လူ ့နှလုံးသားမှ အလှတရားများ

thura.ng2September 24, 20101min600

လူတွေတိုင်းမှာ အသက်ရှင်ကြီးပြင်းလာကြတဲ့ နေရာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ ့အရေးပါမှု၊ စောက်ရှောက်မှုဟာ အမှန်တကယ်ပဲလိုအပ်လှပါတယ်။ ပတ်ဝန်းကျင် ဆိုတဲ့နေရာမှာ ကိုယ့်ရဲ
့မိဘ ညီအစ်ကိုမောင်နှမတွေလည်းဖြစ်ရင်ဖြစ်မယ်၊ သူငယ်ချင်းတွေ ၊ ဆရာသမားတွေနဲ ့မိတ်ဆွေအပေါင်းအသင်းတွေလည်းပါဝင်ပါတယ်
။ ဒီလို ရေခံမြေခံကောင်းတဲ့ ပတ်ဝန်းကျင်မှာ ရပ်တည်ရှင်သန်ခဲ့ရတဲ့ လူပုဂ္ဂိုလ်တစ်ချို
့အကြောင်းများကို ရေးသားတင်ပြဖို ့ကျွန်တော်ဖတ်ခဲ့ဖူးတယ် အကြောင်းအရာတွေထဲက တစ်ချို
့ကို တင်ပြလိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဖတ်မိတဲ့သူငယ်ချင်းတွေလည်း ကိုယ်ရပ်တည် ရှင်သန်နေတဲ့
ပတ်ဝန်းကျင်မှာ မိမိကိုယ်တိုင်လည်း ကိုယ်နဲ ့ပတ်သတ်ဆက်နွယ်နေတဲ့ လူမှုဝန်းကျင်ကို ပြန်လည်
အထောက်အကူပြု မျှဝေပေးနိုင်တဲ့ သူတစ်ဦးအဖြစ် အတွေးအမြင်အသိတစ်ခုရှိနိုင်စေဖို ့ပါ။

အမှန်တရားကို မြတ်နိုးတတ်ပြီး အမှန်ပြောဖို ့ကို ဝန်မလေးတတ်တဲ့ သားအဖနှစ်ဦး ဇာတ်လမ်းလေးပါ။

တစ်ခါက အမေရိကန်နိုင်ငံမှာ ဂျော့ ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ကျောင်းစာသင်လိုက် အိမ်ခြံမြေအလုပ်တွေ ဝိုင်းကူလုပ်လိုက်နဲ ့သူ ့ရဲ ့အဖေနဲ ့အတူ ပျော်ရွှင်တဲ့
ဘဝတစ်ခုကို စတင်တည်ဆောက်နေပါတယ် ။သူဟာ လိမ်မပြောတတ်သလို သူ ့ရဲ ့ဘဝတစ်လျှောက်လုံးမှာလည်း
ရိုးသားပြီး အမှန်တရားကို မြတ်နိုးသူအဖြစ် ကျင့်ကြံနေထိုင်ခဲ့တဲ့ သူတစ်ယောက်ပေါ့ ။

တစ်နေ ့သူ ့ရဲ ့မွေးနေ ့မှာ အဖေဖြစ်သူက မွေးနေ ့လက်ဆောင်အဖြစ် ပုဆိန်အသေးလေးတစ်လက်ကို ပေးခဲ့ပါတယ်။

ဂျော့ဟာ အရမ်းပဲပျော်ရွှင်ခဲ့တယ် ။ ဒီလက်ဆောင်လေးရပြီး သူမကြာခဏ စဉ်းစာမိတာကတော့ ဘယ်သစ်ပင်ကို ဒီ ပုဆိန်နဲ ့ခုတ်ကြည့်ရင် ကောင်းမလဲ .. ဆိုတဲ
့အတွေးပေါ့ ။

ဒီလိုနဲ ့တစ်နေ ့ သူကျောင်းကပြန်ရောက်တဲ့အခါ ဥယျာဉ်ထဲက ချယ်ရီပင်လေးတစ်ပင်ကို ခုတ်ကြည့်ဖို ့ဆုံးဖြတ်ခဲ့တယ်။

