Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျော်ခွနိုင်သော Firefox add on အချို ့

ဂ်စ္စူSeptember 26, 20106min4969

ကျနော်တို ့ဆီမှာ Blogger,Ning,Youtube စတဲ့ဆိုဒ်လေးတွေ ကြည့်ခွင်မရှိပါ။ကြည့်ချင်သပဆို ကျော်ခွမှပင် ရပါသည်။ကိုယ်ပိုင်ကွန်ပျူတာနှင့်ဆို ကျော်ခွရတာ ပြဿနာမရှိပါဘူး။
လိုရင် လိုသလို Proxy တွေ ချိန်းပြီး ကျော်မယ်၊သို ့မဟုတ် ကျော်လို ့ရတဲ့ ဆော့ဖ်ဝဲတွေဖြစ်တဲ့ Ultrasurf, Freegate, Your freedom စတဲ့ ပရိုဂရမ်တွေ သွင်းပြီး အဆင်ပြေသလိုကျော်ခွ နိုင်ကြပါတယ်။ဒါပေမဲ့ အင်တာနက်ဆိုင်တွေမှာ သွားသုံးကြရတဲ့ ကျနော်တို ့လိုလူတွေကြတော့ အဆင်မပြေတော့ပါ။
ပြောနေကြတဲ့ Saudi proxy တွေလဲ ချိန်းချင်တိုင်း ချိန်းလို ့မရ။(ဆာဗာမှ ခွင်ပြုမထားရင်)
ကျော်လို ့ရတဲ့ Program တွေလဲ တင်ပေးမထားဘူးဆိုရင် ကိုယ်စိတ်ဝင်စားတဲ့ ဆိုဒ်လေးတွေ ဝင်ကြည့်ဖို ့ အဆင်မပြေတော့ပါဘူး။
တစ်ခါတလေ ဖိုရမ်တွေမှာ ဖော်ပြပေးတဲ့ vtunnel,polysolve စတာတွေကလဲ Denied တွေဖြစ်။
အဲဒီအခါ စိတ် ကသိကအောက်ဖြစ်ရပါတယ်ဗျာ။ဒါကြောင့် ကျနော်ကဲ့သို ့သော Cyber User များ အဆင်ပြေအောင်  ကျနော်မှတ်မိတဲ့ Firefox Add on လေးတွေနဲ ့မိတ်ဆက်ပေးလိုက်ပါတယ်။
သိပြီးသားတွေဖြစ်ပေမဲ့ ဒီ Firefox Add on လေးတွေကို စုစည်းပြီးဖော်ပြထားတာ မတွေ ့မိသေးတာနဲ ့  cyber user များအဆင်ပြေအောင် အခုလိုဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။

သုံးရတာလဲ အင်မတန်လွယ်ပါတယ်။ အဲ့ဒါကတော့ Firefox မှာ Add-on ထည့်ပြီးသုံးတာပါ။
Add on များကို တစ်ခု အဆင်မပြေပါက နောက်တစ်ခု သွင်း၍ သုံးနိုင်ပါတယ်။

အရင်ဆုံး တစ်ခုကတော့  tor-proxy add on ဖြစ်ပါတယ်။သူ ့ကို  Install လုပ်ဖို ့အတွက်
Mozilla Firefox > Tools > Add-ons > Get Add-ons ကိုသွားပါ>  search box  မှာ  tor-proxy ဆိုပြီးရိုက်ပါ
ပြီးရင်ပေါ်လာတဲ့ tor-proxy toolbar ဆိုတာကို install လုပ်ပါ။ Install လုပ်ပြီးပါက firefox ကို restart လုပ်ပေးပါ။ ဒါဆို အောက်က ပုံအတိုင်း toolbar တစ်ခုပေါ်လာမယ် (မျက်လုံးပုံလေးနဲ့)။ မျက်လုံးလေးဘေးမှာ ကိုယ်သွားချင်တဲ့ site URL ကို ရိုက်ပြီး သွားရပါတယ်။
အဆင်မပြေပါက Google>search box မှာ tor-proxy add on ဆိုပြီးရှာနိုင်ပါတယ်။

နောက်တစ်ခုကတော့ Phzilla Add on ဖြစ်ပါတယ်
သူ ့ကိုလည်း အခြား Add on တွေ Install လုပ်နည်းအတိုင်းပါပဲ
Firefox>Tools>Add on>Get Add on ကိုသွား
ပြီးတော့ Search အကွက်ထဲမှာ Phzilla ဆိုပြီးရှာလိုက်ယုံပါပဲ။ဒါဆို အောက်မှာ Install လုပ်ခိုင်းပါမယ်။
Install လုပ်ပြီးရင်တော့ Firefox ကို Restart လုပ်ရပါမယ်။
ပြီးရင် ကြည့်ချင်တဲ့ ဝဘ်ဆိုဒ် လိပ်စာကို ရိုက်ပြီးသွားကြည့်ပါ။

(အဆင်မပြေပါက Google>Search box မှာ phzilla add on ဆိုပြီးရှာပါ)
Access denied ဖြစ်တဲ့အခါ ဒီအောက်ကပုံထဲကအတိုင်း (P) ပုံစံ လေးကို နှိပ်လိုက်ပါ။
untitled.bmp
ဒါဆို သူ ့အလိုလိုကျော်သွားပါလိမ့်မယ်။

