Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြွေထက် အဆိပ်ပြင်းသူ လူသတ်သမားများ(၁)

winkyawaungOctober 10, 20101min41610




မကွေးမြို့တွင် မြွေဆိပ်ဖြေထိုးဆေးအတု ပြုလုပ်ဖြန့်ဖြူးရောင်းချသူများကို ဖော်ထုတ်ဖမ်းဆီးလိုက်ပြီ….

မကွေးတိုင်းရဲတပ်ဖွဲမှူးရုံး ဒ/န အဖွဲ့ခေါင်းဆောင် ရဲအုပ်စိုးမင်းနှင့် ရဲအုပ်သန်းဝင်းတို့သည် ၎င်းတို့၏ အမာခံသတင်းပေးသူ တစ်ဦးထံမှ အမျိုးသားရေးအမြင်ဖြင့် ပေးပို့လာသောသတင်းဖြစ်၏။ ယင်းသတင်းပေးချက်ရရှိသည်နှင့် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဘကြည်ထံ လမ်းညွှန်ချက်တောင်းခံခဲ့ပါသည်။ တိုင်းရဲတပ်ဖွဲ့မှူးမှ ရရှိသည့် သတင်းအချက်အလက်များအပေါ် စီစစ်နိုင်ရန် ဒ/န အဖွဲ့ခေါင်းဆောင် ရဲအုပ်စိုးမင်းနှင့် ရဲအုပ်သန်းဝင်းတို့အား အဆိုပါသတင်းကို လျှိ့ဝှက်စုံစမ်းစေ၍ အချက်အလက်များ စုဆောင်းကာ ရရှိသည့်သတင်းကို အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ကြရန် တာဝန်ပေးခဲ့ပါသည်။
ရဲအုပ်စိုးဝင်းနှင့် ရဲအုပ်သန်းဝင်းတို့၏ စုံစမ်းတွေ့ရျိချက်များအရ ရရှိသည့်သတင်းပေးချက်အပေါ် အရေးယူ ဆောင်ရွက်နိုင်စေရန် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဘကြည်ကိုယ်တိုင် ကြီးကြပ် ကွပ်ကဲကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကြူအင်း ဦးဆောင်သည့် တိုင်းမူးယစ်အထူးတာဝန်ခံ ဒုရဲမှူး မြင့်ဆွေ၊ တိုင်း ဒ/န အဖွဲ့ခေါင်းဆောင် ရဲအုပ်စိုးမင်း၊ မှုခင်းတပ်ဖွဲ့မှ ရဲအုပ်မောင်မောင်အေး၊ အမှတ်(၁) ရဲစခန်းမှူး ရဲအုပ်ဇော်ဝင်းမောင်၊ မြို့နယ်ကျမ်းမာရေးမှူး ဒေါက်တာနှင်းဇာ်သိန်းတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ကို ဖွဲ့စည်း၍ တာဝန်ပေးအပ်ခဲ့သည်။ ယင်း ပူးပေါင်းအဖွဲ့သည် သက်သေ ရပ်ကွက်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်များနှင့်အတူ ၂၀၀၉ ခု၊ စက်တင်ဘာလ(၃၀)ရက်နေ့၊ ညနေ(၄)နာရီ အချိန်တွင် မကွေးမြို့၊ ရွာသစ်ရပ်ကွက်၊ (၁၆)လမ်းရှိ အမှတ် ဘီ(၁၆၈)တွင် နေထိုင်သော ဦးစိုင်လေး၊ ခေါ်ချိူတီမာ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွှေစစ်ဆေးခဲ့ကြသည်။