ဒါပေမယ့် သူ ့မှာ အဲဒီအပင်ကို ခုတ်နိုင်လိုက်တဲ့ အင်အားမရှိပါဘူး။ ကလေးသာသာအရွယ်ခွန်အားနဲ ့သေးငယ်တဲ့ ပုဆိန်က သစ်ပင်ကိုလှဲနိုင်ဖို ့အင်အားမရှိပါဘူး
။သို ့ပေမယ့် သူဟာ ချယ်ရီပင်ရဲ ့ပင်စည်ပတ်ပတ်လည်မှာရှိတဲ့ အခေါက်အတော်များများကို ခွာယူခုတ်ထစ်နိုင်ခဲ့တယ်။

ဒီလိုနဲ ့ညနေခင်းအချိန်ရောက်တဲ့အခါ ဂျော့ရဲ ့အဖေဟာ ဥယျာဉ်ထဲမှာရှိတဲ့ သူ ့ရဲ ့သစ်ပင်ပန်းပင်တွေကို လာကြည့်တဲ့အခါ မကြာခင်က
ဂျော့ ခုတ်ထစ်ခဲ့တဲ့ ချယ်ရီပင်ကိုတွေ ့မြင်သွားပါတယ်။ သူဟာ ရုတ်တရက် စိတ်ဆိုးဒေါသထွက်သွားပြီး
တရားခံကို ရှာဖွေဖို ့ဆုံးဖြတ်လိုက်တယ်။ ဘာဖြစ်လို ့လည်းဆိုတော့ ဒီချယ်ရီပင်လေးဟာ သူ
အသေအချာ ဂရုတစိုက် ပျိုးထောင်စိုက်ပျိုးခဲ့တဲ့ အပင်ဖြစ်နေလို ့ပါပဲ ။

ချက်ချင်းဆိုသလိုပဲ သူ ့ရဲ ့သားကိုခေါ်မေးလိုက်ပါတယ်

“…… ဂျော့.. ဒီကိုခဏလာစမ်း ..”

ဂျော့ဟာ သူ ့အဖေခေါ်သံကြားလို ့အပြေးလာပြီး..

…ဘာဖြစ်လို ့လည်း..အဖေ.. လို ့မေးလိုက်ပါတယ် ။

“…ဒီမှာကြည့်စမ်း..လူရမ်းကားတစ်ချို ့ ငါတန်ဘိုးထား စိုက်ပျိုးခဲ့တဲ့ ..ချယ်ရီပင်ကို ဖျက်လိုဖျက်စီးလုပ်သွားတယ် ..အဲဒီဖျက်ဆီးတဲ့သူကို ငါ..မှတ်လောက်အောင် ရိုက်နှက်ဆုံးမပစ်လိုက်မယ်..ဒါမှ နောက်တစ်ခါ ဒီ ဥယျာဉ်ထဲကို လာမဖျက်ဆီးရဲတော့မှာ ..အဲဒီဖျက်ဆီးတဲ့လူကို မင်းသိလား.. ” လို ့အဖေလုပ်သူက ဒေါသတကြီးမေးတဲ့အခါ..

ဂျော့ ဟာ ခေါင်းငိုက်စိုက်ကျသွားခဲ့တယ် .သူဟာ အရမ်းပဲ ကြောက်ရွံ ့တုန်လှုပ်နေပါတယ်.။မျက်ရည်များကျလျက်ကနေ ဂျော့ ဟာ မဝံ့မရဲနဲ ့သူ ့အဖေကိုကြည့်ပြီးပြောလိုက်ပါတယ် ။

“…ကျွန်တော် လိမ်မပြောပါဘူး အဖေ.. အဖေလက်ဆောင်ပေးခဲ့တဲ့ ပုဆိန်နဲ ့ ကျွန်တော်ကိုယ်တိုင် အဲဒီချယ်ရီပင်ကို ခုတ်ခဲ့တာပါ ..”

