ကျွန်တော်တို့ဆီမှာစီဒီအမ်အေဖုန်းတွေနေချင်းချပေးမယ်ဆိုလို့၂၈ရက်နေ့ကသွားတိုးကြပါတယ်။
တန်းစီတာမဟုတ်ပါဘူးတိုးကြတာပါ။နေပြည်တော်ကပေးတဲံဖုန်းတွေမှတစ်နိုင်လုံးသယ်ဆောင်လို့
ကိုင်လို့ရတယ်ဆိုလားပြောနေကြတာပဲ။ကျွန်တော်သာနားမလည်တာဗျ…အရပ်ရပ်ကပွဲစားတွေ–
ဖုန်းဝယ်ဖို့ရောက်နေတာသုံးလေးရက်ရှိပြီတဲ့။တစ်ယောက်ကိုအလုံး၂၀/၃၀ဝယ်ဖို့ငွေပပြည့်ယူလာ
ကြပြီထိုင်စောင့်နေတာတဲ့။သူတို့ကဆိုက္ကားသမားတွေမြင်းလှည်းသမားတွေစုပြီးသွားတိုးအဲတန်းစီ
ခိုင်းတာပေါ့ဗျာ။အဲဒိမှာထောင်ချီနေတဲ့လူအုပ်ကတိုးတိုက်လိုက်တာများရုံးတံခါးလဲပွင့်ထွက်သွားပြီး
မိန်းကလေးတစ်ယောက်ပိပြီးလက်ကျိုးရသတဲ့။နေပြည်တော်မှာကြားလို့ကောင်းကြရဲ့…………..
တစ်ယောက်ကတော့တက်နင်းမိတာခါးနာသွားသတဲ့လေ……ဒါကျွန်တော့်သူငယ်ချင်းကဆုံနေကြ
စာအုပ်ဆိုင်လေးမှာတွေ့လို့ပြောသွားတာပါ။တစ်ကယ်တမ်းသုံးမဲ့သူတွေကမတိုးကြပါဘူး။ပွဲစားခ-
ပေးပြီးဝယ်ကြတာပါ။အဲဒိအကြောင်းပြောရင်းက..ကျွန်တော့ကိုလာစပါတော့တယ်………………
လူပျိုကြီးလဲဖုန်းတစ်လုံးလောက်လိုတာပဲ..ဘာလို့မတိုးလဲတဲ့လေ..ကျွှန်တော်လည်းစိတ်ပေါက်ပေါက်နဲ့
ပြောလိုက်မိတယ်
” ငါက..ဒီမြို့ကဖုန်းငှားစားတဲ့လူတန်းစားပျောက်သွားမှာစိုးလို့ကိုယ်ပိုင်ဖုန်းမဝယ်တာကွ”လို့
ဟုတ်လည်းဟုတ်ပါတယ်။ကျွန်တော်တို့မြို့လေးကနေပြည်တော်ခရိုင်ထဲသွပ်သွင်းခံရပြီးမှအော်တိုဖုန်းရ
တာပါ။အော်တိုဖုန်းတွေရတော့တပ်ကြတဲ့သူတွေကအခနဲ့ပြောတာလက်ခံဖို့ရည်ရွယ်ချက်နဲ့ပါ(ရည်ရွယ်ချက်
တော်တော်ကောင်းတယ်နော်)သူရို့ခင်မျာမှာဖုန်းဘိုးလေးတောင်အရင်းမကျေသေးဘူး။စီဖုန်းတွေဝင်လာ
လိုက်တော့တော်တော်ထိခိုက်သွားပါတယ်။ဒါကြောင့်တစ်လမှဖုန်းနှစ်ကြိမ်လောက်ဆက်စရာရှိတဲ့ကျွန်တော်က
တစ်မိနစ်ငါးဆယ်ပေးပြီးတော့ပဲပြောပါ့မယ်။ကျွန်တော်သာဖုန်းဝယ်ကိုင်လိုက်ရင်ဖုန်းငှားစားတဲ့လူတန်းစားတစ်
ရပ်ပျောက်ကွယ်သွားမှာစိုးရပါတယ်..။ခင်ဗျားကောဘယ်လိုတွေးမလဲ?
နေဝန်းနီ