အဆိုပါနေအိမ်အတွင်းမှ ကျမ်းမာရေးဦးစီးဌါန၏ တရားဝင်ဆေးဝါးရောင်းချခွင့် မရှိပဲ ဆေးဝါးမျိုးစုံနှင့်အတူ ကျန်းမာရေးဌါနသုံး ဆက်စပ်ပစ္စည်းများ စသည့် မြန်မာနိုင်ငံဆေးဝါးထုတ်လုပ်ရေးစက်ရုံမှ ထုတ်လုပ်သော ဆေးပစ္စည်းမျိုးစုံ (၂၅)မျိူးအား တွေ့ရှိ၍ ရှာဖွှေပုံစံဖြင့် စနစ်တကျ သိမ်းဆည်းခဲ့သည်။
စိုင်လေး (ခ) တင်ဝင်းမှာ ခရီးထွက်နေသဖြင့် နေအိမ်တွင် ရှိနေသော ၎င်း၏ဇနီး ချိုတီမာ (ခ) နီနီသန်းအား အမှတ်(၁) ရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးမှုပြုခဲ့သည်။ ၂၀၀၉ ခု၊ အောက်တိုဘာ(၁)ရက်နေ့တွင် ခရီးမှပြန်လည်ရောက်ရှိလာသည့် စိုင်လေးအား စောင့်ဆိုင်းဖမ်းဆီးကာ အမှတ်(၁) ရဲစခန်းသို့ ခေါ်ဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကြူအင်း ကိုယ်တိုင်ကြီးကြပ်ကာ စခန်းမှူး ရဲအုပ်ဇော်ဝင်းမောင်၊ ဒုရဲအုပ်အောင်နိုင်လင်းတို့က စစ်ကြောဖော်ထုတ်မှု ပြုလုပ်ခဲ့ကြသည်။
စိုင်လေး၏ နေအိမ်မှ သိမ်းဆည်းရမိသော ဆေးဝါးများမှာ ကျမ်းမာရေးဌါနမှာသာ သိုလှောင်ထားခွင့်ရှိသော ပစ္စည်များဖြစ်၍ လက်ဝယ်ထားရှိ ရောင်းချသူ စိုင်လေး(၄၅)နှစ်၊ (အဘအမည် ဦးဂျော်နီ) အား အမှတ်(၁)ရဲစခန်းမှ (ပ)၅၄၉/၂၀၀၉ ပြည်သူပိုင်ပုဒ်မ ၆ (၁)အရ အမှုဖွင့် အရေးယူခဲ့ပြီး ဆေးဝါးများနှင့် ပါတ်သက်သော ဆက်စပ်မှုများကို ကွင်းဆက်စစ်ဆေးဖော်ထုတ်ခဲ့သည်။ စစ်ကြောဖော်ထုတ်ချက်များ အရ စိုင်လေးနှင့် ချိုတီမာတို့သည် ၁၉၉၂ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ မကွေးမြို့ ပြည်တော်သာလမ်း၊ ရှိ ဗလီဈေးဆိုင်ခန်းတွင် ရတနာပုံအမည်ဖြင့် နိုင်ငံခြားဆေးနှင့် ဆေးပစ္စည်များအား လက်လီရောင်းချခဲ့ ကြောင်း။ ထို့နောက်၎င်းဆိုင်အား ပိတ်သိမ်းပြီး ဆေးဝါးကုပ္မဏီများမှ ဆေးဝါးများဝယ်ယူသိုလှောင်ပြီး ဈေးတက်ချန်တွင် လက်ကါးပြန်လည်ရောင်းချခဲ့ကြောင်း ၎င်းတို့သည် ၂၀၀၉ ခု။ စက်တင်ဘာလအတွင်းက ဒေါ်လဲ့ရည်ဝင်းအား ငွေကျပ်သိန်း (၇၀) ကြိုတင်ငွေပေး၍ ကျမ်းမာရေးဌါနသုံး ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ဝယ်ယူခဲ့ရာ ငွေကျပ်(၁၀)သိန်းဖိုးခန့် လက်ခံရယူပြီးကြောင်း ထွက်ဆိုခဲ့ကြသည်။
