သူတို့ရေးတဲ့ ဟာသများ(၆)
လူူတစ်ယောက်က လမ်းလျှောက်လာပြီး ပန်းခြံထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေတဲ့ အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ပါတယ်။ အဘိုးအိုက အသက် ရှစ်ဆယ့် အရွယ်လောက်ရှိပြီး မျက်လုံးထဲကနေ မျက်ရည်ကျတဲ့ အထိ ငိုကြွေးနေပါတယ်။
ပထမလူက အသက်ရှစ်ဆယ့် အဘိုးအိုနား ချည်းကပ်သွားပြီး မေးပါတယ်။
“ဘာများ ဖြစ်လို့ပါလဲ”
အသက် ရှစ်ဆယ့် အဘိုးအိုက ပြန်လည် ပြောပါတယ်။
“ငါက အသက်နှစ်ဆယ့် အရွယ် မိန်းကလေးတစ်ယောက်ကို လက်ထပ်ခဲ့တယ်။ ပြီးတော့…”
ပထမလူက အဘိုးအိုကို စကားဆက်ပေးလိုက်ပါတယ်။
“ပြီးတော့..ဟုတ်လား။ ခင်ဗျာမှာ ပြဿနာများ ရှိလို့လား။”
“အို..မရှိပါဘူး။မရှိပါဘူး။ ငါမှာ ငါ့တစ်သက်လောက် အလွန်ဆိုးရွားတဲ့ အင်အားတွေ ရှိပါတယ်။
ဒါကြောင့် ငါတို့တွေက တစ်ရက်ကို အကြိမ် နှစ်ဆယ့် သုံးကြိမ်လောက် ချစ်ခဲ့ကြတယ်။”
ပထမလူက အလွန် အံ့ဩသွားပြီး မေးပါတယ်။
“ဒါဆိုရင် ဘာများ မှားနေတာလဲဗျ”
“ငါက ငါဘယ်မှာ နေလဲ ဆိုတာ မေ့နေတယ်” လို့ အဘိုးအိုက အော်ပြောလိုက်ပါတယ်။