ရယ်ရယုံ (၄၇)
(၁)
တစ်နေ့မှ မိန်းကလေးတစ်ယောက်က တက္ကစီငှားဖို့ ဖုန်းဆက်သတဲ့။
မိန်းကလေး …. ဟလို ကျွန်မ +++ လမ်းထိပ်မှာပါ။ တက္ကစီတစ်စီး လွတ်ပေးလို့ရမလား?
တက္ကစီသမား …. ဟုတ်ကဲ့.. ခင်ဗျား ဘာအဝတ်အစား ဝတ်ထားသလဲ?
မိန်းကလေး … အဖြူရောင်အကျင်္ီနဲ့ အပြာရောင်စကပ်ပါ
တက္ကစီသမား … ဘယ်အထိလဲ? (ဘယ်အထိ ပို့ရမလဲ?)
မိန်းကလေး… ဒူးအထိပါ
တက္ကစီသမား… =!=
(၂)
ဆရာဝန်က ညည အိပ်မပျော်တဲ့ မောင်မောင်ကို တစ်ကနေ တစ်ထောင်အထိရေပြီး အိပ်ကြည့်ပါလို့ အကြံပေးတယ်။ နောက်တစ်ရက်မှာ မျက်ကွင်းညိုကြီးနဲ့ ဆေးခန်းကို မောင်မောင်ပြန်ရောက်လာတယ်။
ဆရာဝန်…. ဘယ်လိုဖြစ်တာလဲ?
မောင်မောင်… ညက ကျွန်တော် ၇၅ဝအထိပဲရေပြီး ဆက်မရေနိုင်တော့လို့ ကော်ဖီတစ်ခွက် ထသောက်ပြီး တစ်ထောင်အထိ ရေလိုက်တယ်။
(၃)
သားသမီးတွေက အမေများနေ့ကိုပဲ အမှတ်ရကြပြီး အဖေများနေ့ကို မေ့နေကြလို့ ဖခင်တစ်ဦးက စိတ်ပျက်အားငယ်နေမိတယ်။ တစ်ခါက ၈ ရက် ၈ လ အဖေများနေ့မှာ ဖခင်က အိမ်သားတွေနဲ့ ညနေစာအတူစားနေတယ်။ အဲဒီအချိန်မှာ သားငယ်က ရုတ်တရက်ထပြီး ရေခဲသေတ္တာကို သွားဖွင့်တယ်။ ရေခဲသေတ္တာထဲ တစ်ခုခုယူဟန်နဲ့ အဖေကို လှမ်းမေးလိုက်တယ်။
သား…. ဖေဖေ .. ဒီနေ့ ဘာနေ့လဲ သိလား?
ဖခင်ရင်ထဲ ထိတ်ခနဲ့ဝမ်းသာသွားတယ်။ အဖေများနေ့မှာ သူ့ကိုတစ်ခုခု အံ့ဩအောင် သားလုပ်တော့မယ်အထင်နဲ့ အားရဝမ်းသာ.. “ဒီနေ့ ၈ ရက် ၈ လလေ” လို့ ပြန်ပြောလိုက်တယ်။
သားဆီက စိတ်ပျက်လက်ပျက် ပြန်ကြားလိုက်ရတဲ့ အသံက “ဟာကွာ…. ဒီနွားနို့ ဒိတ်လွန်သွားပြီ” ဟူတည်း။