Shanghai Expo’ 2010
ဒီလကုန်ရင် ပိတ်ပွဲအခမ်းအနားလုပ်တော့မှာဖြစ်တယ့် ရှန့်ဟိုင်မြို့က နိုင်ငံတကာကုန်စည်ပြပွဲကြီးပါ။ ဩဂုတ်လ အပူဆုံးအချိန်က သွားကြည့်ဖြစ်ခဲ့ပါတယ်။ ၃ရ ဒီဂရီစင်တီဂရိတ်ရှိတယ့်အချိန်ပေါ့။ တစ်နေ့ကို လာကြည့်တယ့်သူပေါင်း ၃ သိန်းလောက်ရှိပါတယ်။ ဝင်ကြေးကတော့ တစ်ယောက်ကို ယွမ် ၁၂ဝ ပါ။(ဗမာငွေ ၁၈၀၀ဝ ကျပ်) ပေးရပါတယ်။ အဲဒီကိုရောက်တယ့်အချိန်ကနေ ဝင်ပေါက်နေရာအထိရောက်ဖို့ အနဲဆုံး တစ်နာရီ တန်းစီရမှာဖြစ်ပါတယ်။ အားလုံး မညီးမညူတန်းစီနေကြတာကို တအံ့တဩတွေ့ခဲ့ရတယ်။ အကြာကြီးမစီရအောင် မနက် ၉ နာရီဖွင့်မှာကို ၈ နာရီကထဲကသွားပေမယ့် စီတော့စီလိုက်ရတာပဲ။ ခေါက်လို့ရတယ့် ရောင်စုံခွေးခြေခုံလေးတွေနဲ့ ထိုင်စောင့်နေလိုက်ကြတာပဲ။ လူကလဲများ ရာသီကလဲပူတော့ တော်တော်စိတ်ညစ်ရတယ်။ အထဲရောက်သွားတော့လဲ ပြခန်းတွေက အများကြီး။ ဘယ်ကနေစသွားရမှန်းတောင်မသိအောင်ပဲ။ မြေပုံစာရွက်တွေနဲ့ကြည့်ပြီး ကိုယ်သွားချင်တယ့်ပြခန်းကို ကားလေးတွေစီးရပါတယ်။ လမ်းလျှောက်လို့လဲရပါတယ်။ အဲဒါနဲ့ပဲ နံမည်ကြီးတယ့် ဥရောပက ပြခန်းတွေကြည့်မယ်ဆိုပြီး သွားလိုက်တော့ အပေါက်ဝမှာ အထဲကိုရောက်ဖို့ ၂ နာရီလောက် ထပ်တန်းစီရပါတယ်။ ဘာလို့လဲဆိုတော့ အထဲမှာ သူတို့တွေက ဖျော်ဖြေပွဲတွေလုပ်တယ်။ လူအကန့်အသတ်နဲ့ပဲဝင်ရတယ်။ တစ်ခါကို မိနစ် ၂ဝ ကြာရင် အပြင်က အတန်းအကြီးကြီးဆိုတော့ မရောက်နိုင်တော့ဘူးပေါ့။ ကျွန်မက အမေနဲ့အဖေနဲ့သွားတာဆိုတော့ သူတို့က အဲဒီလောက်ဒါဏ်ကို ခံနိုင်ရည်မရှိပါဘူး။ စိတ်ကလဲ မရှည်ဘူးပေါ့။ တစ်နာရီလောက်စီလိုက် မဝင်တော့ဘူးဟာဆိုပြီး နောက်ပြခန်းပြောင်းလိုက် .. တန်းပြန်စီလိုက် စိတ်မရှည်လိုက်နဲ့ နံမည်ကြီးသောပြခန်းများကို တစ်ခုမှ မဝင်ခဲ့ရပါဘူး။ တရုတ်ပြည်မက ပြခန်းတစ်ခုထဲကိုပဲ ဝင်ကြည့်လို့ရခဲ့ပါတယ်။ တော်တော်လေးကို ခမ်းခမ်းနားနားပြထားပါတယ်။ တချို့နံမည်မကြီးတယ့် ပြခန်းတွေကိုတော့ ဝင်လို့ရပါတယ်။ ဝင်ရတယ့်ရည်ရွယ်ချက်ကလဲ အပြင်မှာ သိပ်ပူလွန်းလို့ အအေးခဏရအောင်ပေါ့။ ကျွန်မ အဖေက ဗမာပြခန်းကို ကြည့်ချင်တယ်ဆိုတာနဲ့ ကားစီးပြီး ချောင်အကျဆုံးနေရာက ပြခန်းကလေးဆီကို ရှာဖွေပြီး သွားကြည့်ခဲ့ပါတယ်။ နောက်ဆုံးမှာတင်ထားတယ့် ၄ ပုံကတော့ မြန်မာပြခန်းပေါ့။ အသေးစိတ်မရေးတော့ဘူးနော်။ ပုံကြည့်ရင် သဘောပေါက်မှာပါ။
