Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

5000 ks တန် ငွေ အတုများထွက်နေ

ဂ်စ္စူOctober 11, 20102min60513

Color Printer ကောင်းကောင်းလေးရှိတုန်းကတော့ ကလိဖူးတယ်.
တော်တော်လဲ တူတယ်ဗျာ..တစ်ထောင်တန် အသေးလေး Print ထုတ်ပြီးကြည့်ကြည့်တာ မသိရင် အစစ်ပဲ..
အံ့ဩပြီး သူငယ်ချင်းတွေကိုပြကြည့်တာ တော်တော်တူတယ်ဆိုပဲ..အဟီး..
အဲတာနဲ ့စိတ်ကူးတောင်ယဉ်လိုက်သေးတယ် အလုပ်လုပ်မစားတော့ဘူး.အတုပဲအထပ်လိုက်ထုတ်ပြီး..ရွာသားတွေကို ဂျင်းထည့်ရင်တော့ အငြိမ်ပဲလို ့…
ဟဟ..ငဖျင်းအတွေးတွေးကြည့်တာပါ..တစ်ကယ်တော့မလုပ်ရဲပါဘူး..ငယ်ငယ်က စာတစ်ခါခိုးချကြည့်တာတောင် တစ်ကိုယ်လုံးတုန်တုန်ယင်ယင် ဖြစ်နေလို ့..
အဲလောက်ထိ သတ္တိကောင်းတာ..ဟိဟိ။
အခုလဲ ခိုး..အဲဟုတ်ပါဘူ..မိုးမခသတင်းကနေပေါ်တင်ယူလာတဲ့ ငါးထောင်တန် အတု သတင်းလေးကို ရုပ်တည်ကြီးနှင့်ပဲ တင်လိုက်မယ်နော်.အောက်မှာဖတ်ကြည့်.။
ယခု ရက်ပိုင်းအတွင်း ၅၀၀ဝ တန် ငွေစက္ကူ အတုများ ပေါ်ထွက်နေပြီး ဘဏ်များတွင် အများဆုံး တွေ့ရှိနေရသည်ဟု သိရသည်။ ထို သတင်းကြောင့် သုံးစွဲသူအချို့က သတိထားပြီး လက်ခံနေသည်ဟု သိရသည်။
`ဘဏ်တွေမှာ ၅၀၀ဝတန်တွေ ငွေစက္ကူတွေ အများဆုံး တွေ့နေရတယ် လို့ ဘဏ်က ဝန်ထမ်း တွေ ပြောပြလို့ ကျွန်တော် သိရတာပါ။ တရွက်ချင်းစီကတော့ သုံးဖို့ မလွယ်ဘူးလေ။ အုပ်လိုက် ဆိုတော့ရော ထည့်လိုက်လို့ ရတာပေါ့။ အတု ဆိုတာကလည်း ဘဏ်က ဝန်ထမ်းတွေမို့ သိတာလေ။ ကျွန်တော်တို့ ဆိုရင် သိမှာမဟုတ်ဘူး။ ဒါကြောင့် အခုနောက်ပိုင်း ကားခ ယူရင် ငါးထောင်တန် ယူရမှာတောင် ခပ်လန့်လန့်ပဲ။´ဟု ရန်ကုန်မြို့က တက္ကစီ မောင်းသူ တဦးက ပြောပြသည်။
ဘဏ်ဝန်ထမ်းတဦး၏ အဆိုအရ ငါးထောင်တန် ငွေစက္ကူ အစစ်တွင် ဂဏန်းစာလုံး ၅၀၀ဝ မှာ ဖောင်းကြွ ဖြစ်ပြီး လက်ဖြင့်ပွတ်ကြည့်ယုံနှင့် သိနိုင်သည် ဟုသိရသည်။ အတုတွင်မူ ဖောင်းကြွစာလုံး မဟုတ်သဖြင့် တပြင်တည်း ဖြစ်နေသည်ဟုလည်း သိရသည်။
ထို့အပြင် ငါးထောင်တန်တွင် ပါဝင်သော ငွေကြိုးမှာ အပြားကြီးပြီး အတု၏ ငွေကြိုးမှာ မျှင်မျှင် မျှသာ ပါဝင်သည်ဟု သိရသည်။
`အခု လက်ရှိ စက်ပစ္စည်းတွေက အရမ်း တိုးတက်လာတော့ အတု လုပ်ဖို့က ပိုလွယ်လာတယ်။ နောက်ကျ မကြားဘူးတာ ငွေ၁၀၀ဝတန်တွေ ထုတ်တုန်းက ကင်နွမ် ကာလာ ပရင်တာ နဲ့တောင် ထုတ်ပြီး အတု လုပ်နိုင်တယ်တဲ့။ ကျွန်မကတော့ အတု လုပ်ရင် ၅၀၀ဝ တန်ထက် ၅ဝတန်နဲ့ ၁၀ဝတန်တွေ ပိုလုပ်စေချင်တယ်။ ဒါမှ အကြွေရှားတဲ့ ပြဿနာ နည်းနည်းဲ ငြိမ်းမှာ´ ဟု ဒဂုံတက္ကသိုလ် ကျောင်းသူ တဦးက ပြောပြသည်။
၅၀၀ဝ ကျပ်တန် ငွေစက္ကူကို ယမန်နှစ် အောက်တိုဘာလ ၁ ရက်နေ့က စတင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ထုတ်ဝေခါစ လများက သုံးစွဲသူများ အကြား တွေ့ရလေ့ မရှိသော်လည်း  တနှစ်အကြာတွင် နေ့စဉ်သုံးစွဲမှုတွင် ပမာဏများစွာ ပါဝင်လာနေသည်ဟု သုံးစွဲသူများက ပြောသည်။ ယခုအခါ ဘတ်စကားစီးခ ပေးရာတွင်လည်ေးကာင်း လက်ဘက်ရည်ဆိုင်များတွင် လည်းကောင်း သုံးစွဲနေကြပြီဟုလည်း သိရသည်။

