မိရိုးဖလာဗုဒ္ဓဘာသာဝင်များအတွက်အခြေခံသိစရာ၊ကျင့်စရာ။
“ မိရိုးဖလာဗုဒ္ဓဘာသာဝင်များ သို့မဟုတ် အခြေခံဗုဒ္ဓဘာသာဝင်များ ”
အတွက်သာ
မိရိုးဖလာဗုဒ္ဓဘာသာဝင်များ သို့မဟုတ် အခြေခံဗုဒ္ဓဘာသာဝင်တဦးသည်…နေ့စဉ်နှင့် အမျှ ဆွမ်းတော်တင် လှူဒါန်းခြင်း၊ သောက်တော်ရေ၊ ဆီမီး၊ ပန်းလှူဒါန်းခြင်း၊ ဘုရားရှိခိုးသီလခံယူ စသောကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြရ၏ – ယင်းသို့ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများကို သိထားသင့်၏၊ သိထားပါမှ မိမိ၏ ကုသိုလ်ကောင်းမှုတို့ကိုပိုမိုအားတက်ကြည်ညိုနိုင်မည် ဖြစ်သည်၊သို့ဖြစ်၍ ဤသို့ သိမှတ်လွယ်အောင် အကျဉ်းမျှ ရေးသားဖော်ပြပါမည် ။
ငါးပါးသီလခံယူဆောက်တည်ခြင်းအစီအစဉ်
“ အနန္တငါးပါးရှိခိုးကန်တော့ရန် ”
၁။ ဗုဒ္ဓံ = မြတ်စွာဘုရားကို၊ ပူဇေမိ= ပူဇော်ပါ၏ဘုရား ။
၂။ ဓမ္ဓံ = တရားတော်မြတ်ကို၊ ပူဇေမိ= ပူဇော်ပါ၏ဘုရား ။
၃။ သံဃံ = သံဃာတော်မြတ်ကို၊ ပူဇေမိ= ပူဇော်ပါ၏ဘုရား ။
၄။ မာတာပိတူနံ= မိဘနှစ်ပါးတို့အား၊ ပူဇေမိ= ပူဇော်ပါ၏ဘုရား ။
၅။ အာစရိယာနံ = ဆရာသမားတို့အား၊ ပူဇေမိ= ပူဇော်ပါ၏ဘုရား ။
ကန်တော့ရန်
ဩကာသ၊ ဩကာသ၊ ဩကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ၊ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊
သုံးကြိမ်မြောက်အောင် ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊
ရတနာမြတ်သုံးပါးတို့ကို၊ အရိုအသေ၊ အလေးအမြတ်၊ လက်အုပ်မိုး၍ ၊ ရှိခိုးပူဇော်၊
ဖူးမြော်မာန်လျှော့ ၊ ကန်တော့ပါ၏ ၊ အရှင်ဘုရား ။
ဆုတောင်းရန်
ကန်တော့ရသော အကျိုးအားကြောင့်၊ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျဿနတရားငါးပါးတို့မှ၊ အခါခပ်သိမ်း၊ ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို ၊ ရပါလို၏ ၊ အရှင်ဘုရား။ (မှတ်ချက်) ဩကာသဆိုရိုးမှာ ( နော်ဝေ ) ရောက် ဗုဒ္ဓဘာသာဝင်အားလုံး တစ်သံတည်း ဖြစ်စေရန်နှင့် ဆုပေးသည့်ရဟန်း (သို့မဟုတ်) မိဘ၊ ဆရာရှိလျှင် ဆုတောင်းရန်အပိုဒ်ကို ဆိုစရာမလိုပါ။
အဟံဘနေ ္တ၊
တိသရဏေနသဟ၊ ပဉ္စသီလံ၊ ဓမ္မံယာစာမိ၊ အနုဂ္ဂဟံ ကတွာ၊ သီလံဒေထ၊ မေဘနေ ္တ။
ဒုတိယမ္ပိ၊ အဟံ ဘနေ ္တ၊
တိသရဏေန သဟ၊ ပဉ္စသီလံ၊ ဓမ္မံယာစာမိ၊ အနုဂ္ဂဟံကတွာ၊ သီလံဒေထ၊ မေဘနေ ္တ။
တတိယမ္ပိ၊ အဟံဘနေ ္တ၊
တိသရဏေနသဟ၊ပဉ္စသီလံ၊ ဓမ္မံယာစာမိ၊ အနုဂ္ဂဟံကတွာ၊ သီလံဒေထ၊ မေဘနေ ္တ။
မြန်မာပြန်
အရှင်ဘုရား၊ သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလ သိက္ခာပုဒ်တရားကို တပည့်တော်က တောင်းပါ၏ အရှင်ဘုရား ၊
တပည့်တော်ကို ငဲ့ညှာထောက်ထား ချီးမြှောက်သောအားဖြင့် (၅) ပါးသီလ ပေးသနားတော်မူပါဘုရား ။
ဘုရားရှိခိုး
နမောတဿ ဘဂဝတော၊ အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။( ၃ခေါက်ဆိုပါ )
မြန်မာပြန်
ဘုန်းတော်ကြီးတော်မူသော ပူဇော်အထူးကိုခံယူတော်မူထိုက်သော ဆရာမရှိ မိမိအလိုလို ကိုယ်တော်တိုင် သစ္စာလေးပါးသိမြင်တော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးကန်တော့ပါ၏။
သရဏဂုံဆောက်တည်ရန်
ဗုဒ္ဓံ သရဏံ ဂစာ္ဆမိ၊ (ဘုရားကိုကိုးကွယ်ပါ၏)
ဓမ္မံသရဏံဂစာ္ဆမိ၊ (တရားကိုကိုးကွယ်ပါ၏)
သံဃံ သရဏံ ဂစာ္ဆမိ၊ (သံဃာကို ကိုးကွယ်ပါ၏)
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစာ္ဆမိ၊ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစာ္ဆမိ ၊ ဒုတိယမ္ပိ သံဃံ သရဏံ ဂစာ္ဆမိ ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစာ္ဆမိ၊ တတိယမ္ပိ ဓမ္မံ သရဏံ ဂစာ္ဆမိ၊ တတိယမ္ပိ သံဃံ သရဏံ ဂစာ္ဆမိ ။
“ ငါးပါးသီလဆောက်တည်ရန် ”
၁။ ပါဏာတိပါတာဝေရမဏိသိက္ခာပဒံသမာဒိယာမိ ။ (သူတပါးအသက်ကို်မသတ်ပါဘုရား)
၂။ အဒိန္နာဒါနာဝေရမဏိသိက္ခာပဒံသမာဒိယာမိ ။ ( သူတပါးဥစ္စာကိုမခိုးပါဘုရား )
၃။ကာမေသုမိစာ္ဆစာရာဝေရမဏိသိက္ခာပဒံသမာဒိယာမိ။(သူတစ်ပါးသားမယားတို့၌ဖောက်ပြား
ခြင်းမကျင့်ပါဘုရား) ၄။မုသာဝါဒါဝေရမဏိသိက္ခာပဒံသမာဒိယာမိ။ (လိမ်ညာ၍မဟုတ်မမှန်မပြောပါဘုရား) ၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာဝေရမဏိသိက္ခာပဒံသမာဒိယာမိ။ (မူးယစ်သေစာ်၊မသောက်စားပါဘုရား )
“ ငါးပါးသီလခံယူဆောက်တည်ခြင်းအစီအစဉ်ပြီး၏ ”
“ ဆွမ်းတော်ကပ်လှူရန် ”
အရဟတာဒိ နဝဂုဏေဟိ = အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်၊
သမ္ပန္နာဂတံ = ပြည့်စုံတော်မူသော၊
နာထံ = လူ နတ် တို့၏ ၊ ကိုးကွယ်ရာ ဖြစ်တော်မူသော၊
ဗုဒ္ဓံ = သက်တော်ထင်ရှား ၊ သဗ္ဗညု မြတ်စွာဘုရားကို၊
ဥဒ္ဒိဿ = ရည်မှတ်၍၊
စေတိယဿ = ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား၊
ဝဏ္ဏ ဂန္ဓ ရသ သမ္ပနံ္န = အဆင်း အနံ့ အရသာနှင် ့ ၊ ပြည့်စုံသော၊
ဣမံ ပိဏ္ဍပါတ ခါဒနီယ ဘောဇနီယံ = ဤဆွမ်းခဲဘွယ် ဘောဇဉ် ချိုချဉ် အရသာကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။
“ ပန်းကပ်လှူရန် ”
အရဟတာဒိ နဝဂုဏေဟိ = အရဟံ အစရှိသော ၊ ကိုးပါးသောဂုဏ်တော်တို့နှင့်၊
သမ္ပန္နာဂတံ = ပြည့်စုံတော်မူသော၊
နာထံ = လူ နတ် တို့၏ ၊ ကိုးကွယ်ရာ ဖြစ်တော်မူသော၊
ဗုဒ္ဓံ = သက်တော်ထင်ရှား ၊ သဗ္ဗညု မြတ်စွာဘုရားကို၊
ဥဒ္ဒိဿ = ရည်မှတ်၍၊
စေတိယဿ = ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား၊
ဝဏ္ဏ ဂန္ဓ သမ္ပနံ္န = အဆင်း အနံ့နှင့်ပြည့်စုံသော၊
ဣမံပုပံ္ဖ = ဤပန်းကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။
“ ရေကပ်လှူရန် ”
အရဟတာဒိ နဝဂုဏေဟိ = အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်၊
သံမန္နာဂတံ = ပြည့်စုံတော်မူသော၊
