တက္ကသိုလ်တုန်းက …. အမှတ်တရ ..
ဒီနေ့ CITY MART ရောက်ဖြစ်တော့ ရွှေကူမေနှင်းရဲ့ ငါတို့တုန်းကတက္ကသိုလ် စာအုပ်တွေ့လို့ လှန်လှောကြည့်ဖြစ်ရသည်။
အိပ်ကပ်ထဲစမ်းကြည့်တော့ ဗလာမို့ဝယ်တော့မဝယ်ဖြစ်ခဲ့ … ရွှေကူမေနှင်း နာနတ်တောဘက်နေတုန်းကတော့တခါဆုံဖြစ်ကြသေးသည်။
သူ့ခေါင်းစဉ်ဖတ်ပြီး feel ကဝင်သွားပြန်ပြီ ……. တခါတုန်းက တက္ကသိုလ်ကို အမှတ်ရပါဘိခြင်း ……။
၁၉၇၈ ၁၉၇၉ တုန်းက ပင်းယဆောင်မှာနေရသည်။ ထမင်းစား သံချောင်းခေါက်တော့ ဦးအောင်ပြေးရသည် …။ နို့မို့ ဘယ်ကောင်းကောင်းကျန်လိမ့်မတုန်း ..
ဒါတောင် အကောင်းဆုံးထမင်းဝိုင်းရွေးထိုင်တာတောင်မှ … ဝက်သားဆို လက်တဆစ်လောက်အတုန်းလေးတွေ သုံးတုန်းလောက်ပါတာကိုး …။
အိမ်ကပံ့ပိုးနိုင်သူတွေကတော့ ငပိကြော်ဗူးတွေဘာတွေနဲ့ပေါ့ …။ ထမင်းစောစောစားပြီး ..ထုံးစံအတိုင်း အဓိပတိလမ်းမကြီးပေါ် လမ်းသလားကြသည်။
တွေ့သမျှကောင်မလေးတွေ လိုက်ရှိတ်သည်။ …. တဖြည်းဖြည်းနဲ့မှောင်စပျိုးပြီ …။ recreation centre ဟုခေါ်သော ကျောင်းသားများ
အပန်းဖြေရာ … အနုပညာအသင်း ဘတ်စ်ကက်ဘောကွင်း ဓာတ်ပုံဆိုင် စာရေးကရိယာဆိုင် လဘက်ရည်ဆိုင် အစရှိသည့် အဆောက်အဦကြီးကလည်းပိတ်နေပြီ။
ဘေးပတ်ပတ်လည်မှောင်အတိကျနေပြီ …. ထိုစဉ်က အဓိပတိလမ်းမကြီးပေါ်မှာသာ လမ်းမီးတိုင်များရှိ၏။
ရိတ်ကနဲပြေးပြီး မှောင်ရိပ်ခိုလိုက်သည်။ ကျောင်းသားနှစ်ဦးသုံးဦးကိုလည်းတွေ့လိုက်သည်။ ဘယ်ရမလဲကိုယ်ကဦးအောင်ပြေးထားရမည် ….။
အဲဒီ RC အဆောက်အဦကြီးကို မှောင်ထဲ တပါတ်ပါတ်လိုက်တော့ … ဟောတွေ့ပါပြီ …. တခုရှိတာက လုပ်နေကျမှ ကျွမ်းကျင်၏။ …။
အသာလေး နံရံနားကပ်ပြီး ငြိမ်နေလိုက်ရုံပင် …ကိုယ်ကဦးအောင်စောင့်နေရသည်။ …ခဏကြာတော့ ရောက်လာပါပြီ …. အတွဲတတွဲ …။
ကောင်လေးက စက္ကူလေးခင်းပေးတော့ ကောင်မလေးကထိုင်လိုက်သည်။ …. ပြီးတော့ ..နမ်းကြသည် ..။ အနောက်မှခြေသံကြားလို့လှည့်ကြည့်လိုက်တော့
ကျောင်းသားနှစ်ဦး ထပ်ရောက်လာသည်။ နောက်မှရောက်တဲ့ကောင်နောက်မှာဘဲနေပေါ့ …. ရှေ့ှံလာကျော်လို့တော့မရ … ဒါကနားလည်မှုစည်းကမ်း …
show ကလည်းတဖြည်းဖြည်း ဇာတ်ရှိန်တက်လာပြီ …. ကျနော်တို့အသက်ရှုသံတွေကလည်း .. ပြင်းလာပြီ ..။
ကျောင်းသားတယောက်ဆီမှ ဂလု ဆိုသော အသံနဲနဲကျယ်သွားသည်။ ကျနော်နောက်လှည့်ကြည့်ပြီး အသံမထွက် လက်သီးထောင်ပြလိုက်ရသည်။
ကျနော့နောက်မှာ အားလုံး ခြောက်ယောက်လောက် ရောက်နေပြီထင့် .. မှောင်မှောင်ပြပြမို့ ဘယ်သူတွေမှန်းမသိ …ကိုယ်လိုလူတွေချည်းပေါ့ ..