ပြောပြီးပြီးချင်းပဲ ဂျော့ဟာ စိုးရိမ်တုန်လှုပ်စွာနဲ ့သူ ့အဖေရိုက်မှာကို စောင့်နေခဲ့တယ် ။ အတန်ငယ်တိတ်ဆိတ်နေခဲ့ပြီးမှ သူ ့အဖေဟာ သူ ့ရဲ ့လက်မောင်းကို ညင်သာစွာပဲ ဆုပ်ကိုင်လိုက်ပါတယ် ။ပြီးတော့ သူ ့အတွက် တစ်သက်တာ မှတ်သားသွားရစေမယ့် နှလုံးသားကအလှတရားနဲ ့ယှဉ်တဲ့စကားကိုပြောခဲ့တယ်။

ငါ့သား .. သားအဖေ့ကို ခုလိုအမှန်အတိုင်း ပြောပြတဲ့အတွက် အဖေအရမ်းဝမ်းသာတယ် ..ဥယျာဉ်ထဲက အပင်တွေ အားလုံး ဆုံးရှုံးသွားပါစေ …ငါ့သားဆီကလိမ်ပြောမယ့် စကားကို မကြားရတာဟာ အဖေ့အတွက် ပိုပြီး တန်ဘိုး ရှိပါတယ် …. တဲ့ ။

အဲဒီ ဂျော့ ဆိုတဲ့ လူငယ်လေးဟာ တစ်ခြားတော့မဟုတ်ပါဘူး…နောင်တစ်ချိန်မှာ အမေရိကရဲ ့ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားလာမယ့် ဂျော့ဝါရှင်တန် ဆိုတဲ့ အမေရိကန် သမ္မတကြီးဖြစ်လာမယ့် လူငယ်လေးပါပဲ ။

နောက်သာဓကလေးတစ်ခုတင်ပြပါဦးမယ် ။

နှလုံသားက ချစ်ခြင်းမေတ္တာဟာ ကျွန်တော့်တို ့လူမှုပတ်ဝန်းကျင်ကို တစ်နည်းတစ်ဖုံအကျိုးပြုနေတယ်ဆိုတာလေး မျှဝေပေးချင်ပါတယ်။

တစ်ခါကအမေရိက တက္ကသိုလ်တစ်ခုမှာ လူမှုရေးဗေဒနဲ ့ပတ်သတ်ပြီး ပါမောက္ခတစ်ဦးဟာ လေ့လာဆန်းစစ်မှု တစ်ခု လုပ်နေ ပါတယ် ။ သူဟာ သူ ့ရဲ ့တပည့်ကျောင်းသားတွေကို ပျံကျရပ်ကွက်တစ်ခုထဲကိုဆင်းပြီးလူငယ်၂၀ဝ ခန် ့ရဲ ့ဘဝဖြစ်ရပ်တစ်ချို ့ကို မှတ်တမ်းတင်စေပြီး လေ့လာမှုပြုလုပ်စေခဲ့တယ်။ နောက်ပြီး အဲဒီ လူငယ်ကလေးတွေကို တစ်ဦးချင်းစီရဲ ့အနာဂတ်ကိုလည်း ခန် ့မှန်းသုံးသပ်ဝေဖန်ပေးဖိုကိုပါ တာဝန်ပေးခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသားတွေဟာ သူတို ့လေ့လာကြတဲ့ ကလေးများရဲ ့အနာဂတ်နဲ ့ပတ်သတ်ပြီး အများဆုံး သုံးသပ်ချက် ပေးကြတာကတော့ ..သူ ့မှာ အနာဂတ်အတွက် မျှော်လင့်စရာအခွင့်အလမ်းမရှိ..ဆိုတာတွေပဲ ကလေးများအပေါ်မှာ ဝေဖန် မှတ်တမ်းရေးခဲ့ကြပါတယ် ။

ဒီလိုနဲ ့အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး ၂၅ နှစ်ခန် ့ကြာတဲ့အခါ အခြားပါမောက္ခတစ်ဦးက ယခင်က လေ့လာမှုပြုခဲ့တဲ့ အထက်ပါဖြစ်ရပ် မှတ်တမ်းကိုတွေ ့ပြီး အဲဒီအချိန်ကလေ့လာခဲ့တဲ့ ကလေးတွေ ခုချိန်မှာ ဘယ်လိုအခြေအနေတွေ ဖြစ်နေပြီလဲ..ပြီးတော့ အရင်က တက္ကသိုလ်ကျောင်းသားတွေသုံးသပ်ခဲ့သလို ကလေးတွေဟာ အနာဂတ်အတွက် အားကိုမျှော်လင့်စရာမရှိတဲ့ အခြေအနေများ ဖြစ်နေပြီလား…ယခင်က တက္ကသိုလ်ကျောင်းသားများရဲ ့သုံးသပ်ယူဆချက် မှန်သလား မှားသလားဆိုတာကို သူဟာ သိချင်နေပါတယ် ။