ရန်ကုန်မြို့ခံ အချို့၏ အဆိုအရ စီတီးမတ် ကဲ့သို့ ကုန်တိုက်ကြီးအချို့က ခေါက်ချိုးခေါက်ထားသည့် ငါးထောင်တန်ကို လက်မခံကြောင်းလည်း ပြောဆိုသည်။
မိုးမခသတင်း

13 comments

  • ဆူး

    October 11, 2010 at 5:56 am

    စီတီးမတ် ကဲ့သို့ ကုန်တိုက်ကြီးအချို့က ခေါက်ချိုးခေါက်ထားသည့် ငါးထောင်တန်ကို လက်မခံကြောင်းလည်း ပြောဆိုသည်။<<
    ဒါဘဲရှိတာ.. ဘယ်လို လုပ်မလဲ အလုပ်က လစာပေးတာ ၅၀၀ဝတန်.. သုံးစရာနေရာ မရှိရင်.. ငတ်တော့မှာဘဲ.. ကြီးကျယ်လိုက်တာ.. အံ့ရော်..

  • SP

    October 11, 2010 at 6:01 am

    ကျနော် စီးတီးမတ် ဖွင့်ရင်တော့ ခေါက်ပဲခေါက်ခေါက် …
    ချိုးပဲချိုးချိုး..လက်ခံမယ်နော်
    လောလောဆယ် ၅၀၀ဝ တန်အတုလေးတွေ ထုတ်လိုက်ဦးမယ်..(City mart ဝယ်ဖို ့)

  • search123

    October 11, 2010 at 6:14 am

    လစာ ကို ၅၀၀ဝ တန် တွေ ရတာ ၂ လ ၃ လ လောက်ရှိပြီ။ ဒီသတင်း တင်ပေးတာ ကျေးဇူးပါ။
    သတိထားလို့ ရသွားတာပေါ့။

  • michaelaungpu

    October 11, 2010 at 6:45 am

    (ကျွန်မကတော့ အတု လုပ်ရင် ၅၀၀ဝ တန်ထက် ၅ဝတန်နဲ့ ၁၀ဝတန်တွေ ပိုလုပ်စေချင်တယ်။ ဒါမှ အကြွေရှားတဲ့ ပြဿနာ နည်းနည်းဲ ငြိမ်းမှာ´ ဟု ဒဂုံတက္ကသိုလ် ကျောင်းသူ တဦးက ပြောပြသည်)
    အဲ့သည် နေရာလေးဖတ်လိုက်ရတာ လောကကြီးဇောက်ထိုးဖြစ်သွားသလိုတောင် ခံစားမိပါတယ်ဗျာ စဉ်းစားသာကြည့်ကြပေတော့။

    • ဆူး

      October 11, 2010 at 7:00 am

      ကာလာ ပရင်တာနဲ့ အရှေ့နောက် ကျောကပ် ထုတ်ရင်တောင် ၂၀ဝလောက် ကျနိုင်တာကို ၅ဝ ၁၀ဝ အတု လုပ်တဲ့ လူ မွဲကိန်းစိုက်သွားအုန်းမယ်

  • chitlay

    October 11, 2010 at 7:10 am

    နေရာတကာမှာ အတုဆိုတာတွေချည်းပဲ ကြားနေရပါလားနော်။ အတုလုပ်တဲ့သူတွေကိုလဲ အံ့ဩတယ် ဘာလေးပဲအသစ်ထုတ်ထုတ် လုပ်နိုင်တယ်။

  • etone

    October 11, 2010 at 8:28 am

    တရားခံဘယ်သူလဲဟော့ ………။

  • koyegyi

    October 11, 2010 at 8:56 am

    ငါးထောင်တန်ကိုခေါက်ချိုးခေါက်ထားရင်မယူဘူးတဲ့လား အဲဒီဆိုင်မှာ မဝယ်နဲ့ပေါ့ဗျာ။ ပိုက်ဆံတောင်ဥပဓိရုပ်ကြည့်ပြီးလက်ခံတယ်ဆိုတော့ လူဆိုရင်တော့ အေးလေဘာတတ်နိုင်မှာလဲ။

  • Maung Dae`

    October 11, 2010 at 11:52 am

    ဟိုတစ်လောက စီးတီးမတ်မှာ ၅၀၀ဝ ထောင်တန်ပေးတယ် ခေါက်ချိုးရုံတင်မကဘူး လျှော်တဲ့အထဲပါသွားလို့ ကြေနေတယ်.. ယူပါတယ်ဗျ… ဒဂုံတက္ကသိုလ်ကကျောင်းသူပြောတာလဲမဆိုးပါဘူး…

  • intro

    October 11, 2010 at 12:45 pm

    ပိုက်ဆံက စုတ်မှ အစစ်တဲ့ဗျ… 😛

    • SP

      October 11, 2010 at 1:18 pm

      ထောက်ခံပါ၏..

  • shwemanthar

    October 12, 2010 at 6:26 am

    ငါလဲလုပ်ကြည့်ဦးမှ

  • mG

    October 12, 2010 at 4:29 pm

    အယ်…..။ပိုက်ဆံခေါက်ထားတဲ့ 5000 တန်ကို လက်မခံဘူးဆိုတော့ အဲ့ မားကတ်ကို တရားစွဲရမလိုပဲ။နိုင်ငံတော်က ထုတ်ထားတဲ့ ပိုက်ဆံကို လက်မခံဘူးလေ။

Leave a Reply