အဲဒီကိုသွားခြင်းအားဖြင့် တရုတ်လူမျိုးတွေရဲ့စိတ်ရှည်မှုနဲ့ ကျန်းမာရေးကောင်းမွန်မှုကို တွေ့ခဲ့ရတယ်။ ဒီလောက်နေပူနေတယ့်နေရာမှာ ပျော်ပျော်ပါးပါးနဲ့ အပြုံးမပျက်နေနိုင်ကြတာ အံ့ဩစရာပါ။ ပြခန်းလာတယ့်အများစုက ကလေးတွေနဲ့ သူတို့မိဘတွေဖြစ်တယ်။ သူတို့ကလေးတွေကို ဗဟုသုတရအောင် တကူးတက လာကြတာတွေ့ရတယ်။ အမှတ်တရအနေနဲ့ passport လုပ်ကြတယ်။ ဓါတ်ပုံနဲ့ နံမည်နဲ့ အမြန်လုပ်ပေးတယ့်နေရာတွေရှိတယ်။ ပြခန်းထဲဝင်လိုက်ရင် အပေါက်ဝမှာ အဲဒီနိုင်ငံရဲ့တံဆိပ်ကိုထုပေးတယ်လေ။ သူတို့ ဘယ်နှစ်နိုင်ငံဝင်ပြီးပြီဆိုတာ ပြိုင်ကြတာပေါ့။ ကလေးတွေ အရမ်းပျော်ကြပါတယ်။ ၃ ရက်လောက်အချိန်ပေးမှ တကမ္ဘာလုံးပြည့်နိုင်ပေမယ့် သူတို့ ၃ ရက်တိတိ စိတ်ရှည်ရှည်နဲ့လာတာကိုတွေ့ခဲ့ရတယ်။ ကျွန်မတို့မိသားစုကတော့ ရှုံးတယ်ပဲပြောရမှာပေါ့။ တစ်နေကုန်မနေနိုင်လု့ိ ခဏနဲ့ပဲ ပြန်ထွက်ခဲ့ရတယ်။
8 comments
weiwei
October 24, 2010 at 5:21 pm
Up to March 25, 2010, 242 countries and international organizations have confirmed their participation in the Shanghai World Expo, the largest ever. China expects to receive almost 100 foreign leaders and millions of people from across the world to come and visit the World Expo. 70 million visitors are expected to visit the expo, making it the most visited in history. Over 70 million visitors have already visited the expo with one week left to go. On October 16, 2010, the expo set a record of having over 1.03 million visitors enter the exhibition that day.
(From Wikipedia)
လူဦးရေကတော့ အံ့မခန်းပါပဲ … Nanjing Road မှာ လူပင်လယ်ကြီးလိုကိုဖြစ်နေတာ … ဟိုတယ်တွေ တည်းခိုခန်းတွေအားလုံး booking လုပ်ထားမှသွားလို့ရတယ်။
kai
October 24, 2010 at 7:18 pm
တလလောက်ကြိုပြီးဘွတ်ကင်လှမ်းလုပ်ထားတာတောင် ..လေယဉ်လက်မှတ်တွေကုန်.. ဟော်တယ်တွေပြည်ြပြီး..သွားလို့ရမရ.. ဝိတ်တင်းလစ်နဲ့စောင့်နေရသူတွေ အများကြီးဖြစ်နေတဲ့..ပွဲကြီးပေါ့..။ တရုတ်ကတော့ ..အကြီးအကျယ်ကို ခုန်တက်သွားတော့တာပါပဲ..။ တိုးတက်ဖို့လမ်းကြောင်းမှန်ပေါ်ရောက်နေပါပြီ။အဲဒီပွဲ ဓါတ်ပုံတွေအတွက်ကျေးဇူးပါပဲ..။ ကျုပ်က တီဗီကနေသာ ကြည့်အားပေးနေရတာပါ။
မြန်မာတွေ …. တရုတ်မှာပညာသင်သွားတာ..။ အလုပ်ရှာသွားတာတွေ လုပ်သင့်ပါတယ်.။ မလေးရှား၊ ယိုးဒယား၊စင်္ကာပူတွေဖက်ကိုချည်း မဲမနေသင့်တော့ပါဘူး..။
နောင် ဆယ်စုနှစ်ဆို ..အခုဂျပန်လို ဖြစ်သွားပြီး..ဗီဇာတွေအရမ်းခက်တော့မှာ..
