သူတို့ရေးတဲ့ ဟာသများ(၃)
အသက်အရွယ် ခပ်လတ်လတ် လယ်သမား အမျိုးသားတစ်ယောက်က ရုပ်ရှင်ကြည့်ဖို့ဆိုပြီး မြို့ကို တက်သွားပါတယ်။ ရုပ်ရှင်ရုံတွင် လက်မှတ်စောင့် အမျိုးသမီးက ပြောပါတယ်။
“ဆာ၊ ရှင့် ပခုံးပေါ်က ဘာများလဲ”
လယ်သမားက ပြန်ပြောပါတယ်။
“ဒါက ငါ့ရဲ့ အိမ်မွေး ကြက်ကလေးပါ။ ငါ ဘယ်သွားသွား သူကိုလည်း ခေါ်သွားတယ်”
အဲဒီအခါ လက်မှတ်စောင့် အမျိုးသမီးက ပြောပါတယ်။
“ဆာ၊ ဝမ်းနည်းပါတယ်။ ကျွန်မတို့က ရုပ်ရှင်ရုံထဲကို ဘယ်အိမ်မွေး တိရစ ္ဆာန်ကိုမှ ခေါ်ဆောင်ခွင့် မပေးပါဘူး။ အိမ်မွေးကြက်ကို လည်း လက်မခံပါဘူး။”
လယ်သမားက ထောင့်တစ်နေရာကို သွားပြီး ကြက်ကို သူ့ဘောင်းဘီ သိပ်အိတ်ထဲ ထည့်လိုက်ပါတယ်။ သူက လက်မှတ်အရောင်းခန်းကို သွားပြီး လက်မှတ်တစ်စောင်ဝယ်ပါတယ်။ ပြီးတော့ ရုပ်ရှင်ရုံထဲကို ဝင်သွားပါတယ်။ သူက Mildred နဲ့ Marge ဆိုတဲ့ အသက် ခပ်လတ်လတ် အရေးပေါ်အခန်း သူနာပြုအမျိုးသမီး နှစ်ယောက်ဘေးတွင် ထိုင်လိုက်ပါတယ်။
ရုပ်ရှင် စပြတဲ့ အချိန်တွင် သူ့ကြက်က စပြီး အသံပေးလာပါတယ်။ လယ်သမားက သူ့ဘောင်းဘီကို ဇစ်ဖွင့်လိုက်တဲ့ အခါ သူ့ကြက်က ဘောင်းဘီထဲကနေ ခေါင်းထောင်လာပြီး ရုပ်ရှင် ကြည့်ပါတယ်။
“Marge ရေ..” လို့ Mildred က တိုးတိုးလေး ခေါ်ပါတယ်။
Marge – ဘာလဲ
Mildred – ငါတို့ဘေးက ထိုင်နေတဲ့ လူက သူများနဲ့ မတူဘူးလို့ ထင်တယ်။
Marge – ဘာလို့ ညည်းက ထင်ရတာလဲ။
Mildred – သူက သူ့ဘောင်းဘီကို ဇစ်ဖွင့်လိုက်ပြီး သူ့ဟာကြီးကို အပြင်ထုတ်ထားတယ်။
Marge – ညည်းကလည်း။ အဲဒါနဲ့ ပက်သက်ပြီး စိုးရိမ်မနေပါနဲ့။ ငါတို့အသက်အရွယ်အရဆိုရင် အရင်က ငါတို့ မမြင်ဘူးတဲ့ အရာဆိုတာ မရှိလောက်တော့ပါဘူး။
Mildred – ဟုတ်ပါတယ်။ ဒါပေမယ့် ဒီလူ့ဟာကြီးက ငါ့ရဲ့ ပေါက်ပေါက်ဆုပ်တွေကို စားနေလို့ပါ။