နောက်ဆုံး တန်းစီထားသောကျောင်းသားက ကောင်းကောင်းမြင်ရပုံမပေါ် … ခေါင်းပြူပြီးထွက်လာသည်။ ….
ကျနော်အလိုက်သိစွာနေရာဖယ်ပေးလိုက်ရသည်။ ….အသာလေး ပါတ်ထွက်ပြီး အဓိပတိလမ်းမကြီးဘက်ပြန်ထွက်ခဲ့ရ၏ ….
အသက်ဝအောင်အခုမှရှုရသည်။ စုံတွဲကတော့ ..ဇာတ်ရှိန်အမြင့်ဆုံးရောက်နေလောက်ပြီ …. ဘယ်တတ်နိုင်မတုန်း … နောက်ဆုံးကတန်းစီထားသူမှာ
ကျောင်းဝင်းစည်းကမ်းထိမ်းသိမ်းရေးကော်မတီ အတွင်းရေးမှုး ..ကျနော်တို့အဆောင် ဟောကျူတာ ဆရာ ဦးမြင့်ဦး ကိုယ်တိုင်ဖြစ်နေပါတော့သည် ။
……………… ဆရာရေ …အမှတ်တရပေါ့နော် ….ယခုဆရာက PHD ပင်ပြီးသွားပြီး ပါမေက္ခပင်ဖြစ်နေပေပြီ …။
20 comments
intro
October 12, 2010 at 1:51 pm
ပျော်စရာ ကောင်းမယ့်ပုံပဲ ကို ဖက်တီးရာ..
weiwei
October 12, 2010 at 1:52 pm
အဆောင်မှာနေပြီးတက္ကသိုလ်တက်ရခဲ့ရတယ့်အချိန်တွေကို ပြန်သတိရမိသွားတယ်။ သမိုင်းဝင်းထဲကအစိုးရဆောင်မှာ တစ်လ ၄၀ဝ ကျပ် နဲ့ ထမင်းဟင်း (ဝက်သားအတုံးသေးသေးလေးတွေ၊ ကြက်သားတုံးသေးသေးလေးတွေ၊ ကြက်ဥသေးသေးလေးတွေ) ပေမယ့် ထမင်းဝအောင်တော့ စားခဲ့ကြရသေးတယ်။ အခုပြန်တွေးကြည့်တော့ ပုံပြင်တွေလိုပါပဲလား။
computer__crazy
October 12, 2010 at 2:04 pm
ကျောင်းတုန်းက အဲဒါမျိုးလေးတွေက လက်လွတ်မခံတဲ့ ကျူတိုရီယယ်ချိန်တွေပေါ့ .. ခုတော့လည်း မြင်ရ တွေ့ရ တော်တော်ကို စိတ်ကုန်လာတယ်.. သမီးလေးတက္ကသိုလ်တက်ရင်တော့ သူ့မအေကြီး နေ့တိုင်း လိုက်သွားခိုင်းရမှာပဲ..
