Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရယ်ရယုံ (၄၂)

etoneSeptember 9, 20101min1440

” ဒုက္ခပေးတဲ့အကောင် ”

ဝန်ကြီးများရုံးသို့ လူငယ်တစ်ဦး အလုပ်လာလျှောက်သည်။ အိမ်သာသန့်ရှင်းရေးလုပ်သားနေရာ

သာ လစ်လပ်နေသည်ဖြစ်သဖြင့် လုပ်လိုက လုပ်နိုင်ကြောင်းလူငယ်အား ပြောသည်။ လူငယ်က သဘောတူလိုက်ပြီး အလုပ်လုပ်ရင်း သီချင်းနားထောင်နိုင်ရန် အိမ်သာထဲတွင် ကက်ဆက်တစ်ခုထည့်ထားလိုက်သည်။
လူငယ်ပထမဆုံးအလုပ်စဆင်းသည့်နေ့ဖြစ်သည်။
ဝန်ကြီးရုံးသို့ ဝန်ကြီးတစ်ဦးရောက်လာပြီး အိမ်သာဘယ်မှာလဲဟု လူငယ်အားမေးရာ လူငယ်က ဝန်ကြီးကို အိမ်သာသို့ လိုက်ပို့ပေးသည်။ အိမ်သာခန်းထဲသို့ ဝန်ကြီးဝင်သွားသောအခါ
ကတ်ဆက်ကို လူငယ်ဖွင့်လိုက်သည်။ မြန်မာပြည်သိန်းတန်၏ “ရိုင်းတဲ့စင်ယော်´´သီချင်းသံ
ငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။ မကြာမီ အိမ်သာခန်းထဲမှ စောစောကဝန်ကြီးထွက်လာသည်။
“မောင်ရင် ဒီမှာ အလုပ်လုပ်နေတာ ကြာပလား´´
“ဒီနေ့ ပထမနေ့ပါခင်ဗျ´´
“အေး မင်းကိုရာထူးတိုးပေးရမယ်´´
မကြာမီ နောက်အရာရှိကြီးတစ်ဦး ရောက်လာသည်၊ အိမ်သာခန်းထဲ အရာရှိကြီးရှိနေစဉ်
တွံတေးသိန်းတံ၏ “အသီးတစ်ရာ အညှာတစ်ခု´´
သီချင်းကိုဖွင့်ပေးလိုက်သည်။ ထိုအရာရှိလဲ စိတ်ကျေနပ်မှုရကာရာထူးတိုးအောင်
ထောက်ခံပေးမည်ဟု လူငယ်ကို ကတိပြုသွားသည်။
နောက်တစ်ခါ ရောက်လာသူကား မြန်မာပြည်၏ ယခုလက်ရှိခေါင်းဆောင်ကြီးကိုယ်တိုင်ဖြစ်သည်။
“ဒီအနားမှာ အိမ်သာရှိသလားဟေ့´´
လူငယ်ကခေါင်းဆောင်ကြီးကို လိုက်ပို့သည်၊ ထို့နောက် “နိုင်ငံတော်သီချင်း´´(ကမ္ဘာမကြေ) သီချင်းကိုဖွင့်ပေးလိုက်သည်။
အတန်ကြာသောအခါ အိမ်သာခန်းထဲမှ မျက်ထောက်ကြီးနီပြီး ခေါင်းဆောင်ကြီးထွက်လာသည်။
“မင်ဒီမှာ လုပ်နေတာကြာပြီလား´´
“ပထမနေ့ပါခင်ဗျာ´´
“အေး- ပထမနေ့နဲ့နောက်ဆုံးနေ့ပဲ မှတ်လိုက်ပေတော့´´
“ဘာဖြစလို့လဲခင်ဗျာ၊
ကျွန်တော်ဘာများမှားတာလုပ်မိပါလို့လဲ ခင်ဗျာ´´
“ငါ့တစ်သက်မှာ ဒီတစ်ခါပဲ မတ်တပ်ရပ်ပြီး ကျင်ကြီးစွန့်ရလို့ဟေ့´´

” စိတ်ဆိုးရင်ခဏပဲ ”

