ကျွန်မ၏ တပည့်ကျော်များ …
ကျွန်မရဲ့ ၈ တန်းကျောင်းသား တပည့်ကျော်အကြောင်း တစ်ခါပြောပြဖူးပါတယ်။ ဒီတစ်ခါတော့ တပည့်ကျော်များလို့ နံမည်တပ်လိုက်မယ်။ သူတို့တွေက ၉ တန်း ကျောင်းသူကျောင်းသား ၅ ယောက်ဖြစ်ပါတယ်။ သွက်သွက်လက်လက် လှလှပပနဲ့ ခပ်စွာစွာလေးတွေပါ။ စာအကြောင်းကတော့ ပြောပြလဲ ထူးဆန်းမယ်မထင်လို့ ချန်လှပ်ထားလိုက်ပါ့မယ်။ ကျွန်မရဲ့စေတနာက ကျောင်းစာတင်မကပဲ တခြားဗဟုသုတလဲ ရစေချင်လို့ သူတို့ကို ဆုံးမစရာရှိဆုံးမ ပုံပြောစရာရှိပုံပြောနဲ့ ကျွန်မစိတ်ထဲရှိသလို စာသင်ပါတယ်။ အမျိုးသားနေ့ ကျောင်းပိတ်ရက်နီးလာတဲ့ တစ်ရက်မှာ ကျွန်မက သူတို့ကို အမျိုးသားနေ့ ကျောင်းပိတ်မယ်လို့ ပြောလိုက်ပါတယ်။ အဲဒီမှာ သူတို့က ဘယ်နေ့လဲ လို့ပြန်မေးတယ်။ အဲဒါနဲ့ ကျွန်မလဲ အံ့အားသင့်သွားပြီး အမျိုးသားနေ့ ဘယ်နေ့လဲ မသိဘူးလားလို့ ပြန်မေးလိုက်ပါတယ်။ သူတို့ ၅ ယောက်စလုံး တစ်ယောက်မှ မပြောနိုင်ပါဘူး။ အဲဒါနဲ့ ကျွန်မလဲ ဒါဆို လွတ်လပ်ရေးနေ့က ဘယ်နေ့လဲလို့ ထပ်မေးလိုက်တယ်။ သူတို့ ၅ ယောက်စလုံး မသိပါဘူး။ နောက်ထပ်ထပ်ပြီး ပြည်ထောင်စုနေ့ရော ဆိုတော့လဲ မသိပါဘူး။ အာဇာနည်နေ့မေးတော့လဲ မသိပါဘူး။ ကျွန်မ တော်တော်စိတ်ဓါတ်ကျသွားပါတယ်။ နောက်ဆုံး တပ်မတော်နေ့ရောဆိုတော့ တပည့်မတစ်ယောက်က သူသိတယ်တဲ့ .. မတ်လထဲမှာတဲ့ .. ဒါပေမယ့် သူဘယ်လိုစဉ်းစားစဉ်းစား ၂ရ ရက်နေ့ဆိုတာကိုမေ့နေပါတယ်။ ကျွန်မ အရမ်း အံ့အားသင့်ခဲ့ပါတယ်။ သူတို့ ၅ ယောက်စလုံးက လည်လည်ဝယ်ဝယ်နဲ့ သိပ်ညံ့ကြတဲ့ကလေးတွေ မဟုတ်ပါဘူး။ နောက်ပိုင်းကျတော့ ကျွန်မစာသင်လို့ အရေးကြီးတဲ့စကားလုံးပါလာရင် မသေမချင်းမှတ်ထားနော်ဆိုတဲ့စကားတစ်ခု ပိုလာပါတော့တယ် …
သူတို့တွေက လပတ်စာမေးပွဲတစ်ခါဖြေပြီးရင် အားလုံးကိုမေ့ပစ်လိုက်ပါတယ် … သူတို့ခေါင်းထဲမှာ ဘာမှမရှိပါဘူး … နှုတ်တိုက်သင်ရင် သိပ်မခက်ပေမယ့် သချင်္ာသင်တဲ့အခါမှာတော့ စိတ်ညစ်ရပါတယ် … ကြိမ်လုံးတစ်လုံးလဲဆောင်ထားရတယ် … ထိုင်ထလဲလုပ်ခိုင်းရတယ် … ဒါပေမယ့် ဒုံရင်းက ဒုံရင်းပါပဲ … တစ်နှစ်သင်ပြီးချိန်မှာတော့ သူတို့အားလုံးကို လက်မြှောက်လိုက်ပါတယ် … ကျွန်မကိုလဲ သူတို့တွေက ဝေးဝေးကရှောင်သွားကြပါတော့တယ် …