ထို့နောက် တိုင်းရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်ဖြင့် စိုင်လေးနေအိမ်မှ သိမ်းဆည်းရမိခဲ့သော ဆေးဝါးများထဲမှ မြွေဆိပ်ဖြေထိုးဆေး VIPER ANTI- VENIN စာတမ်းပါ စက္ကူဘူးဖြင့်ထည့်ထားသော ဆေးပုလင်း (၂)ပုလင်းဆီပါ ဆေးဘူူး(၈)ဘူးအား ကျန်းမာရေးဦးစီးဌါန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌါနသို့ ပေးပို့စစ်ဆေးခဲ့၏။ အဆိုပါဆေးများသည် မြန်မာနိုင်ငံဆေးဝါးစက်ရုံမှ ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးအား တုပပြုလုပ်ထားကြောင်း အကြောင်းပြန်ကြား၍ သိရှိခဲ့ပါသည်။ သိရှိရသဖြင့် စိုင်လေးအား ကွင်းဆက်များပေါ်ပေါက်ရန် ဆက်လက်စစ်ကြော၍ ဖော်ထုတ်စေခဲ့ပါသည်။
စိုင်လေးသည် မြွေဆိပ်ဖြေထိုးဆေးအတုကို ၂၀၀ရ ခု၊ နှစ်ဦးပိုင်းက အိန္ဒိယနိုင်ငံထုတ် မြွေဆိပ်ဖြေဆေးအမှုန့်အား မြန်မာပြည်ထုတ် MPF တံဆိပ်မြွေဆိပ်ဖြေထိုးဆေးအဖြစ် စမ်းသပ်လုပ်ကိုင်ခဲ့၏။ အောင်မြင်မှုမရရှိခဲ့ကြောင်းပြောသည်။ ထို့နောက် မြွေဆိပ်ဖြေထိုးဆေး အတုပြုလုပ်ရန် လိုအပ်သောပုလင်းခွံ၊ ပုလင်းအပါတ်တံဆိပ်များ၊ စတစ်ကာများ၊ ဆေးပုလင်းထည့်သည့် ဘူးခွန်တို့အား ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ၁၂၂ လမ်းနေ၊ ချစ်ဦး ထံမှဝယ်ယူခဲ့သည်။ ပစ္စည်းဈေးနှုန်းစာရင်းမှာ မြွေဆိပ်ဖြေထိုးဆေးပုလင်းခွံ တစ်လုံးလျှင် ၃၀ဝိ/ကျပ်။ ပုလင်းအပတ်စတစ်ကာတံဆိပ် (၂၀ဝ -ခုပါ) တစ်စည်း ၈၀၀၀ဝိ/ကျပ်။ မြွေဆိပ်ဖြေထိုးဆေး ဘူးခွံတစ်ခုလျှင် ၂၀ဝိ/ကျပ်နှုန်းတို့ဖြင့် ဝယ်ယူခဲ့ရကြောင်းသိရ၏။
မြွေဆိပ်ဖြေထိုးဆေးအတုပြုလုပ်ရာတွင် လိုအပ်သော မြွေဆိပ်ဖြေဆေး အစစ်( မြန်မာပြည်လုပ် MPF ဆေးဘူး) များအား (၎င်းဆေးများမှာလည်း သတ်မှတ်ရက် သက်တမ်းလွန်နေသောဆေးများဖြစ်ကြောင်း သိရပါသည်။) မန္တလေးမြို့၊ မြောက်ပြင်ရပ်ကွက်၊ ဒိုဘီစုတွင်နေထိုင်သော အူစမန်း ထံမှဝယ်ခဲ့ကြောင်းသိရ၏။ ပုလင်းရာဘာ အဖုံးများအား မင်းဘူးဆေးရုံမှ စတိုဝန်ထမ်း ဦမြင့်သိန်း(ကွယ်လွန်)ထံမှ အသုံးပြုပြီး မြွေဆိပ်ဖြေထိုးဆေး ပုလင်းဘူးအဟောင်းများမှ ဖြုတ်ယူအသုံးပြုကြောင်း၊ ဒန်စွပ်အဖုံးအား ပင်နီစလင်(BENZYI) ထိုးဆေးမှုန့်ပုလင်းမှ အဖုံးအား ကြေးချောင်းအချွန်နှင့် ကတ်တင်ပလာရာများကို အသုံးပြု၍ ဖြုတ်ယူအသုံးပြုခဲ့ကြောင်း ထွက်ဆိုသိရှိရပါသည်။
အတုပြုလုပ်ပုံမှာ (MPF) တံဆိပ်ပါ မြွေဆိပ်ဖြေထိုးဆေးများသည် အရည်၊ အမှုန့် ဟူ၍ နှစ်မျိုးရှိပြီး ဖြတ်ထားသော ရေသန့်ဘူးခွံ များထည်သို့ ထိုးဆေးအစစ်အရည် (သို့) အမှုန့် (သို့) နှစ်မျိုးလုံးထည့်ကြောင်း၊ အစစ် ၁ဝ စီစီ လျှင် မိုးရေ ၂ဝ စီစီ အချိုးကျရောကာ သမမွှေပြီး (လက်အိပ်ပင် မသုံးဟုသိရသည်) ၁ဝ စီစီ ဆေးထိုးအပ်ဖြင့်စုတ်ယူကာ အတုပြုလုပ်ရန် စီမံထားသော ပုလင်းထဲသို့ ထည့်၍ ရာဘာအဖုံးဖြင့် ပိတ်ကြောင်းသိရ၏။ ထို့နောက် ဒန်စွပ်အဖုံးဖြင့် စွပ်ပိတ်ပြီး။ ကတ်ပလာရာအား အသုံးပြုကာ ဒန်စွပ်အဖုံးအောက်ခြေကို သေသပ်ညီညာအောင် ပြုလုပ်ကြောင်း၊ အဆိုပါပုလင်းကို ချစ်ဦးထံမှ ဝယ်ယူရရှိထားသည့် (MPF) တံဆိပ်ပါ စတစ်ကာအားကပ်လိုက်၏။ (MPF) တံဆိပ်ပါ ဘူးခွန် တစ်ခုတွင် ဆေးပုလင်း နှစ်လုံးစီထည့်၍ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချလုပ်ကိုင်ခဲ့ကြောင်း စိုင်လေးမှ ဝန်ခံထွက်ဆိုခဲ့ပါသည်။
စိုင်လေး၏ ဝန်ခံထွက်ဆိုချက်အရ ၂၀၀၉ ခု၊ အောက်တိုဘာ(၁၀)ရက်၊ ညနေ(၃)နာရီ အချိန်ခန့်တွင် မကွေးတိုင်း ကျန်းမာရေးမှူး ဒေါက်တာ မောင်မောင်အောင်ကျော်၊ တောင်တွင်းကြီးမြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ၊ တောင်တွင်းကြီး ရဲစခန်းမှူး၊ မြို့နယ်ဆေးရုံအုပ် ဒေါက်တာစန်းစန်းမြင့်တို့ပါဝင်သော ပူးပေါင်းအဖွဲ့အား တောင်တွင်းကြီးမြို့၊ သောင်ပြင်(၂)ရပ်ကွက် ပြည်လမ်း၊(ပြည်သူ့ဆေးရုံးကြီးရှေ့မှ) ဦးဝင်းစိန်ပိုင် သမာအာဇီဝ (၂) ဆေးဆိုင်နှင့် မြို့မဈေးအတွင်းရှိ ဦးရဲမြင့်ပိုင် ပဒုမ္မာဆေးဆိုင်များသို့ ဝင်ရောက်ရှာဖွှေစစ်ဆေးခဲ့ရာ သမာအာဇိ၀(၂) ဆေးဆိုင်မှ (MPF) တံဆိပ်ပါ VIPER ANTI VENINT (10-MLx 2 VIALF ) မြွေဆိပ်ဖြေဆေးဘူး (၂) ဘူးအတွင်းမှ ထိုးဆေးပုလင်း (၃) ပုလင်းကို သိမ်းဆည်းရမိခဲ့ပြီး၊ ပဒုမ္မာဆေးဆိုင်မှ (MPF) တံဆိပ်ပါ VIPER ANTI VENINT (10-MLx 2 VIALF ) မြွေဆိပ်ဖြေဆေး(၄) ဘူးအတွင်းမှ ထိုးဆေးပုလင်း (၈) ပုလင်းကို သိမ်းဆည်းရမိခဲ့ကြသည်။
