သိသင့်တဲ့စကားစုလေးတွေပါ …

မမေလးOctober 10, 20101min830

အလုပ်တစ်ခုကို အောင်မြင်ဖို့အတွက် ဖြည်းဖြည်းနဲ့ ဇွဲရှိရပါတယ်။
ဒါမှလည်း ကြာရှည်ခံပါတယ်။
ရင့်မှမှည့်တဲ့အသီးဟာ ချိုသလိုပေါ့။

လူတွေဆိုတာ အထက်ကိုရောက်သူကိုမှ ကြည့်လို၊မြင်လိုကြတယ်။
တွေ့လိုကြတယ်။
ကျော်ကြားမှုဆိုတာ ငယ်ငယ်က ဘယ်သူမျှ မကျော်ကြားခဲ့ပါဘူး။
ကြီးလာတဲ့အခါ ကြိုးစားမှုကြောင့် အထက်တန်းရောက်ပြီး
ကျော်ကြားလာရတာပါ။

လူတစ်ယောက်ကြီးပါွးတယ်ဆိုတာလည်း
၁။ အရာရာမှာ စဉ်းစားဉာဏ်ရှိရမယ်၊
၂။ရှေးဘုန်းရှေးကံ ရှိရမယ်။
၃။ရဲရင့်တဲ့ သတိ္တရှိရမယ်၊
ဒီသုံးချက်နဲ့ ပြည့်စုံရင် ကြီးပွါးတာပါပဲ။

လောကမှာ ဂုဏ်ရှိဖို့ထက်
ရလာတဲ့ ဂုဏ်ကိုစောင့်ရှောက်ဖို့က ပိုခက်ပါတယ်။

လူတစ်ယောက် ပိုက်ဆံပေါဖို့နဲ့ စိတ်ထားကောင်ဖို့
ဘယ်ဟာက ပိုအရေးကြီးပါ့မလဲ။
ပိုက်ဆံရှိဖို့ကတော့ ကြိုးစားရင် ဖြစ်နိုင်ပါတယ်။
စိတ်ကောင်းဖို့ဆိုတာက မလွယ်ပါဘူး။

ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်ဝင်နေလျှင်
သူတစ်ပါးကို အထင်သေးတာ သဘာဝပဲ။

လောကကြီးမှာ ဒါနရှိမှ လူချစ်လူခင်ကြတယ်။
သီလရှိမှ ကြည်ညိုကြတယ်။
ပညာတတ်မှ လေးစားကြတယ်။

လောကမှာ ညံ့တဲ့လူက တော်တဲ့လူကို မနာလိုဘူး။
မသာတဲ့သူက သာတဲ့သူကို မနာလိုဖြစ်ကြတယ်။
မနာလိုစိတ်ဟာ ဒေါသစိတ်ပါပဲ။

ကိုယ်က ပတ်ဝန်းကျင်ကို ထိခိုက်စရာ မလုပ်ရဘူး
မထိခိုက်စေရဘူး။
သူများ မကောင်းပေမယ့်
မိမိကိယ်ကို ကောင်းအောင်ကြိုးစားရမယ်။
ဘယ်သူ သီလကျိုးကျိုး
ကိုယ် မကျိုးစေနဲ့။

လူတွေဟာ အကောင်းကြိုက်ကြတယ်
ကောင်းကောင်း စားကြတယ်၊ ကောင်းကောင်းဝတ်ကြတယ်
အကျင့်ကျ အကောင်းမကျင့်ကြဘူး။

ဘဝမှာ
ဘာဖြစ်လာမယ်ဆိုတာ ကြိုတင်သိမထာတာ
မသိနိုင်တာကိုက ပိုပြီးတော့
စိတ်ဝင်စားစရာ ကောင်းတယ်
ပိုပြီးတော့လည်း နိုးကြားမှုရှိတယ်…

လူ့ဘဝမှာ စွန့်စားရတာနဲ့
အခက်ခဲတွေကို ကျော်လွှားရတာ
နဲနဲရှိမှ ကောင်းတယ် …
သို့မဟုတ်ရင် ဘဝဟာ
ပျင်းစရာကောင်းနေလိမ့်မယ် …

ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့
ဘယ်သူကြောင့်ပဲဖြစ်ဖြစ်
အတိတ်က ဖြစ်ခဲ့တာတွေထဲမှာ
ထောင်ကျ မနေဖို့ပဲလိုတယ် ….