kopauk mandalay
October 12, 2010 at 2:32 pm
ကျောင်းသားဘဝက သူငယ်ချင်းတွေနေတဲ့ အာအိုင်တီကျောင်းသားတွေထားတဲ့ စဉ့်ကူးဆောင်ကိုသွားလည်ကြတယ်။
သူဘေးမှာက အာစီတူး ရှိတယ်။
လူလည်သူငယ်ချင်းတစ်ယောက်က အပေါ်ထပ်ကိုခေါ်သွားတယ်။
ပြီးတော့ အခန်းထောင့်နားမှာရှိတဲ့ အဖုံးလေးကိုဖွင့်လို့အောက်ငုံ့ကြည့်ခိုင်းတယ်။
အောက်မှာ အတွဲတစ်တွဲ ………..တွေးကြည့်ပါတော့……………………………..။
တစ်ခါကမန်းလေးက အင်းဝ-9 ဟောလ်ထဲမှာ။
ညနေခြောက်နာရီလောက်ကတဲက အတွဲကိုစောင့်နေတာ ဝေ့ဝိုက်ပြီးစည်တော်ကြီးလုပ်နေတာ
မစောင့်နိုင်တဲ့ကောင်က ခဲနဲ့ထုပြီးထွက်ပြေးရော။
အခုခေတ်ကတော့ ချောင်းစရာမလိုပါဘူး။
ခွေထွက်လာရင် ဝယ်ကြည့်လိုက်ရင် ရပြီ။
ခွေရအောင်ဝယ်နို်င်ဘို့ကတော့ အပေါင်းအသင်းလိုတာပေါ့နော်.။
blackchaw
October 12, 2010 at 2:34 pm
ဖက်တီးရေ
ကျောင်းဆိုတာနဲ့ အဆောင်တွေရှေ့က ညတေးသမားလေးတွေကိုပြေးမြင်မိတယ်။
ကိုင်ဇာသီချင်းတော်တော်များများမှာ ပါခဲ့ဘူးတဲ့ ကျောင်းသားဘဝအပျော်လေးတွေကို အခု အရမ်းလွမ်းမိတယ်ဗျာ။
ကျောင်းဖွင့်ရင်ဆိုတဲ့ သီချင်းမှာ “ကျောင်းဖွင့်ရင် ရီးဇားလေးကို ခေါ်ပြီး အဓိပတိလမ်းမှာ တွဲလျှောက်မယ်”
တက္ကသိုလ်မြေနေဝင်မှာစိုးတယ် ဆိုတဲ့သီချင်းမှာ “အပျော်ဆုံးပဲကွယ် ဒီနေရာလေးမှာ ပျော်ရွှင်စွာကျောင်းတက်ရတာ အကောင်းဆုံးဘဝပဲ ကျောင်းတော်ကြီးရယ် ကျောင်းပျော်လေးရယ် ထာဝစဉ်ဒွန့်တွဲလို့နေချင်တယ်”
စသည်ဖြင့် ကျောင်းသီချင်းလေးတွေအများကြီးရှိတယ်ဗျာ။
မွန်းအောင်ဆိုခဲ့ဘူးတဲ့ ၈/၈၂ အင်းလျား၊ အောင်နိုင်ဆိုခဲ့ဘူးတဲ့ မောင့်သီရိမေ၊ အဆောင်သူအလွမ်းပြေ၊ ခိုင်ထူးဆိုခဲ့ဘူးတဲ့ စစ်ကိုင်းလမ်း၊
ဖိုးချိုဆိုခဲ့ဘူးတဲ့ အဆောင်သူရဲ၊ လွှမ်းမိုးဆိုခဲ့ဘူးတဲ့ ကံ့ကော်မြို့တော်၊ နောက်ပိုင်းအဆိုတော်တွေထဲက ထူးအိမ်သင်ရဲ့ ဂျဒ်ဆင်ထိပ်ကလရိပ်ပြာ၊ အောင်ရင်ရဲ့ အင်းလျားအဆောင်သူလေး စသည်ဖြင့် ကျောင်းသီချင်းတွေ အများကြီးနဲ့ ကျောင်းတော်ကြီး အထူးသဖြင့် ရန်ကုန်တက္ကသိုလ် ကြီးရဲ့အင်မတန်ကြီးကျယ်ခမ်းနားတဲ့ ပုံရိပ်တွေကို လွမ်းနေမိတယ်ဗျာ။ ကျောင်းလွမ်းတဲ့အကြောင်းရေးတာ ကျောင်းသီချင်းတွေ အကြောင်း ရေးသလိုဖြစ်သွားရင်ခွင့်လွှတ်ပါ ကိုဖက်တီးရေ။ အဲဒီတုန်းက ကျောင်းပိတ်ချိန်လေးတွေမှာ ကျောင်းပိတ်လို့အိမ်ကိုပြန်သွားတဲ့ ရီးဇားလေးကို သတိရပြီး အသံကြောင်ကြီးနဲ့အော်ဆိုခဲ့တဲ့သီချင်းလေးတစ်ပုဒ်မှာပါတဲ့ စာသားလေးတွေကို ဖေါ်ပြခွင့်ပြုပါ။
“ကိုယ်လေနေ့မှန်းညမှန်း မသိဘူး အချစ်ရေ့
မင်းကိုလွမ်းတဲ့စိတ်ကြောင့်လေ
အချိန်တွေဟာတစ်ကယ်ကိုကုန်ခဲလို့
နင်ပိုင်ဆိုင်သောနေ့တွေအလယ်”
နေမျိုးဆေးရေးဆိုခဲ့တဲ့ နင်ပိုင်ဆိုင်သောနေ့ရက်များ သီချင်းထဲက သီချင်းစာသားလေးတွေပါ။ အဲဒီအချိန်တုန်းက ကျောင်းပိတ်ချိန်ဆိုတာ တကယ်ကိုကုန်ခဲလွန်းတဲ့နေ့ရက်တွေပါပဲဗျာ။
fatty
October 12, 2010 at 4:02 pm
အားလုံးသော ကွန်မင့်ရေးသူများသို့ ……………………………….
…………………ကျနော်မျက်ရေကျမိပါတယ် ……………………
………………………………ဘာကြောင့်ပါလဲ ……………………………။
bigcat
October 12, 2010 at 11:55 pm
ဦးဖက်က မျက်ရည်ကျတယ်
ကျွန်နော်က သွားရည်ကျတယ်
တခြားသူတွေက ..ကျမယ်။ (မမိုက်ရိုင်းကြနဲ့နော်၊ ကောင်းကောင်းမွန်မွန်တွေးကြ)
ဆူး
October 13, 2010 at 2:33 am
ခေါင်းလျှော်တာ ကြာသွားလို့ နှာချေပြီး နှာရည်ကျတာ.. မမိုက်ရိုင်းဘူးနော်.. နှာစေးပျောက်စေး သောက်ရင် ပျောက်တယ်..
ဆူး
October 13, 2010 at 2:37 am
တက္ကသိုလ်တုန်းက အမှတ်တရ ဆိုလို့.. ဖတ်ကြည့်တာ.. ဆူးအတွက်တော့ တက္ကသိုလ်ဆိုတာ ဘာမှန်းတောင် မသိလိုက်ဘူး.. တက္ကသိုလ်မှာ ခင်တဲ့ သူငယ်ချင်းတောင် မရှိဘူး.. အဝေးသင်.. တာဝမှာ ကျောင်း ၁ဝရက် အနီးကပ်တက်.. ၁ဝရက်မှာ ၂ရက်သွားတယ်.. တရက်က အဆိုင်းမန့် တင်ဖို့.. တရက်က စာမေးပွဲ ဖြေဖို့ နေရာနဲ့ အချိန်ကို သွားဖတ်.. နေကလည်းပူ.. လမ်းမပေါ် လမ်းလျှောက်ရက် ကတ္တရာတွေ ဖိနပ်နဲ့တောင် ကပ်ပါလာသေးတယ်.. ဒီလိုနဲ့ ၃နှစ်ပြီးလို့ ဘွဲ့တွေရ.. ပညာတတ်ကြီး ဖြစ်လာသတဲ့ကွယ်.. ဟဲဟဲ..
