မိဘ နှင့် သားသမီး ကြားဖြစ်တတ်တဲ့အကြောင်းလေး
နံနက်စောစော ရ နာရီခန့် အဆောင်တံခါးကို လာခေါက်သံ ကြားလိုက်သည်။
ဟာ “ကိုသက် မင်းဒီနေ့ စောလှချီလား …… ဘာလုပ်စရာ ရှိလို့လဲ” ဟုလှမ်းမေးလိုက်ပါသည်။
ကိုသက် ဆိုသူမှာ သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်သလို ပြောရဆိုရ ပေါင်းသင်းရခက်သော သူငယ်ချင်းတစ်ယောက်ဆိုလျှင်လဲ မမှားပါ။
ကျောင်းတွင်လဲ ဆရာဆရာမများနှင့် လဲ အဆင်မပြေ စကားပြောလျှင် ဘုပြော ပြောလေ့ရှိသည်။
သူက ပြန်ပြောသည်မှာ “ဒီနေ့ အိမ်နှင့် အဆင်မပြေလို့ ထွတ်လာတာကွ” ဟုသူကပြန်ပြောသည်။
ဒါနှင့် ကျနော်လဲ အမြန်အမြန် မျက်နှာသစ်ပြီး နံနက်စားစားဖို့ ထွတ်ခဲ့ ကြသည်။
လမ်းတွင် ဆိုင်ကယ်တစ်စီး မှာ တည့်တည့် သွားနေရာမှ ဇက်ခနဲ ချိုးကွေ့ လိုက်သည်။
ကျနော်မောင်းလာသော ဆိုင်ကယ်နှင့် ပွတ်မတက် ဖြစ်သွားသည်။ ကံကောင်းပေလို့ ပေါ့……
အနောက်မှထိုင်လိုက်လာသော ကိုသက်မှာ ချက်ချင်းပင်ဒေါသတကြီး လှမ်းဆဲ လိုက်သည်။
အဆဲခံရသော သူသော ဆိုင်ငယ်မှာ လဲ လှည့်မကြည့်ဘဲ မောင်းပြေးသွားသည်။
ဆိုင်ကယ်မောင်းရင်း ဒေါကန်နေသော ကိုသက်နှင့် စကားပြောရင်း ဆိုင်ကယ်ဆက်မောင်းခဲ့သည်။
ဒေါကန်နေသော သူကိုကြည့်ပြီး ကျနော်စိတ်မောနေမိသည်။
စိတ်တိုလွယ်သော ဘုဂလန့်ပြောတတ်သော သူ့အကြောင်းကိုစဉ်းစားရင်း နံနက်စာ စားရန် လက်ဖက်ရည်ဆိုင်ကိုဝင်ခဲ့ကြသည်။
သို့ သော ်ကိုသက်ရဲ့ ပင်ကိုစိတ်မှာ သူငယ်ချင်းများအပေါ်ကူညီတတ်သည်။
စင်စစ် တော့အမြဲ ဒေါသကြီး ပြီးစိတ်တိုနေသောသူတော့ မဟုတ်ပါ။
စိတ်ကြည်နေသော အချိန်များတွင် စတတ်နောက်တတ် ပျော်တတ်ပါးတတ်ပါသည်။
ဒီလိုနှင့် နံနက်စာ စားပြီး ကျောင်းသွားကြသည်။
ကျောင်းတွင်ထုံးစံအတိုင်းပင် ဟိုလုပ်ဒီလုပ် ပြီးလျှင် ကျောင်းမှတက်ခေါက်ခဲ့လေသည်။
ညအထိ ကျနော် အဆောင်တွင်လိုက်နေမည် ဖြစ်ရာ သူ့ အိမ်သို့ ပြန်ပြီး အင်္ကျီဝင်ယူသည်။
သူက သူ့ အခန်းထဲသို့ အင်္ကျီ ဝင်ယူစဉ် ကျနော်က ဧည့်ခန်းထဲမှ ထိုင်စောင့် နေပါသည်။
ထိုအချိန်တွင် ကိုသက်မိဘများရောက်လာပြီး ကျနော်ကို အအေးတိုက်ပါသည်။
သည်နောက် ကျနော်ကို သူ့ သားအကြောင်းများ မနားတမ်းပြောတော့သည်။
ကျနော်စိတ်ထဲတွင် ဟိုကောင် အင်္ကျီသွားယူသည်မှာ အလွန် ကြာသည်ဟုထင်မိလေသည်။
မိခင်ဖြစ်သူမှာ သူ့သားဆိုးကြောင်း မကောင်းကြောင်း ပြောရဆိုရ အလွန်ခက်ကြောင်း မိဘစကားနာ မထောင်ကြောင်း မိဘကစေတနာဖြင့်ပြောသည်ကို အရွဲ့တိုက်တက်ကြောင်း စုံနေအောင် စည်ကာပက်ကုန်းပြောလေသည်။