ဒါကြောင့်သူဟာ သူ ့ရဲ ့တပည့်ကျောင်းသားများကို မှတ်တမ်းကိုပြသပြီး အရင်ကလေ့လာမှုပြုခဲ့တဲ့ ကလေးတွေကို တတ်နိုင်သလောက် ပြန်လည်ကွင်းဆင်းလေ့လာခိုင်းပါတယ် ။၂၀ဝ အနက် ၂ဝ ခန် ့ဟာ အခြားအရပ်တစ်ပါးသို ့ပြောင်းရွှေ ့နေထိုင်မှု၊ အချို ့မှာလည်းကွယ်လွန်ဆုံးပါးသွားမှုတွေကြောင့် မသိရတော့ပါဘူး။ကျန်တဲ့ ၁၈ဝ ခန့် အနက်က ၁၇၆ ဦးဟာ သာမာန်ထက် အဆင့်မြင့်မားတဲ့ ဘဝနေရာတွေမှာ အောင်မြင်မှုရနေကြတဲ့ ပညာရှင်များ ၊ စီးပွားရေး လုပ်ငန်းရှင်များ စသဖြင့် ရပ်တည်နေကြတာ တွေ ့ရှိကြရပါတယ် ။ ဒီလိုတွေ ့ရှိချက်ကို ပါမောက္ခဟာ အလွန်အံ့ဩောသွားပါတယ်။ ဒါဟာ ဘာကြောင့် ဘယ်လိုဖြစ်လာတယ်ဆိုတာ သူမတွေးတတ်ပါဘူး ။ ဘာလို ့လည်းဆိုတော့ ယခင်လေ့လာမှုပြုခဲ့တဲ့မှတ်တမ်းဆုံးဖြတ်ချက်များနဲ ရာခိုင်နှုန်း တော်တော်များများဟာ ပြောင်းပြန်ဖြစ်နေတာကို တွေ ့ရလို ့ပါပဲ ။ ဒီလိုနဲသူဟာ ဒီဖြစ်ရပ်ကို စိတ်ဝင်စားသွားပြီး ဆက်လက် လေ့လာဖို ့ဆုံးဖြတ်လိုက်ပါတယ် ။ ပါမောက္ခဟာအထက်ပါလူများနဲ ့လက်လှမ်းမှီသလောက်ဒေသနေရာများကို သွားတွေ ့ဆုံပြီး တစ်ယောက်ချင်းစီနဲ ့တွေ ့ဆုံစကားပြောနိုင်ခဲ့ပါတယ် ။တွေ ့ဆုံတိုင်းမှာ သူမေးတဲ့မေးခွန်းကတော့ ..

“ခင်ဗျားရဲ ့အောင်မြင်နေမှုဟာ ဘာကြောင့်လို ့ ယူဆပါသလဲ “… ဆိုတဲ့မေးခွန်းပါပဲ

သူအဲလိုမေးတိုင်းမေးတိုင်း သူတို ့ပြန်ဖြေကြတဲ့အထဲမှာ တူညီတဲ့ ခံစားမှုတစ်ခုနဲ ့အတူ အဖြေတစ်ခုကို တွေ ့လိုက်ရပါတယ် ။ သူတို ့ဖြေကြတဲ့အထဲမှာ အများဆုံးပါဝင်နေတဲ့စကားကတော့
…”.ဆရာမတစ်ယောက်ရှိခဲ့ပါတယ်.”.တဲ့