manawphyulay
October 13, 2010 at 3:01 am
တက္ကသိုလ် ၄ နှစ်တက်ခဲ့စဉ်အတွင်းဟာ ပျော်ရွှင်ဆုံး အချိန်လေးတွေပါပဲ။ လွမ်းမိတယ် အဓိပတိလမ်းလေးရယ်….
michaelaungpu
October 13, 2010 at 5:16 am
အဖိုးကြီးတွေအဖွားကြီးတွေ ခောတ်ဟောင်းတေးတွေဖွင့်ပြီး စားမြုံပြန်နေကြတဲ့အချိန်မှာ
ကျွန်တော်တို ့လို ခလေးတွေက ယဉ်ယဉ်ကျေးကျေး တိတ်စိတ်စွာနေပေးကြပါသည်ခင်ဗျား။
nwl
October 13, 2010 at 5:38 am
တက္ကသိုလ်တုန်းက အမှတ်တရ ……တစ်ခါမှ အဲလို အတွေ့အကြုံခံစားချက်မျိုးမရခဲ့တာတော့ သေချာတယ် ။
အမှတ်တရ ဆိုလို့ ဆူးပြောသလိုပဲ နေပူပူ ဖုန်ထူထူမှာ ကားအကြာကြီးစီးပြီး တာဝ သွားခဲ့ရတာလေးပဲရှိတယ် ။
fatty
October 13, 2010 at 5:39 am
သာဓုပါ မြေးကလေး ပုရယ် ….။
search123
October 13, 2010 at 5:52 am
ပြောပြစရာ အမှတ်တရရှိတဲ့ သူတွေ အားလုံးကို အားကျတယ်။
အဝေးသသင် ကို တက်သုတ်ရိုက် တက်ခဲ့ရတော့ ပြောပြစရာ ထူးထူးထွေထွေ မရှိခဲ့ပါ။
kai
October 13, 2010 at 5:52 am
ကိုပေါက်လက်ချက်နဲ့.. ရန်ကုန်ကတေးသံသွင်းတချို့သီချင်းစလက်ရှင်တွေ ပြန်ကူးပေးနေရချိန်မှာ… အခုလည်း.. တွေ့ပြန်ပြီ..တက္ကသိုလ်သီချင်းလက်ရွေးစဉ်…။
မကြာခင်လေးကတင်.. ဇဝနရဲ့ ကောလိပ်ဂျင်ဖတ်ပြိး… တွေးနေမိတာ..ဦးဖက်တီးလုပ်မှ.. အဘတို့ကောလိပ်ဂျင်ခောတ်ကိုတောင် ပြန်လွမ်းမိသလို…ဖြစ်သွားတယ်..။
.
အဟင်း..
ကျုပ်တော့ ..တက္ကသိုလ်ဘာရတုတုံးကလည်းမသိဘူးထွက်တဲ့ သီချင်းခွေအတွဲကြီးဝယ်ထားတာမှတ်မိတယ်..