အဝေးပြေးမီးရထားပေါ်တွင်ဖြစ်သည်။ နှစ်ယောက်တွဲအိပ်ခန်းတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အတူတူကျသည်။ ညည့်နက်သည်အထိ နှစ်ယောက်လုံး ဟိုလှိမ့်ဒီလှိမ့်နှင့် အိပ်မပျော်နိုင်ဖြစ်နေကြသည်။
အမျိုးသားကစပြီးမေးလိုက်သည်။
“ဘာဖြစ်လို့ခင်ဗျား မအိပ်သေးတာလဲ´´
“အိမ်မှာ သစ္စာမဲ့တဲ့ယောက်ျားကျန်ခဲ့တာကို သတိရလို့´´
“ကျုပ်လဲဒီအတိုင်းပဲ၊ အိမ်မှာဖောက်ပြားတဲ့မိန်းမ
ကျန်ရစ်ခဲ့တယ်။ ကလဲ့စားချေလိုက်ကြရင် မကောင်းဘူးလား´´
ကလဲ့စားချေလိုက်ကြသည်။ အမျိုးသားသည် မိမိအိပ်ယာဘက်ပြောင်းကာ အနားယူသည်။
မျက်လုံးများလေးလာကာ အိပ်စပြုသည်။ အမျိုးသမီးကမူ မအိပ်နိုင်ပဲ ယခင်အတိုင်း
ဟိုလှိမ့်ဒီလှိမ့် လုပ်နေသည်။
“ဘာဖြစ်လို့ခင်ဗျား မအိပ်တာလဲ၊ ကျွန်တော်တို့
ကလဲ့စားချေပြီးကြပြီပဲ´´
“ကျွန်မက တစ်ခါပြီးတစ်ခါ ကလဲ့စားချေချင်တယ်ရှင့်´´
“ကျွန်တော်ကတော့ ဒီလိုမဟုတ်ဘူး၊ စိတ်ဆိုးရင်ခဏပဲ´´

” စည်းကမ်းချက် ”

စစ်သားစုဆောင်းရေးဌာနတွင်ဖြစ်သည်။ အရာရှိကလူငယ်ကိုမေးသည်။
“မောင်ရင်ဘယ်တပ်မှာ အမှုထမ်းချင်လဲ´´
“ကာကွယ်ရေးဦးစီးချုပ်ရုံးမှာပါ´´
“ဟေ … မင်းရူးနေသလားကွ´´

“ဘာလဲ၊ ဒါ မုချရှိရမယ့် အရည်အချင်းလားခင်ဗျာ´´

” ဘာထင်လို့လဲဟင် ”

ရန်ကုန်မြို့လည် လူစဉ်ကားသောကားဂိတ်တစ်ခုတွင်ဖြစ်သည်။
အဘိုးကြီးတစ်ဦး ဟောင်ဖွာဟောင်ဖွာဖြင့်အော်နေသည်။

“ဘာအရည်အချင်းမှမရှိပဲ ထိုင်ခုံပေါ်တက်ထိုင်နေတယ်၊ ထိုင်နေတာလဲ ဘယ်လောက်တောင်ကြာနေပြီလဲ။ အလကားလူ၊ ကိုယ့်ဘာသာဘာကိုမှလဲ မဆုံးဖြတ်ဘူး။ နောက်လိုက်တွေရှိနေပြီး နောက်လိုက်ကောင်တွေကလဲ အလကားကောင်တွေပဲ´´
ထိုစဉ် အဆိုပါအဘိုးကြီးနား မာဖီ(အရပ်ဝတ်ဖြင့်) ရဲသားနှစ်ဦးကပ်လာပြီး
အဘိုးကြီးကိုမေးသည်။
“အဘိုးကြီး ခင်ဗျားဘယ်သူ့ကိုပြောနေတာလဲ´´
“ဘယ်သူဖြစ်ရမလဲ
ဒီလိုင်းကားမောင်းတဲ့ဒရိုင်ဘာကိုပြောတာပေါ့´´
ရဲသားနှစ်ဦး ပြန်လှည့်ထွက်သွားသည်။
မကြာမီ ခုနကအဘိုးကြီး ကမျောကသောဖြင့် ရဲနှစ်ဦးနောက်သို့လိုက်လာပြီး
အမောတကောမေးသည်။
“မောင်ရင်တို့က ဘယ်သူ့ကိုပြောတယ်ထင်လို့လဲဟင်´´

” စိတ်ဆိုးလောက်တယ် ”