16 comments
kopauk mandalay
November 4, 2010 at 8:14 am
ဒီလိုဖြစ်ရတာ ကလေးတွေရဲ့အပြစ်လုံးဝမဟုတ်ပါ။
မိမိကလေးများကို ကျောင်းစာကလွဲရင် အပြင်ဗဟုသုတကို သင်ကြားမပေးတတ်သော၊
သင်ကြားခွင့်မပြုသော၊
ကလေးများကိုဗဟုသုတ ရစရာအကြောင်းတွေကို ပြောပြမပေးကြသော
အားရင် ဖွန်ကြောင် အလှပြင် အင်တာနက်ဆိုင်မှာချက်တင်ဝင် ရှော့ပင်ထွက်ခေတ်နဲ့ အညီလိုက်နိုင်ဘို့ လောက် သာကြိုးစားနေသော ကိုကို မမ ဦးဦးဒေါ်ဒေါ်များ၊
ကိုရီးယားကား တစ်လုံး နှစ်လုံး သုံးလုံး မောင်း ဘီယာ ကာရာအိုကေ ဘိလိယက် နဲ့ ပိုက်ဆံကိုသာ စိတ်ဝင်စားနေကြသော ဖေဖေမေမေများ
မိမိမြေးလေးများကို မေ့လျော့ထားတတ်ကြ ပြီး အိပ်ယာဝင်ပုံပြင်နဲ့ လောက နီတိတို့ ကို ပုံပြောသလို ပြောမပြတတ်ကြသော ဖိုးဖိုးဖွားဖွား များ
စာမေးပွဲမှာပါတာလောက် ကို ဘဲရွေးသင် အိမ်တွင် ကျူရှင်ပေးဘို့လောက် သာ ခေါင်းထဲ ရှိကြသော ဆရာ ဆရာမ များ
ကျနော်အပါအဝင် ကိုယ်ထက်ငယ်သူကို သင်ပေးဘို့ထက် ကို်ယ်အတွက်ကိုယ် သာခေါင်းထဲ ထည့်ထားကြသော ရှေ့ကလူများ
အားလုံးသည် ကလေးများ အခုလို ကိုယ့်နိုင်ငံအကြောင်း ကိုယ်လူမျုးိအကြောင်း မသိတဲ့ဘဝရောက်
ရခြင်း အတွက် ” ကျနော်မျုးိကြီးများသေသင့်ပါတယ် “ဟု သတ္တိရှိရှိ ဝန်ခံဘို့လို်အပ်ကြောင်း တင်ပြလိုက်ပါတယ်ခင်ဗျာ။
weiwei
November 4, 2010 at 9:10 am
ကိုပေါက်ကတော့ ဝန်ခံတာ တော်တော်ဝါသနာပါတာ … တစ်ယောက်ထဲဝန်ခံရတာ အားမရလို့ သူများကိုပါ ဝန်ခံခိုင်းနေသေးတယ် …
ကိုပေါက်ပြောတာ တကယ့်အမှန်တွေပါ .. သူများကို အပြစ်တင်မဲ့အစား ကိုယ့်ဟာကိုယ်ပဲ အရင်အပြစ်တင်သင့်ပါတယ် ..
moethidasoe
November 4, 2010 at 8:55 am
ဆရာမ ဝေဝေလား ဝယ်ဝယ်လား မသိ ..
ဆရာမရဲ့ တပည့်တွေက ၉ တန်းမှာ ဆိုတော့ ဖြစ်နိုင်ပါတယ် .. အဲဒီအကြောင်း .. သူတို့ သင်ရတဲ့ စာတွေမှာမှ မပါတော့ပဲ .. ပါရင်လဲ ပါးပါးလေးပဲ ဆိုတော့ .. မသိတာ မဆန်းပါဘူး ..
