ဖောက်ပြန်တဲ့ ခင်ပွန်း မီးရှို့တဲ့ ဩစတြေးလျက အမျိုးသမီး
ဩ စတြေးလျနိုင်ငံမှ အမျိုးသမီး တစ်ဦးသည် ခင်ပွန်းသည်၏ လိင်အင်္ဂါကို မီးတင်ရှို့ခဲ့ကြောင်း တရားရုံးတွင် ဝန်ခံထွက်ဆိုခဲ့သည်။ အသက် ၄၆ နှစ်ရှိ ရာဂျီနီ နာရာရန်းက ဩစတြေးလျတောင်ပိုင်း ဗဟိုတရားရုံးတွင် ကြားနာသော အမှုအတွင်း သူမသည် ခင်ပွန်းသည်က ဖောက်ပြန်နေသည်ဟု ယုံကြည်သဖြင့် ယခုကဲ့သို့ ရက်စက်သော ပြစ်ဒဏ်ဖြင့် တုန့်ပြန်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော ကိစ္စတွင် အသက် ၄၇ နှစ်ရှိ ဆာတစ် နာရာရန်းသည် ခန္ဓာကိုယ်၏ ၇၅ ရာခိုင်နှုန်းမျှကို မီးလောင်ကျွမ်းခံရခြင်းကြောင့် ရရှိလာသော ဒဏ်ရာများဖြင့် ကွယ်လွန်ခဲ့သည်။ ရာဂျီနီသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ်ပေါင်း ၂၀ ထိ ချမှတ်ခံရဖွယ် ရှိနေသည်။ သူမက ခင်ပွန်းသည်အား ဘုရားတစ်ဆူ၊ ဂူတစ်လုံးသဖွယ် ရိုသေချစ်ခင်ခဲ့သော်လည်း ဆာတစ်က ဖောက်ပြန်သည်ဟု ယူဆချိန်တွင် သည်းမခံနိုင်ဘဲ လိင်အင်္ဂါကို မီးရှို့ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုသွားသည်။
သူမသည် အခန်းထဲသို့ ဓာတ်ဆီပုံး၊ ဖယောင်းတိုင်တို့နှင့် ဝင်သွားပြီး ဆာတစ်၏ အခြားအမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်ထားသော email များကို တွေ့ရှိထားကြောင်း ပြောကြားခဲ့သေးကြောင်း သိရသည်။ ထိုအခါ ဆာတစ်က သူမအား ညစ်ညစ်ညမ်းညမ်း ဆဲရေးသဖြင့် ဓာတ်ဆီဖြင့်ပက်ကာ မီးညှိထားသော ဖယောင်းတိုင်အား ယင်း၏ကိုယ်ပေါ် ပစ်တင်လိုက်ကြောင်း ရာဂျီနီက ထွက်ဆိုသွားသည်။
credit:လူထုအသံ
အိမ်ထောင်သည်တွေ လိမ်လိမ် မာမာ နေကျနော်.. ဖောက်ပြားမီလို့ မောင်မှားပါတယ် မလုပ်နဲ့.. ဒီသတင်းလေးကို အိမ်က မိန်းမတွေကို ပြပြီး နမူနာ ယူခိုင်းလိုက်မယ်..
သက်တံချိုကနေ သဘောကျလို့ ကူးယူထားပါသည်။
7 comments
thidar
October 16, 2010 at 10:28 am
ကောင်းတယ် မိန်းမတွေရဲ့အချစ်နဲ့ တန်ဖိုးထားတာကို စော်ကားတာကိုး။
ဒါပေမဲ့ ဒီလိုဖောက်ပြန်တိုင်းလုပ်ရရင်တော့ ကမ္ဘာပေါ်မှာ ကုန်းကုန်းတွေ အများကြီးဖြစ်ကုန်မှာနော်။ဓါးနဲ့ဖြတ်ပြီးဟိုအမျိုးသမီးဆီ ပါဆယ်ထုတ်ပြီးပို့လိုက်ပြီးရော။
ဆူး
October 16, 2010 at 10:47 am
တူက ပိုပွဲကြမ်း နေပါလား.. ဟီးဟီး..
april
October 16, 2010 at 12:12 pm
ဟုတ်တယ်.. နဲတောင်နဲသေးတယ်…ကိုယ်က သစ္စာရှိပြီး ကိုယ့်အပေါ် သစ္စာမရှိတာသိတော့ အရမ်းပေါက်ကွဲသွားတယ်နဲ့ တူတယ်။
michaelaungpu
October 16, 2010 at 1:47 pm
အဲ့သည်အထည်းမှာ ကိုယ်မပါရပါဘူး ခလေးရယ်။
သူ ့အမှားကို ကိုယ်ခံစားလိုက်တော့ အနှစ် ၂ဝ ကိုရော ဘယ်လိုလုပ်ကြမလဲ
ဆိတ်ဆိတ်နေ၍သော်၎င်း ကျောခိုင်းပြစ်၍သော်၎င်း ကဲကြိုက်တဲ့လမ်းကိုရွေး ဒါလဲကိုယ့်အခွင့်ရေးဘဲ
tunaung
October 16, 2010 at 2:36 pm
နှစ်ဦးစလုံးထိုက်သင့်တဲ့အပြစ်ဒဏ်ခံကြရပြီ အိုလောကလူ့ရွာရယ်ဖြစ်ကြောင်းကုန်စင်ပါဘဲလါး…..
su
October 16, 2010 at 3:33 pm
ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့။ သည်းခံပြီး ဆွေးနွေးလိုက်တာ အကောင်းဆုံးဘဲ။ သူ့အပြစ်ကို ကိုယ့်အပြစ်မလုပ်မိအောင် ဒေါသကို ထိန်းနိုင်ရင် ပိုကောင်းမယ်ထင်တာဘဲ။
marnat
May 29, 2012 at 3:02 pm
မိန်းမတွေက တစ်ခါတစ်ရံ သစ္စာမဲ့တယ်။