ခရီးရောက်ချင်ရင် ရပ်မနေဖို့ပဲ အရေးကြီးပါတယ် …
နှေးတာက အရေးမကြီးပါဘူး ….

ဘဝကို ရှင်းရှင်းလင်းလင်း
နေသွားချင်တယ်ဆိုရင် ..
သတိလေးနဲ့ နေလိုက်ပါ ..
ဘဝဟာ ရှင်းလာပါလိမ့်မယ်။
စိတ်ရှင်းရင် ဘဝရှင်းတယ် ..
စိတ်ရိုးရင် ဘဝရိုးတယ် ..
စိတ်ရှုပ်ရင် ဘဝလည်းရှုပ်လာမယ်..
စိတ်ဆန်းပြားရင် ..
ဘဝလည်း ဆန်းပြားလာမယ် ။

ဘဝရဲ့ အရည်အသွေး
မြင့်မားစေချင်ရင်၊
စိတ်ရဲက အရည်အသွေးကို
မြင့်မားအောင် ကြိုးစားမှဖြစ်မယ် …
ဘဝရဲ့ အဆင့်အတန်းကို
စိတ်ရဲ့ အဆင့်အတန်းနဲ့ပဲ
တိုင်းတာသင့်တယ်။

ကိုယ့်ကို အများဆုံး
စိတ်ဆင်းရဲအောင် လုပ်တာဟာ
သူများမဟုတ်ပါဘူး …
ကိုယ့်စိတ်ပါ။
ကိုယ့်အတွေးပါ.
ကိုယ့်သဘောထားမှားနေလို့ပါ။

ဘဝကို
နောက်ဆုံးမချိန်ထိ
အဓိပ္ပါယ်ရှိရှိ ဘယ်လိုနေရမယ်ဆိုတာ
သိဖို့လိုတယ် …အဲဒီလို မသိရင်
ကြာလေ အသုံးမကျလေ ဖြစ်လာတတ်တယ်။

လောကကြီးမှာ
အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်
ရင့်ရင့်ကျက်ကျက် နေသွားတဲ့လူတွေ လိုတယ်…
ဘဝကို ဒီလိုနေပါလို့ နေပြသွားတဲ့လူတွေလိုတယ်။

ကိုယ်ဘာကို ခံစားနေရသလဲ
ကိုယ့်အကြိုက်ဟာ ဘာလဲဆိုတာ
သိချင်ရင် တစ်ယောက်တည်း
အချိန်ယူပြီးတော့
ကိုယ့စိတ်ကို ကိုယ်
သေသေချာချာ စမ်းစစ်ကြည့်ရမယ် ။

အိုးအိမ်မရှိတဲ့သူဟာ
ယောက်လည်လည်
ခြေသလုံးအိမ်တိုင်ဖြစ်နေတယ် …
ဂုဏ်သိက္ခာမဲ့နေတယ်…
သတိမရှတဲ့စိတ်ကလည်း ထို့အတူပဲ
ဟိုရောက်ဒီရောက်နဲ့ ဂုဏ်သိက္ခာ မရှိဘူး။

လူတွေကို မယုံတဲ့သူ
လူတွေကို သည်းမခံနိုင်တဲ့သူ
လူတွေအကြောင်း မကောင်းပြောတတ်သူဟာ
အဖေါ်မဲ့တတ်တယ်။

လောကကြီးဟာ
ကိုယ့်တစ်ယောက်ထဲအတွက်
စိတ်တိုင်းကျ ဖန်တီးထားတာ မဟုတ်ဘူး…

မကျေမနပ်ဖြစ်နေတဲ့
စိတ်ဟာ မလွတ်လပ်ဘူး
ထောင်ကျနေတယ်….

ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့
အပေးအယူ ရှိနေတယ် …
များများပေးနိုင်ရင်
များများပြန်ရတယ် …

pole-star47 မှကူးယူမျှဝေသည်