ကွင်းဆက်တရားခံများဖြစ်သော ချစ်ဦး (ခ) မူယူဂါး အားဖမ်းဆီးနိုင်ရန် တိုင်း ဒ/န မှ အဖွဲ့ခေါင်းဆောင် ရဲအုပ်စိုးမင်းနှင့် ရဲအုပ်အောင်ကျော်တို့အာ စေလွှတ်၍ ဖမ်းဆီးခဲ့ရာ မကွေးမြို့တွင် မြွေဆိပ်ဖြေဆေး အတုများဖမ်းဆီးရမိထားကြောင်းကို ကြိုတင်သိရှိထားသော ချစ်ဦးမှာ ရှောင်တိမ်းနေသဖြင့် ဒုရဲအုပ် အောင်ကျော်အား ၎င်းမှာ ချစ်ဦးနှင့် ဘာသာတူ၊ လူမျိုးတူ အသွင်ဆောင်စေပြီး ဖမ်းဆီးခဲ့ရာ ၂၀၀၉ ခု၊ အောက်တိုဘာ(၁၄)ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် ချစ်ဦးအား ၎င်း၏နေအိမ်တွင် (MPF) တံဆိပ်ပါ VIPER ANTI VENINT (၂) လုံးစီ( ဆေးရည်ပါ)( ၅ )ဘူး၊ ဆေးရည်ပါ ပုလင်း(၂)လုံး၊ (ဘူးခွံမပါ)။ (MPF) တံဆိပ်ပါ VIPER ANTI VENINT ဘူးခွံ(၃၅)ခု၊ နံပါတ်ရိုက်တံဆိပ်တုံး(၁)ခု၊ ရက်စွဲများ ရိုက်ရာတွင် အသုံးပြုသော သံတံဆိပ်တုံး (၁) ခု၊ ဆေးတံဆိပ်ရိုက်ရာတွင် အသုံးပြုသော ဆေးရည်အနက် (၁)ဘူး၊ နှင့် ဖော့တုံးငယ် (၂)ခု တို့ဖြင့်အတူ တွေ့ရှိဖမ်းဆီးနိုင်ခဲ့ပါသည်။
အူစမန်းအား ဖမ်းဆီးနိုင်ရန် မကွေးအမှတ်(၁) ရဲစခန်းမှူး ရဲအုပ်ဇော်ဝင်းမောင် ဦးစီးသောအဖွဲ့အား ၂၀၀၉ ခု၊ အောက်တိုဘာလ(၁၄)ရက်နေ့က မန္တလေးမြို့သို့စေလွှတ်၍ မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့် ညှိနှိုင်းကာ ဆောင်ရွက်ခဲ့သည့်အတွက် အူစမန်းအားဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ (ကွင်းဆက်တရားခံများကိုမူ လိုက်လံဖမ်းဆီးဆဲ ဖြစ်ကြောင်းသိရှိရသည်။)
ချစ်ဦး၏ ထွက်ဆိုချက်အရ ၂၀၀၈ ခုနှစ်(ရက်၊ လ မမှတ်မိ) နေ့လည်အချိန်တွင် ရန်ကုန်မြို့ မင်္ဂလာဈေးတွင် ဆေးပစ္စည်များ လိုက်လံဝယ်ယူစဉ် စိုင်လေးနှင့် ရင်းနှီးခင်မင်ခဲ့ပြီး စိုင်လေးမှ မြွေဆိပ်ဖြေထိုးဆေးနှင့် တံဆိပ်၊ ဘူးခွံများပြုလုပ်ပေးရန် အကူအညီတောင်းခံမှုကြောင့် ရန်ကုန်မြို့၊ ၃၁ လမ်းတွင် အမည်မသိ လူတစ်ဦးနှင့် တွေ့ဆုံပေးပြီး အရေအတွက် (၂၀၀၀) ပြုလုပ်ပေးပါရန် မှာကြားခဲ့ကြောင်း၊ တစ်ပတ်ခန့်ကြာသောအခါ ထိုသူမှ ဖုန်းဆက်၍ ၃၁ လမ်းသို့ လာရောက်ရန်ချိန်းဆိုသောကြောင့် သွားရောက်ခဲ့ရာ ဗဟန်းရှိ အိမ်တစ်အိမ်သို့ လိပ်စာပေး၍ စေလွှတ်ခဲ့ကြောင်း၊ ချစ်ဦးက အဆိုပါလိပ်စာနေရာသို့ သွားရောက်၍ မြွေဆိပ်ဖြေထိုးဆေး အတုတံဆိပ်အညွှန်းနှင့် ဘူးခွံ (၂၀၀၀)ခန့်အား ယူဆောင်ပြီး မကွေးမှ စိုင်လေးထံသို့ စတားလိုင်းကားဖြင့် ပို့ဆောင်ပေးခဲ့ရကြောင်း ချစ်ဦးမှထွက်ဆို၏။ ထို့နောက် စိုင်လေးမှ မြွေဆိပ်ဖြေဆေးထည့်ရန် ပုလင်းများ လိုချင်ကြောင်း ၎င်းရန်ကုန်သို့ရောက်ရှိပြီး မိမိနှင့်တွေ့စဉ်က ပြောပြသဖြင့် စိုင်လေးနှင့် အတူ ပုလင်းခွံ နမူနာနှင့်တကွ စော်ဘွားကြီးကုန်းရှိ ပုလင်းအဟောင်းရောင်းဝယ်ရေးဆိုင်သို့ သွားရောက်မှာယူခဲ့ကြောင်း။ တစ်ပတ်ခန့်အကြာတွင် ပုလင်ခွံတစ်လုံးလျှင် (၅ဝိ)ကျပ်နှုန်းဖြင့် ပုလင်းအလုံး(၂၀၀၀)ကို စတားကားဖြင့်ပင် ပို့ဆောင်ပေးခဲ့ရကြောင်း။ ၎င်း၏နေအိမ်တွင် တွေ့ရှိရသော ဘူးခွံ(၃၅)ခုမှာ စိုင်လေးထံပို့ပြီး ကျန်နေသော ဘူးခွံများဖြစ်ကြောင်း၊ မြွေဆိပ်ဖြေထိုးဆေး (၁၂)ပုလင်းမှာ လွန်ခဲ့သော စက်တင်ဘာလအတွင်းက ရန်ကုန်တွင် ဖြန့်ဖြူးရောင်းချရန် စိုင်လေးမှ ပေးပို့ထားခြင်းဖြစ်ကြောင်း၊ ချစ်ဦးမှ ဝန်ခံထွက်ဆိုခဲ့သည်။
ကွင်းဆက်တရားခံ ချစ်ဦး၏ ထွက်ဆိုချက်များအရ စိုင်လေးထံသို့ မြွေဆိပ်ဖြေထိုးဆေးအတု တံဆိပ်အညွှန်းနှင့် ဘူးခွံ(၂၀၀၀)ခန့်၊ ပုလင်းခွံ(၂၀၀၀)တို့အား ပေးပို့ခဲ့ကြောင်း သိရှိရပြီး စိုင်လေး၏ ထွက်ဆိုချက်တွင် ၂၀၀၈-၂၀၀၉ အတွင်း မြွေဆိပ်ဖြေထိုးဆေးအတု (၂) ပုလင်းပါဆေးဘူး (၂၀၀) သာ ရောင်းချခဲ့ကြောင်း သိရှိရသဖြင့် ကွာဟချက်အား ပေါ်ပေါက်လာစေရန် ဆက်လက်စစ်ကြောဖော်ထုတ်လျှက်ရှိပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး သက်သေများအား ခေါ်ယူစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် ဆက်စပ် တိုင်း၊ နယ်မြေများဖြစ်သော မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူး(အနောက်) ဒေသများအတွင်းသို့ အဆိုပါ မြွေဆိပ်ဖြေထိုးဆေး အတုများ ပြန့်နှံ့ရောက်ရှိသွားနိုင်သဖြင့် လိုအပ်သလို စစ်ဆေးဖော်ထုတ်နိုင်ရေးအတွက် အသိပေး အကြောင်းကြားထားကြောင်း သိရှိရသည်။
