြန်မာနိုင်ငံမှာ ယခင်က (အသုံးလုံး)ကြေခဲ့သလို ကျွန်တော်တို့
ဘုရားဖူးအဖွဲ့ကလည်း (ကသုံးလုံး)ကြေ၍ ပြန်လာခဲ့ပါတယ်။ နာလည်အောင်
ပြောပြရရင်တော့ (၁) လေယာဉ်ပေါ်ကဆင်းတာနဲ့၊ လေယာဉ်ပေါ်ပြန်တက်တဲ့အထိ
ဖင်ဂျွတ်တက်အောင် စီးခဲ့ရတာ ကားပါ။ (၂) ရောက်လေရာအရပ်တိုင်းမှာ
စားခဲ့ရတာက ကြက်သားပါ။ (၃)ရောက်လေရာအရပ်တိုင်းမှာ တွေ့မြင်ဆက်ဆံခဲ့ရတာက
ကုလားတွေပါ။ စကားပြန်ကုလားတွေနာမည်က ကိုသန်းထွန်း၊ ကိုဝင်း၊
ကိုထွန်းထွန်း၊ ကိုချိုတူး တို့ဖြစ်ကြပါတယ်။ သူတို့လေးတွေ ကိုယ်စီကိုယ်င
တာဝန်ကြေကြပါတယ်။ (မှတ်ချက်။ ကုသိနာရုံမှာ ထမင်းမနပ်၊ ထမင်းမဝ၊ဟင်းမင
တာကလွဲလို့ပါ။)
ဟော..ယခု မြန်မာလေယာဉ်ပေါ်မှာတော့
ကကြီးသုံးလုံးနဲ့လွတ်ခဲ့ပါပြီ..(ငါးနဲ့ကြာဆန်ကြော် ကို အားလုံး
သုံးဆောင်ကြပါတယ်..။ ရန်ကုန် လေဆိပ်ကို မြန်မာစံတော်ချိန်
နေ့လည်(၁း၄၅)နာရီမှာ ရောက်ပါတယ်။ မြန်မာလေဆိပ်ကလည်း လှပခန့်ညားပါတယ်။
စစ်ဆေးရေးဂိတ်တွေကကြာတာ တစ်ခုပါပဲ။ အော် လူတိုင်းအတွက် လုံခြုံရေးသည်
တာဝန်ရှိကြပါသည်။
ရန်ကုန်လေယာဉ်ဧည့်ခန်းမှ ထွက်လိုက်တာနဲ့ အဖိုးတန်တဲ့ မိုးယံရွှေလမင်းနှင့်
မြတ်ဆုကုဋေထီဆိုင် မှ ကားက ကျွန်တော်တို့ကို ကြိုဆိုနေပါတယ်။
အယူအဆ၊အတွေးအမြင်၊ အရေးအသားများမှာ အမှားပါခဲ့ပါလျှင် ပြင်ဆင်ပေးတော်မူကြပါ။
ဗုဒ္ဓဂယာသို့ ခရီးစဉ် ပြီးပါပြီ..။
ဖတ်ရှုအားပေးကြသော ရတနာပုံနေပြည်တော် သတင်းစာ အယ်ဒီတာအဖွဲ့နှင့် အချိန်ပေး၍ စာဖတ်သူများ အားလုံးကို အထူးပဲကျေးဇူးတင်ရှိအပ်ပါသည်။
ကျမ်းမာ၍ ချမ်းသာကြပြီး လိုရာဆဒ္ဒပြည့်ဝတော်မူနိုင်ကြပါစေ….။
စာရေးသူ ဝင်းကျော်အောင်
5 comments
winkyawaung
September 8, 2010 at 5:34 pm
အယ်ဒီတာခင်ဗျား ဓာတ်ပုံတွေများနေလို့လား.. တင်မရဖြစ်နေပါတယ်။ ကူညီပြီး ပြန်တင်ပေးစေလိုပါတယ်..။
kai
September 8, 2010 at 6:27 pm
ရသွားပါပြီ။
အခုလိုပြည့်ပြည့်စုံစုံ ဓါတ်ပုံတွေနဲ့ ဗုဒ္ဓဂယာခရီးစဉ်အကြောင်းတင်ပေးလို့ ..စာရေးသူကိုကျေးဇူးတင်ပါတယ်။
မြန်မာပြည်ပြင်ပမှာနေကြတဲ့ ဗုဒ္ဓဘာသာဝင်သားသမီးတွေ…မြန်မာပြည်မှာကျန်ခဲ့တဲ့ မိဘ၊ဘိုးဖွားတို့ကို တခေါက်လောက်တော့ ဗုဒ္ဓဂယာအလည်အပတ်သွားစေရင်း..(ကုန်ကျစရိတ်တချို့တဝက်ကျခံလို့)ကုသိုလ်ယူကြစေချင်ပါတယ်..။
ဘုရားဖူးခရီးသွားတာမျိုးဆိုတာက… ကျမ်းမာရေးအတွက်ရော၊ ဘာသာရေးအတွက်ပါ ကောင်းတာပါ။
တိုက်တွန်းအပ်ပါတယ်ခင်ဗျား…။
bigcat
September 9, 2010 at 12:28 am
နောက်တခါ တရုတ်ပြည် ထွက်ပါဗျို့။
ဆူး
September 9, 2010 at 2:08 am
ဗုဒ္ဓဂါယာ ကပြန်လာပြီဆိုရင်တော့ လူတော်တော် များများက ကကြီး သုံးလုံး မမြင်ချင်လောက်အောင်ဘဲ။ ကြက်၊ကုလား၊ကား။ ကြက်ကတော့ ကြက်သားကြီးဘဲ နေ့တိုင်းစားနေရလို့ ကုလားကတော့ သိတဲ့ အတိုင်း သူတို့ တိုင်းပြည်ကို.. ကားကတော့ ကားတွေ များလွန်လို့ နေရာတိုင်းမှာ ကားပိတ်လို့ ရပ်နေရတယ်။ ဒါနဲ့ ကုလားဆိုပြီး ပြောလို့ နိမ့်ချပြီး ပြောတယ် အပြောခံရအုန်းမယ်.. ဒီက လူတွေ ပြောတဲ့ စကား အတိအကျ ပြန်ပြောလိုက်တာ မိုလို့နော်။
winkyawaung
September 9, 2010 at 3:28 am
ဝေဖန်မှတ်ချက်ပေးသူများအား အထူးလေးစားပါတယ်။
အဲ.. ဗုဒ္ဓဂယာက ဆရာတော်များ အထူးမိန့်ကြားတာ တစ်ခုရှိပါ၏။ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူတဲ့ ဒီဒေသကို ဘုရားဖူးရောက်သူတိုင်းသည် ကျမ်းမာပြီး အသက်ရှင်နေရင်(ငွေမရှိလည်း)..ဗုဒ္ဓဂယာဒေသများ သို့ (၃)ကြိမ်၊ (၃) ခေါက် ဧကန်မုချ ရောက်ကြပါမည်..။ ဟု မိန့်တော်မူကြပါ၏။ ယခုဘုရားဖူးအဖွဲ့မှ (၂) ခေါက်၊ (၃) ခေါက်ရောက်၍ ပါသူများကလည်း မှန်ကန်ကြောင်း ထောက်ခံကြပါသည်။