အဲဒီ ဆရာမဟာ ခုထိ သက်ရှိထင်ရှားရှိနေဆဲပါပဲ။ ဒါကြောင့် ပါမောက္ခဟာ အဲဒီဆရာမကို ဆက်လက်ရှာဖွေပြီး တွေ ့ဆုံခဲ့ပါတယ် ။ အသက်ကြီးနေပေမယ့် ကျန်းမာဖျတ်လတ်မှုရှိနေတဲ့ အမျိုးသမီးကြီးကို တွေ ့တဲ့အခါ ဒီအမျိုးသမီးကြီးဟာ ပျံကျ လူငယ်လေးတွေကို ခုလိုအောင်မြင်တဲ့ဘဝမျိုးတွေထိရောက်အောင် ဘယ်လိုများ ကူညီစွမ်းဆောင်ပေးခဲ့ပါလိမ့်..ဆိုတဲ့အတွေးကို ပါမောက္ခကြီးဟာ စဉ်းစားနေပါတယ်။
ဒါနဲ ့သူဟာ ထိုဆရာမကြီးကို မေးလိုက်တဲ့အခါ..ဆရာမကြီးရဲ ့မျက်ဝန်းတွေဟာ
အရောင်တောက်ပလာပါတယ် ။ အတိတ်တစ်နေရာကို ပြန်လည်မျှော်မှန်းပြီး ကြည်နူးဝမ်းသာနေတဲ့ မျက်နှာမှာ အပြုံးတစ်ချက်ပွင့်လာပါတယ် ။ ပြီးတော့ သူမဟာ ဖြည်းညှင်းညင်သာစွာပဲ ပါမောက္ခကြီးကိုပြောလိုက်ပါတယ်

… “တကယ်တော့ ရိုးရိုးလေးပါပဲရှင် အဲဒီကလေးငယ်လေးတွေ အားလုံးကို ကျွန်မ သိပ်ချစ်ပါတယ် “……….တဲ့ ။

တတိယဖော်ပြချင်တဲ့ အကြောင်းအရာကတော့ သိပ္ပံပညာရှင် အက်ဒီဆင်နဲ ့ပတ်သတ်တဲ့ အကြောင်းလေးပါ။

………အများသိကြတဲ့အတိုင်း သူဟာတီတွင်မှုပေါင်းများစွာ ၊ စမ်းသပ်မှုပေါင်းများစွာ လုပ်ခဲ့ပြီးမှ နောက်ဆုံးမှာ ယနေ ့ထိ

ကမ ္ဘာသူ ကမ ္ဘာသားတို ့သုံးနေတဲ့ လျှပ်စစ်မီးကို ဖန်တီးနိုင်ခဲ့တဲ့သူပေါ့ ။ အက်ဒီဆင်ဟာ ငယ်စဉ်က အတန်းပညာလည်း ဟုတ်တိပတ်တိ သင်ခဲ့ရသူမဟုတ်ပါဘူးညံ့ဖျင်းလွန်းတဲ့အတွက် ဆရာမကတောင် အိမ်ကို ပြန်ပြန်ပို ့ရတဲ့သူပါ။ဒါပေမယ့်သူ ့မှာ
ငယ်စဉ်ကတည်းက ရှိခဲ့တဲ့ စိတ်ကူးအတွေးခေါ်ကောင်းတစ်ချို ့ရှိခဲ့ပါတယ်။ အဲဒါတွေကတော့ သူဟာ တစ်ဘက်သားကို စာနာသနားတတ်တယ် ။ထောက်ထားညှာတာပြီး မေတ္တာစိတ်ရှိတတ်တဲ့သူတစ်ဦးပါ ။ အားရင်အားသလိုသူဝါသနာပါတဲ့ တီထွင် ဆန်းသပ်မှုတွေကို ပြုလုပ်ရင်း သူ ့ဘဝရဲ ့အချိန်တော်တော်များများကိုကုန်လွန်စေခဲ့ပါတယ် ။

ဒီလိုနဲ ့ အထက်ကဖော်ပြခဲ့သလို တစ်နေ ့မှာ သူဟာ လျှပ်စီးမီးလုံးကို စတင်စမ်းသပ်အောင်မြင်သွားပါတယ် ။
ဒီလိုနဲ ့ ကြော်ညာဆိုင်းဘုတ်တစ်ခု ပေါ်လာပါတယ် ။