နာထံ = လူ နတ် တို့၏ ၊ ကိုးကွယ်ရာ ဖြစ်တော်မူသော၊
ဗုဒ္ဓံ = သက်တော်ထင်ရှား သဗ္ဗညု မြတ်စွာဘုရားကို၊
ဥဒ္ဒိဿ = ရည်မှတ်၍၊
စေတိယဿ = ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား၊
သုဒ္ဓ သီတလ ပသန္နံ = သန့်ရှင်းအေးမြ ကြည်လင်လှသော၊
ဣမံ ပါနီယ ပရိဘေဇနီယံ = ဤသောက်တော်ရေ သုံးဆောင်တော်ရေကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။
“ ဆီမီးကပ်လှူရန် ”
အရဟတာဒိ နဝဂုဏေဟိ = အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်၊
သံမန္နာဂတံ = ပြည့်စုံတော်မူသော၊
နာထံ = လူ နတ် တို့၏ ၊ ကိုးကွယ်ရာ ဖြစ်တော်မူသော၊
ဗုဒ္ဓံ = သက်တော်ထင်ရှား သဗ္ဗညု မြတ်စွာဘုရားကို၊
ဥဒ္ဒိဿ = ရည်မှတ်၍၊
စေတိယဿ = ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား၊
ပဘာဝဏ္ဏေဟိ = အရောင်အဆင်းတို့ဖြင့်၊
ဣမံ ဒီပ ဇာလံ = ဤဆီမီးလျှံကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။
“ ဆုတောင်း ”
၁။ တပြည့်တော်၏ ယနေ့ယခု ၊ လှူဒါန်းရသော( ဆွမ်းတော် ပန်း ဆီမီး သောက်တော်ရေ ) ဤကောင်း
မှုသည်၊ နောင်အခါ၌၊ လောကီလောကုတ္တရာ၊ ကြီးသောဉာဏ်ပညာ၏ ၊ရကြောင်းဖြစ်သော၊ အထောက်အပံ့၊
ဖြစ်ပါစေသတည်း ။
၂။ တပြည့်တော်၏ ယနေ့ယခု ၊ လှူဒါန်းရသော( ဆွမ်းတော် ပန်း ဆီမီး သောက်တော်ရေ ) ဤကောင်း
မှုသည်၊ နိဗ္ဗာန်၏ ရောက်ကြောင်းဖြစ်သော၊ အထောက်အပံ့၊ ဖြစ်ပါစေသတည်း ။
“ အမျှဝေ ”
ဤသို့ပြုရ မြတ်ပုညကို မိဘနှစ်ဖြာ ဉာတကာနှင့် ဆရာသမား အစထား၍၊ နတ်များမကျန် ၊ သတ္တဝါမှန်
သမျှ ၊ အနန္တတို့ ၊ ရကြပါစေ၊ အမျှဝေ၏ မသွေယခု ဤကောင်းမှုကို၊ သာဓု သာဓု သာဓု၊ ခေါ်စေသော ။
(အားလုံးကြားကြားသမျှ၊ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု သုံးခေါက်ဆို )
“ ဩကာသရှင်းတမ်း ”
ဩကာသ = ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟုအခွင့်တောင်းခြင်းကို ဩကာသဟုခေါ်သည်။ လေးနက်စေ
လိုသောကြောင့်လည်းကောင်း၊ ထင်ရှားပျံ့နှံ့စေလိုသောကြောင့်လည်းကောင်း၊ ဩကာသကို
သုံးကြိမ်ဆိုရပါသည်။
ကံသုံးပါး = ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံ၊ နှုတ်ဖြင့်ပြောဆိုသောအမှုကို ဝစီကံ၊ စိတ်ဖြင့်ကြံစည်
သောအမှုကို မနောကံဟုခေါ်ပါသည်။
ရတနာ = နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟုခေါ်ပါသည်။
ဘုရား=တရားဥဿုံအလုံးစုံကို အကုန်အစင်သိမြင်တော်မူသောကြောင့်ဘုရားဟုခေါ်ပါသည်။
တရား= အပ္ပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို ့ မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့်
တရားဟုခေါ်ပါသည်။
သံဃာ = အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ ့စည်းထားသောကြောင့် သံဃာဟုခေါ်ပါသည်။
အရိုအသေ = ကိုယ် နှုတ် စိတ် သုံးပါးတို့ဖြင့်၊ ညွတ်တွားကိုင်းရှိုင်းခြင်း ။
အလေးအမြတ်= တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း ။
ရှိခိုး = ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း၊ နှုတ်ဖြင့်ရှိခိုးခြင်း၊ စိတ်ဖြင့်ရှိခိုးခြင်း၊ ဟူ၍သုံးမျိုးရှိသည်၊
ကိုယ့်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၊ မိဘ၊ ဘိုးဘွား၊ ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို
အာရုံပြု၍ ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်းကိုခေါ်သည်။ နှုတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၏
ဂုဏ်ပုဒ်များကိုနှုတ်ဖြင့်ထုတ်ဖေါ်၍ ရွတ်ဆိုခြင်းကို ခေါ်ပါသည်။ စိတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ
ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို စိတ်ထဲမှာအဖန်တလဲလဲ အောက်မေ့ခြင်းကို ခေါ်ပါသည်။
ထိခြင်းငါးပါး = ခြေ လက် နဖူး တတောင် ဒူး ။
ပူဇော် = ပစ္စည်းဖြင့်ပူဇော်ခြင်း၊ တရားဖြင့်ပူဇော်ခြင်း ဟူ၍နှစ်မျိုးရှိသည်။
ဖူးမြော် = ပကတိမျက်စိဖြင့် ဖူးမျှော်ခြင်း၊ အသိဉာဏ်မျက်စိဖြင့် ဖူးမျှော်ခြင်း ဟူ၍နှစ်မျိုးရှိသည်။
မာန်လျှော့ =မိမိသန္တာန်မှာရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း (ရတနာသုံးပါးကို မြင့်မြတ်ရာ၌ထားခြင်း) ကို မာန်လျှော့သည်ဟုခေါ်ပါသည်။ ( မာန်လျှော့ခြင်းကို နိဝါတမင်္ဂလာဟု မှတ်ပါ )
ကန်တော့ = အပြစ်ရှိက ခွင့်လွှတ်ပါဟု ဝန်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
အပြစ်ရှိ၍ ကန်တော့ခြင်း ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု နှစ်မျိုးရှိသည် ။
မဂ် = နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောတရားလမ်းကိုမဂ်ဟုခေါ်သည်။
ဖိုလ် =မဂ်၏အကျိုးတရားကိုဖိုလ်ဟုခေါ်သည်။ နိဗ္ဗာန် = ရာဂ(တပ်မက်ခြင်းတဏှာ) ဒေါသ(စိတ်ဆိုးမှု၊ ဖျက်ဆီးမှု၊ ပြစ်မှားမှု) မောဟ (မိုက်မဲခြင်း၊မသိခြင်း၊ တွေဝေခြင်း ၊ အဝိဇ္ဇာ) တို့၏ ကင်းရာငြိမ်းအေးမှုဓါတ်သဘောကို နိဗ္ဗာန်ဟုခေါ်သည်။
နမော တဿ= ဘုရားကိုရိုသေလေးစားခြင်း ၊ အစဉ်အလာကိုထိန်းသိမ်းခြင်းအနေဖြင့် “နမောတဿ”ကို သုံးခေါက်ရွတ်ဆိုရသည် ။
ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသောအရပ်ကို“အပါယ်”ဟုခေါ်သည် ။
“ အပါယ်လေးပါး ”
(၁) ငရဲ = ချမ်းသာအနည်းငယ်မျှ မရှိဘဲ၊ မီးတောက်မီးလျှံ၊ ဒါးလှံစက်တို့၌ ခံရခြင်းကို“ငရဲ”ဟုခေါ်ပါသည် ။
(၂) တိရစ္ဆာန်= တရားမသိ၊ စားခြင်း၊ အိပ်ခြင်း၊ မေထုန်မှီဝဲခြင်းကိုသာ သိသောသတ္တဝါ ၊
မဂ်-ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော “သတ္တဝါ” ။
(၃) ပြိတ္တာ= ချမ်းသာသုခမှ ကင်းဝေးသောဖုတ်တစ္ဆေ စသော သတ္တဝါ ။