ပြန်ရှာပြီး..ဖုန်သုတ်..နားထောင်ဦးမှပါ..။
မျက်ရည်တော့ ..မလည်မိပါဘူး..ဖနောက်နဲ့ချည်းပေါက်ချင်စိတ်တွေ…တဖွားဖွားပေါ့..။
search123
October 13, 2010 at 5:52 am
ပြောပြစရာ အမှတ်တရရှိတဲ့ သူတွေ အားလုံးကို အားကျတယ်။
အဝေးသင် ကို တက်သုတ်ရိုက် တက်ခဲ့ရတော့ ပြောပြစရာ ထူးထူးထွေထွေ မရှိခဲ့ပါ။
fatty
October 13, 2010 at 7:17 am
ခေတ်စံနစ် …အရကိုး ..သီးခံကြပါ။
doekalay
October 13, 2010 at 8:13 am
ဟုတ်တယ်နော်။ ကျောင်းသားဘဝက အရမ်းပျော်ဖို့ကောင်းတယ်။ အသက်တွေဘယ် လောက်ကြီးကြီး၊ လုပ်ငန်းခွင်တွေမှာ ဘယ်လောက်ပျော်ပျော် ကျောင်းသားဘဝက အပျော်တွေကိုတော့ ဘာနဲ့မှလဲလို့မရပါဘူး။
char too lan
October 13, 2010 at 8:26 am
ဘာလို ့မရှိရမှာလဲ ပြောစရာရှိပါတယ်
ကျောင်းစတက်တော့ တခြားကမာ္ဘရောက်သွားသလားထင်ရတယ်
ကောင်မလေးတွေ ကအလန်းစားစတိုင်အမျိူးမျိူးနဲ့ ဒုတိယနှစ်လဲကျရော
မြန်မာဝတ်စုံနဲ့မှကျောင်းထဲဝင်ခွင့်ရမယ်တဲ့ ကောင်မလေးတွေလဲ လုံချည်တွေဘာတွေစွန်တောင်ဆွဲကြပေါ့
ကန်တင်းမှာတင်လွယ်အိတ်ထဲက လုံချည်တွေထုတ် ဘောင်းဘီအကျပ်တွေပေါ်ထပ်နဲ့ တကယ်ကိုလွမ်းစရာပါ………..
စီးပွားရေးတက္ကသိုလ်ရဲ့ ပတ်ဝန်းကျင်ဆိုလဲ ဘယ်လောက်သာယာတယ်မှတ်လဲ
ရှေ့၂မှတ်တိုင်လောက်သွားလိုက်ရင် အရူးထောင်ရှိတယ်။
နောက် ၂မှတ်တိုင်လောက်ပြန်လိုက်ရင် ရွာသာကြီးသားသတ်ရုံရှိတယ်
ကြားထဲမှာ ထွန်းကင်ဆာဖောင်ဒေးရှင်းရှိသေးတယ် ကျောင်းတက်စတုန်းက ကျောင်းအဝင်လမ်းကြီးထဲမှာ မလေးရှားပိတောက်ပင်တွေစီတန်းနေတာပဲ
သေချာတာကဘာကံ့ကော်ပင်မှမရှိဘူး
နောက်ဆုံးနှစ်တက်တော့ခုတ်ထားလိုက်တာပြောင်ရှင်းလို ့ အကြောင်းက အဲဒီကျောင်းအဝင်လမ်းမကြီးရဲ့ဟိုး…….အဆုံးမှာခမ်းနားတဲ့အဆောင်အကြီးကြီးဆောက်ပီး အပင်တွေကကွယ်နေလို့ တာလမ်းပေါ်ကနေမြင်ရအောင်လို့တဲ့။ ပီးတော့နာဂစ်လဲဝင်လိုက်ရော အဆောင်သစ်ကြီးရဲ့ အမိုးအချပ်လိုက်ကြီးက ကျောင်းနောက်ကကြက်ခြံဘက်ကိုလွင့်သွားရော……………..
မြို ့ထဲကနေလာတက်တဲသူတွေဆိုရင် မြွေတွေဘာတွေကြောက်ရသေးတာ
စာသင်ရင်းနဲ့ “တီချယ်မြွေလာနေတယ်” ဆိုတာက မကြာခဏ တော်ပါပီမပြောချင်တော့ဘူး…………..:)
blackchaw
October 13, 2010 at 2:54 pm
ဖက်တီးရေ ဒီအကြောင်းအရာက မင်းစခဲ့တဲ့ အကြောင်းအရာနော်။ ကိုယ်နဲ့လည်းတိုက်ဆိုင်နေလို့ ဝင်ရေးဖြစ်သွားတယ်။
ရေးသူအချင်းချင်း အပြန်အလှန်လေးစားမှုမရှိရင် ဒီကွန်မင့် က ကိုယ့်ရဲ့ နောက်ဆုံးကွန်မင့်ပါ။