မိုးရွာလျှင်လည်းမငြိမ်း လေတိုက်လျှင်လည်း မငြိမ်းသော မီးသီးကို အက်ဒီဆင် ပြသမည် ။

ဒီလိုနဲ ့အက်ဒီဆင်ရဲ ့စမ်းသပ်အောင်မြင်မှုကို လက်တွေ ့ပြသမယ့်နေ
့ကိုရောက်လာပါတယ်။ သူ ့ခေတ် သူ ့အခါက သတင်းသမားတစ်ချို ့နဲ ့အက်ဒီဆင်ရဲ ့တီထွင်စမ်းသပ်မှုတွေကို စိတ်ပါဝင်စားသူအတော်များများဟာ အခန်းကျယ်ကြီးတစ်ခုအတွင်းမှာ စိတ်လှုပ်ရှားစွာနဲ ့ ပြသမယ့်အချိန်ကို စောင့်မျှော်နေကြပါတယ် ။

အချိန်ကျတဲ့အခါ အက်ဒီဆင်က သူ ့ရဲ ့ ဂျော်နီ ဆိုတဲ့ တပည့်လေးကို လူအများရှေ ့မှာ ပြသဖို ့မီးသီးကို ယူလာခိုင်းလိုက်ပါတယ် ။ ဂျော်နီဟာ လူပရိတ်သတ်အရှိန်ကြောင့်လား
ကိုယ်တိုင်ကပဲ စိတ်လှုပ်ရှားနေလို ့လားမသိပါဘူး ..

သူဟာ အက်ဒီဆင်နားကို မရောက်ခင်မှာပဲ ခလုတ်တိုက်လဲကျပြီး လက်ထဲက မီးသီးဟာလည်း တစ်စစီ ကွဲကြေသွားပါတော့တယ် ။ လူတွေရဲ ့အံ့ဩတဲ့ အာမေဋိတ်အသံတွေနဲ ့ဂျော်နီရဲ ့ဖြစ်ရပ်ကို အပြစ်တင်တဲ့ အသံတွေဟာ ခဏချင်းပဲ အခန်းထဲမှာ ဖုံးလွှမ်းသွားပါတယ် ။ ဂျော်နီဟာလည်း ရှက်ရွံ ့ဝမ်းနည်းစွာနဲ ့ ခေါင်းငိုက်စိုက်ဖြစ်လို ့ပေါ့ ။

ဒါပေမယ့် အခြေအနေတွေ အားလုံးကို အက်ဒီဆင်က ထိန်းလိုက်ပါတယ် ။ သူဟာ ဧည့်သည်များဘက်ကိုလှည့်ပြီးပြောလိုက်တယ်

..မိတ်ဆွေများ ခင်ဗျား ဒီနေ ့အတွက် အစီအစဉ်ပျက်သွားရတဲ့အတွက် ကျွန်တော်လည်း စိတ်မကောင်းပါဘူး ။ ဒါပေမယ့် ဒါဟာ ပြန်လုပ်လို ့မရတဲ့ ကိစ္စမှ မဟုတ်တာပဲ နောက် တစ်လပြည့်တဲ့နေ ့မှာပြန်လာခဲ့ကြပါ ။ ကျွန်တော် မိတ်ဆွေတို ့ကို ကျွန်တော် နောက်မီးသီးတစ်လုံးထပ်မံပြုလုပ်ပြီးပြန်လည်ပြသပါ့မယ် .. လို ့ ပြောလိုက်ပါတယ် ။

ဒီလိုနဲ ့သူပြောခဲ့တဲ့အတိုင်း တစ်လတင်းတင်းပြည့်တဲ့နေ ့မှာ သူ ့ရဲ ့တီထွင်အောင်မြင်မှုကို လာရောက်ကြည့်ရှုကြတဲ့ လူတွေဟာ အရင်ကထက်တောင် ပိုများလာပါတယ်