(၄) အသူရကာယ်= စည်းစိမ်ချမ်းသာမြူးတူးခြင်း စသည်တို့ဖြင့် မမြူးတူးမထွန်းပတတ်သော“သတ္တဝါ”
“ ကပ်သုံးပါး ”
(၁) ဒုဗ္ဘိက္ခ န္တရကပ် = အစာခေါင်းပါး ငတ်မွတ်ခြင်းကြောင့် များစွာသေကြေပျက်စီးခြင်း ။
(၂) သတ္တန္တရကပ် = သေစေတတ်သော ဓါး၊ လှံ၊ သေနတ်၊ စသောလက်နက်တို့ဖြင့်၊ အချင်းချင်းတိုက်ခိုက်ထိုးခုတ်၍ များစွာသေကြေပျက်စီးခြင်း ။
(၃) ရောဂန္တရကပ်= ကူးစက်တတ်သော အနာရောဂါ ကျရောက်သဖြင့် မျာစွာသေကြေပျက်စီးခြင်း ။
မဂ်ဖိုလ် နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ဟုခေါ်ပါသည်
“ ရပ်ပြစ်ရှစ်ပါး ”
(၁) ငရဲ ။
(၂) တိရစ္ဆာန် ။
(၃) ပြိတ္တာ ။
(၄) အရူပဘုံ=(နာမ်သက်သက်သာရှိ) ။ အသညသတ်ဘုံ= ( ရုပ်သက်သက်သာရှိ ) ။
(၅) ပစ္ဆ န္တရစ်အရပ် ။
(၆) မိစ္ဆာဒိဋ္ဌိ ။
(၇) ဉာဏ်ပညာမရှိသူ (ပဋိသန္ဓေအားဖြင့် ကျိုး၊ ကန်း၊ ဆွံ့၊ အ သောသူအဖြစ် ။
(၈) ဘုရားမပွင့်ရာအခါ၌ လူဖြစ်ရခြင်း ။ ။
“ ရန်သူမျိုးငါးပါး ”
(၁) ရေ ။
(၂) မီး ။
(၃) မင်း ။
(၄) ခိုးသူ ။ (သူတပါးပစ္စည်းကို ပိုင်ရှင်မသိအောင် တိတ်တဆိတ် ယူတတ်သောသူ)
(၅) မချစ်မနှစ်သက်သောသူ ။ (မိမိကိုမုန်း၍ ပျက်စီးရာ ပျက်စီးကြောင်း ကြံတတ်သူ )
ဖောက်ပြန်ချွတ်ယွင်းခြင်းကိုဝိပတ္တိဟုခေါ်သည် ။ “ ဝိပတ္တိတရားလေးပါး ”
(၁) ဂတိဝိပတ္တိ = အပါယ်ဘုံ၌ ဖြစ်ရခြင်း ။
(၂) ဥပဓိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါချို့တဲ့ခြင်း ။
(၃) ကာလဝိပတ္တိ = တရားမစောင့်သောသူတို့၏ လက်ထက်၌ဖြစ်ရခြင်း ။
(၄) ပယောဂဝိပတ္တိ = အကုသိုလ်တရားကိုသာ အားထုတ်၍ အကျင့်ပျက်စီးခြင်း ။ ။
ဆွေမျိုး၊ ဥစ္စာ၊ ရောဂါ၊ အယူ ၊ အကျင့်ပျက်စီးခြင်းကိုဗျသနဟုခေါ်သည်။
“ ဗျသနတရားငါးပါး ”
(၁) ဉာတိဗျသန = ဆွေမျိုးပျက်စီးခြင်း ။
(၂) ဘောဂဗျသန = စီးစိမ် ဥစ္စာ ရာထူး ပျက်စီးခြင်း ။
(၃) ရောဂဗျသန = အနာရောဂါကြောင့် ပျက်စီးခြင်း ။
(၄) ဒိဋ္ဌိဗျသန = အယူလွှဲမှား၍ ပျက်စီးခြင်း ။
(၅) သီလဗျသန = ကောင်းသောအကျင့်သီလ ပျက်စီးခြင်း ။
“ ဗုဒ္ဓဝင်အကျဉ်းမှတ်ရန် ”
လူအမည် = သိဒ္ဓတ္ထ ။
ဘုရားဘွဲ့ = ဂေါတမ ။
မိဘအမည် = သုဒ္ဓေါဒ္ဒနမင်းနှင့် မာယာဒေဝီ ။
ကြင်ယာတော် = ယသော်ဓရာ ။ (ဘဒ္ဒကဉ္စနာ)
ရင်သွေးတော် = ရာဟုလာ ။
ယောက်ဖတော် = ဒေဝဒတ် ။
မိထွေးတော် = ဂေါတမီ ။
နေပြည်တော် = ကပိလဝတ်ပြည် ။ (သက္ကတိုင်းမဇ္ဈိမဒေသ)
ဖွားရာဌာန = လုမိ္ဗနီဥယာဉ် ။ ( ကပိလဝတ်ပြည်နှင့်ဒေဝဒဟအကြား)
နန်းစံနှစ် = ၁၃ နှစ် ။ (၁၆ နှစ်မှ ၂၉ နှစ်အထိ)
နမိတ်ကြီးများ = သူအို ၊သူနာ၊ သူသေ ရဟန်း ။
ဗျာဒိတ်ခံယူသောဘဝ = သုမေဓါရသေ့ဘဝ ။
ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့ ။
ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာမြတ်စွာဘုရား ။
ပါရမီဖြည့်ဘက် = သုမိတ္တာအမျိုးသ္မီး ။ (ယသော်ဓရာ အလောင်း)
ပါရမီဖြည့်ရာကာလ = လေးအသချေင်္နှင့် ကမ္ဘာတစ်သိန်း ။
ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် = သတ္တဝါအများအကျိုးဆောင်ရွက်ရန် ။
ဒုက္ကရစရိယာကျင့်ရသောကာလ = ၆ နှစ်ကြာ ။ (၉ရမှ ၁၀၃ အထိ)
ကျင့်သည့်နေရာ = ဥရုဝေဠတော ။
ဘုရားဖြစ်ချိန်သက်တမ်း = ၃၅ နှစ်အရွယ် ။
ဘုရားပွင့်ရာသက်တမ်း = ၁၀ဝ တမ်း ။
အလုပ်ကျွေး = ပဉ္စဝဂီငါးဦး ။ (ဒုက္ကရစရိယ ကျင့်ခိုက်)
တရားဦးဟောသည့်နေရာ = ဗာရာဏသီ မိဂဒါဝုန်တော ။
ပထမဆုံး သာဝက = ပဉ္စဝဂီ ငါးဦး ။ (သာဝက=ဘုရား၏တပည့်သား)
နောက်ဆုံးကျွတ်သော သာဝက = သုဘဒ္ဒပရိဗိုဇ် ။
လက်ယာရံ အဂ္ဂသာဝက = အရှင်သာရိပုတ္တရာ ။
လက်ဝဲရံ အဂ္ဂသာဝက အရှင်မောဂ္ဂလန် ။
အဆုံးအမသာသနာ = ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ ။
ကျင့်စဉ်သိက္ခာ = သီလ သမာဓိ ပညာ ။
ချမှတ်သောလမ်းစဉ် = မဇ္ဈိမပဋိပဒါ မဂ္ဂင်လမ်းစဉ် ။
သန္ဓေယူသောနေ့ = မဟာသက္ကရာဇ် ၆၇၊ ဝါဆိုလပြည့် ကြာသပတေးနေ့ ။
ဖွားမြင်သောနေ့ = မဟာသက္ကရာဇ် ၆၈၊ ကဆုန်လပြည့် သောကြာနေ့ ။
တောထွက်သောနေ့ = မဟာသက္ကရာဇ် ၉၇၊ ဝါဆိုလပြည့် တနင်္လာနေ့ ။
ဘုရားဖြစ်သောနေ့ = မဟာသက္ကရာဇ် ၁၀၃ ၊ကဆုန်လပြည့် ဗုဒဟူးနေ့ ။
ဓမ္မစင်္ကြာဟောသောနေ့ = မဟာသက္ကရာဇ် ၁၀၃ ၊ဝါဆိုလပြည့် စနေနေ့ ။
ပရိနိဗ္ဗာန်စံသောနေ့ = မဟာသက္ကရာဇ် ၁၄၈ ၊ကဆုန်လပြည့် အင်္ဂါနေ့ ။
တေဇောဓါတ်လောင်သောနေ့ = ၁၄၈ ၊ကဆုန်လဆုတ် ၁၂ ရက် တနင်္လာနေ့ ။
“ သီလစောင့်တည်ခြင်း၏အကျို း ”
ဝိမာန ဝတ္ထုတော်တွင် ဥတ္တရာနတ်သမီး၊ သောဏဒိန္နာနတ်သမီး ၊ဥပေါသထာနတ်သမီး
တို့သည် ဥပုသ်သီလဆောက်တည်ကျင့်သုံးသဖြင့်ကြီးကျယ်ခမ်းနားသော နတ်စည်းစိမ်ကို
ရရှိကြောင်း ဖော် ပြထား၏ ၊
ဥပုသ်သီလဆောက်တည်သဖြင့် ကောင်းကျိုးရသောအခြားသာဓကဝတ္ထုများလည်း များစွာရှိပေသေး၏။သို့ဖြစ်၍ ဥပုသ်သီလကို မပြတ်စောင့်ထိန်းသင့်ကြပါသည်။
“ ဘုရားရှိခိုးခြင်း ဘုရားဂုဏ်တော်ပွားများခြင်း၏ အကျိုး ”
မြတ်ဗုဒ္ဓလက်ထက်တော်အခါက မဋ္ဌကုဏ္ဍလီအမည်ရှိ လူငယ်တစ်ဦးသည်၊ သေလုဆဲဆဲအိပ်ယာထဲလဲနေ၏၊ ထိုသူငယ်သေလွန်လျှင် ငရဲသို့ကျရောက်မည်ဖြစ်ကြောင်း မြတ်ဗုဒ္ဓက သိမြင်တော်မူ၏၊မြတ်ဗုဒ္ဓသည် ထိုသူငယ်အား ကယ်တင်လိုသဖြင့်
ထိုလူငယ်နေထိုင်ရာအိမ်ရှေ့သို ့ကြွရောက်ရပ်တန့်ပြီးရောင်ခြည်တော်တို့ကိုလွှတ်တော်မူ
သည်၊ ထိုလူငယ်သည် ဘုရားရှင်အား၊ ဖူးမြင်ခွင့်ရသဖြင့်ကြည်ညိုစိတ်ပေါ်လာပြီး အိပ်ယာထဲအိပ်လျှက်ပင်ရှိခိုး၏ ၊ မကြာခင် ထိုလူငယ်သေဆုံး၍ နတ်ပြည်၌တစ်ဆယ့်နှစ်ယူဇနာရှိသော၊ ဗိမာန်ရှင်နတ်သားဖြစ်လေသည်။
( ဝိမာန၊ ဋ္ဌ။ မဋ္ဌကုဏ္ဍလီဝိမာန၊ ဝတ္ထု )
ထိုမျှရှိခိုး၍ အကျိုးရသည်ကိုထားဘိဦး၊ သူမေဓာဘုရားလက်ထက်တော်က၊ ဥပါသကာတဦးသည်၊
သူတစ်ပါးတို့အား စေတီတော်ကို ရှိခိုးရန်တိုက်တွန်းသဖြင့် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌၊
နတ်သားဖြစ်ရလေသည် ။ထိုမျှသာမက ဘုရားရှိခိုးခြင်း ဘုရားဂုဏ်တော်ပွားများခြင်း အကျိုး (၁၁) မျိုးကိုလည်း ရရှိနိုင်ကြပေသေးသည်၊ ယင်းတို့ကား
(၁) ရာဂ ဒေါသ မောဟ ကိလေသာ မဖြစ်ပွါးခြင်း ။
(၂) စိတ်အစဉ်ဖြောင့်မတ်ခြင်း ။
(၃) ဘုရား၌ ရိုသေခြင်း ။
(၄) သဒ္ဓါ သတိ ပညာ ပုည ပြန့်ပြောခြင်း ။
(၅) ပီတိ ပါမောဇ္ဇ များပြားခြင်း ။
(၆) ဘေးရန် အမျိူးမျိူး ကိုသည်းခံနိုင်ခြင်း ။
(၇) ဘုရားနှင့်အတူနေရသကဲ့သို့ ထင်မှတ်ရခြင်း ။ ( ဘုရားနှင့်နီးစပ်၍အကုသိုလ်နည်းပါးသည်ဟုဆိုလိုသည် )
(၈) စေတီအလား ပူဇော်ထိုက်ခြင်း ။ (ဘုရားဂုဏ်တော်ပွါးများသူတို့၏ ကိုယ်ခန္ဒာသည် စေတီအလား ပူဇော်ထိုက်သည်ဟုဆိုလိုသည်)
(၉) ဘုရား၌ စိတ်ညွှတ်ခြင်း ။ (ဘုရား၌ စိတ်ရောက်နေ၍ အပြင်အပ အကုသိုလ်များ မဝင်နိုင်ခြင်း)
(၁၀) အရှက်အကြောက်ဖြစ်ခြင်း ။ (အကုသိုလ်ဖြစ်မှု ကျူးလွန်စရာတွေ့ခဲ့သော် ဘုရားအာရုံထင်မြင်လာ၍ ဟီရိဩတ္တပ္ပ အရှက်အကြောက်ဝင်ပြီး မလွန်ကြူး ခြင်း )
(၁၁) နတ်ရွာစံသော် သုဂတိလားခြင်း ။ (ဤဘဝ၌ မဂ် ဖိုလ် မရသေးစေကာမူ ကွယ်လွန်သောအခါ ဒုဂ္ဂတိမကျနိုင်။) ( ဝိသုဒိ္ဓမဂ် ပထမစာအုပ် )
“ မေတ္တာပို့ ”
လုံးစုံများစွာသတ္တဝါ ၊ချမ်းသာကိုယ်စိတ်မြဲပါစေ၊ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
ကြောက်တတ် မကြောက်တတ် ၊ နှစ်ရပ်များစွာ၊ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊
ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
ဝေးနေ နီးနေ နှစ်ထွေများစွာ ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ ။
ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ ။
ရှည် တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
ကြီး ငယ် အလတ် ၊ သုံးရပ်ခန္ဓာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
ဆူ ကြုံ အလတ် ၊ သုံးရပ်ခန္ဓာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း ၊ ကင်းရှင်းကြပါစေ ။
အထင်သေးခြင်း အချင်းချင်း ၊ ကင်းရှင်းကြပါစေ ။
ဆင်းရဲလိုခြင်း အချင်းချင်း ၊ ကင်းရှင်းကြပါစေ ။
“ မေတ္တာပို့သခြင်းအကျိုး ”
ဗုဒ္ဓရှင်တော်ဘုရား လက်ထက်အခါတော်က သာဝတိ္ထပြည်မှ ယူဇနာတစ်ရာဝေးသော တောနေရဟန်း (၅၀၀) တို့ကို၊
နတ်ဘီးလူးတို့က ခြောက်လှန့်ကြ၏ ထို့ကြောင့်ရဟန်းတို့သည် တရားအားထုတ်သော်
လည်း တရားထူးကို မရနိုင်ကြ ၊ မြတ်ဗုဒ္ဓက ထိုရဟန်းတို့အား နတ်ဘီးလူးတို့ခြောက်လှန့် မှုမပြုရန်
မေတ္တာသုတ်ပရိတ်တော်ကို ဟောကြားသင်ပြတော်မူပြီး ထိုရဟန်းတို့သည် မေတ္တာသုတ်ပရိတ်တော်
တို့ကို ရွတ်ဆို၍ မေတ္တာပို့သဖြင့် နတ်ဘီးလူးတို့ခြောက်လှန့်မှုကင်းဝေးခဲ့၏ ။ ထိုမျှသာမက မေတ္တာ၏ အကျိုး (၁၁) မျိုးကို ရရှိနိုင်ကြပေသေးသည်၊ ယင်းတို့ကား
(၁) ချမ်းသာစွာ အိပ်ရခြင်း ။
(၂) ချမ်းသာစွာ နိုးရခြင်း ။
(၃) အိပ်မက်ဆိုးကို မမြင်မက်ခြင်း ။
(၄) နတ်တို့က စောင့်ရှောက်ခြင်း ။
(၅) လူအများ ချစ်ခင်ခြင်း ။
(၆) မီးဘေး မသင့်နိုင်ခြင်း ။
(၇) အဆိပ် လက်နက် မသင့်ရောက်နိုင်ခြင်း ။
(၈) စိတ်တည်ကြည်ခြင်း ။
(၉) တွေဝေစွာ မသေရခြင်း ။
(၁၀) သေလွန်လျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ခြင်း ဟူ၍ (၁၁) ပါးရှိကြောင်း ပြဆိုထားပါသည် ။
“ ဆွမ်းလှူဒါန်းရခြင်းအကျိုး ”
ရာဇဂြိုဟ်ပြည်၌ အာစာမ ဒါယိ်ကာ အမျိုးသမီးသည် သူဌေးအိမ်မှ စားကြွင်းစားကျန် ထမင်းချိုး(ဂျိုး)ကို
ရသဖြင့် အရှင်မဟာကဿပအား လှူဒါန်း၏ ထိုကုသိုလ်ကြောင့်သေလွန်၍
နိမ္မာနရတိနတ်ပြည်၌ နတ်သမီးဖြစ်ရလေသည်။
( ဝိမာန၊ ဋ္ဌ။ အာစာမဒါယိကာဝတ္ထု )
ဆွမ်းလှူဒါန်းသဖြင့် ရရှိသောအခြားသာဓက ဝတ္ထုများစွာရှိသေး၏ ၊ ဆွမ်းလှူဒါန်းသဖြင့် ရရှိသော
အကျိုးတရား (၅)မျိုးကိုလည်း အဂုင်္တ္ထိုရ်ပါဠိတော် ဘောဇနသုတ်တွင် ပြဆိုထားပါသည် ယင်းတို့ကား
(၁) အသက်ရှည်ခြင်း ။
(၂) အဆင်းလှခြင်း ။
(၃) ကိုယ် စိတ် နှစ်ဖြာချမ်းသာခြင်း ။
(၄) ခွန်အားဗလ ကြီးမားခြင်း ။
(၅) ဉာဏ်ပညာကြီးမားခြင်း တို့ဖြစ်သည် ။
“ ရေကပ်လှူရခြင်းအကျိုး ”
မြတ်ဗုဒ္ဓ လက်ထက်တော်က သာဝတိ္ထပြည်မြို့နယ်ရှိ ကျေးရွာတရွာမှ အမျိုးသမီးတစ်ဦးသည်၊ ဘုရားဖူးခရီးသည် ရဟန်းတော်များအား ရေလှူသဖြင့် သေလွန်လျှင် တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်ပြီး ခမ်းနားကြီးကျယ်သော နတ်စည်းစိမ်ကို ခံစားရလေသည်။ ( ဝိမာန၊ ဋ္ဌ။ လှေယာဉ်စီး နတ်သမီးဝတ္ထု )
ထို့အပြင် ရေအကျိုး (၁၀)ပါးရှိကြောင်းလူအများသိကြ၏ ယင်းတို့ကား —-
(၁) လျှင်မြန်ခြင်း ။
(၂) သန့်ရှင်းစင်ကြယ်ခြင်း ။
(၃) ကျော်ကြားလူသိများခြင်း ။
(၄) ဆာလောင်မွတ်သိပ်မှုကင်းခြင်း ။
(၅) အခြွေအရံများခြင်း ။
(၆) အသက်ရှည်ခြင်း ။
(၇) အဆင်းလှခြင်း ။
(၈) ချမ်းသာခြင်း ။
(၉) ခွန်အားကြီးခြင်း ။
(၁၀) ဉာဏ်ပညာထက်မြက်ခြင်း တို့ဖြစ်ပါသည် ။ ။
“ ပန်းလှူဒါန်းခြင်းအကျိုး
ကဿပမြတ်စွာဘုရား လက်ထက်တော်က အမျိုးသမီး (၄) ယောက်သည်၊ ရဟန်းတစ်ပါးအား ပန်းတို့ကို လှူဒါန်းကြ၏ ။
သေလွန်သောအခါ ထိုကောင်းမှုကုသိုလ်ကြောင့်တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်ပြီး နတ်စည်းစိမ်ကိုခံစားကြရလေသည် ။
ဤသို့ဖြင့် ထိုနတ်ပြည်မှာ ဆက်ကာဆက်ကာ ဖြစ်ရပြီး ဤဘုရားလက်ထက်တွင် နတ်သမီးဘဝဖြင့် တရားနာကြရကာ သောတပန်ဖြစ်ကြလေသည် ။
( ဝိမာန၊ ဋ္ဌ ၊ ပန်းလှူသောနတ်သမီး(၄) ယောက်ဝတ္ထုု )
ပန်းလှူဒါန်းသဖြင့် ရရှိသော အခြားအကျိုးများလည်း ရှိသေး၏ ။ ယင်းတို့ကား
(၁) ရုပ်ရည်လှပခြင်း ။
(၂) ကိုယ်ခန္ဒာသန့်ရှင်းခြင်း ။
(၃) ခံတွင်းမွှေးကြိုင်ခြင်းတို့ဖြစ်သည် ။
