တရုတ်ရှေးဟောင်းမြို့တစ်မြို့ , Wuyuan
တရုတ်ပြည်သူ့သမတနိုင်ငံ၊ ကျန်းရှီးပြည်နယ်ထဲက ဝုရွမ် (Wuyuan) လို့ ခေါ်တဲ့ ရှေးမြို့လေးတစ်မြို့ကို ကျွန်မတို့ ကျောင်းသားအားလုံးကို တစ်ညအိပ် နှစ်ရက်ခရီးအနေနဲ့ လိုက်ပို့ပါတယ်။ ကျွန်မရဲ့ ပထမဆုံးခရီးစဉ်ပါ။ လွန်ခဲ့တဲ့ ၄ နှစ်ကပါ။ နိုင်ငံခြားသားကျောင်းသားချည်းပဲ ၂၀ဝ ကျော် အတူအကွခရီးသွားခဲ့ရလို့ ပျော်စရာလဲကောင်း ပထမဆုံးခရီးစဉ်လဲဖြစ်တာကြောင့် စိတ်လဲလှုပ်ရှားနဲ့ ဗဟုသုတအတော်များများရခဲ့ပါတယ်။ ကားနဲ့သွားတာဖြစ်လို့ လမ်းခရီးသာယာပုံတွေကိုမြင်တွေ့ခဲ့ရပါတယ်။ တခြားမမြင်သင့်တာတွေလဲ မြင်တွေ့ခဲ့ရပါတယ်။ ကားက ရ နာရီခန့်စီးရတာဆိုတော့ လမ်းမှာ အပေါ့အပါးသွားဖို့ ရပ်ပေးပါတယ်။ အများသောအားဖြင့် ဓါတ်ဆီဆိုင်တွေမှာရပ်တယ်။ အဲဒီမှာ စတွေ့တော့တာပဲ။ မိုးကလဲ ဖွဲဖွဲရွာနေတော့ တစ်ကားလုံးကလဲ အပေါ့သွားချင်နေပြီပေါ့။ ကားလဲရပ်ရော ဝမ်းသာအားရ အိမ်သာထဲဝင်လိုက်တာ မျက်စိပြာသွားတယ်။ အိမ်သာအခန်းတွေကို တန်းစီထားပေမယ့် တံခါးမပါဘူး။ နံရံဘက်ကို မျက်နှာလှည့်ပြီး နောက်ပိုင်းကျတော့ ဟောင်းလောင်းပေါ့။ အောက်ကမြောင်းနဲ့ထားပြီး အားလုံးကိုဆက်ထားတယ်။ တစ်နေရာထဲကနေ ရေလောင်းပေးထားတဲ့စနစ်နဲ့ .. အနံ့ရှိပေမယ့် အရမ်းတော့ ညစ်ပတ်မနေပါဘူး .. ဒါပေမယ့် လူတွေအများကြီးဆိုတော့ မသွားရဲပဲ အောင့်ထားလိုက်ပါတယ်။ ကျွန်မတို့အတန်းက လူမျိုးပေါင်းစုံပါတယ်လေ … တော်တော်များများကတော့ ပထမဆုံးစကြုံလိုက်ချိန်မှာ အောင့်ထားလိုက်ကြတယ် … ဒါပေမယ့် နောက်တစ်ခါထပ်ရပ်တော့ ပြေးဆင်းပြီး ထပ်ဝင်ကြည့်တယ်။ အတူတူပဲဖြစ်နေတယ်။ မအောင့်နိုင်တော့တဲ့သူတွေကတော့ ကိစ္စရှင်းကြရတာပေါ့ … ကြည့်ချင်လို့တော့မဟုတ်ပေမယ့် မျက်စိကအလိုလိုမြင်တယ်လေ။ ကျွန်မတို့အတန်းကလဲ အသားအရောင်မျိုးစုံ ဆိုဒ်မျိုးစုံဆိုတော့ အရောင်စုံ ဆိုဒ်စုံပါပဲ။
မြို့ကလေးက ရှေးဆန်တယ်။ အိမ်တွေကို ရှေးလက်ရာအတိုင်းထားထားတယ်။ အဖြူရောင်နဲ့ ခေါင်မိုးအနက်ရောင်နဲ့ လုံးချင်းအိမ်တွေအများကြီးတွေ့ခဲ့ရတယ်။ တောင်တန်းတွေလဲရှိတယ်။ ရှေးဟောင်းလက်ရာပစ္စည်းတွေရောင်းတယ်။ အစားအသောက်လဲ ကောင်းတယ်။
ညဘက်ကျတော့ ၂ ယောက်တစ်ခန်းစီစဉ်ပေးတယ်။ ကျွန်မက သူငယ်ချင်း ကုပ္ပလီကောင်မလေးနဲ့ အတူတစ်ခန်းအိပ်ရပါတယ်။ အဲဒီကောင်မလေးက ညလဲအိပ်ရော အဝတ်အစားအားလုံးချွတ်ပြီး ဒီအတိုင်းစောင်ခြုံပြီးအိပ်လိုက်တာကိုလဲ ကုပ္ပလီယဉ်ကျေးမှုအနေနဲ့ လေ့လာသိရှိခဲ့ရပါသေးတယ်။