ရှိတဲ့သူတွေကလည်း… ပီအာတွေရအောင်ကြိုးစားကြစေလိုပါတယ်..။
တော့ပစ်နဲ့မဆိုင်ပေမဲ့ … ခေါင်းစဉ်ဝင်တုံး…အကြံပေးတာဖြစ်ပါကြောင်း..
bigcat
October 24, 2010 at 7:41 pm
မြန်မာပြခန်းဓာတ်ပုံရလို့ ကျနော်တို့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာမှာ မြန်မာပြခန်း ရှန်ဟဲအိပ်စပိုပြပွဲတွင် ကြိတ်ကြိတ်တိုး စည်းကားလို့ သတင်းထဲ့လို့ရသွားပါပြီ။ ကျန်တာကိုတော့ ကျနော်တို့ ကွန်ပြူတာပညာရှင်များက ဆက်လက်ဆောင်ရွက်ပါလိမ့်မယ်။
ဒါထက် မဝေဝေက ပြပွဲကို မိဘနှစ်ပါးနဲ့သွားတယ်ဆိုတော့၊ အင်း.. ခန့်မှန်းလို့ရပါပြီ။ ကိုမိုက်ကယ်ဂျော်နီအောင်ပုရေ ခင်ဗျားနဲ့ကျနော် သတ်ရတော့မယ်နဲ့ တူတယ်နော။
weiwei
October 25, 2010 at 4:10 am
ကျွန်မ သိသလောက်ကတော့ တရုတ်ပြည်မှာ အလုပ်အကိုင်ရှားပါတယ်။ လူဦးရေများလွန်းလို့ သူတို့နိုင်ငံသားအားလုံးအတွက်တောင်အခက်အခဲရှိနေတယ်။ ဒါပေမယ့် တရုတ်ပြည်မှာ ဘွဲ့ရတယ့် နိုင်ငံခြားသားဆိုရင် အလုပ်ရတာလွယ်တယ်။ မာစတာဘွဲ့ရမယ်ဆိုရင် ပညာရပ်ပေါ်မူတည်ပြီး လစာက ၆၀၀ဝ ယွမ်ကနေ ၁၀၀၀ဝ ယွမ်လောက်အထိ ရတယ်လို့ကြားပါတယ်။ ဒါပေမယ့် အင်္ဂလိပ်စာတော့ အထူးကျွမ်းကျရမယ်နော်။ နေစရိတ်နဲ့ စားစရိတ်က တစ်လကို ယွမ် 2000 လောက်ပဲ ကုန်မှာပါ။ တရုတ်ပြည်မှာနေရင် အကောင်းဆုံးအားသာချက်ကတော့ အစားအသာက်ဈေးပေါပေါနဲ့ များများစားနိုင်မယ်။ တရုတ်ပြည်မှာ ကျောင်းတက်မယ်ဆိုရင်တော့ သိပ်ကိုပျော်စရာကောင်းမှာဖြစ်ပါကြောင်း သတင်းကောင်းပါးချင်ပါတယ် …
မိုက်ကယ်ဂျော်နီအောင်ပု
October 25, 2010 at 4:28 am
တွေ ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ ကြောင်ကြီးရေ ့
ဟဲဟဲ ဟဲ
အသက်ကလေးတွေ ထောက်လာပြီလေ မဲနှိုက်တမ်း ဂဂျားရင် မကောင်းဘူးရား
အရကားနောက်တာ !!!!
နောက်ဆို ပါပါနဲ ့မာမာ တို ့ကို အဲ့လို ဒုက္ခ မပေးနဲ ့လေ ဝေ လေးရဲ ့
ပုပု ကိုယ်တိုင် လိုက်ပို ့မှာပေါ့။
( အရသာ……………..အရသာ)
ဆူး
October 25, 2010 at 5:33 am
အဘပုနဲ့ ဦးကြောင်ကြီး သချိုင်းကုန်းမှာ ချိန်းတွေ့ကြတာလားဟင်.. ညဘက် ဆိုရင် မသင့်တော်ဘူးနော်.. မဲ…………နှိုက်တမ်း ဂဂျားတယ်လား.. ဒီမှာ လာကြေညာနေတာတော့ မကောင်းဘူးနော်..