စိတ်ပါလက်ပါ ပြောလေသည်။
ကျနော်လဲ ဇွတ်ကြိတ်ပြီး နားထောင်နေရသည်။
သို့သော်လဲ မိခင်ဖြစ်သည့် အလျှောက် သူ့သားကို လိမ္မာစေချင်သည်၊ပြောစကားနားထောင်စေချင်သည်၊ သူများထက်တော်စေချင်သည် မှာထင်ရှားပါသည်။
သူ့သားကို ဘယ်လို အလိုလိုက်ခဲ့ ကြောင်း ငယ်ငယ်တည်းက ပင် အရုပ်ဆိုအရုပ် မုန့်ဆိုမုန့် လိုလေသေးမရှိ အကုန်ဝယ်ပေးခဲ့ကြောင်း စသည်ဖြင့်ပေါ့…. ဒီလောက် အလိုလိုက်သည့် ကြားမှ မိဘကျေဇူးကို မသိတတ်ကြောင်း ဆက် ၍ပြောနေသေးသည်။
သည်လိုနှင့် နာရီဝက်ခန့် ကြာသွားသည်။
စကားသံ ခဏ ရပ်သွားချိန်တွင် သတင်းစာဖက်နေသော သူ့ ဖခင်က အပေါ် ထပ်ကိုလှမ်းကြည့်ပြီး အော်လေသည်။
မပြီး သေးဘူးလား ဒီမှာစောင့်နေရတာကြာလှပြီ။…လုပ်လိုက်ရင် ဒီတိုင်းကြီးဘဲ အသုံးကိုမကျဘူး ။
ကျနော်လဲ မနေတတ်တာနှင့် ရပါတယ် ဦး ဟုပြောလိုက်ရာ သူ့ အဖေကလဲ သူ ့ သားကို အားမရကြောင်း ဒီထက်မက ပို၍ လိမ္မာသင့်ကြောင်းပြောလေသည်။
ထို့နောက်တော့ ကိုသက်လဲ အပေါ်ထပ်မှဆင်းလာပြီး သူမလိုက်ဖြစ်တော့ကြောင်းပြောလေသည်။
ကျနော်လဲ ဦးတို့ အန်တီ တို့ကိုနှတ်ဆက်ပြီး အပြင်သို့ ထွတ်ခဲ့သည်။
ကျနော်ကို ဆိုင်ကယ်နှင့် အဆောင်ကို ပြန်လိုက်ပို့ ပေးလေသည်။ ကိုသက် က ကျနော်ကို သူ့ အိမ်ခေါ်လာမိတဲ့ အတွတ် အားနာကြောင်းပြောလေသည်။
နေ့စဉ်ကြားနေရသော ဆူဆုံးမသံ များအကြောင်းလဲ ညီးထွားသွားသေးသည်။
အဆောင်သို့ ပြန်ရောက်ရာ ကိုသက်တို့ မိသားစုလေးအကြောင်းကို စဉ်းစားမိပြီး သနားနေမိသည်။
ကိုသက်တို့မိသားစုကြားက ဆက်ဆံရေးကို တွေးကြည့်ရင်း အဖြေထုတ်နေမိသည်။
ကျနော်တွေးမိသည်မှာ ကိုသက် မိဘတွေက သူ့သားမကောင်းကြောင်းပြောရသည်ကိုပင် ဂုဏ်ယူ နေသလားဟုပင် ထင်မိသည်။
သူတို့ သားကောင်းကြောင်းလေးတွေရွေးပြီး လာတဲ့သူကို ပြောပြရင် ဘယ်လိုနေမလဲလို့ ပေါ့…
ဆုံးမတာလဲ ဆုံးမပေါ့ ကိုယ့် သားကို တော်စေချင် တတ်စေချင် လိမ္မာစေချင်တာ တော့ မိဘ တိုင်းနေမှာပါ ။ ဒါပေမယ့် ကိုယ့် သားကို အားမရတိုင်း လာတဲ့လူကို ကိုယ့်သား မလိမ္မာ တဲ့ အကြောင်းဘဲ ပြောနေတော့ ဘယ်ကောင်းပါ့မလဲ။
ဘယ်သူဘဲ နစ်နာမလဲ …….. ကိုယ့် သားဘဲ နစ်နာမှာပေါ့ ……
မှတ်ချက် ။ ။ မိဘ နှင့် သားသမီး ကြားဖြစ်တတ်တဲ့အကြောင်းလေးကို တွေးမိလို့ ရေးခဲ့ တာပါ။ အမှားပါသွားရင် ခွင့်လွှတ်ပါ။