“ ဆီမီးလှူဒါန်းရခြင်းအကျိုး ”
ဂေါတမ ဘုရားလက်ထက်တော်အခါက သာဝတိ္ထပြည်သူတဦးသည် တရားပွဲ၌ ဆီမီးညှိထွန်းလှူဒါန်းသဖြင့် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ရလေသည် ။ ဆီမီးညှိထွန်းလှူဒါန်း
သဖြင့် ရရှိနိုင်သော အခြားအကျိုးများလည်း များစွာရှိပေသေး၏ ။ ယင်းတို့ကား
(၁) မံသစက္ခု ပကတိမျက်စိ ကြည်လင်ခြင်း ။
(၂) ဉာဏစက္ခု ဉာဏ်(မျက်စိ) ကြည်လင်ခြင်းတို့ဖြစ်သည် ။
“ မြတ်စွာဘုရား၏ ကိုယ်စား ရုပ်ပွားတော် ကိုးကွယ်သူများ
သိသင့်သိထိုက်သော အချက်အလက် ”
(၁) မြတ်စွာဘုရား၏ ကိုယ်စားတော် ဆင်းတု ရုပ်ပွားတော်များသည် ၊ မည်သည့်ကာလအချိန်မှ စတင်ပေါ်ပေါက်လာသည် ။
(၂) ဆင်းတု ရုပ်ပွားတော်များအဖြစ် ထုလုပ် သွန်းလောင်းအပ်သောအရာများသည် မည်သည့်အရာများဖြစ်သည် ။
(၃) ဆင်းတု ရုပ်ပွားတော်များကို မည်ကဲ့သို့သော ပုံသဏ္ဌာန်မျိုးကို ထုလုပ်အပ်သည် ။
(၄) ထုလုပ်ရာတွင် မည့်သည့်အချက်များကို သတိပြု ဂရုထားအပ်သည်တို့ ဖြစ်ကြ၏ ။
(၁) မြတ်စွာဘုရား၏ ဆင်းတုရုပ်ပွားတော်များ စတင်ပေါ်ပေါက်လာပုံမှာ ဤသို့ဖြစ်၏
တစ်နေ့သ၌ ပေဿနဒီ ကောသလမင်းကြီးသည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ရန် ဇေတဝန်ကျောင်းတော်သို့ သွားရောက်ခဲ့လေရာ မြတ်စွာဘုရားသခင်သည် ဝါပအခါတွင် ဒေသစာရီကြွချီတော်မူမြဲအတိုင်း ကြွချီတော်မူ၏ ။ ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရားသခင် ရှိတော်ခိုက်မဟုတ်သဖြင့်မဖူးမတွေ့ရသည်နှင့် မင်းကြီးသည် စိတ်တော်ညိုးနွမ်းကာ ကျောင်းတော်က်ို ဆီ မီး ပန်း နံ့သာတို့ဖြင့်ပူဇော်ပြီး နန်းတော်သို့ပြန်လည်ကြွခဲ့ရလေသည် ။ မြတ်စွာဘုရားလည်း ဒေသစာရီကြွချီရာမှ ဇေတဝန်ကျောင်းတော်သို့ ပြန်ရောက်တော်မူခဲ့ရာ ဗုဒ္ဓပြန်လည်ရောက်ရှိတော်မူပြီဟု မင်းကြီးကြားသိလျှင် မှူးမတ်ဗိုလ်ပါခြံရံလျက် မြတ်စွာဘုရားထံ သွားရောက်ပြီး “ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသောရှင်တော်မြတ်ဘုရား အရှင်ဘုရားသည် ကျောင်းတော်၌ သီတင်းသုံးရှိနေပါသော် တပည့်တော်တို့သည် တရားတော်ကိုလည်း နာယူရပါ၏ ၊သီလတော်ကိုလည်း ဆောက်တည်ကြရပါ၏ ။ ကျောင်းတော်၌အရှင်ဘုရားမရှိခဲ့သော် တပည့်တော်တို့သည် အလှူလည်းမပြုရ တရားတော်လည်း မနာကြားရ ၊သီတင်းသီလလည်း မဆောက်တည်ရ ဖြစ်ခဲ့ရပါ၏ ။
အရှင်ဘုရားကိုယ်စား ရုပ်ပွားတော်ကို ထုလုပ်ပူဇော်လိုပါသည် ခွင့်ပြုတော်မူပါလော့”-ဟု လျှောက်ထားတောင်းပန်လေသည် ။ ထိုအခါ ဗုဒ္ဓမြတ်စွာလည်း သာဓုသုံးကြိမ် သုံးခါခေါ်ဆိုပြီးနောက် မင်းကြီး၏ လျှောက်ထားတောင်းပန်ချက်ကို ခွင့်ပြုတော် မူခဲ့ပေ၏ ထိုအချိန်မှစ၍ ဆင်းတုရုပ်ပွားတော်များ စတင်ပေါ်ပေါက်လာခဲ့ပေတော့သည် ။
(၂) မြတ်စွာဘုရားသခင်သည် ကောသလမင်းအား မိမိ၏ကိုယ်စားတော် ရုပ်ပွားဆင်းတု တော်များ ထုလုပ်သွန်းလောင်းလုပ်ရန် အရာဝတ္ထုများကိုပါထုတ်ဖေါ်မြွက်ကြားတော်မူခဲ့ပေ၏ ။
“ မင်းကြီး သဒ္ဓါ ပညာ ဝီရိယနှင့်ပြည့်စုံသော မင်း ပုဏ္ဏား သူဋ္ဌေးသူကြွယ် ဆင်းရဲသားတို့သည် မိမိတို့၏ တတ်စွမ်းနိုင်သည့်အားလျော်စွာ ရွှေဖြင့်လည်းကောင်း ၊ ငွေဖြင့်လည်းကောင်း ၊ ပတ္တမြားဖြင့်လည်းကောင်း ၊ကြေးဖြင့်လည်းကောင်း ၊ သံဖြင့်လည်းကောင်း ၊ ခဲဖြင့်လည်းကောင်း ၊ ကြေးနီဖြင့်လည်းကောင်း ၊ သစ်ဖြင့်လည်းကောင်း ၊ အုတ်ဖြင့်လည်းကောင်း ၊ ကျောက်ဖြင့်လည်းကောင်း ၊ အဆင်းရှိသောဆေးဖြင့်လည်း ကောင်း ၊
ကျောက်မျက်ရွဲတို့ဖြင့်လည်းကောင်း သွန်းလောာင်းအပ် ထုလုပ်အပ်၊ ရေးသော်လည်း ရေးအပ်
ပေ၏ ”ဟု မိန့်ကြားတော်ခဲ့၏ ။
(၃) ထုလုပ်အပ် သွန်းလောင်းအပ်သည့် ရုပ်ပွားတော် ပုံသဏ္ဌာန်များ
ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်များ ထုလုပ်ရန် မြတ်စွာဘုရားသည် ကောသလမင်းအား မိန့်ကြားရာတွင်“ ငါဘုရားသည် ဗောဓိပင်နှင့်ပုလ္လင်တော်၌ မာရ်စစ်သည်တို့ကို အောင်မြင်တော်မူဟန်ကိုလည်းကောင်း ၊
ပဉ္စဝဂ္ဂီ(၅)ဦးတို့အား ဓမ္မစကြာဟောတော်မူဟန်ကိုလည်းကောင်း ၊ကပ္ပိန္နမင်းကြီးကို ရုပ်တုဖန်ဆင်း၍
ပြတော်မူဟန်ကိုလည်းကောင်း ၊ ရတနာစင်္ကြ ံ၌ စင်္ကြသွားတော်မူဟန်ကိုလည်းကောင်း ၊ အနိမ္မိဿကုန်း၌
မမှိတ်သော မျက်စိဖြင့် ကြည့်တော်မူဟန်ကိုလည်းကောင်း ၊အာဋ္ဌာရနှင့် ဥဒကရသေ့ကြီးတို့ ရှုံးခြင်းကြီး ရှုံးလေစွတကားဟုရင်လက်ခတ်တီး၍ အံ့ဩတော်မူဟန်ကိုလည်းကောင်း၊
အရှင်အာနန္ဒာအား လက်သားတော်ဖြင့် မြေမှုန့်ပြတော်မူဟန်ကိုလည်းကောင်း ၊ လျောင်းစက်ကျိန်းတော်မူဟန်ကိုလည်းကောင်း၊ ပရိနိဗ္ဗာန်ပြုတော်မူဟန်ကိုလည်းကောင်း ၊
ထုလုပ်ရာ သွန်းလောင်းရာ ရေးစွဲရာ၏ ”ဟု မိန့်မြွက်တော်မူခဲ့လေသည် ။
(၄) ဆင်းတုရုပ်ပွားတော်များ ထုလုပ်ရာတွင် သတိပြု ဂရုထားရမည့် အချက်များ
ဆင်းတု ရုပ်ပွားတော်များ ထုလုပ် သွန်းလောင်းလုပ်ရာ၌ ပါသာဒိကဂုဏ်တော်နှင့်ပြည့်စုံအောင် ကြည်ညိုဖွယ် အသရေတော်ဆောင်နေသည့်ပုံတော်မျိုးကို ထုလုပ် သွန်းလောင်း ရေးစွဲရမည်ဖြစ်၏ ။
တတ်နိုင်သမျှ လက္ခဏာတော်ကြီး လက္ခဏာတော်ငယ်တို့နှင့် ပြည့်စုံသည့်အသွင်ကို ဆောင်အောင်ထုလုပ် သွန်းလောင်း ရေးစွဲရမည် ။ လှပစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ခြယ်သထားသောအမျိုးသ္မီးများတို့၏ မျက်နှာသွင်ပြင်မျိုးကဲ့သို့ မထုလုပ် မသွန်းလောင်း
မရေးခြယ်အပ်ပေ ။ ကြည်ညိုဖွယ်ကင်းမဲ့သော လက်တဖက်ကို ဆန့်တန်းထားခြင်း ၊ လည်ကုပ်တိုနှင့်ဝမ်းဗိုက်ပူ(အချို့ဒက္ခိဏသာခါဘုးရား) ထုလုပ် သွန်းလောင်း ရေးစွဲထားခြင်း၊မျက်နှာပေါက်ဆိုးစွာ ကြည်ညိုဖွယ်တင့်တယ်မှု သပ္ပာယ်မှုကင်းမဲ့သော
ပုံသဏ္ဌာန်မျိုးများကို ထုလုပ် သွန်းလောင်း ရေးခြယ်ခြင်းမှ ရှောက်ကြဉ်ရပေမည်။