စိုင်လေးထံမှ တိုက်ရိုက်ဖြန့်ဖြူးရောင်းချခဲ့သော ပခုက္ကူမြို့မှ လူသစ်ဆေးဆိုင်ပိုင်ရှင် ဦးအောင်ခင်ဇော်၊ နတ်မောက်မြို့မှ ဇီဝကဆေးဆိုင်ပိုင်ရှင် ကိုမျိုးသန့်၊ မန္တလေးမြို့မှ ဆေးပွဲစား ကိုပြည့်ဖြိုး တို့ကိုလည်း ခေါ်ယူစစ်ဆေး ဆောင်ရွက်လျှက်ရှိကြာင်း သိရှိရသည်။
ရာဇဝတ်မှုမြောက်သော မသမာသည့်နည်းဖြင့် အတုပြုလုပ်သည့် လုပ်ငန်းများထဲတွင် ယခုဖော်ထုတ်နိုင်ခဲ့သော လုပ်ငန်းသည် ပြည်သူတစ်ရပ်လုံးအတွက် အသက်အန္တရာယ်ပေးနိုင်သလောက် ပေါ်ပေါက်ရန် လွန်စွာခက်ခဲဖွယ်ရှိပေသည်။ အဘယ့်ကြောင့်ဟူမူ အတုပြုလုပ်ရန်အတွက် (MPF) မြွေဆိပ်ဖြေထိုးဆေး အစစ်၊ မိုးရေ၊ ပုလင်းခွံ၊ ဘူးခွံနှင့် ပုလင်းဖွင့်ခြင်း ၊ ပိတ်ခြင်း၊ အတတ်ပညာသာလိုအပ်၍ ုဖြစ်သည်။
မှာသူ ရှိပါမှ ဆေးအစစ်( ဒိတ်အောက်)ကို မိုးရေရောပေးရုံသာဖြစ်၍ အတုုုကို လက်ဝယ်တွေ့ရှိနိုင်ရန် လွန်စွာခက်ခဲသောကြောင့်ဖြစ်၏။ ပိုးထိသည့် လူနာအား အဆိုပါဆေးကို သုံးစွဲမိခြင်းကြောင့်လည်း ထူးခြားသည့် ဝေဒနာ လက္ခဏာ တွေ့မြင်ရန်အကြောင်းမရှိပဲ အရည်အသွေးမပြည့်မီ၍သာ လူနာ၏အသက်ကို ကယ်တင်ရန် မစွမ်းသာသည့် အခြေအနေကြောင့် လူနာအသက်ဆုံးရှုံးသွားရသည်သာဖြစ်၍ မြွေဆိပ်ဖြေဆေးအပေါ် သင်္ကာမကင်းဖြစ်ရန် အခွင့်အရေး နည်းပါးလှသည်ကလည်း အဓိက အကြောင်းရင်း တစ်ရပ်ဖြစ်ပါသည်။
ထို့သို့ သတ်မှန်းမသိရှိရဘဲ သေဆုံးနိုင်သော ပြည်သူလူထုတစ်ရပ်လုံးအတွက် လွန်စွာ အန္တရာယ်ကြီးမားသည့် လုပ်ရပ်ပေါ်ပေါက်စေရန် အမျိုးသားရေးတာဝန်အနေဖြင့် သတင်းအချက်အလက်အား ရှာဖွှေတင်ပြခဲ့သောတာဝန်သိ ပြည်သူတစ်ဦးနှင့် တိုင်းရဲတပ်ဖွဲ့မှူးကြီး၏ လမ်းညွှန်တာဝန်ပေးချက်အရ နေ့မအား ညမနားဖြင့် အမှုပေါ်ပေါက်စေရန် အားထုတ်ခဲ့ကြသော မကွေးရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်အပေါ် ဂုဏ်ပြုဖော်ပြလိုက်ရပေသည်။

