ပြောပြီးလဲထပ်ပြောနေရတာပဲ

BurmaSeptember 16, 20101min1092

အနောက်နိုင်ငံတွေမှာသာ လူတွေရိုင်းတယ် မထင်ပါနဲ့ ကို့အနီးအနားပတ်ဝန်းကျင် မှာလည်း ရိုင်းကုန်တာပါပဲ။ စိတ်ဓာတ်နဲ့စာရိတ္တ ပိုင်းမှာ တော့ ပိန်မသာ လိန်မသာလို့ပြောရင်တောင် ရနိုင်လောက်တယ်။ ကြည့်လေ.. အလှူ မင်္ဂလာပွဲနေပွထိုင်လို့ လူတောကြီးထဲကို ရင်ဗလာကျောဗလာနဲ့ ရင်ဂှားဂါဝန်ကြီး ဝတ်လာတာ မျိုး ဘယ်သောအခါက မြန်မာမိန်းကလေး တွေလုပ်ရဲကြလို့လဲ။ ကျွန်တော်တို့ ကောလိပ်ကျောင်းသားခေတ်က ကျောင်းသူတွေဟာ ထမီကို နှစ်ထပ်ဝတ်ကြတာပါ အောက်က ပိတ်လုံချည်ရဲ့ အနားမှာ ညီညီညာညာ ပေါ်နေအောင် ဂရုစိုက်ဝတ်ကြပါတယ်။ အခုခေတ်တော့ နဂိုက ပါးနေပြီးသားလုံချည်စကို စကတ်ထမီချုပ်ဝတ်လိုက်တော့ *ဖန်ပေါင်းချောင်ထဲ ရွှေငါးလွှတ်ထားသလို ဖြစ်နေပါတော့တယ်။* မြင်မကောင်း ဂှုမကောင်း စကတ်တို ဘောင်းဘီတိုတွေနဲ့ လမ်းသလားနေတဲ့ မြင်ကွင်းတော့ မြင်ပါများလို့ ရိုးသလောက်ဖြစ်နေပါပြီ။

အရာရာကို ငွေနဲ့ ခြယ်လှယ်တဲ့ စနစ်ကြီး ဂှိနေသမျှတော့ လူတွေကို မရိုင်းအောင် လုပ်လို့ မရပါဘူး.။..ဒါပေမဲ့ ဒီအတိုင်းတော့ လက်ပိုက်ကြည့်နေလို့ မဖြစ်ပါဘူး… ကို့အနီးအနား ပတ်ဝန်းကျင်က လူတွေကြားမှာ စာနာစိတ်လေးဆိုတာ မမေ့မလျော့ ဂှိနေစေဖို့တော့ အခါခပ်သိမ်းပြောနေရမှာ ဖြစ်ပါတယ်။

12-5-2010 ထုတ် Weekly Eleven သတင်းစာမှာ ဆရာလူထု စိန်ဝင်း၏ ပြောပြီးရင်လဲ ထပ်ပြောနေရတာပဲ ဆောင်ပါးမှာ အကြိုက်ဆုံး စာကြောင်းလေးတွေဖြစ်ပါတယ်။ 

2 comments

  • MTY

    September 16, 2010 at 12:41 pm

    လောကနိယာမတရားပါ…ဘုရားတောင်မတတ်နိူင်ဘူး

  • kopauk mandalay

    November 11, 2010 at 3:27 pm

    မနေနိုင်ရင်ပြောသာပြော
    မောတာဘဲအဖတ်တင်မယ်။
    ဝတ်ချင်သလိုဝတ်သာဝတ်
    ခေတ်ပြီးရင် ရပ်သွားလိမ့်မယ်။

Leave a Reply