“ ဥပါသကာ၏ ဂုဏ်ရည် (၁၀ )ပါး ”
ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သော ပုဂ္ဂုလ်တယောက်သည် ဖေါ်ပြလတ္တံ့ပါ ဂုဏ်အင်္ဂါများနှင့် ပြည့်စုံပါက အဆင့်မြင့် ဥပါသကာ ၊ ဂုဏ်သရေရှိ ဥပါသကာ စစ်စစ် ဖြစ်ပါသည် ။
(၁) ဘုရားရှင်၏ တပည့်သား သံဃာတော်များနှင့် အေးအတူ ပူအမျှ ဆင်းရဲချမ်းသာကို ဝေမျှခံစားခြင်း ။ (၂) ဗုဒ္ဓ၏ တရားတော်ကိုသာ အလေးဂရုပြုခြင်း ။ (၃) မိမိမှာရှိတဲ့ ပစ္စည်းဥစ္စာကို မျှတစွာ ခွဲခြားသုံးစွဲ လှူဒါန်းတတ်ခြင်း ။ (၄) ဘုရားသာသနာ ပျက်စီးမည့်အရေး တွေ့မြင်ပါက သာသနာတော်- ကြီးပွားရာ ကြီးပွားကြောင်းကိုသာ မနေမနား ကြိုးစားအားထုတ်ခြင်း ။ (၅) အယူဖြောင့်မှန်မြီး လူပြိန်းတို့လက်ခံသည့် အထူးအဆန်းမင်္ဂလာကို ယုံကြည်မှု မရှိသည့်အပြင် မိမိအသက်ကို ပဓာနမထားဘဲ မိမိကိုးကွယ်ရာ ဆရာ (ဘုရား)မှ အယူပျက်သော တိတ္ထိဆရာများကို မိမိ၏ ဆရာအဖြစ် မည်သည့်အခါမျှ မရည်ညွှန်းခြင်း ။ (၆) ကာယကံ ဝစီကံ စောင့်ထိန်းခြင်း ။ (၇) အတူတကွ သာသနာရေး လုပ်ငန်းဆောင်ရွနေသော ပုဂ္ဂိုလ်များနှင့် သင့်တင့် ညီညွတ်စွာ နေထိုင်တတ်၍ အချင်းချင်းအပေါ် ငြူစူမှုကင်းပြီး သာသနာတော်ကို ခုတုံးလုပ်၍ ဟန်ဆောင် ပလွှား ဝါကြွားမှု မပြုခြင်း ။ (၈) ဘုရားရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း ။ (၉) တရားရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း ။ (၁၀) သံဃာရတနာကို ကိုးကွယ်ဆည်းကပ်ခြင်းတို့ ဖြစ်သည် ။ ။
“ မြတ်စွာဘုရား၏ ဆင်းတုရုပ်ပွားတော်များ ပူဇော်ရသည့်အကျိုး ”
မြတ်စွာဘုရား၏ ရုပ်ပွားဆင်းတုတော်ကို ပူဇော်ရှိခိုးကြသည့် သူများမှာ– “သက်တော်ထင်ရှား မြတ်စွာဘုရားပါတကား ” ဟုဂုဏ်တော်ကိုးပါးကို စိတ်ရောက်ပြီးကြ သူများ ဖြစ်ကြပါသည် ၊ ဖြစ်လည်းဖြစ်ရပါမည် ။ဤကဲ့သို့ ပူဇော်ကိုးကွယ်ကြမည်ဆိုလျှင် “သမေ စိတ္တေ သမံဖလံ ”ဆိုသည့် ဘုရားဟောပါဠိတော်အရ အကျိုးထူးများ ရရှိနိုင်ပါသည် ။ “ စိတ္တေ၊ မိမိ၏ စိတ်သည် ၊ (ဝါ) မြတ်စွာဘုရား၏ ရုပ်ပွားတော် ဆင်းတုတော်ကို ပူဇော်ရှိခိုး ကိုးကွယ်ကြသည့် ပုဂ္ဂိုလ်၏ စိတ်သည် ၊ သမေ ၊ သက်တော်ထင်ရှား မြတ်စွာဘုရားနှင့် ရုပ်တုဆင်းတုတော်၌ အညီအမျှ ထားနိုင်သည်ရှိသော် ၊ သမံ ဖလံ၊ ဘုရားအစစ်ကို ပူဇော်ရသကဲ့သို့ အကျိုးတရား အတူတူပင်ရရှိနိုင်ပါသည်” ထို့ကြောင့် ရုပ်ပွားဆင်းတု ကိုးကွယ်ကြသူများ၏ စိတ်သည် အချုပ်ဖြစ်သည် ၊ အဓိကလည်းဖြစ်၏ ။ မိမိစိတ်သည် စွမ်းလျှင် မိမိအား အကျိုးပေးစွမ်းမည်သာ ဖြစ်ပေသည် ။ မိမိတို့၏ နေအိမ်များအသီးသီးတွင် ရုပ်ပွားဆင်းတု ကိုးကွယ်ထားပြီးသည်နှင့် လိုက်နာရမည့်စည်းကမ်းများ ရှိပါသည် ။ ဘုရားစင်ကို သီးခြားစင်မြင့်နှင့် ၊ ကိုးကွယ်ထားရမည် (ဘုရားစင်ကိုသီးခြားဘုရားခန်းနှင့် စင်မြင့် ၊ ကိုးကွယ်ထားနိုင်မည်ဆိုလျှင် အထူးဆိုဘွယ်ရာမရှိပေ) မိမိအာရုံပြု ပူဇော်လိုသည့် အချိန်တွင် ဘုရားခန်းထဲဝင်၍ ပူဇော်ကိုးကွယ်ရပါသည် ။ ဘုရားစင်ရှေ့ ၌ဒူးထောင် ပေါင်ကား မနေရပေ ၊မြတ်ဗုဒ္ဓက်ို အဂါရဝ ဖြစ်အောင်ပြုလုပ်နေထိုင်ကြလျှင် အပြစ်ဖြစ်ပါသည် ။ အပြောအဆို ယဉ်ကျေးသိမ်မွေ့ရပါမည် ။ ဘုရားစင်ရှေ့ထားပြီး ဆဲဆိုခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲသောက်စားခြင်း၊ ရန်ဖြစ်ခြင်းများ မပြုလုပ်ရပါ ၊ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တစ်ဦးခံယူပြီး ဗုဒ္ဓဘာသာအသင်းအပင်းနဲ့ ငါမပတ်သက်ချင်ပါ စသော အမင်္ဂလာစကားများ မပြောဆိုမိခြင်းသည် သိပ်အရေးကြီးလှပါသည် ။ မိမိတို့အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို ဘုရားစင်နှင့်ကိုးကွယ်ထားခြင်းအားဖြင့် ဖေါ်ပြလတ္တံ့ပါ အကျိုးကျေးဇူး(၉)မျိုးကို ရရှိပါသည် ။
(၁) ဘုရားစင်ရှိသည့်အတွက် ဘုရားကိုမြင်နေရခြင်း ၊ ဘုရားဝေယျာဝစ္စပြုနေရခြင်း ၊ ဘုရားကို ကိုင်းညွတ်သည့်စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရားတရားနှင့်ကင်းကွာ မနေခြင်းပင်ဖြစ်သည် ။
(၂) မြတ်စွာဘုရားကို ဖူးတွေ့ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် ပို၍ ယုံကြည်မှု လေးနက်လာသည် ၊
(၃) အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဉာဏ် ထက်မြက်ခြင်းများ ရှိလာသည် ။
(၄) ကုသိုလ်တရားများ တိုးပွားလာသည် ။
(၅) စိတ်ညစ်ညူးမှုရှိလာလျှင် ဘုရားစင် ဘုရားရှေ့တော်သို့ သွားပြီး ဘုရားပန်းလဲခြင်း ၊
မြတ်စွာဘုရားကို အသေအချာကြည့် အာရုံပြုလိုက်ခြင်းဖြင့်စိတ်ညစ်ညူးမှုများပပျောက်လာသည် အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှရပ်ပြီး စိတ်ကြည်နူးမှု ချက်ချင်းရရှိလာပါသည် ။
(၆) အိမ်တွင် ဘုရားစင်ရှိသဖြင့် နာနာဘာဝ ဝိနာဘာဝများ၏ အနှောင့်အယှက်များမှ ကင်းပြီး မကြောက်မရွံ ့ နေနိုင်ပါသည် ။
(၇) ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည် ။
(၈) ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်းသုတ်သင်ပြီး ကျကျနန ထားလျှင် အိမ်ကျက်သရေ ၊ လူကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည် ။
(၉) ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့် အတူတကွနေထိုင်ရသကဲ့သို့ ဖြစ်ပြီး သူတပါး၏ ချီးမြှောက်ပူဇော်မှုကို ၊ ခံယူရရှိနိုင်ပါသည် ။ ။
“ အယူဝါဒပျက်စီခြင်း ”
ဗုဒ္ဓဘာသာသည် (၁) ဘုရား ၊(၂) တရား ၊(၃) သံဃာ ၊ (၄) ကံ ၊ ကံ၏အကျိုး ၊ (၅) အကြောင်းနှင့် အကျိုး ဆက်သွယ်ဖြစ်မှု ၊(ပဋိစ္စသမုပ္ပါဒ်)(၆) အတိတ်ဘဝ အနာဂတ်ဘဝ တို့ကို ယုံကြည်ရသည် ။ဤ၌ ကံဟူသည် ကုသိုလ်ကံ(ကောင်းသောအလုပ်)နှင့် အကုသိုလ်ကံ(မကောင်းသောအလုပ်)ပင် ဖြစ်သည် ၊ လောက၌ မည်သူမဆို ကောင်းတာလုပ်လျှင် ကောင်းကျိုးကိုခံစားရ၏ ။ မကောင်းတာလုပ်လျှင် မကောင်းကျိုးကို ခံစားရ၏ ။
