ရယ်ရယုံ (၅၁)

etoneOctober 12, 20101min1421
ချိုပေါက်ပြီ
စိတ်ရောဂါကု ဆရာဝန်ကို ကိုဘမောင် ပြောသည် ။
” ကျနော့် မိန်းမနဲ့ ပက်သက်ပြီး အကူအညီ လာတောင်းတာပါ ဆရာ ။ခုတလော
ကျနော့် မိန်းမရဲ့ ခေါင်းထဲမှာ အတွေးတစ်ခု စွဲနေတယ် ။ အဲဒါက ဘာလဲဆိုတော့
သူ.အဝတ်အစားကို
တစ်ယောက်ယောက်က ခိုးလိမ့်မယ်လို.ချည်း ထင်နေတယ် “
” ခင်ဗျားသေချာရဲ့လား “
” သေချာပါတယ် ဆရာ ။ သူ.ပစ္စည်းတွေ မပျောက်အောင် စောင့်ကြည့်ဖို.
လူတစ်ယောက်ကိုတောင် ငှားထားတယ် ။ မနေ.ညက အဲဒီလူကို အဝတ်အစား
ဗီရို ထဲမှာ ကျနော် တွေ.လိုက်ရတယ် ။”

**************************

အကျင့်ပါနေလို.

လင်မယားနှစ်ယောက်စလုံး နေ.စဉ် နေ.တိုင်း
နောက်မီးလင်းကြတယ်။ ယောက်ျားက

ည ည အကြောင်းပြပြီး အပြင်ထွက်တယ်။ မိန်းမကလည်း အိမ်မှာ ခိုးစားတယ် ။

ယောက်ျား အပြင်မထွက်ဖြစ်တဲ့ တစ်ညမှာ
လင်မယားနှစ်ယောက်စလုံး ဆုံကြပြီး

ကိုယ်လုပ်ခဲ့တဲ့အပြစ်တွေအတွက ်နေမထိ ထိုင်မသာ ဖြစ်နေကြတယ်။
နှစ်ဦးသားညအိပ်ရာဝင်ပြီး

မနက်မိုးလင်းခါနီးအရောက်မှာ မိန်းမဖြစ်သူက ရုတ်တရက်ထထိုင်ပြီးယောင်တယ်။

“ဒုက္ခပဲ.. ဒုက္ခပဲ… ကျွန်မယောက်ျားပြန်လာပြီ”

မိန်းမအော်သံလည်းကြားရော ယောက်ျားဖြစ်သူက သူ့အဝတ်အစားတွေ ကပျာကယာယူပြီး
ပြတင်းပေါက်ကနေ ထွက်ပြေးသွားခဲ့သည်။

**************************

ဒုက္ခိတ ကြက်

စားသောက်ဆိုင်တွင်ဖြစ်သည် ။

” ဟေ့.. ဘွိုင်  မင်းတို. ကြက်က ခြေထောက်တစ်ဖက်
တိုနေပါလားကွ  ဟေ..။”

“လူကြီးမင်း က တွဲကမှာလား ၊စားမှာလား ခင်ဗျာ…။”

One comment

  • blackchaw

    October 12, 2010 at 6:39 am

    “ဒုက္ခပဲ.. ဒုက္ခပဲ… ကျွန်မယောက်ျားပြန်လာပြီ”
    ရယ်ရတယ်ဟေ့ ဗျဲ။

Leave a Reply