နောက်တစ်ခုကတော့ Myanmar it development tool bar ဖြစ်ပါတယ်။ Ning websites များကိုကျော်ဖို ့အတွက် Mitd မှ Sharing လုပ်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ Ning တွင်မက တခြား ဆိုဒ်များကိုပါ ကျော်လို ့ရတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။
ဒါကိုတော့ တော်တော်များများ သိပြီးလဲဖြစ်ပါလိမ့်မယ်။သို ့သော်
မသိသေးသူတွေအတွက် ရည်ရွယ်၍ ထပ်ပြောပြလိုက်ပါ့မယ်။
ဒီအောက်က အဆင့်အတိုင်း လိုက်လုပ်လိုက်ယုံပါပဲ။

အောက်က လုပ်ထားတဲ့ပုံစံကို ကြည့်ပေးပါ။
ဒါက သာမန်ဝင်တဲ့အခါ Block or denied လုပ်တဲ့ပုံဖြစ်ပါတယ်။

ပိတ်ထားတာတွေကျော်ဖို ့အတွက်  ဒီအောက်က စာသားများကို တွေကို copy ကူးပြီးတော့ adress bar မှာ paste  လုပြီး Enter နှိပ်ပါ။

http://ff.conduit-download.com/37/254/CT2540937/Downloads/Firefox/Releases/2.5.8.6/10-03-16-11.19.17.758/myanmar_it_development.xpi

ပြီးရင် ညာဘက်ထောင့်မှာ Mozilla plagin Allow ဆိုတဲ့ အဝါရောင်စာ ပေါ်လာ ရင် Allow လုပ်ပေးပါ။
အောက်က ပုံလေး ပေါ်လာပါလိမ့်မယ်။

Install ကိုရွေးပါ ။ 5 second မှာ install လုပ်လိုက်မယ်ဆိုရင်
အောက် က ပုံပေါ်လာပါလိ့မ်မယ် ။

အောက်က ပုံမှာ ပေါ်နေတဲ့ အဝါရောင် မှာ Restart ဆိုတဲ့နေရာကို
နိပ်ပါ။

Firefox လေးပိတ်သွားပြီး ခဏကြာရင်တော့ အောက်က toolbar လေးက သင့်
mozilla မှာ ပေါ်လာပါလိမ်မယ်။

အခုလိုပေါ်လာ တဲ့ mozilla firefox mmit development toolbar လေးမှာ အိုင်ပီချိန်းရန် ဆိုဒါလေးပါပါတယ်
။ညာဘက်ထောင့်မှာပါ။

အဲဒီမှာ ကျော်ပေးနိုင်တဲ့  proxy 1 to proxy 14 ပါပါတယ် ။
ကြိုက်တဲ့ တစ်ခု ကိုရွေးချယ်ပါ။ ရွေးချယ်ပြီးရင် အောက်မှာ ကိုယ်သွားချင်တဲ့ဝက်ဆိုဒ်လိပ်စာ ဖြည့်ဖို ့ အကွက်တစ်ခုပေါ်လာပါလိမ့်မယ်။
untidtled.bmp
ထိုအကွက်မှာ Web address ဖြည့်၍  ကြိုက်ရာ ဝဘ်ဆိုဒ်ကို ကြည့်နိုင်ပါပြီ။

အားလုံးသော Cyber User များ အတွက် နောက်ထပ် ကျော်ခွနည်းများ တွေ ့ရှိပါက

ထပ်မံပေါင်းဖြည့်ပေးသွားပါ့မည်။

9 comments

  • သူရဇော်

    November 11, 2010 at 9:40 am

    အခုလို လေးတွေ ရေးပြီးတင်တာဟာ ကောင်းပါတယ် …… ကျေးဇူးလည်း အများ ကြီးတင်ပါတယ်

  • ဆူး

    November 11, 2010 at 10:13 am

    ကြိုးစားကြည့်လိုက်အုန်းမယ်.. အရင် ph proxy ကတော့ သွားပြီ မရတော့ဘူး.. ရရင် ရကြောင်း အကြောင်းပြန်မယ်

  • ဆူး

    November 11, 2010 at 10:55 am

    စာကတော့ ရှင်းပေမဲ့ လုပ်ရတာ ပြောသလို လုပ်ပေမဲ့ ပြောထားတဲ့ ပုံစံ ဖြစ်မလာဘူး.. အကုန် ရှာပြီး install လုပ်ပြီးပြီ

  • PaukPhaw

    November 11, 2010 at 12:49 pm

    Phzilla Add on က အလုပ်မလုပ်တော့ဘူးခင်ဗျ.ဒါပေမဲ့ပြန်တော့ မဖြုတ်လိုက်ပါနဲ ့ဦး.တစ်ခါတလေတော့ ပြန်ကောင်းတတ်လို ့ပါTor-Proxy ရယ် mmitd tool bar ရယ်တော့ ဂွတ်သေးတယ်Install မလုပ်ချင်ရင်တော့ ဒီလင့်ခ်လေးတွေ ကူးထားသင့်ပါတယ်အေက်မှာ……….။ထပ်ဘန်းခံရမှာဆိုးလို ့ ပေါ်တင် မတင်ပေးထားတာနော့်..။အနော်လဲ ဒါလေးတွေနဲ ့လုပ်စားနေရလို ့ပါ။kyawkyaw.txt

  • ငပေါက်ဖော်

    December 26, 2011 at 7:37 pm

    ဒါကော အလုပ်လုပ်သေးလား မသိ
    🙄

  • windtalker

    December 26, 2011 at 8:27 pm

    ကောင်းလိုက်တဲ့ ဟက်ကား ဆိုလားကိုကိုရေ
    ဗဲလရီးဂွတ်ဟ
    ရှဲရှဲပါနော

  • ငပေါက်ဖော်

    December 26, 2011 at 8:33 pm

    ဟက်ကားတော့ အားမရဘူး..ဖူးကားပဲ အားရသကွဲ ့ မောင်မင်းရဲ့

Leave a Reply