မိမိပြုလုပ်သော ကံ၏ မိမိ၏ ကိုယ်ပိုင်ဥစ္စာ(ကမ္မဿကာ) မည်ပါသည် ၊ မိမိပြုလုပ်သောကံအရ ဆိုးမွေကောင်းမွေ (ကမ္မဒါယာဒ)ကို ခံယူရမည်ဖြစ်သည် ။ ဤသို့ ယုံကြည်လက်ခံခြင်းကို “ကမ္မဿကတာသမ္မာဒိဋ္ဌိ”ဟု ခေါ်ပါသည် ။ ဗုဒ္ဓဘာသာဝင်တစ်ဦး သည် ထိုသို့ လက်ခံယုံကြည်နေက အမှန်ကို လက်ခံယုံကြည်ခြင်းဖြစ်၍ အယူဝါဒ မပျက်မစီး တည်နေသည် မည်၏ ။ဤကဲ့သို့ ဘုရား တရား စသည်တို့ကိုမယုံကြည်တော့ဘဲ (၁) လောက၌ ဖန်ဆင်းရှင်ရှိ၏ မြေကြီး၊ ဟိမဝန္တာတောင်၊ စကြာသဠာ၊ မဟာသမုဒ္ဒရာတို့နှင့် သတ္တဝါအားလုံးကို ထိုဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆတတ်ကြသည် ။ ယင်းသို့ယူဆသောဝါဒကို “ ဖန်ဆင်းရှင်( ဣဿရနိမ္မာန)ဝါဒ ”ဟု ခေါ်ပါသည် ။
(၂) လောက၌ ကုသိုလ်ကံ အကုလ်ကံဟူ၍မရှိ ။ ကောင်းမှုကိုပြုသော်လည်း ကောင်းမှုကုသိုလ်မမည် ။
မကောင်းမှုကိုပြုသော်လည်း မကောင်းမှုအကုသိုလ်မမည်ဟု ယူဆတတ်ကြသည် ။ ယင်းသို့ယူဆခြင်းသည် အကြောင်းကံကို ပယ်ခြင်းဖြစ်၍ “အကရိယဒိဋ္ဌိ”ဟု ခေါ်ပါသည် ။
(၃) တဖန် ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားဟူ၍ မရှိ ။ ကုသိုလ်ကံ အကုသိုလ်ကံတို့ကိုပြုလုပ်သော်လည်း မည့်သည့်ကောင်းကျိုး မကောင်းကျိုးကိုမျှ မခံစားရဟု ယူဆတတ်ကြသည် ။ ယင်းသို့ယူဆခြင်းသည် အကျိုး(ဝိပါက)ကို ပယ်ခြင်းဖြစ်၍ “နတ္ထိကဒိဋ္ဌိ”ဟု ခေါ်ပါသည် ။
(၄) ထို့ပြင် ကုသိုလ်ကံ အကုသိုလ်ကံဟူ၍ မရှိ ။ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဟူ၍ လည်းမရှိဟု ယူဆတတ်ကြပြန်သည် ။ ယင်းသို့ယူဆခြင်းသည် အကြောင်း အကျိုးနှစ်မျိုးစလုံးကို ပယ်ခြင်းဖြစ်၍ “အဟေတုကဒိဋ္ဌိ”ဟု ခေါ်ပါသည် ။ ဤသို့ စသည်ဖြင့် အယူမှား (မိစ္ဆာဒိဋ္ဌိ) တမျိုးမျိုးကို လက်ခံယုံကြည်လိုက်လျှင် ထိုသူ၏ မူလက ရှိနေသော အယူမှန်ဝါဒ (သမ္မာဒိဋ္ဌိ)ပျက်စီးလေတော့သည် ။
“ အခြားယုံကြည်ရမည့် အချက်များ ”
ထို့ပြင် ဗုဒ္ဓဘာသာဝင် တယောက်သည် ကုသိုလ်ကံ အကုသိုလ်ကံနှင့် ယင်းကံတို့၏ ကောင်းကျိုး ဆိုးကျိုးကိုလည်းကောင်း ၊ ပစ္စုပန်လောကနှင့် တမလွန်လောကကိုလည်းကောင်း ၊ ယုံကြည် ရဦးမည်ဖြစ်သည် ။ ယင်းတို့ကို မယုံကြည်ဘဲ “ ဤဘဝနှင့် ဤဘဝ ပြုပြုသမျှ ကုသိုလ်အကုသိုလ်များသည်သေလျှင် ပြတ်၏ ၊ နောက်ဘဝအတွက် အကျိုးဆက်မရှိ ”ဟု လက်ခံယုံကြည်မှုကို “ ကင်းပြတ်ဝါဒ ” (ဥစ္ဆေဒဒိဋ္ဌိ)ဟု ခေါ်ပါသည် ။ အယူမှား (မိစ္ဆာဒိဋ္ဌိ) တမျိုးပင်ဖြစ်သည် ။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တဦးအနေဖြင့် ကုသိုလ်ကံ အကုသိုလ်ကံနှင့် ယင်းကံတို့၏ အကျိုး ၊ ဤလောကနှင့် တမလွန်လောကကို ယုံကြည်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
“ သမ္မာဒိဋ္ဌိ(အမြင်မှန်) ၁၀ ချက် ”
ထို့ပြင် ဗုဒ္ဓဘာသာဝင် တယောက်သည် အမြင်မှန်ဆယ်ချက် (ဒသဝတ္ထုက သမ္မာဒိဋ္ဌိ) ကိုလည်း လက်ခံယုံကြည်ရပေဦးမည် ။ အမြင်မှန်ဆယ်ချက်သည် အောက်ပါအတိုင်းဖြစ်၏–
(၁) အလှူဒါနပြုလျှင် ကောင်းကျိုးကို ခံစားရ၏ဟု ယုံကြည်ခြင်း ။
(၂) ပူဇော်မှု၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း ။
(၃) လက်ဆောင် ပေးကမ်း ပူဇော်မှု (ပဟေဏက သက္ကာရ)၏ အကျိုးရှိကြောင်းယုံကြည်ခြင်း။
(၄) ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကောင်းကျိုး,ဆိုးကျိုး,
အကျုးိရင်း အကျိုးဆက်ရှိကြောင်း ယုံကြည်ခြင်း ။
(၅) မိခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏ ဆိုးကျိုးရှိကြောင်း ယုံကြည်ခြင်း ။
(၆) ဖခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏ ဆိုးကျိုးရှိကြောင်း ယုံကြည်ခြင်း ။
(၇) လူတို့ မမြင်နိုင်သည့် ငရဲ, ပြိတ္တာ, နတ,် သိကြား, ဗြဟ္မာဟူသော (ဩပပါတိက) သတ္တဝါတို့ရှိကြောင်း ယုံကြည်ခြင်း ။
(၈) ဤမျက်မှောက်လောကရှိကြောင်း ယုံကြည်ခြင်း ။
(၉) သေပြီးနောက် နောက်ဘဝ တမလွန်လောကရှိကြောင်း ယုံကြည်ခြင်း ။
(၁၀) ဤလောက၌ ငြိမ်သက်ကောင်းမွန်စွာ ကျင့်ကြံအားထုတ်ကြသော သမဏ ဗြဟ္မဏတို့ ရှိကြကြောင်း ၊ ယင်းတို့က ဤလောက တမလွန်လောကကို ကိုယ်တိုင်သိမြင်၍ လူအများကို ပြန်လည် ဟောပြကြကြောင်း ယုံကြည်ခြင်း ။
ဤအချက်(၁၀)ချက်တို့ကို ယုံကြည်ခြင်းသည် မှန်ကန်သော ယုံကြည်ချက်ပင်ဖြစ်သည် ။သို့ဖြစ်၍……
ဗုဒ္ဓဘာသာဝင် တယောက်သည် ဖေါ်ပြပါ ရတနာသုံးတန် ကံ-ကံ၏ အကျိုးစသော အချက်တို့ကို သံသယကင်းစွာယုံကြည်ကြရမည် ဖြစ်ပါသည် ။
“ မေတ္တာပို့နှင့် ဆုတောင်း ”
(၁)ဥဒ္ဓံ ယာဝဘဝဂ္ဂါစ အဓေါ ယာဝအဝီစိတော ၊ သမန္တာ စက္ကဝါဠေသု ယေသတ္တာ ပထဝီစရာ ။
(၂)ဥဒ္ဓံ ယာဝဘဝဂ္ဂါစ အဓေါ ယာဝအဝီစိတော ၊ သမန္တာ စက္ကဝါဠေသု ယေသတ္တာ ဥဒကေစရာ ။
(၃)ဥဒ္ဓံ ယာဝဘဝဂ္ဂါစ အဓေါ ယာဝအဝီစိတော ၊သမန္တာ စက္ကဝါဠေသု ယေသတ္တာ အာကာသေစရာ ။
ဥဒ္ဓံ = အထက်သို့ ၊
ယာဝဘဝဂ္ဂါစ = ဘဝဂ်တိုင်အောင် ၊
အဓေါ = အောက်မှ ၊
ယာဝအဝီစိတော = အဝီစိတိုင်အောင် ၊
သမန္တာ = ထက်ဝန်းကျင်၌ နေကုန်သော ၊
စက္ကဝါဠေသု = တသောင်းသော စကြာဝဠာတိုက်၌ ၊
ဝသန္တာ = နေကြကုန်သော ၊
ယေသတ္တာ = အကြင်သတ္တာဝါတို့သည် ၊
ပထဝီစရာ = မြေ၌ကျက်စားကုန်၏ ၊
တေသတ္တာ = ထိုသတ္တာဝါတို့သည် ၊
အ ဗျာပဇ္ဇာ = ကြောင့်ကြခြင်း မရှိကြကုန် ၊
ဟောန္တု= ဖြစ်ကြပါစေကုန်သတည်း ၊
နိဝေရာစ = ရန်မရှိကြကုန်သည်လည်း ၊
ဟောန္တု= ဖြစ်ကြပါစေကုန်သတည်း ၊
နိဒုက္ခာစ = ဆင်းရဲခြင်း မရှိကြကုန်သည်လည်း ၊
ဟောန္တု= ဖြစ်ကြပါစေကုန်သတည်း ၊
အနုပဒ္ဒဝါ = ဘေးဥပဒ် မရှိကြကုန်သည်လည်း ၊
ဟောန္တု= ဖြစ်ကြပါစေကုန်သတည်း ၊
(၂) ( — ) ဥဒကေ စရာ = ရေ၌ကျက်စားကုန်၏ ၊ ( — ) ။ ။