(၃၀/၁၀/၂၀၀၉) နေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ်တွင် ဖော်ပြထားသော သတင်းအား ပြန်လည်ကူးယူဖော်ပြထားပါသည်။

ယင်း အမှုကြီးအား တရားရုံးမှ စီရင်ချက်များကို ဆက်လက်ဖော်ပြပေးသွားပါမည်…။

10 comments

  • winkyawaung

    October 10, 2010 at 4:57 pm

    မည်သူ့ကိုမျှ ဖား၍ တင်ခြင်းမဟုတ်ပါ။ အများအတွက်ကိုသာ ရည်ရွယ်ပါသည်။

  • etone

    October 11, 2010 at 3:42 am

    မြွေဆိပ်ဖြေဆေးအကြောင်းသတင်းမှာ ဘယ့်နဲ့ကြောင့်ဖားပါပါလာတာလဲ ။ မြွေဗိုက်ထဲမှာပါလာတဲဖားပဲဖြစ်ရမယ် 😛 😛 ဒီလိုသတင်းထူးလေးတွေတင်ပေးတဲ့အတွက် ကျေးဇူးပါ ။

  • MandalayThar

    October 11, 2010 at 4:35 am

    တော်တော်ဆိုးတာ ဘဲ။ မလုပ်သင့်ဘူးနော်။ ဒီဆေးအတုကြီးထိုးပြီး မသေဘူးဆိုပြီး သေမင်းကို ထိုင်စောင့်နေတာနဲ့ ဘာထူးမှာ လဲ။ နောက် ဆေးအတုကြီးကို ထိုးပေးမိတဲ့ ဆရာဝန်လည်း နာမည်ကပြတ်အုံးမှာ။ ဪ လူတွေ လူတွေ…. ဒါမျိုး ဆေးအတုတွေ မြန်မာနိုင်ငံမှာ ဘယ်လောက်များရှိပြီး ပျံနေပြီလဲမသိဘူး။ လုံးဝ save မဖြစ်ဘူးနော်။ ဘာမှ မယုံရဘူး။

  • Bl@dE

    October 11, 2010 at 5:10 am

    ဖြေဆေးအတုကိုတကယ်မြွှေကိုက်လို.သာထိုးလိုက်ရင်တော့…….မြွှေဆိပ်ကတစ်မျိုးဖြေဆိပ်အတုရဲ့effectကတစ်မျိုးနဲ.ဆိုတာ့တာပဲနော်..

  • michaelaungpu

    October 11, 2010 at 5:54 am

    မြွေဆိပ်သင့်ခံနေရတဲ့လူတစ်ယောက်ဟာ သေမင်းရဲ ့လက်တစ်ကမ်းမှာရောက်နေတယ်လို ့ပြောရင်ရတာပေါ့နော်
    ဒီလိုလုပ်ရပ်မျိုးကိုလုပ်တဲ့ သူကိုလည်း လူလို ့ခေါ်ဘို ့ရာ တော်တော်ဂွကျတာဘဲ
    လူ ့တိရိစ္ဆာန်လို ့ခေါ်လေမလား
    ဘာပဲဖြစ်ဖြစ်ပါ ဒီလိုတင်ပြပေးတာ အရမ်းကျေးဇူးတင်မိပါတယ်

  • ဆူး

    October 11, 2010 at 6:26 am

    လောဘ သားကောင်များ.. တစ်နှပ်စား ဉာဏ်တွေနဲ့ လုပ်စားနေတာ သံသရာကို မကြောက်ကြပါလား..
    ဘဝ သံသရာ ကို ခဏ စံစရာနှင့် လဲသူများ လို့ နာမည်ပေးလို့တောင် ရသေးတယ်

  • winkyawaung

    October 11, 2010 at 7:59 am

    တိရိစ္ဆာန်တွေလို ကောင်တွေထက် ပိုဆိုးသူများရှိနေပါတယ်..။ သူတို့က လူမသိ သူမသိ တိတ်တဆိတ် အချိန်တွေ အကြာကြီးဆွဲထားပြီး….၊ ရွှေကြော၊ ငွေကြောကြီးအား ဖော်ပြီးစားနေကြသူများအား အမှတ်(၂) အမှတ်(၃) ကို ဖတ်ပြီးရင် တွေ့ကြရပါမည်…။ (ဒီ နောက်ဆက်တွဲ သတင်းကို ဂျာနယ်မှာ ထည့်ထာ စီစစ်ရေးက ပယ်ထားပါတယ်..။ ဒါကြောင့် မန္တလေး ဂေဇက်မှ စီရင်ချက် အမှတ်(၂)ကို တင်ပြပေးရပါမည်..။

    • ဆူး

      October 11, 2010 at 8:06 am

      ဒါဆို ၃ လာအုန်းမှာလား ဟင်..

  • chitlay

    October 11, 2010 at 8:02 am

    ယုတ်မာလိုက်တာ မြွေကိုက်မိတဲ့သူက အဲဒီ့ဆေးအတုကို ထိုးမိသွားရင် ဘယ်လိုလုပ်မလဲ။
    ကိုယ်ချင်းမှမစာနာ ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓါတ်ရှိတဲ့သူတွေ နောင်ဘဝကျရင် လူတောင်ဖြစ်မှာမဟုတ်ဘူး။

  • tunaung

    October 16, 2010 at 1:57 am

    ဒီလူတွေကနောင်ဘဝဆိုတာမှမသိတာ လူတွေကိုကြည့်ပါလါးဘာလူမျိုးလဲဆိုတာ…သိကြတယ်မို့လါး။။

Leave a Reply