နောက်တစ်ချက်က .. အခုအချိန်မှာ စာမေးပွဲ အောင်ဖို့ပဲ အရေးကြီးတာ .. တတ်တာ မတတ်တာ သိပ် မထူးဘူးလို့ ခံယူထားတာ အများကြီးပဲ .. ဒါကြောင့်လဲ စာမေးပွဲမှာ ခိုးချတယ် ဆိုတာ ဖြစ်လာတာပေါ့ ..
ခိုးချမယ့်လူက မှတ်မိဖို့ မလိုဘူးလေ .. သေးသေးလေးကို ဖတ်တတ်ဖို့ပဲ လိုတာ ..
ဆရာမရယ် .. ဈေးထဲက ကြိမ်လုံးတွေသာ ကုန်သွားမယ် .. ပိုးသာကုန် မောင်ပုံ စောင်းမတတ် ဆိုတာ အဲဒါကို ပြောတာပေါ့ .. စိတ်လျှော့ စိတ်လျှော့ .. နို့မဟုတ်ရင် အသက်တိုတယ် .. စိုးရိမ်လို့ပါ ..
ဆူး
November 4, 2010 at 9:19 am
ဆရာမိုး… ကျူရှင် သင်လားဟင်.. တက်ချင်လို့.. ကလေးအထာ နားလည်လို့.. ဟီးဟီး.. နောက်တာနော်.. ဝေဝေ လား ဝယ်ဝယ် လားမေးလို့.. ဆူး တွေးမိတာလေး တခု ပြောချင်တယ်.. ပေါင်ချိန် ဇတ်လမ်း ကြည့်ဘူးမှာပေါ့နော်.. အမှု တခုဖြစ်လို့.. အမှုစစ်တော့မယ်ဆို.. ဘေးနားက လူတွေက တခုအော်တယ်လေ.. ဝေ..ဝူ… လို့ကြားလား.. ဝယ်.. ဝူ.. လို့ ကြားလား.. ကြားတဲ့ အတိုင်းသာ သူ့ နာမည် ခေါ်လိုက်ပါ မမှားပါဘူး.. ရဲရဲသာ ခေါ်ရတယ်..
etone
November 4, 2010 at 9:24 am
ဖြစ်တတ်ပါတယ် ။ တပ်မတော်နေ့ဆိုလည်းအရင်ကလို မီးပန်းတွေဘာတွေတောင်မဖောက်တော့ဘူး ။ စစ်ရေးပြလမ်းလျှောက်တာလည်း ဒီမှာမရှိတော့ဘူး ။ လွတ်လပ်ရေးနေ့ကတော့ ပြေးပွဲပြိုင်ပွဲတွေရှိသေးလို့ကလေးတွေနည်းနည်းမှတ်မိနေသေးတယ် ။ … နောက်တော့လည်း မျိုးဆက်သစ်လေးတွေမေ့သွားမှာပါ ။ ပိုက်ဆံပေါ်က ဗိုလ်ချုပ်ပုံတွေတောင်ပျောက်ကုန်သွားသလိုပေါ့ ……..။ ဖတ်စာအုပ်တွေထဲမှာ အရေးကြီးတာတွေမထည့်ဘဲ အစုတ်ပလုပ်ထမီးစုတ်ကို ထည့်နေမှတော့ ….အထင်ကရနေ့တွေလည်း တဖြည်းဖြည်းမှေးမှိန်သွားတော့မှာပေါ့ ။
paukpauk
November 4, 2010 at 2:17 pm
စေ့စေ့မတွေးပဲ ထင်းထင်းပေါ်ပါတယ်
bigcat
November 5, 2010 at 3:52 am
မေးရမှာက ဗယ်လင်တိုင်းဒေးက ဘယ်နေ့လည်းလို့။ ဆရာမ သိမသိ မသေချာပေမဲ့ တပည့်တွေသိတာ ကတော့ အသေအချာပါပဲ။
weiwei
November 5, 2010 at 4:00 am
