အမျိုးသားနေ့အစဉ်အလာ မြန်မာလူငယ်ထုအကြား ပိုမိုစွဲမြဲကိန်းဝပ်ရန်လိုအပ်

DaveNovember 16, 20091min1101
လွန်ခဲ့သော အမျိုးသားနေ့က မန်းတလေးမြို့ ကံတက်ကုန်း ဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်များနှင့် မန်းတလေးမြို့ခံ စာရေးဆရာများ ဆရာဆရာမများ၏ ဦးဆောင်မှုဖြင့် အမျိုးသားနေ့ အထိမ်းအမှတ် ကျောင်သား၊ကျောင်းသူလေးများ၊ကိုရင်လေးများပါဝင်သော ဟောပြောပွဲ၊ကပွဲနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ
မန်းတလေးက အမျိုးသားနေ့ အခမ်းအနား
မန်းတလေးက အမျိုးသားနေ့ အခမ်းအနား

အမျိုးသားနေ့သည် မြန်မာတစ်မျိုးသားလုံးအပေါ် နည်းအမျိုးမျိုးဖြင့် အလိမ်မာသုံးကာ စိုးမိုးအုပ်ချုပ်ခဲ့သည့် ဗြိတိသျှအစိုးရကို တော်လှန်ရမည်ဟူသောအသိစိတ်ဓာတ်ကို မြန်မာတစ်နိုင်ငံလုံးသို့ ထိရောက်စွာ ဝါဒဖြန့်ပေးခဲ့သည့် မြန်မာကျောင်းသားများ၏ အရေးတော်ပုံကို ဂုဏ်ပြုသောအားဖြင့် သတ်မှတ်ထားသော မြန်မာ့သမိုင်းဝင်နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည်။

အစိုးရ အဆက်ဆက်က လူငယ်ကျောင်းသားထု၏  စိတ်ဓာတ်ခွန်အားနှင့်ယုံကြည်ချက်ပြင်းပြမှုကို ပြန်လည်အသက်သွင်းလိုခြင်းမရှိသဖြင့် ထိုနေ့၏အစဉ်အလာကို မှေးမှိန်သေးသိမ်အောင် လစ်လျူ ရှု ခဲ့ကြသည်။အမျိုးသားနေ့ကို သာမန် ရုံးပိတ်ရက်၊ကျောင်းပိတ်ရက်တစ်ရက်အဖြစ်သာ ရှိစေခဲ့ပြီး အမျိုးဂုဏ်၊ဇာတိဂုဏ်မြှင့်တင်ပေးသည့် ဟောပြောပွဲများနှင့် အခြားလှုပ်ရှားမှုများကို ပိတ်ပင်တားမြစ်ထား သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

လွန်ခဲ့သော အမျိုးသားနေ့က မန ္တလေးမြို့ကံတက်ကုန်း ဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်များနှင့် မန ္တလေးမြို့ခံ စာရေးဆရာများ ဆရာဆရာမများ၏ ဦးဆောင်မှုဖြင့် အမျိုးသားနေ့ အထိမ်းအမှတ် ကျောင်သား၊ကျောင်းသူလေးများ၊ကိုရင်လေးများပါဝင်သော ဟောပြောပွဲ၊ကပွဲနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ အနီးပတ်ဝန်းကျင်မှ ရပ်ကွက်သူ၊ရပ်ကွက်သားများ ရာနှင့်ချီပြီး လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

အမျိုးသားနေ့ အစဉ်အလာသည် လူငယ်ထုအကြားတွင် ပိုမိုစွဲမြဲစွာ ကိန်းဝပ်ရန်လိုအပ်သဖြင့် အလားတူ လှုပ်ရှားမှုများကို အားပေးသင့်ကြောင်း မန​ ္တလေးဒေသခံတစ်ဦးက ထုတ်ဖော်ပြောကြားသည်။