ဦးလေးနဲ့ ဘကြီး ချိတ်ချိုးနဲ့နော်.. 🙂
chitsayar
October 25, 2010 at 6:14 am
(မြန်မာတွေ …. တရုတ်မှာပညာသင်သွားတာ..။ အလုပ်ရှာသွားတာတွေ လုပ်သင့်ပါတယ်.။ မလေးရှား၊ ယိုးဒယား၊စင်္ကာပူတွေဖက်ကိုချည်း မဲမနေသင့်တော့ပါဘူး..။နောင် ဆယ်စုနှစ်ဆို ..အခုဂျပန်လို ဖြစ်သွားပြီး..ဗီဇာတွေအရမ်းခက်တော့မှာ..)
(ကျွန်မ သိသလောက်ကတော့ တရုတ်ပြည်မှာ အလုပ်အကိုင်ရှားပါတယ်။ လူဦးရေများလွန်းလို့ သူတို့နိုင်ငံသားအားလုံးအတွက်တောင်အခက်အခဲရှိနေတယ်။ ဒါပေမယ့် တရုတ်ပြည်မှာ ဘွဲ့ရတယ့် နိုင်ငံခြားသားဆိုရင် အလုပ်ရတာလွယ်တယ်။ မာစတာဘွဲ့ရမယ်ဆိုရင် ပညာရပ်ပေါ်မူတည်ပြီး လစာက ၆၀၀ဝ ယွမ်ကနေ ၁၀၀၀ဝ ယွမ်လောက်အထိ ရတယ်လို့ကြားပါတယ်။)
ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်တဲ့ ရဲဘော်သုံးချိပ် အဖွဲ ့ဝင်တွေ ဂျပန်ပြည်မှာ စစ်ပညာသင်ကြား ကြလေတုန်းက မြန်မာ့ထိပ်တန်းခေါင်းဆောင်တွေ နှင့်တစ်ကွသော ပြည်သူတွေရဲ ့ဂျပန်ပေါ်မှာထားတဲ့ ရည်မှန်းချက်ကို ပြောပြစရာ လိုမယ်မထင်ပါဘူး
ကျုပ်တို ့နိုင်ငံတစ်ခုလုံး တရုပ်ကိုထိုးကျွေးထားတဲ့ စစ်အုပ်စုရယ် ကျုပ်တို ့နိုင်ငံရဲ ့လည်မျိုကို နင်းထားတဲ့တရုပ်ရယ်
နှစ်ဖက်စလုံးရဲ ့သဘောတွေကို ထင်ထင်ရှားရှား သိနေပါလျှက်နဲ ့အဲ့သည်နိုင်ငံက ဘယ်လိုပညာမျိုးကို သင်ကြားသင့်တယ်ဆိုတာလေးတော့
လင်းသင့်ပါတယ် လူကြီးမင်းရယ်။
weiwei
October 25, 2010 at 7:23 am
ကျွန်မအမြင်နဲနဲဝင်ပြောအုန်းမယ် … တရုတ်နိုင်ငံက ကမ္ဘာပေါ်မှာ တိုးတက်မှု အမြန်ဆုံးနိုင်ငံဖြစ်နေပါတယ် … ဘယ်သူမှမငြင်းနိုင်ပါဘူး .. မြန်မာပြည်နဲ့အနီးဆုံးမှာရှိနေပေမယ့် ဗမာလူမျိုးမရှိသလောက်ပဲဆိုတော့ ဗမာတွေအနေနဲ့ ဘာကြောင့်တရုတ်ဒီလောက်တိုးတက်တယ်ဆိုတာကို မသိကြဘူးဖြစ်နေပါတယ် … အဲဒီတော့ ဘာပဲဖြစ်ဖြစ် သူတို့တွေဘာကြောင့်ဒီလောက်တောင်တိုးတက်တယ်ဆိုတာကို သိအောင်လေ့လာသင့်ပါတယ် … ကောင်းတာကို သင်ယူတာဖြစ်လို့ သင်ယူလေ့လာသင့်ပါတယ် …