လူသတ်မှုတရားခံကို တရားသူကြီးက မေးသည်။
“ခင်ဗျား၊ ဘယ်လိုသတ်သလဲဆိုတာကို ရုံးတော်ကို ရှင်းပြပါ´´
“ဒီလိုပါခင်ဗျာ၊ ကျွန်တော်ဟာ
မီးယပ်နဲ့သားဖွားဆရာဝန်ဖြစ်ပါတယ်၊ တစ်နေ့တစ်နေ့မှာ ကျွန်တော့်ဆီကို အမျိုးသမီးလူနာ လေးဆယ်လာပြလေ့ရှိပါတယ်´´
“အဲ့ဒါဘာဖြစ်သလဲ၊ ခင်ဗျား ဘယ်လိုသတ်သလဲဆိုတာပြောပါ´´
“ကျွန်တော်ရှင်းပြနေပါတယ်၊ ကျွန်တော်ဟာ
မီးယပ်နဲ့သားဖွား ပြောရရင်တော့ မိန်းမရောဂါတွေကုသတဲ့ဆရာဝန်၊ တစ်နေ့မှာ
လူနာလေးဆယ်လာတယ်။ ဒီကြားထဲ နောက်ဆရာဝန်တစ်ယောက်က ခွင့်သွားနေတော့ ကျွန်တော့်ဆီကို
အမျိုးသမီးလူနာ တစ်နေ့ကို ရှစ်ဆယ်လာပါတယ်´´
“ဟုတ်ပြီလေ၊ ကျုပ်တို့သိချင်တာက သေသူကိုခင်ဗျား
ဘယ်လိုသတ်လိုက်သလဲဆိုတာကိုပဲ´´
“ကျွန်တော်ဟာ မီးယပ်နဲ့ သားဖွားဆရာဝန် တစ်နေ့ကို
လူနာရှစ်ဆယ်လာတယ်၊ တစ်နေ့မှာ ဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေရင်း
အမျိုးသမီးငယ်တစ်ယောက် ကျွန်တော့်အနားကပ်လာပြီး၊ `ဦးလေး ကျွန်မကို တစ်ထောင်ပေးပါ၊
အဲ့ဒီလိုပေးတဲ့အတွက် ဦးကိုကျွန်မ တစ်စုံတခုပြမယ်´ လို့ပြောတယ်ဗျာ
စဉ်းစားစာကြည့်ကြပေတော့´´

” သတင်းစာများများဖတ် ”

သတင်းစာရှင်းလင်းပွဲတွင်ဖြစ်သည်။
တာဝန်ရှိအရာရှိတစ်ဦးမှ မီဒီယာများအား ငါးနှစ်စီမံကိန်း အကောင်အထည်ဖော်မှု အခြေအနေကို ရှင်းပြနေသည်။
“ငါးနှစ်စီမံကိန်းမှာ လျာထားတဲ့အတိုင်း (—–
)မြို့မှာ လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခုကို အောင်မြင်စွာ ဆောက်လုပ်ပြီးစီးသွားပြီ´´
စာနယ်ဇင်းထဲမှ တစ်ယောက်က ထပြောသည်။
“အဲ့ဒီမြို့ကနေ မနေ့ကပဲ ကျွန်တော်ပြန်လာခဲ့တယ်၊
ဘာဓါတ်အားပေးစက်ရုံမှမရှိဘူး´´
အရာရှိက ဆက်ပြောသည်။
“(—–)မြို့မှာ ဓါတ်မြေဩဇာ
စက်ရုံတစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်´´
(စောစောပိုင်းက ထပြောသူကပင်ပြောသည်)
“မကြာမီက အဲ့ဒီမြို့ကိုရောက်ခဲ့သားပဲ၊
စက်ရုံနဲ့တူတာတောင် မတွေ့ခဲ့ပါဘူး´´
အရာရှိက စိတ်တိုစွာဖြင့်ပြောသည်။
“ဒီမယ် ခင်ဗျား ဟိုဟိုဒီဒီလျှောက်သွားနေမယ့်အစား သတင်းစာများများဖတ်သင့်တယ်´´

” တရားခံတွေ့ပြီ ”

ရန်ကုန်မြို့ ၊ မြို့နယ်တစ်ခု၏ ရဲစခန်းတစ်ခုတွင် ဖြစ်သည်။ စခန်းထဲသို့ ဒုရဲအုပ်ဝင်လာသည်။ လူတစ်ယောက်ကို ရဲသားများရိုက်စစ်နေသည်ကို တွေ့သည်နှင့် မေးသည်။
“ဟေ့ ဒီလူ့ကို ဘာဖြစ်လို့ရိုက်နေရတာလဲကွ´´
“သူဘယ်မှာနေသလဲဆိုတာကို ကျွန်တော်တို့မေးတယ်၊
သူကဖြေတယ်၊ သူပြောတဲ့လိပ်စာအတိုင်း ကျွန်တော်တို့ သွားကြည့်တယ်၊ ရောက်တော့ သူဒီမှာ
မနေပါဘူးလို့ လေးအခန်းက လူကပြောတယ်၊ နောက်မလိမ်ရဲအောင် ဆုံးမတာပါ´´

