သူတို့ရေးတဲ့ ဟာသများ(၄)
မစ္စတာ ရောဘင်ဆန်က သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် မစ္စစ် ရောဘင်ဆန်က သူတို့ရဲ့ အိမ်ငယ်လေး ထဲမှာ တစ်ယောက်တည်းသာ နေထိုင်ခဲ့ပါတယ်။ သူမက အသက်အရွယ် အလွန်ကို အိုမင်းနေပါပြီ။
သူမရဲ့ သားဖြစ်သူ ဂျွန်က တခြားလမ်းတွင် သူဇနီး၊ ကလေးနဲ့ အတူ နေပါတယ်။ သူက သူ့မိခင်ကို မကြာခဏ ပြောပါတယ်။
“အမေ၊ ကျွန်တော့်တို့နဲ့ အတူ လာနေလှည့်ပါ။”
ဒါပေမယ့် သူမက အမြဲတမ်း အဖြေပေးခဲ့ပါတယ်။
“ဟင့်အင်း၊ ငါက ငါ့အိမ်ငယ်လေးမှာပဲ နေရတာ ပျော်တယ်။ ငါ အဲဒီအိမ်လေးကို မခွဲနိုင်ဘူး။”
တစ်နေ့ နံနက်ခင်း ရှစ်နာရီအချိန်လောက်တွင် အဘွားအိုက သားဖြစ်သူဆီကို ဖုန်းဆက်ပါတယ်။ ပြီးတော့ ပြောပါတယ်။
“ငါ့ အိမ်ကို ခဏလာခဲ့ပါဦး။”
ပြီးတော့ ဖုန်းချလိုက်ပါတယ်။
ဂျွန်ရဲ့ဇနီးက “ဘယ်သူလဲ ” လို့ မေးပါတယ်။
“အမေပါ” လို့ သူက ဖြေလိုက်တယ်။
“သူမက ဘာလိုချင်လိုလဲ”
“အမေက ငါကို ခေါ်ထားတယ်။ အမေ နေမကောင်းနေတာ ထင်တယ်။ ငါ ကားယူသွားပြီး အမေ့အိမ်ကနေ အလုပ်ကို သွားလိုက်မယ်။”
သူက ကားကို အပြင်ထုတ်လိုက်ပြီး သူ့အမေ ရဲ့ အိမ်ဆီကို မြန်မြန်မောင်းပါတယ်။
အဘွားအိုက တံခါးကို ဖွင့်လိုက်တဲ့ အချိန်တွင် သူမရဲ့ သားက “အမေ၊ ဘာဖြစ်လို့လဲ။” လို့ မေးပါတယ်။
“ဝင်ခဲ့ပါ။ ငါ့ကြောင်အိမ်တစ်လုံးထဲမှာ သူခိုးတစ်ယောက် ရောက်နေတယ်။”
“ကြောင်အိမ်ထဲမှာ သူခိုးတစ်ယောက် ရောက်နေတယ်၊ ဟုတ်လား။ အမေ သူ့ကို ဘယ်အချိန်လောက်က တွေ့တာလဲ။”
“ငါ မနေ့ ညနေက ကြောင်အိမ်တစ်လုံးထဲမှာ အသံတွေ ကြားတယ်။”
“ဘယ် ကြောင်အိမ်လဲ။” လို့ ဂျွန်က တိုးတိုးလေး မေးပါတယ်။
အခုဆို သူတို့က ထမင်းစားခန်းထဲတွင် ရောက်နေပါတယ်။
“အဲဒီ ကြောင်အိမ်ပဲ။” လို့ အဘွားအိုက ဖြေပါတယ်။
“အဲဒီ အချိန်တုန်းက သားဆီကို ဘာလို့ ဖုန်းမဆက်တာလဲ။”
“နောက်ကျနေပြီလေ။ အမေ သားကိုလည်း ဒုက္ခမပေးချင်ဘူး။”
“ဒါပေမယ့် သူခိုးက တစ်ညလုံး ကြောင်အိမ်ထဲမှာ နေချင်မှနေမှာ။”
“အို…သူနေမှာပါ။ ငါ ကြောင်အိမ်တံခါးကို သံရိုက်ထားခဲ့တယ်။ ပြီးတော့မှ အိပ်ယာဝင်ခဲ့တာ။”