(၃) ( — ) အာကာသေ စရာ = ကောင်းကင်၌ ကျက်းစားကြကုန်၏ ၊ ( — ) ။ ။
(၄) ယံ ပတ္တံ ကုသလံ တဿ အာနုဘာဝေန ပါဏိနော ၊ သဗ္ဗေ သဒ္ဓမ္မရာဇဿ ဉတွာ ဓမ္မံ သုခါဝဟံ ။
ယံ ကုသလံ = အကြင်ကုသိုလ်ကို ၊
ပတ္တံ = ရပြီး ၊
တဿ = ထိုကုသိုလ်၏ ၊
အာနုဘာဝေန = အာနုဘော်တော်အားဖြင့် ၊
သဗ္ဗေ = ခပ်သိမ်းကုန်သော ၊
ပါဏိနော = သတ္တဝါတို့သည် ၊
သဒ္ဓမ္မရာဇဿ = တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား၏ ၊
သုခါဝဟံ = နိဗ္ဗာန် ချမ်းသာသို့ ပို့ဆောင်တတ်သော ၊
ဓမ္မံ = တရားတော်ကို ၊
ဉတွာ = သိမြင်ကုန်သည်ဖြစ်၍ ။ ။
(၅) ပါပုဏန္တု ဝိသုဒ္ဓါယ သုခါယ ပဋိပတ္တိယာ ၊ အသောက မနုပါယာသ နိဗ္ဗာန သုခ မုတ္တမံ ။
ဝိသုဒ္ဓါယ= စင်ကြယ်သော ၊
သုခါယ= ချမ်းသာသော ၊
ပဋိပတ္တိယာ= ပရိတ်မေတ္တာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းသော အကျင့်မြတ်ဖြင့် ၊
အသောကံ= စိုးရိမ်ခြင်း အလျဉ်းမရှိထသော ၊
အနုပါယာသံ= ခပ်သိမ်းသော အပြစ်တို့မှ ကင်းဝေးစွာထသော ၊
သုခံ= ချမ်းသာသော ၊
ဥတ္တမံ= မြတ်လှစွာသော ၊
နိဗ္ဗာနံ= နိဗ္ဗာန်ရွှေပြည် မြတ်ဋ္ဌာနီသို့ ၊
ပါပုဏန္တု= ရောက်ကြပါစေကုန်သတည်း ။ ။
(၆) စိရံ တိဋ္ဌတု သဒ္ဓမ္မော ဓမ္မေ ဟောန္တု သဂါရဝါ ၊ သဗ္ဗေပိ သတ္တာ ကာလေန သမ္မာ ဒေဝေါ ပဝဿတု ။
သဒ္ဓမ္မော= သုတ္တန္တပိဋကတ် ၊ ဝိနိယပိဋကတ် ၊ အဘိဓမ္မာပိဋကတ်ဟူသော ပရိယတ္တိ သဒ္ဓမ္မသည် ။
စိရံ= ကြာမြင့်စွာ ၊
တိဋ္ဌတု= တည်တံ့၍ နေပါစေကုန်သတည်း ၊
သဗ္ဗေပိ= အလုံးစုံလည်းဖြစ်ကုန်သော ၊
သတ္တာ= သတ္တဝါ အပေါင်းတို့သည် ၊
ဓမ္မေ= တရားတော်၌ ၊
သဂါရဝါ= ရိုသေလေးမြတ်ခြင်း ရှိကုန်သည် ၊
ဟောန္တု= ဖြစ်ကြပါစေကုန်သတည်း ၊
ကာလေန= ရွာသင့်သော အချိန် အခါ၌ ၊
ဒေဝေါ= မိုးသည် ၊
သမ္မာ= ကောင်းမွန် မှန်ကန်စွာ ၊
ပဝဿတု= မြို့ပြပြည်ရွာ ဝပြောသာအောင် ရွာပါစေသတည်း ၊
(၇) ယထာ ရက္ခိံသု ပေါရာဏာ သုရာဇာနော တထေဝိမံ ၊ ရာဇာ ရက္ခတု ဓမ္မေန အတ္တနောဝ ပဇံ ပဇံ ။
ပေါရာဏာ = ရှေး၌ဖြစ်ကုန်သော ၊
သုရာဇာနော = မင်းကောင်းမင်းမြတ်တို့သည် ၊
ပဇ ံ= တိုင်းသူပြည်သား ရှင် လူအပေါင်းကို ၊
ရက္ခိံသု ယထာ = စောင့်ရှောက်ကြကုန်ဘိသကဲ့သို့ ၊
တထေဝ = ထို့အတူသာလျှင် ၊
ရာဇာ = ပြည့်ရှင်မင်းကြီးသည် ၊
ဣဒံပဇံ = ယခုထင်ရှား တိုင်းသားပြည်သူ လူအများကို ၊
အတ္တနော ဣဝ = မိမိ၏ ရင်ဝယ်ဖြစ်ငြား မွေးသည့်သားကဲ့သု့ိ ၊
ဓမ္မေန = မင်းကျင့်ဆယ်တန် တရားမှန်ဖြင့် ၊
ရက္ခတု = စောင့်ရှောက်ပါစေကုန်သတည်း ။ ။
ပါဠိတော်ရွတ်ဖတ်နည်း(မြန်မာသံ)အကျဉ်းချုပ်။
(မူရင်း မဇ္ဈိမဒေသသံနှင့်မြန်မာသံ အနည်းငယ်ကွာခြားမှုများရှိပါသည်။)
၁။လုံးဆင့်စာလုံးများတွင် အပေါ်ကစာလုံးသည် ရှေ ့မှာရှိသောစာလုံးကိုကပ်၍ အသတ်(ဝါ)
အသံဝက် ပြုကြပါသည်။ပုံစံများ။ အတ္တ – အတ် တ ၊ အနတ္တ – အနတ် တ၊ ဓမ္မ – ဓမ် မ ။
၂။ရှေ ့စာလုံးမှာ သရသံများပါဝင်နေလျှင် ရွတ်နိုင်သောအသတ်သံသို ့ပြောင်းဖတ်ကြပါသည်။
ပုံစံများ။ ဒုက္ခ-ဒုက် ခ(ဒုတ် ခ)၊အနိစ္စ -အနိစ် စ(အနိတ် စ)၊ တိဋ္ဌတု -တိဋ် ဌ တု(တိတ် ထ် တု )။ဝိသုဒ္ဓါယ- ဝိ သုဒ် ဓါ ယ ( ဝိ သုတ် ဒါ ယ )၊မေတ္တာ- မေတ် တာ( မစ် တာ)။
၃။ရှေ ့စာလုံး ၏ သရသံကို ပြောင်းကြပါသည်။ပုံစံများ။ ဟောန္တု -ဟောန် တု(ဟွန် တု)။
၄။လုံးဆင့်၏နောက်မှာ စာလုံးရှိပါက လုံးဆင့်၏ အောက်မှစာလုံးကိုသံပြည့်မဖတ်ပဲ
သံဝက်ဖြင့်သာ ဖတ်ကြပါသည်။ပုံစံများ။ ရက္ခတု – ရက် ခ တု (ရက် ခ် တု)၊ အတ္တနော – အတ် တ နော( အတ် တ် နော)။
၅။နှစ်လုံးဆင့်တွင်ပါသောသရသံများကို အောက်ကစာလုံးတွင်ယူ၍ ဖတ်ကြပါသည်။ပုံစံများ။
သမ္မာ -သမ် မာ၊ ဓမ္မေန – ဓမ် မေ န ၊ ပါပုဏန္တု – ပါပု ဏန် တု (ပါ ပု နန် တု)။
၆။နှစ်လုံးဆင့် နှစ်ခုဆက်လျှင်လည်း အစဉ်အတိုင်း ချိတ်ဆက်၍ ဖတ်သွားကြပါသည်။ပုံစံများ။
သဒ္ဓမ္မ – သဒ် ဓမ် မ(သတ် ဓမ် မ)၊သုတ္တန္တ – သုတ် တန် တ၊ သမ္ပန္နာဂတံ- သမ် ပန် နာ ဂ တံ။
၇။ ဿ သည် သ နှစ်လုံးဆင့်၊ ဋ္ဌ သည် ဋ နှင့် ဌ ဆင့်၊ အက္ခရာ ဣ သည် အိ သံ။ နှာခေါင်းသံ
(သေးသေးတင်သံ)သည် န-သတ် ၊ မ-သတ်သံ ၊ ဉ -လေး သည် ည -ကြီးသံ သို ့ ဖတ်ကြပါသည်။ံပုံစံများ။ ပဝဿတု- ပ ဝသ် သ တု( ပ ဝတ် သ် တု)၊ရက္ခိ ံသု – ရက် ခိ ံ သု ( ရက် ခိန် သု)၊ရာဇဿ – ရာ ဇသ် သ(ရာ ဇတ် သ)။ ဣဝ- အိ ဝ၊ ဣဒံ – အိ ဒံ ( အိ ဒန် )။ ဉတွာ- ညတ် တ ဝါ( ညတ် တ် ဝါ )၊ကမ္မဋ္ဌာန်း- ကမ် မဋ် ဌာန် း( ကမ် မတ် ထန်း)။
ဣဿရ နိမ္မာန- ဣ သ် သ ရ နိမ် မာ န ( အိတ် သ် ရ နိမ် မာ န )။
၈။အ နှင် ့သ တို ့ရှေ ့မှာရှိသောစာလုံးအချို ့ကို သံပြည့် ရွတ်ဖတ် ပါသည်။ပုံစံများ။အ ဗျာပဇ္ဖာ-
အ- ဗျာ ပဇ် ဇာ(အ-ဗျာ ပစ် ဇာ) ၊ သ ဂါရဝါ – သ-ဂါ ရ ဝါ( သ-ဂါ ရ် ဝါ)။အဝီစိ- အ-ဝီ စိ။
စာလုံးအချို ့ကိုကား သံဝက်နှင့်ဖတ်ကြပါသည်။ပုံစံများ။အနိစ္စ- အ နိစ် စ(အ် နိတ် စ)၊အနတ္တ-
အ် နတ် တ၊ သမဂ္ဂါ – သ မဂ် ဂါ ( သ် မက် ဂါ )။
၉။ယ-ပက်လက်သံနှင့် ရ -ကောက်သံ ကွဲပြားစွာ ရွတ်ကြပါသည်။ ယထာ-ယ ထာ၊ရာဇာ-ရာဇာ( ယာ ဇာ -ဟု မဖတ်ပါ။ လျှာလိပ်သံဖြင့်သာ ဖတ်ကြပါသည်။)။
မြန်မာနိုင်ငံပြင်ပ အဝေးရောက် မိရိုးဖလာဗုဒ္ဓဘာသာဝင်များ အနည်းငယ်မျှ သဘောပေါက် သိမြင်၊ကျင့်သုံး၊အကျိုးရနိုင်ကြပါစေရန်တွေ ့မိသော မြန်မာနိုင်ငံသားများထေရဝါဒဗုဒ္ဓဘာသာ အသင်း(နော်ဝေနိုင်ငံ)၏ စုဆောင်းဖေါ်ပြချက်ကို စာလုံးအမှန်သတ်ပုံအနည်းငယ်ပြုပြင်သည်မှ အပ မူရင်းအတိုင်း လိုအပ်သူတို ့ရရှိနိုင်ကြစေရန် ကူးယူဖေါ်ပြပေးလိုက်ပါသည်။ ။
One comment
Gong Zhu
September 14, 2010 at 8:53 pm
ဗဟုသုတတော်တော်ရပါတယ် . . . ဒါတွေကို Gong Zhu ကခုမှသိတာ . . . ဘုရားစာသာ ရွတ်ပြီး အနက်မသိဘူးဖြစ်နေတယ် ။ ကျေးဇူးပဲနော် . . .