ဒီလို နဲ့ ပြသမယ့်အချိန်ကိုရောက်လာတဲ့ အခါ အက်ဒီဆင်ဟာ သူ ့ရဲ ့တပည့်လေး ဂျော်နီကို အရင်တခါကလိုပဲ မီးသီးကို ယူဆောင်လာခဲ့ဖို ့ ပြောလိုက်ပါတယ် ။
ဂျော်နီဟာလည်း အရင်လက သူ ့ကြောင့်ပျက်ခဲ့ရတဲ့ ပွဲကို ပြန်သတိရပြီး စိတ်လှုပ်ရှားစွာနဲ မီးသီးကို သယ်ဆောင်လာပါတယ် ။ အဲဒီအချိန်မှာ လူတွေရဲ ့စိတ်ထဲမှာ စိုးရိမ်လျက်ရှိနေကြတယ်။ ဒါပေမယ့် ဘာမှထပ်မဖြစ်တော့ပါဘူး ။ ဂျော်နီဟာ မီးသီးကို အက်ဒီဆင်ကိုပေးလိုက်ပြီး လူသမိုင်းကို တစ်မျိုးတစ်ဖုံပြောင်းလဲသွားစေမယ့် လျှပ်စစ်မီးကို အက်ဒီဆင်ဟာ ဖွင့်ပြလိုက်ပါတယ်

ဒီလိုနဲ ့ဒီပြသတဲ့ အခမ်းအနားပြီးတဲ့အခါ သတင်းစာ ဆရာတစ်ချို
့နဲ ့အခြားမေးမြန်းဆွေးနွေးလိုသူတစ်ချို ့ဟာ အက်ဒီဆင်နဲ ့စကားစမြည်ပြောဖို ့ကျန်ရှိနေကြပါတယ်

အဲဒီမှာ မေးမြန်းသူတစ်ဦးက အက်ဒီဆင်ကို မေးခွန်းတစ်ခုမေးပါတယ် ။

အဲဒီမေးခွန်းကတော့ ….အရင်လက ခင်ဗျားဟာ ဂျော်နီ ဆိုတဲ့ နမော်နမဲ့ တပည့်ကောင်လေးကြောင့် မျက်နှာပျက်အရှက်ရခဲ့တာမဟုတ်လား ။ ဒီနေ ့မှာ ခင်ဗျားသူ ့ကို ပြန်ပြီး အရင်လိုပဲ ပြန်လည်လုပ်ဆောင်ခိုင်းတဲ့အတွက် အံ့ဩ
မိလို ့ပါ .. ကျွန်တော်သာဆို သူ ့နေရာမှာ အခြားတစ်ယောက်ယောက်ကို အစားထိုးမိမှာပါပဲ..တဲ့ ။

ဒီမေးခွန်းဟာ သာမာန်အားဖြင့်တော့ ထူးခြားမှုမရှိပေမယ့် လေးနက်တဲ့အဖြေကို အက်ဒီဆင်က ပြောသွားပါတယ် ။

” .ကျွန်တော်နဲ ့တပည့်လေး ဂျော်နီတို ့အတူအလုပ်လုပ်ဆောင်ခဲ့တာကြာပါပြီ ..လူဆိုတာ တခါတလေ မရည်ရွယ်ပဲ အမှားပြုလုပ်မိတတ်ကြပါတယ်…ဒါကို ကျွန်တော်အပြစ်မတင်မိပါဘူး..တကယ်လို ့သူ ့ကို အလုပ်မှာပေါ့လျော့တဲ့အတွက် ကျွန်တော်အလုပ်ထုတ်ပစ်မယ်ဆိုရင် ထုတ်ပစ်နိုင်ပါတယ..ဒါပေမယ့် ထုတ်ပစ်လိုက်ရင် သူ စိတ်ထိခိုက်ခံစားသွားရမှာပါ..

ကျွန်တော် တီထွင်အောင်မြင်တဲ့ လျှပ်စစ်မီးသီးက ကွဲသွားရင် ပြန်လည် အစားထိုးလို ့ရပါတယ် .

လူ ့နှလုံးသားတစ်ခု ကွဲကြေသွားတဲ့အခါ ပြန်လည် ပြုပြင်အစားထိုးပေးဖို ့ခက်ခဲတယ်လေ .”

သူငယ်ချင်းတွေအားလုံးလည်း လှပတဲ့နှလုံးသားကို ပိုင်ဆိုင်တဲ့သူများ ဖြစ်ကြပါစေ …

ကမ္ဘာသစ်