သတိရမိတာလေးဖြည့်လိုက်အုန်းမယ် … သူတို့ကို ညဘက်စာသင်တော့ခြင်ကိုက်တယ် .. သူတို့ကလဲ ခြင်ကိုက်ခံပြီး စကတ်တို ဘောင်းဘီတို ဂါဝန်တိုတွေဝတ်တယ် .. သူတို့ကို ဘောင်းဘီရှည် (သို့) ထမီဝတ်လာလို့ပြောလိုက်တော့ ဘာပြန်ပြောတယ်ထင်လဲ … သမီးမှာ ထမီမရှိဘူးတဲ့ …
naywoonni
November 5, 2010 at 1:14 pm
ကိုပေါက်ရေ………
ကျွန်တော်တို့ငယ်ငယ်ကတော့အဲဒီလိုမဟုတ်ခဲ့ဘူးဗျ
မိဘတွေကလည်းဖတ်ချင်တာဖတ်ခွင့်ပေးခဲ့တယ်
ဆရာတွေကလည်းအပြည့်အဝသင်သေးတယ်……။
ကှူရှင်ဆိုတာတောင်7တန်းလောက်ရောက်မှတက်ဖူးတာ..အင်္ဂလိပ်စာနဲ့သချင်္ာဒါပဲ
သိပ်တော့မကြာသေးဘူးနော်(ကျွန်တော့အထင်)1974မှာသူငယ်တန်း1985မှာဆယ်တန်း
1992-93မှာကျောင်းပြီးတယ်။။ကြားထဲသုံးနှစ်ပိတ်ထားလို့နော်…….တော်ကြာဒီလောက်ကြီးတက္ကသိုလ်တက်ပစ်တာဘာမေဂျာလဲပြန်မေးနေမှာစိုးလို့
မှတ်ချက်။။။တက္ကသိုလ်ဒုတိယနှစ်ရောက်မှာခိုးချတတ်ပါတယ်
weiwei
November 5, 2010 at 2:09 pm
နေဝန်းနီကို နံမည်ကြည့်ပြီး လူငယ်ထင်နေတာ …
ဆူး
November 5, 2010 at 2:28 pm
လူငယ် ဟုတ်ဘူး.. လူကြီးးးးးးးးးးးးးးးးးးးးးးးးးး ၄ဝမှ ဘဝ စတယ် ဆိုရင်တော့.. အဲဒီ အဘ အသက် က လူပျိုပေါက်လောက် နီးပါး ရှိပြီ
unclegyi1974
November 5, 2010 at 5:38 pm
ဝေဖန်ပိုင်းခြားနိုင်စွမ်းတယ်ကြီးတဲ့မဝေနဲ့ဆူးဘဲ
အင်းစိန်စီအိ်ုင်ဒီမှာလူတော်တွေလိုနေတယ်
ကိုနှင်းမောင်ကဆရာတင်ချင်လို့ပါတဲ့
အလုပ်ဝင်မလုပ်လဲခဏလောက်လာပြီးသင်ပေး
ပါလို့ကျွန်တော့ကိုပြောခိုင်းလိုက်ပါတယ်
weiwei
November 5, 2010 at 6:06 pm
အန်ကယ်ကြီးကလဲ ကလေးတောင်တွက်တတ်တယ် … နေဝန်းနီက ၄၁ နှစ် .. အန်ကယ်ကြီးက ၃၆ နှစ် .. မဟုတ်ဘူးလား????
kai
November 5, 2010 at 9:09 pm
အသက်လိုက်ချောင်းနေတဲ့သူတွေက ရှိသေး…။
ငရဲမင်းသွားပြန်ပြောလိုက်ရင် ဒုက္ခ…။
weiwei
November 6, 2010 at 4:43 am
ဂဏန်းတွေပါလာရင် မတွက်ပဲမနေနိုင်လို့ပါ … သေမင်းကို သွားပြောရင် ကျွန်မကို အရင်ခေါ်သွားလိမ့်မယ် ..:)
ဆူး
November 6, 2010 at 5:07 am
ဦးလေး ခိုင်က သမီးတို့ အဖေ ဆိုတာလည်း ဆူး သိတယ်
အန်ကယ်ကြီးက ၃၆ နှစ်ဆိုတာ မဟုတ်ပါ.. သူ့ မင်္ဂလာဆောင်တဲ့ နှစ်ကို အမှတ်တရ နစ်မှာ ထည့်ရိုက်ထားတာပါ။