“အေး အေး၊ ဒီလိုဆိုရင် ဆက်ပြီး ဆုံးမလိုက်ကြ´´
ထိုသို့ပြောပြီး ဒုရဲအုပ်ထွက်သွားသည်။ မကြာမီစခန်းသို့ ရဲအုပ်တစ်ယောက်ရောက်လာသည်။
စောစောက ဒုရဲအုပ်ကဲ့သို့ပင် မေးသည်။ ရဲသားများကလည်း စောစောကအတိုင်း ဖြေသည်။
“အေး အေး၊ ဒီလိုဆိုရင် ဆက်ဆုံးမလိုက်ကြ´´
ဟု ပြောပြီး ပြန်ထွက်သွားသည်။
မကြာမီ ရဲမှူးကြီးရောက်လာသည်။ ယခင်ကအတိုင်းမေးရာ ရဲသားများက ယခင်ကအတိုင်းဖြေသည်။
“ဒီလောက်ဆို တော်လောက်ပါပြီ၊ သူ့ကိုပြန်လွှတ်လိုက်၊
တော်တော်ကြာ အသက်ပါ ထွက်သွားနေဦးမယ်´´
အရိုက်ခံယောက်ျားသည် ဒဏ်ရာဒဏ်ချက်များဖြင့် အိမ်သို့ပြန်လာသည်၊ မိမိ၏အခန်းကို
သော့ဖွင့်အဝင်တွင် ဘေးခန်းမှ လူထွက်လာပြီး လှမ်းပြောသည်။
“ဟေ့လူ၊ ခင်ဗျားကျုပ်ကို အရက်တိုက်ရမယ်ဗျ´´
“ဘာဖြစ်လို့တိုက်ရမှာလဲ´´
“ရဲသားတွေလာပြီးမေးတယ်၊ ခင်ဗျားဒီမှာ နေသလားတဲ့၊
အဲ့ဒါမနေဘူးလို့ ကျုပ်ကဖြေလိုက်တယ်။´´

” ကုန်ပြီ ”

“ဒီမိုကရေစီရရင် ခိုးတာဝှက်တာ ရှိဦးမလား´´
“ဟင့်အင်း၊ အဲဒီမတိုင်ခင် အဆင့်ထဲက ခိုးလို့ကုန်ပြီ´´

” သက်သေ ”

တရားသူကြီးက မီးလောင်မှုဖြစ်ရာတွင် မီးလောင်မှုအား ပထမဆုံးတွေ့သည်ဆိုသော သက်သေကို မေးသည်။
“မောင်မင်း မီးလောင်တာကို ဘယ်အချိန်မှာ စသိတာလဲ´´
“ကျွန်တော် ဒီနေ့ကလဲ အလုပ်ပင်ပန်းတာနဲ့
အိမ်ရောက်ရောက်ခြင်း ထမင်းတောင်မစားဖြစ်ပဲ အိပ်ယာထဲတန်းဝင်တယ်´´
“လိုရင်းကို ပြောပါမောင်မင်း´´
“ဟုတ်ကဲ့ပါ၊ အိပ်ယာထဲဝင်ပြီး ခဏအကြာမှာ ကျွန်တော်ဟာ
ကျွန်တော့်မိန်းမငုဝါရဲ့လုံချည်ကိုလှန်လိုက်ပါပါတယ်´´
“မောင်မင်းတရားရုံးမှာ မဆိုင်တာတွေ မပြောပါနဲ့လိုရင်းပြောပါ´´
“ဟုတ်ကဲ့ပါခင်ဗျ၊ ကျွန်တော်လှန်ကြည့်လိုက်တော့
နွေးကနဲအသိနဲ့ အနံ့တစ်ခုကို ခံစားမိပါတယ်´´
တရားသူကြီး ပိုဒေါသထွက်လာကာ
“မောင်မင်း ဒီလိုမဆိုင်တာတွေလျှောက်ပြောနေရင် မောင်မင်းကို ဖမ်းချုပ်ရလိမ့်မယ်´´
“ကျွန်တော့်တိုက်ခန်းပြတင်းပေါက်ကို မချုပ်ရသေးတဲ့ ကျွန်တော့်မိန်းမလုံချည်နဲ့ ကာထားမိတာ အပြစ်လားဗျာ´´