အဲဒီခရီးစဉ်ကိုကြိုက်ပါတယ် .. စရိတ်ငြိမ်းမို့လို့လေ …
(မှတ်ချက်။ နောက် ၂ နှစ်ကြာတော့ ထပ်သွားဖြစ်တဲ့အခါမှာ အဲဒီအိမ်သာများအစား ခေတ်မှီအိမ်သာများဖြစ်သွားပါပြီ။ )
8 comments
kai
November 3, 2010 at 9:24 pm
မြို့က ကြပ်ပိတ်နေပုံရှိတယ်နော…။ လှည်းလမ်း။ ကားလမ်းတောင်မတွေ့ရဖူး..။
ဖောင်စီးပြီးပဲ သွားလာကြသလား..။
ကပ္ပလီမတွေ အဝတ်အစားအားလုံးချွတ်ပြီး ဒီအတိုင်းစောင်ခြုံပြီးအိပ်တယ်လို့ အခုမှသိတယ်..။ အဖြူတွေပဲလုပ်တယ်ထင်နေတာ..။
မြန်မာတွေနိုင်ငံခြားအနေများပြီး အတွေ့အကြုံတွေ ပြန်ရေးရေးပြကြရင် .. ပြည်တွင်းမြန်မာတွေလည်း ကွန်ဆာဗေးတစ် ညာဖက်စွန်းတွေ လျှော့ကျလာမယ်ထင်ပါတယ်..။ (အီကားစကားချပ်)
weiwei
November 4, 2010 at 3:30 am
ပုံတွေထဲကနေရာတွေက ရိုးရာအတိုင်းထိန်းသိမ်းထားတဲ့နေရာတွေပါ။ မြို့ကတော့ ခေတ်မှီပြီး တခြားမြို့တွေနဲ့အတူတူပါပဲ … ရုပ်ရှင်ရိုက်ဖို့နဲ့ ခရီးသွားတွေလာလည်ဖို့ တမင်စွဲဆောင်ထားတာ …
သူတို့စီးပွားရေးအကွက်မြင်ပုံကတော့ စံတင်လောက်ပါပေတယ် …
akswe
November 4, 2010 at 12:45 am
တရုပ်ပြည် ရွှေလီဘက် ကအိမ်သာတွေလည်း အဲဒီ အတိုင်းပဲ၊ သတင်းစာနဲ.ကာပြီးအိမ်သာသွားရတယ်။လျှောက်လည် ရင်း ဝမ်းနာလာရင် ဗမာ ဘက်ပြန်ပြေးရတယ်၊
ကပ်ပလီ ယဉ်ကျေးမှု က အားကြီးစိတ်ဝင်စားစရာပဲ နော် လေ.လာဦးမှ။
cherrywine
November 4, 2010 at 3:14 am
တရုပ်ဇာတ်လမ်းတွဲတွေအဲ့မှာရိုက်တာလားမသိဘူးနော်။
သွားလည်ချင်လိုက်တာ .. ။
soe thazin
November 4, 2010 at 9:12 am
What happen to wuyuan city? I couldn’t believe it… But when it happens?
weiwei
November 4, 2010 at 9:19 am
What happen to wuyuan city? I couldn’t believe it… But when it happens?
ဘာကိုမေးတာ မသိဘူး … အဲဒီမြို့က ဘာမှမဖြစ်ပါဘူး … ရှေးဟောင်းလက်ရာအတိုင်းထိန်းသိမ်းထားတဲ့ နေရာတစ်ချို့ကို ဥယျာဉ်ကြီးတစ်ခုလိုလုပ်ထားပြီး ပိုက်ဆံနဲ့ပြစားတာပါ … ခရီးသွားတွေက သွားကြည့်ကြတယ် …
intro
November 4, 2010 at 11:33 am
တရုတ်သိုင်းကားတွေ ရိုက်တာ အဲ့သည့်မှာ နဲ့ တူတယ်နော်…
tunaung
November 4, 2010 at 12:20 pm
ကျွန်တော်တို့ဆီမှာကျေးရွာတွေကိုသွားယင်ရွာဦးကျောင်းရွာဦးစေတီဆိုတာရှိကြတယ် ကျွန်တော်ရောက်ဘူးတဲ့တရုတ်ကျေးလက်ရွာတွေမှာတော့ ရွာဦးအိမ်သာတွေဘဲတွေ့နေရတယ် အံပါရဲ့……